1
ခါ လ ဒဲ နိုင် ငံ ကို အုပ် စိုး ရ သော မေ ဒိ လူ မျိုး အာ ရွှေ ရု၏ သား၊ ဒါ ရိ မင်း နန်း စံ ပ ဌ မ နှစ် တွင်၊
2
ငါ ဒံ ယေ လ သည် ယေ ရု ရှ လင် မြို့ ပျက် စီး လျက် နေ ရ လ တ္တံ့ သော နှစ် ပေါင်း ခုနစ် ဆယ် အ ရေ အ တွက် ကို ပ ရော ဖက် ယေ ရ မိ ထံ ရောက် လာ ခဲ့ သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် နှင့် အ ညီ ကျမ်း စာ များ အား ဖြင့် ရိပ် မိ ရ သော ကြောင့်၊
3
အ စာ ရှောင် ခြင်း၊ လျှော် တေ ဝတ် ခြင်း၊ ပြာ လူး ခြင်း များ နှင့် အ ရှင် ဘု ရား သ ခင် ကို မျက် မှောက် ပြု လျက် ဆု တောင်း၍ အ သ နား တော် ခံ သည် မှာ၊
4
ကိုယ် တော် ကို ချစ် ကြည် ညို၍ ပ ညတ် တော် များ ကို စောင့် ရှောက် သူ တို့ အ ဖို့ ပ ဋိ ညာဥ် နှင့် က ရု ဏာ တော် ကို စောင့် စည်း လျက် ကြီး မြတ်၍ ကြောက် ရွံ့ ဖွယ် ဖြစ် တော် မူ သော အ ရှင် ဘု ရား သ ခင်၊
5
အ ကျွန်ုပ် တို့ သည် ပြစ် မှား၍ ဒု စ ရိုက် ကို ပြု မိ ကြ ပါ ပြီ။ ဆိုး သွမ်း မှု ကို ပြု လျက် ပုန် ကန် မိ ကြ ပါ ပြီ။
6
ပ ညတ် တော် နှင့် တ ရား ဆုံး ဖြတ် တော် မူ ချက် များ ကို လွှဲ ရှောင် မိ ကြ ပါ ပြီ။ ဘိုး ဘေး မှ စ၍ ဘု ရင် မင်း မှူး မတ် တို့ နှင့် ပြည် သူ ပြည် သား အ ပေါင်း တို့ အား နာ မ တော် နှင့် ကိုယ် တော်၏ ကျွန် ပ ရော ဖက် တို့ ဟော ပြော သည် ကို မ လိုက် မ နာ ဘဲ နေ မိ ကြ ပါ ပြီ။
7
အ ရှင် ဘု ရား၌ ဖြောင့် မတ် ခြင်း တည် လျက် ရှိ ပါ၏။ အ ရှင် ဘု ရား၏ သ စ္စာ တော် ကို မ စောင့်၊ ပျက် ယွင်း ကြ သည့် အ တွက် အ နီး အ ဝေး ရှိ သော အ ပြည် ပြည် သို့ နှင် ထုတ် တော် မူ ခြင်း ကို ခံ ရ သော ယု ဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား များ နှင့် ဣ သ ရေ လ လူ မျိုး အ ပေါင်း တည်း ဟူ သော အ ကျွန်ုပ် တို့၌ မူ ကား ယ နေ့ ခံ ရ သည့် အ တိုင်း မျက် နှာ ပျက် ခြင်း တည် လျက် ရှိ ရ ပါ၏။
8
အ ရှင် ဘု ရား ကို ပြစ် မှား မိ သော ကြောင့် ဘိုး ဘေး မှ စ၍ ဘု ရင် မင်း မှူး မတ် တို့ နှင့် အ ကျွန်ုပ် တို့ ၌ မျက် နှာ ပျက် ခြင်း တည် လျက် ရှိ ရ ပါ၏။
9
