1
ထို့ နောက် ဗေ လ ရှာ ဇာ မင်း သည်၊ တစ် ထောင် သော မှူး မတ် တို့ အ ဖို့ ခမ်း နား ကြီး ကျယ် စွာ ပွဲ သ ဘင် ခင်း ကျင်း လျက်၊
2
၎င်း တို့ အ လယ် တွင် စ ပျစ် ရည် ကို သောက်၍ သုံး ဆောင် စဉ် တွင် ယေ ရု ရှ လင် မြို့ ဗိ မာန် တော် ထဲ မှ ခ မည်း တော် နေ ဗု ခဒ် နေ ဇာ မင်း သိမ်း ယူ ခဲ့ သော ရွှေ ဖ လား၊ ငွေ ဖ လား ဖြင့် ဘု ရင် မင်း မှ စ၍ မိ ဖု ရား၊ မောင်း မ မိဿံ တို့ နှင့် မှူး မတ် တို့ ပါ သောက် ကြ စေ ရန် ယူ ခဲ့ ရ မည် ဟု အ မိန့် ရှိ သည့် အ တိုင်း၊
3
ယေ ရု ရှ လင် မြို့ ရှိ ဘု ရား သ ခင့် ဘုံ ဗိ မာန် ထဲ မှ သိမ်း ယူ ခဲ့ သော ရွှေ ဖ လား၊ ငွေ ဖ လား များ ကို ယူ ပြီး လျှင် ၎င်း ဘု ရင် မှ စ၍ မိ ဖု ရား၊ မောင်း မ မိဿံ တို့ နှင့် မှူး မတ် တို့ ပါ သောက် ကြ ကုန်၏။
4
စ ပျစ် ရည် ကို သောက် လျက် ရွှေ၊ ငွေ၊ ကြေး၊ သံ၊ သစ် သား၊ ကျောက် နှင့် လုပ် သော ဘု ရား များ ကို ချီး မွမ်း ကြ လေ ၏။
5
ထို အ ခါ၌ ပင် လူ၏ လက် ချောင်း ပေါ် ထွက် လျက် မီး ခုံ ရှေ့၊ နန်း တော် နံ ရံ အင်္ဂ တေ ပေါ် တွင် စာ ရေး သား လေ ၏။ ထို ရေး သား သော လက် ကို ရှင် ဘု ရင် မြင် လျှင်၊
6
မျက် နှာ ပျက်၍ ဆင် ခြင် ပူ ပန် သ ဖြင့် ခါး ဆစ် လွဲ မ တတ် ဒူး ချင်း ရိုက် သည် ရှိ သော်၊
7
မှော် ဆ ရာ၊ ခါ လ ဒဲ ဆ ရာ၊ ဟူး ရား ဆ ရာ တို့ ကို ခေါ် သွင်း စေ ဟု ဟစ် ကြော် ပြီး လျှင် ထို စာ ကို ဖတ်၍ အ နက် ဖော် ပြ နိုင် သူ့ အား နီ မောင်း သော ဝတ် လုံ ကို ဆင် ယင်၍ လည်၌ ရွှေ စ လွယ် တင် သ ဖြင့် အ မြတ် ဆုံး သော မင်း သုံး ပါး တို့ ရာ ထူး တွင် ခန့် ထား မည် ဟု ဗာ ဗု လုန် ပ ညာ ရှိ တို့ အား မိန့် ဆို ရာ၊
8
ပ ညာ ရှိ မင်း ဆ ရာ အ ပေါင်း တို့ ဝင် ရောက် ကြ သော် လည်း ထို စာ ကို ဖတ် ရန် မ စွမ်း၊ အ နက် ကို လည်း မ ဖော် ပြ နိုင် သည် ဖြစ် ၍၊
9
ဗေ လ ရှာ ဇာ မင်း သည် အ လွန် ပူ ပန် လျက် မျက် နှာ ပျက် သည့် ပြင် မှူး မတ် တို့ လည်း မှိုင် တွေ နေ ကြ ကုန်၏။
10
