1
သို့ ဖြစ်၍ ရှော လု မင်း သည် ဒါ ဝိဒ် ကို သေ ကြောင်း ကြံ ရန် သား တော် ယော န သန် နှင့် ကျေး ကျွန် သင်း ပင်း တို့ အား မှာ ထား လေ၏။
2
သား တော် ယော န သန် မူ ကား ဒါ ဝိဒ် ကို အ လွန် မြတ် နိုး သ ဖြင့်၊ ဒါ ဝိဒ် အား ခ မည်း တော် ရှော လု မင်း သည် သင့် ကို သေ ကြောင်း ကြံ လေ ပြီ။ ထို ကြောင့် နံ နက် အ ခါ သ တိ ရှိ လျက် ဆိတ် ကွယ် ရာ တွင် ပုန်း နေ လော့။
3
ငါ လည်း၊ သင် ပုန်း ရာ အ ရပ် သို့ ခ မည်း တော် ကို ခ စား ရန် ထွက် လာ လျက် သင် နှင့် စပ် လျဉ်း၍ လျှောက် တင် ပြီး လျှင် ကြား သိ သ မျှ ကို ပြန် ကြား မည် ဟု ပြော ဆို သည့် အ တိုင်း၊
4
ယော န သန် သည် ခ မည်း တော် ရှော လု မင်း ထံ ဒါ ဝိဒ် နှင့် စပ် လျဉ်း၍ အ ကောင်း ပြော ဆို သည် မှာ အို ဘု ရင် မင်း မြတ်၊ ကျွန် ဒါ ဝိဒ် ကို ပြစ် မှား တော် မ မူ ပါ နှင့်။ အ ရှင် အား သူ ပြစ် မှား သည် မ ဟုတ် အ ကျိုး တော် ကို များ စွာ ဆောင် ရွက် ပါ၏။
5
အ သက် ကို ဆောင် ကိုင် လျက် ဖိ လိ တ္တိ သူ ရဲ ကို လုပ် ကြံ သော အ မှု အား ဖြင့် ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ တစ် မျိုး လုံး အ ဖို့ ကြီး စွာ သော အောင် မြင် ခွင့် ကို ပေး တော် မူ ခဲ့ ပြီ။ ထို အ မှု ကို အ ရှင် သိ မြင် သ ဖြင့် ဝမ်း မြောက် ခဲ့ ရ ပြီ။ သို့ ဖြစ် လျက် ဒါ ဝိဒ် ကို အ ကြောင်း မဲ့ သတ်၍ အ ပြစ် ကင်း သူ၏ အ သွေး သွန်း ပြစ် ဖို့ အ ဘယ် ကြောင့် ရောက် တော် မူ အံ့ နည်း ဟု တင် လျှောက် သော်
6
ရှော လု မင်း သည် ယော န သန် တင် လျှောက် ချက် ကို နာ ယူ၍ ထာ ဝ ရ ဘု ရား အ သက် ရှင် တော် မူ သည့် အ တိုင်း သူ့ ကို သေ ကြောင်း ကြံ တော့ မည် မ ဟုတ် ဟု သ စ္စာ မူ လေ၏။
7
ယော န သန် သည် ဒါ ဝိဒ် ကို ခေါ်၍ အ လုံး စုံ ပြန် ပြော ပြီး မှ ရှော လု မင်း ထံ သွင်း သည့် အ တိုင်း ခ စား မြဲ ခ စား ရ လေ၏။
8
တစ် ဖန် စစ် ရေး ဖြစ် ပြန် သော အ ခါ ဒါ ဝိဒ် ချီ ထွက်၍ ဖိ လိ တ္တိ တပ် ကို တိုက် ခိုက် ရာ ပြင်း ထန် စွာ လုပ် ကြံ သ ဖြင့် ရန် သူ တို့ ဆုတ် ပြေး ရ ကြ၏။
9
ထို နောက် ရှော လု မင်း သည် လှံ တော် ကိုင် လျက် နန်း တော် တွင် ထိုင် နေ စဉ် ထာ ဝ ရ ဘု ရား အ ထံ တော် မှ ကပ် ရောက် သော နတ် ဆိုး တည် သ ဖြင့်
10
စောင်း တီး နေ သော ဒါ ဝိဒ် ကို နန်း နံ ရံ နှင့် ကပ် အောင် ထိုး သတ် မည့် ရွယ် ချိန် သော် ဒါ ဝိဒ် တိမ်း ရှောင် ပြေး သွား၍ ထို ညဉ့် တွင် ဘေး လွတ် လေ၏။
11
လှံ တော် ကား နန်း နံ ရံ ကို စူး ဝင် လေ သ တည်း။ ရှော လု မင်း သည် ဒါ ဝိဒ် ကို ချောင်း မြောင်း၍ နံ နက် အ ချိန် သတ် ရန် နေ အိမ် သို့ လူ လွှတ် ထား ကြောင်း ဒါ ဝိဒ် အား မ ယား မိ ခါ လ ဖော် ပြ လျက် အ ရှင် သည် ယ နေ့ ညဉ့် အ သက် လွတ် အောင် မ ကြံ လျှင် နံ နက် အ ချိန် သေ ရ တော့ မည် ဟု ဆို ပြီး မှ