အ ကျွန်ုပ် တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် သည် ကိုယ် တော်၏ ကျွန် ပ ရော ဖက် တို့ အား ဖြင့် မျက် မှောက် တွင် ထား တော် မူ သော တ ရား လမ်း ကို မ လျှောက် မ လိုက်၊ ဗျာ ဒိတ် တော် သံ ကို နား မ ထောင် ဘဲ ကိုယ် တော် ကို ပုန် ကန် ကြ သော် လည်း အ ကျွန်ုပ် တို့၏ အ ရှင် ဘု ရား သ ခင်၌ မေ တ္တာ ကျေး ဇူး နှင့် အ ပြစ် ဖြေ လွှတ် ခွင့် ရှိ တော် မူ၏။
10
11
ဣ သ ရေ လ လူ မျိုး အ ပေါင်း တို့ လည်း ဗျာ ဒိတ် တော် သံ ကို နား မ ထောင် ဘဲ လွှဲ သွား၍ တ ရား တော် ကို လွန် ကျူး လျက် ကိုယ် တော် ကို ပြစ် မှား ကြ သော ကြောင့် ဘု ရား သ ခင့် ကျွန် မော ရှေ၏ ပ ည တ္တိ ကျမ်း၌ ရေး ထား သော အ မင်္ဂ လာ တည်း ဟူ သော ကျိန် ဆို ချက် သည် အ ကျွန်ုပ် တို့ အ ပေါ် တွင် သွန်း လောင်း လျက် တည် လေ စွ တ ကား။
12
ကောင်း ကင် တစ် ပြင် လုံး အောက် မ ရောက် စ ဘူး သော ဘေး ဥ ပဒ် ကြီး ကို ယေ ရု ရှ လင် မြို့၊ အ ကျွန်ုပ် တို့ အ ပေါ် တွင် သင့် ရောက် စေ သ ဖြင့် အ ကျွန်ုပ် တို့ မှ စ၍ အုပ် စိုး သော တ ရား မင်း တို့ တစ် ဘက်၌ မိန့် ဆို သော ဗျာ ဒိတ် တော် ကို အ တည် ပြု တော် မူ ပြီ။
13
မော ရှေ၏ ပ ည တ္တိ ကျမ်း၌ ရေး ထား သည့် အ တိုင်း ဘေး ဥ ပဒ် ရှိ သ မျှ သည် အ ကျွန်ုပ် တို့ အ ပေါ် တွင် သင့် ရောက် လေ ပြီး ဖြစ် သော် လည်း ဒု စ ရိုက် ကို ကြဉ်၍ သ မ္မာ တ ရား တော်၌ လေ့ လာ ခွင့် ရှိ စေ ခြင်း ငှာ အ ကျွန်ုပ် တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ မျက် နှာ သာ ကို မ ရှာ ဘဲ နေ ကြ ပြီ တ ကား။
14
အ ကျွန်ုပ် တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပြု တော် မူ သ မျှ၌ ဖြောင့် မတ် တော် မူ ပါ လျက် အ ကျွန်ုပ် တို့ လည်း ဗျာ ဒိတ် တော် သံ ကို နား မ ထောင် ဘဲ နေ ကြ သော ကြောင့် ထာ ဝ ရ ဘု ရား သည် ထို ဘေး ဥ ပဒ် ကို စောင့် ကြပ်၍ သင့် ရောက် စေ တော် မူ ပြီ။
15
အား ကြီး သော လက် ရုံး တော် ဖြင့် လူ မျိုး တော် ကို အိ ဂျစ် ပြည် မှ ထုတ် ဆောင်၍ ယ နေ့ ရှိ သည့် အ တိုင်း အ မည် တော် ကို ထင် ပေါ် စေ တော် မူ သော အ ကျွန်ုပ်၏ အ ရှင် ဘု ရား သ ခင်၊ အ ကျွန်ုပ် တို့ သည် ပြစ် မှား၍ ဆိုး သွမ်း မှု ကို ပြု မိ ကြ ပါ ပြီ။
16
