ရှင်ယောဟန်-14

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 သင်တို့၌နှလုံးမသာမရှိကြနှင့်။ ဘုရားသခင်ကိုယုံကြည်၍ ငါ့ကိုလည်းယုံကြည်ကြလော့။
  • 2 ငါ့ခမည်းတော်ဘုံဗိမာန်တော်တွင် နေထိုင်ရာအများရှိ၏။ မရှိခဲ့လျှင် သင်တို့နေရာဌာနကိုပြင်ဆင်ရန် ငါသွားသည်ဟုဆိုမည်လော။
  • 3 ထိုသို့သွား၍ သင်တို့နေရာဌာနကိုပြင်ဆင်သော် ငါ့စံရာ၌ရှိနေကြစေရန် တစ်ဖန်လာ၍ သင်တို့ကိုသိမ်းဆည်းမည်။
  • 4 ငါသွားရာသို့ရောက်သောလမ်းကို သင်တို့သိကြသည်ဟု မိန့်တော်မူလျှင်၊
  • 5 သောမက အရှင်ဘုရား၊ မည်သည့်အရပ်သို့ကြွတော်မူမည်ကို တပည့်တော်တို့မသိဘဲလျက် လမ်းကို မည်သို့သိကြပါအံ့နည်းဟုလျှောက်ရာ၊
  • 6 ယေရှုက ငါသည် မဂ်လမ်း၊ သမ္မာတရား၊ ဇီဝအသက်ဖြစ်၏။ ငါ့အားဖြင့်မှတစ်ပါး မည်သူမျှခမည်းတော်ထံမရောက်နိုင်။
  • 7 သင်တို့သည်ငါ့ကိုသိခဲ့လျှင် ငါ့ခမည်းတော်ကိုလည်းသိကြလေပြီ။ ယခုမှစ၍ကိုယ်တော်ကိုသိကျွမ်းဖူးမြင်ရကြလေပြီဟု မိန့်တော်မူ၏။
  • 8 ဖိလိပ္ပုကလည်း အရှင်ဘုရား၊ ခမည်းတော်ကိုတပည့်တော်တို့အားပြတော်မူပါ။ စိတ်ကျေနပ်ကြပါလိမ့်မည်ဟု လျှောက်သည့်ကာလ၊
  • 9 ယေရှုက အချင်းဖိလိပ္ပု၊ ငါသည်သင်တို့နှင့်ဤမျှကြာနေထိုင်ပြီးဖြစ်လျက် ငါ့ကိုမသိလော။ ငါ့ကိုဖူးမြင်သူသည် ခမည်းတော်ကိုဖူးမြင်လေပြီ။ သို့ဖြစ်၍ ခမည်းတော်ကိုပြတော်မူပါဟူ၍ မည်သို့သင်ဆိုဘိသနည်း။
  • 10 ခမည်းတော်၌ ငါတည်သည်ကိုလည်းကောင်း၊ ငါ၌ခမည်းတော်တည်သည်ကိုလည်းကောင်း၊ သင်မယုံလော။ ငါဟောသောဒေသနာကို ကိုယ့်အလိုအလျောက်ဟောခြင်းမပြု။ ငါ၌ကိန်းဝပ်တော်မူသောခမည်းတော်သည် ကိုယ့်အမှုတော်များကိုပြုတော်မူ၏။
  • 11 ခမည်းတော်၌ငါတည်သည်ကိုလည်းကောင်း၊ ငါ၌ခမည်းတော်တည်သည်ကိုလည်းကောင်း၊ ငါ့ကိုထောက်၍ယုံကြလော့။ သို့မဟုတ် အမှုတော်များကိုထောက်၍ယုံကြလော့။
  • 12 ငါဧကန်အမှန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည်ငါပြုသောအမှုများကိုလည်းကောင်း၊ ထိုထက်ကြီးမြတ်သောအမှုများကိုလည်းကောင်း၊ ပြုရလိမ့်မည်။
  • 13 အသို့ဆိုသော် ငါသည်ခမည်းတော်ထံသွား၍ငါ့နာမ၌သင်တို့တောင်းလျှောက်သမျှကို သားတော်အားဖြင့် ခမည်းတော့်ဘုန်းထင်ရှားစေရန်ငါပြုမည်။
  • 14 ငါ့နာမ၌ မည်သည့်အရာကိုမဆိုငါ့ထံသင်တို့တောင်းလျှောက်လျှင် ငါပြုမည်။
  • 15 သင်တို့သည်ငါ့ကိုချစ်လျှင် ငါ့ပညတ်များကိုစောင့်ရှောက်ကြလိမ့်မည်။
  • 16 ငါလည်း ခမည်းတော်ထံ တောင်းလျှောက်၍ သင်တို့နှင့်အစဉ်တည်နေစေရန် သမ္မာတရားဆိုင်ရာဝိညာဉ်တော်တည်းဟူသော အမှုဆောင်တစ်ပါးကို သနားတော်မူလိမ့်မည်။ ထိုဝိညာဉ်တော်ကို ဤလောကသားတို့သည်မမြင်မသိသောကြောင့် မခံမယူနိုင်ကြ။ သင်တို့မူကား သင်တို့နှင့်ကိန်းဝပ်၍အတွင်း၌ တည်နေတော်မူမည်ဖြစ်သောကြောင့် သိရကြသတည်း။
