1
ဗေ လ ရှာ ဇာ မင်း နန်း စံ တ တိ ယ နှစ် တွင် ငါ ဒံ ယေ လ သည် ဦး စွာ ရူ ပါ ရုံ ကို မြင် ပြီး နောက် ရူ ပါ ရုံ တစ် ပါး ကို မြင် ပြန်၏။
2
ငါ ရှု ကြည့် မြင် ရ သည် ကား ဧ လံ ပြည် နယ် ရှု ရှန် နန်း တော်၌ နေ၍ မြင် ဆဲ တွင် ဥ လဲ မြစ် နား မှာ နေ သည် ဟု ငါ ထင် မြင်၏။
3
ငါ မြော် ကြည့် သော် ဦး ချို နှစ် ချောင်း ရှိ သော သိုး ထီး တစ် ကောင် သည် မြစ် ကမ်း ပေါ် တွင် ရပ် နေ၏။ ထို ဦး ချို နှစ် ချောင်း လုံး ပင် ရှည် လျား သော် လည်း တစ် ချောင်း သာ၍ ရှည်၏။ ဦး ချို ရှည် သည် နောက် မှ ပေါ် ထွက် သ တည်း။
4
ထို သိုး ထီး သည် အ နောက်၊ တောင်၊ မြောက်၊ သုံး မျက် နှာ သို့ ခတ် ဝှေ့ သည် ကို ငါ မြင် ရ သည် ကား၊ မည် သည့် တိ ရ စ္ဆာန် မျှ မ ခံ မ ရပ် နိုင် သည့် ပြင် လက် တွင်း မှ လည်း ကယ် လွှတ် ခြင်း ငှာ မ စွမ်း နိုင် သည် ဖြစ်၍ အ လို အ တိုင်း ပြု သ ဖြင့် ကြီး မား မောက် ကြွား လေ ၏။
5
ထို အ မှု ကို ငါ ထောက် ရှု စဉ် မျက် မှောင် ကြား တွင် ထူး ဆန်း စွာ ဦး ချို တစ် ချောင်း ပါ သော ဆိတ် ထီး တစ် ကောင် သည် မြေ တစ် ပြင် လုံး နှံ့ အ နောက် မျက် နှာ မှ မြေ ကို မ နင်း ဘဲ ပြေး လာ၍၊
6
ဦး ချို နှစ် ချောင်း နှင့် မြစ် ကမ်း ပေါ် တွင် ငါ မြင် ပြီး သော သိုး ထီး ရှိ ရာ သို့ မာန် ဟုန် ဖြင့် ပြေး ဝင်၍၊
7
အ မျက် ဒေါ သ နှင့် ထို သိုး ထီး ကို ချဉ်း ကပ် ခတ် ဝှေ့ လျက် ဦး ချို နှစ် ချောင်း လုံး ချိုး ဖဲ့ သည် ကို ငါ မြင်၏။ သိုး ထီး၌ ခံ ရပ် နိုင် သော အ စွမ်း မ ရှိ သ ဖြင့် ၎င်း ကို မြေ သို့ လှဲ၍ ဖိ နင်း လေ၏။ လက် တွင်း မှ လည်း ကယ် လွှတ် ခြင်း ငှာ စွမ်း နိုင် သူ မ ရှိ ချေ။
8
ထို ဆိတ် ထီး သည် အ လွန် ကြီး မား မောက် ကြွား လျက် ခွန် အား ရှိ သော အ ခါ ဦး ချို ကြီး ကျိုး ကျွတ် သ ဖြင့် ၎င်း ချို ရာ၌ ကောင်း ကင် လေး ရပ် သို့ မျက် နှာ မူ လျက် ထူး ဆန်း သော ဦး ချို လေး ချောင်း ပေါ် ထွက် ရာ၊
9
တစ် ချောင်း မှာ အ တက် ပေါ် ပြန်၍ တောင် အ ရပ်၊ အ ရှေ့ အ ရပ် များ နှင့် ရ တ နာ ပြည် သို့ မျက် နှာ မူ၍ အ လွန် တိုး တက် ကြီး ပွား လျက်၊
10
က မ္ဘာ့ တန် ဆာ တိုင် အောင် ကြီး ပွား သ ဖြင့် ထို တန် ဆာ ကြယ် န က္ခတ် အ ချို့ ကို မြေ သို့ ချ၍ နင်း ချေ လေ ၏။
11
က မ္ဘာ့ တန် ဆာ ရှင် သို့ တိုင် အောင် ပင် ကြီး ပွား လျက် ဆက် မြဲ ပူ ဇော် သ က္ကာ ကို ဖျက် သိမ်း၍ သန့် ရှင်း ရာ ဌာ န တော် ကို ရှုတ် ချ လေ ၏။
12
လွန် ကျူး မှု များ သော ကြောင့် ဆက် မြဲ ပူ ဇော် သ က္ကာ နှင့် တ ကွ တစ် ဗိုလ် ခြေ ကို လွှဲ အပ် ရ ယူ သ ဖြင့် သ မ္မာ တ ရား တော် ကို လည်း မြေ သို့ ချ လျက် အ ကြံ ထ မြောက် လေ၏။
13
ထို အ ခါ သန့် ရှင်း သူ တစ် ပါး ပြော ဆို သံ ကို ငါ ကြား ရာ ထို သူ နှင့် ပြော သော သန့် ရှင်း သူ တစ် ပါး က သန့် ရှင်း ရာ ဌာ န နှင့် ဗိုလ် ခြေ ကို နင်း ချေ ခြင်း ငှာ ဆိတ် ညံ ရာ ဖြစ် စေ သော လွန် ကျူး ခြင်း နှင့် လည်း ကောင်း၊ ဆက် မြဲ ပူ ဇော် သ က္ကာ နှင့် လည်း ကောင်း စပ် ဆိုင် သော ရူ ပါ ရုံ သည် မည် မျှ ကြာ ဖြစ် လိမ့် မည် နည်း ဟု မေး မြန်း လျှင်၊