အ ကျွန်ုပ် တို့ အ ပြစ်၊ ဘိုး ဘေး တို့၏ ဒု စ ရိုက် များ ကြောင့် ယေ ရု ရှ လင် မြို့ နှင့် လူ မျိုး တော် သည် ပတ် ဝန်း ကျင် ရှိ သူ တို့ ကဲ့ ရဲ့ ရာ ဖြစ်၍ ဖြောင့် မတ် တော် မူ သော အ မှု ရှိ သ မျှ နှင့် အ ညီ သန့် ရှင်း သော တောင် တည်း ဟူ သော ယေ ရု ရှ လင် မြို့ တော် မှ ဒေါ သ အ မျက် တော် ကို လွှဲ တော် မူ ပါ အ ရှင် ဘု ရား၊
17
အ ကျွန်ုပ် တို့ ၏ ဘု ရား သ ခင်၊ ကျွန် တော် မျိုး ပြု သော ပ ဌ နာ နှင့် အ သ နား တော် ခံ ချက် ကို နား ညောင်း တော် မူ ပါ။ ဆိတ် ညံ လျက် ရှိ သော သန့် ရှင်း ရာ ဌာ န တော် ကို အ ရှင် ဘု ရား အ တွက် မျက် နှာ တော် ရောင် ခြည် ကို လွှတ် တော် မူ ပါ။
18
အ ကျွန်ုပ်၏ ဘု ရား သ ခင်၊ နား ညောင်း နာ ယူ တော် မူ ပါ။ စ က္ခု တော် ကို ဖွင့်၍ ကျွန် တော် တို့၏ ဆိတ် ညံ ရာ ကို လည်း ကောင်း၊ နာ မ တော် ဖြင့် သ မုတ် သော မြို့ ကို လည်း ကောင်း ကြည့် ရှု တော် မူ ပါ။ အ ကျွန်ုပ် တို့ သည် ကိုယ့် ဖြောင့် မတ် ခြင်း ကို အ မှီ မ ပြု ဘဲ၊ မ ဟာ က ရု ဏာ တော် ကို သာ အ မှီ ပြု ၍ ရှေ့ တော်၌ အ သ နား တော် ခံ ကြ ပါ ၏။
19
အ ကျွန်ုပ်၏ ဘု ရား သ ခင်၏ မြို့ တော် နှင့် လူ မျိုး တော် သည် နာ မ တော် ဖြင့် သ မုတ် ခံ ရ သည် နှင့် အ ညီ၊ ကိုယ် တော့် အ တွက် နား ညောင်း တော် မူ ပါ အ ရှင် ဘု ရား၊ ဖြေ လွှတ် တော် မူ ပါ အ ရှင် ဘု ရား၊ နာ ယူ၍ ဆိုင်း လင့် တော် မ မူ ဘဲ စီ ရင် တော် မူ ပါ အ ရှင် ဘု ရား ဟု အ ကျွန်ုပ်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ ဝန် ချ လျက် အ သ နား တော် ခံ ပါ၏။
20
ထို သို့ ဆု တောင်း ပ ဌ နာ ပြု၍ ကိုယ့် အ ပြစ် ကို လည်း ကောင်း၊ အ မျိုး သား ချင်း ဣ သ ရေ လ လူ တို့၏ အ ပြစ် ကို လည်း ကောင်း ဝန် ချ လျက် ငါ၏ ဘု ရား သ ခင့် သန့် ရှင်း သော တောင် တော် အ ဖို့ ငါ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ တော်၌ အ သ နား တော် ခံ၍၊
21
ဆု တောင်း ပ ဌ နာ ပြု စဉ် တွင် ငါ အ လွန် ပင် ပန်း လျက် ယ ခင် ရူ ပါ ရုံ တွင် မြင် ဖူး သူ ဂါ ဗြေ လ သည် ည ဦး ယံ ပူ ဇော် ချိန် ခန့် တွင် ငါ့ ကို တို့၍ ပြော ဆို သည် မှာ၊
22
အ ချင်း ဒံ ယေ လ၊ သင် သည် ဉာဏ် ပ ဋိ ဘာန်၌ လေ့ လာ စေ ရန် ငါ ထွက် လာ ပြီ။
