ရှင်ယောဟန်-2

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထိုနောက်တတိယနေ့၌ ဂါလိလဲနယ်ကာနမြို့တွင် မင်္ဂလာဆောင်ပွဲကျင်းပ၍ ပွဲထိုင်မယ်တော်ပါသည့်ပြင်၊
  • 2 ယေရှုနှင့်တပည့်တော်တို့ကိုလည်း ပင့်ဖိတ်ကြ၏။
  • 3 စပျစ်ရည်ကုန်သော် ယေရှုအားမယ်တော်က၊ သူတို့၌စပျစ်ရည်မရှိဟု ပြောလျှင်၊
  • 4 ယေရှုက၊ အိုအရှင်မ၊ သင်သည်ငါနှင့်မည်သို့ဆိုင်သနည်း။ ငါ့အချိန်မရောက်သေးဟု ပြန်၍မိန့်တော်မူ၏။
  • 5 ဆောင်ရွက်သူတို့အားလည်းမယ်တော်က၊ မိန့်မှာတော်မူသမျှလုပ်ကြလော့ဟုဆို၏။
  • 6 ထိုအိမ်တွင် ယုဒလူမျိုးတို့သန့်စေခြင်းထုံးနည်းအတိုင်း ခွက်ခုနစ်ဆယ်ဝင် ကျောက်ရေအိုးခြောက်လုံး တည်ထားလျက်ရှိသည်နှင့်၊
  • 7 ထိုအိုးများကိုရေဖြည့်ကြလော့ဟု ယေရှုမိန့်တော်မူသည့်အတိုင်း နှုတ်ခမ်းထိဖြည့်ကြပြီးနောက်၊
  • 8 ကိုယ်တော်က၊ ယခုခပ်ယူ၍ပွဲအုပ်ထံသွင်းကြလော့ဟုမိန့်တော်မူသော် ယူသွင်းကြ၏။
  • 9 ပွဲအုပ်လည်း ထိုရေမှဖြစ်သောစပျစ်ရည်ကိုမြည်း၍ မည်သို့ရကြောင်းခပ်ယူ ဆောင်ရွက်သူတို့သိသော်လည်း ကိုယ်တိုင်မသိသဖြင့်၊
  • 10 မင်္ဂလာဆောင်သတို့သားကိုခေါ်လျက် သူတိုင်းမှာ စပျစ်ရည်ကောင်းကိုဦးစွာတည်၍မူးယစ်ကြပြီးမှ အညံ့ကိုတည်တတ်သည်။ သင်မူကား ယခုတိုင်စပျစ်ရည်ကောင်းကိုချန်ထားပြီဟု ဆိုလေ၏။
  • 11 ဂါလိလဲနယ်ကာနမြို့တွင် ဤနိမိတ်လက္ခဏာဦးကိုယေရှုပြ၍၊ ဘုန်းတော်ထင်ရှားစေတော်မူသည့်အလျောက် တပည့်တော်တို့သည်ကိုယ်တော်ကိုယုံကြည်ကြ၏။
  • 12 ထိုနောက်ကိုယ်တော်သည် မယ်တော်၊ ညီတော်၊ တပည့်တော်တို့နှင့်တကွ ကပေရနောင်မြို့သို့ ကြွ၍၊ နေ့ရက်မရှည်မကြာနေထိုင်ကြ၏။
  • 13 ယုဒလူမျိုးတို့၏ ပသခါပွဲတိုင်လုသော် ယေရှုသည် ယေရုရှလင်မြို့သို့ကြွ၍၊
  • 14 ဗိမာန်တော့်အတွင်း နွား၊ သိုး၊ ချိုးများရောင်းချသူတို့နှင့် ကြေးငွေလဲလှယ်သူတို့ ထိုင်နေသည်ကိုတွေ့မြင်တော်မူရာ၊
  • 15 ကြိုးမြွာနှင်တံလုပ်ပြီးလျှင် သိုးနွားရှိသမျှကိုမောင်းနှင်၍ ကြေးငွေလဲလှယ်သူတို့၏ငွေနုပ်များကို သွန်ချခြင်း၊ စားပွဲများကိုမှောက်လှန်ခြင်းပြုသည့်ပြင်၊
  • 16 ချိုးရောင်းသူတို့အား၊ ဤမှယူသွားကြလော့။ ခမည်းတော်၏ဗိမာန်ကို ကုန်ရုံမလုပ်ကြနှင့်ဟုမိန့် တော်မူ၏။
  • 17 ထိုအခါ ဗိမာန်တော့်အတွက်ထက်သန်ခြင်းစေတနာသည် အကျွန်ုပ်ကိုကျွမ်းလိမ့်မည် ဟူသောကျမ်းချက်ကို တပည့်တော်တို့သတိရကြ၏။
  • 18 ယုဒလူမျိုးတို့က၊ ဤသို့သင်ပြုသည်မှာ မည်သည့်နိမိတ်လက္ခဏာကိုပြသနည်း ဟုမေးကြသော်၊
  • 19 ဤဗိမာန်တော်ကိုဖျက်ဆီးကြလော့။ သုံးရက်နှင့်ငါတည်ဦးမည်ဟု၊ ယေရှုပြန်၍မိန့်တော်မူသောကြောင့်၊
  • 20 ယုဒလူမျိုးတို့က လေးဆယ့်ခြောက်နှစ်ပတ်လုံး ဤဗိမာန်တော်ကိုတည်ဆောက်ရ၏။ သင်မူကား၊ သုံးရက်နှင့်တည်ဦးမည်လောဟု ဆိုကြ၏။
  • 21 သို့ရာတွင် ကိုယ်ခန္ဓာဗိမာန်ကိုရည်လျက် မိန့်တော်မူသည့်အလျောက်၊
  • 22 သူသေတို့အထဲမှ ရှင်ပြန်ထမြောက်တော်မူသည့်ကာလ ဤသို့မိန့်တော်မူခဲ့ကြောင်း၊ တပည့်တော်တို့ သတိရသဖြင့် ကျမ်းချက်ကိုလည်းကောင်း၊ ယေရှုမိန့်တော်မူသောစကားကိုလည်းကောင်း ယုံကြည်ကြ၏။
  • 23 ကိုယ်တော်သည် ပသခါပွဲအတွင်း ယေရုရှလင်မြို့၌ရှိစဉ် ပြတော်မူသောနိမိတ် လက္ခဏာများကိုလူအများတို့မြင်ရ၍ နာမတော်ကိုယုံကြည်ကြ၏။
  • 24 သို့သော်လည်းယေရှုသည် လူခပ်သိမ်းတို့ကိုသိကျွမ်းတော်မူသည့်အလျောက် မည်သူ့သက်သေခံချက်ကိုမျှမလိုဘဲ လူ့အတွင်းသဘောကိုကိုယ်တော်တိုင်သိမြင်တော်မူသောကြောင့် ကိုယ်ကိုသူတို့သို့ယုံအပ်တော်မမူ။
  • 25
回到本卷目录 回到本版本目录 回到首页