  • 17
  • 18 ငါသည် သင်တို့ကိုခိုကိုးရာမဲ့ပစ်ထားမည်မဟုတ်။ သင်တို့ထံငါလာဦးမည်။
  • 19 ခဏမျှကြာသော် ဤလောကသားတို့သည်ငါ့ကိုမြင်ရတော့မည်မဟုတ်။ သင်တို့မူကား ငါအသက်ရှင်သည့်အတိုင်းရှင်ကြလတ္တံ့သောကြောင့် မြင်ရကြလိမ့်မည်။
  • 20 ထိုနေ့ရက်ကာလတွင် ခမည်းတော်၌ငါတည်သည်ကိုလည်းကောင်း၊ ငါ၌သင်တို့တည်ကြသည်ကိုလည်းကောင်း၊ သင်တို့၌ ငါတည်သည်ကိုလည်းကောင်း၊ သင်တို့သိကြလိမ့်မည်။
  • 21 ငါ့ပညတ်များကိုရ၍စောင့်ရှောက်သူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူ့အား ငါ့ခမည်းတော်မေတ္တာသက်တော်မူသည့်ပြင် ငါလည်းမေတ္တာသက်၍ ထင်ရှားမည်ဟုမိန့်တော်မူ၏။
  • 22 ထိုအခါ ယုဒဣရှကာရုတ်မဟုတ်၊ အခြားယုဒက အရှင်ဘုရား၊ ကိုယ်တော်သည်တပည့်တော်တို့အား ထင်ရှား၍ လောကသားတို့အားမထင်ရှားမည်မှာ မည်သည့်အဖြစ်အပျက်ကြောင့်ပါနည်းဟုမေးလျှောက်သော်၊
  • 23 ယေရှုက မည်သူမဆိုငါ့ကိုချစ်လျှင် ငါ့တရားကိုစောင့်ရှောက်လိမ့်မည်။ ငါ့ခမည်းတော်လည်း ထိုသူ့ကိုမေတ္တာသက်တော်မူ၍ သူ့ထံငါတို့ကြွပြီးလျှင်အတူကိန်းဝပ်မည်။
  • 24 ငါ့ကိုမချစ်သောသူမူကား ငါ့တရားကိုမစောင့်ရှောက်တတ်။ သင်တို့ကြားရသောတရားမှာ ငါ့တရားမဟုတ်။ စေလွှတ်တော်မူလိုက်သောခမည်းတော်၏တရားတော်တည်း။
  • 25 ငါသည် သင်တို့နှင့်ရှိနေစဉ် ထိုသို့ဟောခဲ့ပြီ။
  • 26 ငါ့နာမ၌ ခမည်းတော်စေလွှတ်တော်မူမည့် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော အမှုဆောင်လည်း သင်တို့အားစုံလင်စွာသွန်သင်လျက် ငါဟောခဲ့သမျှကို သတိရစေတော်မူလိမ့်မည်။
  • 27 ငြိမ်သက်ခြင်းကို သင်တို့နှင့်ငါထားခဲ့၏။ လောကသားတို့ပေးကြသည့်နည်းတူမဟုတ်။ ကိုယ့်ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ နှလုံးမသာခြင်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။
  • 28 ငါသည်ထွက်သွားပြီးလျှင်လာဦးမည်ဟူ၍ ငါပြောသည်ကို သင်တို့ကြားကြပြီ။ သင်တို့သည်ငါ့ကိုချစ်ခဲ့လျှင် ငါ့ထက်ခမည်းတော်ကြီးမြတ်သောကြောင့်ခမည်းတော်ထံ ငါသွားသည်ကိုထောက်၍ ဝမ်းမြောက်ကြလေပြီ။
  • 29 ထိုသို့ဖြစ်ပျက်သည့်ကာလ၊ သင်တို့ယုံကြည်ကြစေရန် ယခုကငါပြောဆိုနှင့်ခဲ့ပြီ။
  • 30 လောကမင်းလာပြီဖြစ်သောကြောင့် သင်တို့နှင့် ငါများစွာပြောဆိုတော့မည်မဟုတ်။
  • 31 ငါ၌ ထိုမင်းမည်သို့မျှမတတ်နိုင်သော်လည်း ခမည်းတော်ကိုငါချစ်ကြောင်း၊ ခမည်းတော်ပညတ်တော်မူသည့်အတိုင်းငါလိုက်နာကြောင်းများကို ဤလောကသားတို့သိစေခြင်းငှါဖြစ်မည်။ ထကြ။ ဤမှသွားကြကုန်အံ့။
回到本卷目录 回到本版本目录 回到首页