12
ပြူ တင်း ပေါက် မှ ဆင်း စေ သ ဖြင့် ဒါ ဝိဒ် ပြေး သွား၍ ဘေး လွတ် လေ၏။
13
ထို နောက် မိ ခါ လ သည် တေ ရပ် အ ရုပ် ကို ခု တင် ပေါ် တွင် လှဲ လျက် စောင် ဖြင့် လွှမ်း ခြုံ ပြီး လျှင် ဦး ခေါင်း ကို ကွယ် ကာ ရန် ဆိတ် မွေး ကွန် ချာ နှင့် အုပ် ထား လေ ၏။
14
ဒါ ဝိဒ် ကို ဖမ်း ဆီး ရန် ရှော လု မင်း စေ လွှတ် သူ တို့ လာ ရောက် ရာ ကိုယ် မ ကျန်း ရှိ သည် ဟု မ ယား ပြော ဆို လိုက် သော်
15
ကိုယ် တိုင် သတ် ရန် ခု တင် ပါ ထမ်း ယူ ခဲ့ လော့ ဟူ သော အ မိန့် တော် နှင့်
16
ရှော လု မင်း စေ လွှတ် သူ တို့ ဝင် ရောက် ကြည့် ရှု ကြ ရာ ခု တင် ပေါ် တွင် ဦး ခေါင်း ကို ဆိတ် မွေး ကွန် ချာ အုပ် လျက် လှဲ ထား သော တေ ရပ် အ ရုပ် ကို သာ တွေ့ ကြ သည် နှင့် အ ညီ
17
ရှော လု မင်း က၊ ရန် သူ တော် ကို ဘေး လွတ် ရန် ထွက် သွား စေ၍ ငါ့ အား အ ဘယ် ကြောင့် ထို သို့ လှည့် စား ဘိ သ နည်း ဟု မိ ခါ လ ကို မေး မြန်း ရာ မိ ခါ လ က၊ ငါ့ ကို မ ဆီး တား နှင့်။ အ ဘယ် ကြောင့် ငါ့ လက် ဖြင့် သင် သေ လို သ နည်း ဟူ၍ သူ ပြော ဆို ကြောင်း တင် လျှောက် လေ၏။
18
ဒါ ဝိဒ် မူ ကား၊ ဘေး လွတ်၍ ပြေး သွား လျက် ရာ မ မြို့ ရှိ ရှ မွေ လ ထံ ရောက် လျှင် ရှော လု မင်း ပြု သ မျှ ကို လျှောက် ပြီး နောက် ရှ မွေ လ နှင့် တ ကွ ကျောင်း တိုက် သို့ သွား၍ နေ ထိုင် ကြ လေ ၏။
19
ရှော လု မင်း သည် ရာမ မြို့၊ ကျောင်း တိုက် တွင် ဒါ ဝိဒ် ရှိ ကြောင်း သ တင်း ကြား သော်၊
20
ဖမ်း ဆီး ရန် လူ တို့ ကို စေ လွှတ် ပြန် ရာ ရှ မွေ လ ဥက္က ဌ ပြု လျက်၊ ပ ရော ဖက် စု တို့ ဟော ပြော နေ ကြ သည် ကို မြင် လျှင် ဘု ရား သ ခင်၏ ဝိ ညာဉ် တော် သက် ရောက် သ ဖြင့် ပါ ဝင် ဟော ပြော ကြ၏။
21
ထို သ တင်း ကို ရှော လု မင်း ကြား၍ အ ခြား သူ တို့ ကို စေ လွှတ် ပြန် ရာ သူ တို့ လည်း ဟော ပြော ရ ကြ ၏။ သုံး ကြိမ် မြောက် စေ လွှတ် သူ တို့ လည်း ဟော ပြော ရ ကြ၏။
22
ရှော လု မင်း ကိုယ် တိုင် ရာ မ မြို့ သို့ သွား ရာ စေ ခု အ ရပ် ရှိ ရေ ကန် ကြီး သို့ ရောက် သော် ရှ မွေ လ နှင့် ဒါ ဝိဒ် တို့ အ ဘယ် မှာ ရှိ သ နည်း ဟု မေး လျှင် လူ တစ် ယောက်၊ ရာ မ မြို့၊ ကျောင်း တိုက် မှာ ရှိ ပါ သည် ဟု ပြန် လျှောက် သည့် အ တိုင်း၊
23
ထို ကျောင်း သို့ သွား စဉ် တွင် သူ့ အ ပေါ် သို့ ဘု ရား သ ခင်၏ ဝိ ညာဉ် တော် သက် ရောက် သ ဖြင့် ရာ မ မြို့ ကျောင်း တိုက် တိုင် အောင် ဟော ပြော သွား ရောက် လျက်
24
ရှ မွေ လ ရှေ့ တွင် ဟော ပြော၍ ဝတ် လဲ တော် ကို ချွတ် ပြီး လျှင် တစ် နေ့ နှင့် တစ် ညဉ့် ပတ် လုံး အ ချည်း စည်း လဲ လျက် နေ လေ၏။ ထို ကြောင့် ရှော လု မင်း လည်း ပ ရော ဖက် တို့ အ ပါ အ ဝင် ဖြစ် ပြီ လော ဟု ဆို လေ့ ရှိ ကြ သ တည်း။