ထို အ ခါ မယ် တော် မိ ဖု ရား သည် ရှင် ဘု ရင် နှင့် မှူး မတ် တို့ စ ကား ကို ကြား သိ သော ကြောင့် ပွဲ တော် ဆောင် သို့ ဝင်၍ ဘု ရင် မင်း မြတ် ကာ လ အ စဉ် သက် တော် ရှည် ပါ စေ။ ဆင် ခြင် သ ဖြင့် ပူ ပန် လျက် မျက် နှာ ပျက် ခြင်း မ ရှိ ပါ နှင့်။
11
သန့် ရှင်း သော ဘု ရား များ၏ ဝိ ညာဉ် တော် ပြည့် စုံ သူ တစ် ပါး သည် နိုင် ငံ တော် တွင် ရှိ ပါ၏။ ခ မည်း တော် ဘု ရား လက် ထက်၊ ထို သူ၌ ဘု ရား များ၏ ပ ညာ နှင့် တူ သော ပ ညာ၊ ဉာဏ်၊ အ လင်း ထင် ရှား လျက် ရှိ သည် နှင့် အ ညီ ထူး ချွန် သော စိတ်၊ အ သိ ပ ညာ၊ ဉာဏ် ပ ဋိ ဘာန် မှ စ၍ အိပ် မက် အ နက် ကို ဖတ် ခြင်း၊ စ ကား ဝှက် များ ကို ဖော် ပြ ခြင်း၊ ပြဿ နာ များ ကို ဖြေ ခြင်း သ တ္တိ သည် ဘု ရင့် ထံ ဗေ လ တ ရှာ ဇာ ဘွဲ့ ခံ သူ ဒံ ယေ လ၌ ထင် ရှား လျက် ရှိ သော ကြောင့် ခ မည်း တော် နေ ဗု ခဒ် နေ ဇာ မင်း သည် ဗေ ဒင် ဆ ရာ၊ မှော် ဆ ရာ၊ ခါ လ ဒဲ ဆ ရာ၊ ဟူး ရား ဆ ရာ တို့ အ ပေါ် တွင် သု ခ မိန် ဝန် ရာ ထူး၌ ခန့် ထား တော် မူ၏။ ၎င်း ဒံ ယေ လ ကို ခေါ် တော် မူ လျှင် အ နက် ကို ဖတ် ပြ ပါ လိမ့် မည် ဟု ပြော ဆို လေ၏။
12
13
ထို အ ခါ ဒံ ယေ လ ကို ခေါ် သွင်း ပြီး လျှင် ဘု ရင် မင်း က၊ ခ မည်း တော် ဘု ရင် သည် ယု ဒ ပြည် မှ သိမ်း ယူ တော် မူ ခဲ့ သော သုံ့ ပန်း ရ ယု ဒ အ မျိုး သား တို့ ပါ ဝင် သူ ဒံ ယေ လ မှန် သ လော။ သင်၌ ဘု ရား များ၏ ဝိ ညာဉ် တော် ရှိ ကြောင်း ကို လည်း ကောင်း၊ ထူး ချွန် သော ပ ညာ၊ ဉာဏ်၊ အ လင်း ထင် ရှား ရှိ ကြောင်း ကို လည်း ကောင်း ငါ ကြား သိ လေ ပြီ။
14
15
ထို စာ ကို ဖတ်၍ အ နက် ကို ဖော် ပြ စေ ခြင်း ငှာ ပ ညာ ရှိ ဗေ ဒင် ဆ ရာ များ ကို ရှေ့ တော် သို့ ယ ခု သွင်း ခဲ့ သော် လည်း အ နက် ကို မ ဖော် မ ပြ နိုင် ကြ။
16
ဆ ရာ သည် အ နက် ကို ဖော် ပြ လျက် ပြဿ နာ များ ကို လည်း ဖြေ နိုင် ကြောင်း ငါ ကြား ရ သည့် အ လျောက် ထို စာ ကို ဖတ်၍ အ နက် ဖော် ပြ နိုင် လျှင် နီ မောင်း သော ဝတ် လုံ ကို ဆင် ယင် လျက် လည်၌ ရွှေ စ လွယ် တင် သ ဖြင့် အ မြတ် ဆုံး သော မင်း သုံး ပါး တို့ ရာ ထူး တွင် ခန့် ထား မည် ဟု မိန့် ဆို လေ၏။