23
သင် သည် အ သ နား တော် ခံ စ အ ခါ၌ ပင် အ လွန် နှစ် သက် ရ သူ ဖြစ် သ ဖြင့် ထုတ် ဆင့် သော ဗျာ ဒိတ် တော် ကို သင့် အား ဖော် ပြ ခြင်း ငှာ ငါ ထင် ရှား ပြီ။ ထို ဗျာ ဒိတ် တော် နှင့် ထင် ရှား ခြင်း ကို ဆင် ခြင်၍ နား လည် လော့။
24
လွန် ကျူး မှု ကို ကန့် သတ်၍ အ ပြစ် ကို တံ ဆိပ် ခတ် ပိတ် လျက် ဒု စ ရိုက် ဖြေ ရှင်း ခြင်း ငှာ လည်း ကောင်း၊ ထာ ဝ ရ ဖြောင့် မတ် ခြင်း ကို သွင်း၍ ရူ ပါ ရုံ နှင့် ဗျာ ဒိတ် တော် များ ကို တံ ဆိတ် ခတ် ပိတ် လျက် အ ထူး သန့် ရှင်း သော ဌာ န ကို ဘိ သိက် သွန်း စေ ခြင်း ငှာ လည်း ကောင်း၊ သင်၏ လူ မျိုး နှင့် သန့် ရှင်း သော မြို့ အ ဖို့ သိ တင်း ခု နစ် ဆယ် ဟု ပြ ဋ္ဌာန်း တော် မူ လေ ပြီ။
25
ယေ ရု ရှ လင် မြို့ ကို တစ် ဖန် တည် ထောင် ပြု စု စေ ခြင်း ငှာ အ မိန့် တော် ထုတ် သည့် နေ့ မှ စ၍ ဘိ သိက် တော် ခံ မင်း ပေါ် ထွန်း သည့် တိုင် အောင် ခု နစ် သိ တင်း ကြာ လိမ့် မည်။ ခြောက် ဆယ့် နှစ် သိ တင်း အ တွင်း နှောက် ရှက် ခံ ရ သည့် ကာ လ တွင် လမ်း မ လမ်း ကြား များ နှင့် တစ် ဖန် တည် ထောင် လိမ့် မည်။
26
ဘိ သိက် တော် ခံ မင်း သည် ထို ခြောက် ဆယ့် နှစ် သိ တင်း လွန် ပြီး မှ မည် သည် ကို မျှ မ ပိုင် ဘဲ ပယ် ရှား ရာ ခံ ရ၍ နောက် ပေါ် လ တ္တံ့ သော မင်း၏ လူ မျိုး သည် မြို့ တော် ကို လည်း ကောင်း၊ သန့် ရှင်း ရာ ဌာ န ကို လည်း ကောင်း ဖြို ဖျက် ကြ ပြီး လျှင် ၎င်း မင်း သည် ရှောင် တ ခင် ဘေး ဖြင့် ဆုံး လိမ့် မည်။ ဆိတ် ညံ ရာ ဖြစ် ရ မည် ဟု ပြ ဋ္ဌာန်း တော် မူ ပြီး ဖြစ် သော ကြောင့် ဆုံး ခန်း သည် တိုင် အောင် စစ် မှု များ ပြား လိမ့် မည်။
27
တစ် သိ တင်း တွင် လူ အ များ တို့ နှင့် ခိုင် ခံ့ သော ပ ဋိ ညာဉ် ဖွဲ့ လျက် ထို သိ တင်း၏ တစ် ဝက် ကြာ၊ ပူ ဇော် သ က္ကာ ကို ပြတ် စဲ စေ လိမ့် မည်။ ဆိတ် ညံ ရာ ဖြစ် စေ သော မင်း အ ပေါ် တွင် ပြ ဋ္ဌာန်း တော် မူ သ မျှ ကို အ ဆုံး သတ် သွန်း လောင်း သည့် တိုင် အောင် ဆိတ် ညံ စေ မည့် သူ သည် ရွံ ရှာ ဖွယ် အ တောင် ဖြင့် လာ ရောက်၍ နေ လိမ့် မည် ကို သိ မှတ် နား လည် လော့ ဟု သွန် သင် ကြား ပြော လေ ၏။