14
ထို သူ က ညဉ့် နှင့် နေ့ ပေါင်း နှစ် ထောင့် သုံး ရာ ကြာ ဖြစ် လိမ့် မည်။ သို့ ပြီး မှ သန့် ရှင်း ရာ ဌာ န တော် ကို စင် ကြယ် ပြန် စေ လိမ့် မည် ဟု ငါ့ အား ပြန် ပြော လေ ၏။
15
ငါ ဒံ ယေ လ သည် ထို ရူ ပါ ရုံ ကို မြင် ပြီး လျှင် နား လည် ရန် ကြံ ဆ စဉ် လူ့ သ ဏ္ဌာန် ရှိ သူ တစ် ပါး သည် မျက် မှောက် တွင် ရပ် နေ ရာ၊
16
အို ဂါ ဗြေ လ၊ ထို လူ သည် ရူ ပါ ရုံ ကို နား လည် စေ လော့ ဟု ဥ လဲ မြစ် ပေါ် မှ ပြော ဆို သော လူ သံ ကို ငါ ကြား ပြီး နောက်၊
17
ယ ခင် သူ သည် ငါ ရပ် နေ ရာ သို့ ချဉ်း လာ လျှင် ငါ ကြောက် ရွံ့၍ ပျပ် ဝပ် လျက် နေ ရာ ထို သူ က၊ အ ချင်း လူ့ သား၊ ဤ ရူ ပါ ရုံ သည် အ န္တိ မ ကာ လ နှင့် ဆိုင် သည် ဖြစ်၍ သ တိ မူ လော့ ဟု ပြော ဆို၏။
18
ထို သို့ ပြော ဆို စဉ် ငါ သည် ဝပ် စင်း လျက် သေ ငယ် သေ လျှင် ငါ့ ကို တို့၍ မတ် တတ် ရပ် နေ စေ ပြီး မှ၊
19
ထို သူ က၊ အ န္တိ မ အ ချိန် ကာ လ နှင့် ဆိုင် သည် ဖြစ်၍ အ မျက် တော် အ ဆုံး၌ ဖြစ် ပျက် လ တ္တံ့ သော အ ရာ ကို ငါ ကြား ပြော ဦး အံ့။
20
ဦး ချို နှစ် ချောင်း ရှိ လျက် သင် မြင် သော သိုး ထီး ကား မေ ဒိ လူ မျိုး ဘု ရင်၊ ပေ ရ သိ လူ မျိုး ဘု ရင် တို့ တည်း။
21
ဆိတ် ထီး ကား ဂ ရိတ် လူ မျိုး ဘု ရင် တည်း။ မျက် မှောင် ကြား၌ ရှိ သော ဦး ချို ကြီး ကား ပ ဌ မ ဘု ရင် တည်း။
22
ထို ဦး ချို ကျိုး ကျွတ် သ ဖြင့် ၎င်း ချို ရာ၌ လေး ချောင်း ပေါ် ထွက် သည် မှာ ထို လူ မျိုး မှ လေး နိုင် ငံ တည် ထောင် သော် လည်း အ ရင် တန် ခိုး ကို မ မှီ ကြ။
23
၎င်း နိုင် ငံ များ၏ အ ဆုံး၌ လွန် ကျူး သူ တို့၏ အ ပြစ် ပြည့် သော အ ခါ ရက် စက် စွာ မျက် နှာ ထား၍ ပ ရိ ယာယ် များ ကို နား လည် သော မင်း တစ် ပါး ပေါ် ထွန်း လိမ့် မည်။
24
ထို မင်း သည် ပြ က တေ့ တန် ခိုး မ ဟုတ် ဘဲ၊ တန် ခိုး ကြီး လျက် အံ့ ဩ ဖွယ် ဖျက် ဆီး၍ အ ကြံ ထ မြောက် သ ဖြင့် စွမ်း အား ကြီး သူ တို့ နှင့် သန့် ရှင်း သော လူ မျိုး တော် ကို ဖျက် ဆီး လိမ့် မည်။
25
ထို မင်း သည် လိ မ္မာ စွာ ပြု သ ဖြင့် စဉ်း လဲ ခြင်း အောင် မြင် လျက် ဘေး မ မြော် မြင် သော လူ အ များ တို့ ကို စိတ် မောက် ကြွား၍ ဖျက် ဆီး ပြီး လျှင် မင်း ထက် မင်း ကို ပင် ပုန် ကန် သည့် အ တွက် လူ့ လက် ဖြင့် မ ဟုတ် ဘဲ ကျိုး ပဲ့ ပျက် စီး ခြင်း သို့ ရောက် လိမ့် မည်။
26
ဆို ခဲ့ သည် ညဉ့် နှင့် နေ့ ဆိုင် ရာ ရူ ပါ ရုံ သည် မှန် သော် လည်း ကွာ ဝေး သော ကာ လ အ ဖို့ ဖြစ် သော ကြောင့် သို ထား လော့။
27
ထို အ ခါ ငါ ဒံ ယေ လ သည် မူး မော်၍ နေ့ ရက် အ နည်း ငယ် နာ၏။ နောက် ထ ပြီး လျှင် ရှင် ဘု ရင်၏ အ မှု တော် ကို ဆောင် ရွက် ရာ မြင် ပြီး သော ရူ ပါ ရုံ ကို ငါ အံ့ ဩ လျက် နား လည် သော သူ မ ရှိ ချေ။