17
ဒံ ယေ လ က လည်း ဆု လပ် တော် ကို လက် တော် တွင် ပြန် သိမ်း၍ သူ တစ် ပါး အ ဖို့ ဖြစ် ပါ စေ။ သို့ ရာ တွင် ရှေ့ တော်၌ ထို စာ ကို ဖတ်၍ အ နက် ကို ဖော် ပြ ပါ မည်။
18
ဘု ရင် မင်း မြတ်၊ မြင့် မြတ် သော ဘု ရား သ ခင် သည် ခ မည်း တော် နေ ဗု ခဒ် နေ ဇာ မင်း အား နိုင် ငံ တော် နှင့် တ ကွ အ ထွဋ် အ မြတ်၊ ဘုန်း အာ နု ဘော် ကို သ နား တော် မူ ခဲ့ ပြီ။
19
သ နား တော် မူ သော ထို အ ထွဋ် အ မြတ် ကြောင့် ဘာ သာ စ ကား အ မျိုး မျိုး ပြော ဆို သော လူ မျိုး ဟူ သ မျှ တို့ သည် ရှေ့ တော်၌ ကြောက် ရွံ့ တုန် လှုပ် လျက် နေ ရ ကြ၏။ အ လို တော် ရှိ ရာ ကွပ် မျက် ခြင်း၊ ချမ်း သာ စေ ခြင်း ကို ပြု တော် မူ၍ အ လို တော် ရှိ ရာ ပင် ချီး မြှင့် ခြင်း၊ နှိမ့် ချ ခြင်း ကို လည်း ပြု တော် မူ ပါ ၏။
20
စိတ် နေ မြင့် လျက် မာန် မာ န ဝင် သ ဖြင့် ခက် ထန် သော အ ခါ မူ ကား ဘုန်း တန် ခိုး ကွယ် ပ၍ နန်း မှ ကျ ရ လေ ၏။
21
မြင့် မြတ် သော ဘု ရား သ ခင် သည် လူ့ ဘုံ ကို အုပ် စိုး၍ အ လို တော် ရှိ သူ့ ကို ချီး မြှင့် ခန့် ထား တော် မူ ကြောင်း သိ မှတ် ရ သည့် တိုင် အောင်၊ ထို ဘု ရင် သည် လူ့ ဘောင် မှ နှင် ထုတ် ခံ ရ သည့် ပြင် တိ ရ စ္ဆာန့် သ ဘော ရောက်၍ မြည်း ရိုင်း တို့ နှင့် အ တူ နေ ရ ခြင်း၊ နွား ကဲ့ သို့ မြက် ကို စား ရ ခြင်း၊ ကိုယ်၌ မိုး နှင်း စွတ် စို ခြင်း များ ကို ခံ ရ ၏။
22
အ ရှင့် သား ဗေ လ ရှာ ဇာ၊ အ ရှင် သည် ထို အ မှု အ ရေး ရှိ သ မျှ ကို သိ ပါ လျက် စိတ် နှ လုံး မ နှိမ့် ချ ဘဲ၊
23
ကောင်း ကင် ဘုံ ရှင် တစ် ဘက်၌ ထ ကြွ၍ ဗိ မာန် တော် သုံး ဖ လား များ ကို ရှေ့ တော် သို့ ယူ စေ ပြီး လျှင် ဘု ရင် မင်း မှ စ၍ မိ ဖု ရား၊ မောင်း မ မိဿံ တို့ နှင့် မှူး မတ် တို့ ပါ စ ပျစ် ရည် ကို ထည့် သောက် ကြ သည့် ပြင် မြင် လည်း မ မြင်၊ ကြား လည်း မ ကြား၊ သိ လည်း မ သိ တတ် သော ရွှေ၊ ငွေ၊ ကြေး၊ သံ၊ သစ် သား၊ ကျောက် နှင့် လုပ် သော ဘု ရား များ ကို ချီး မွမ်း လျက် ဘု ရင် မင်း မြတ် အ သက် ကို ကိုင်၍ အ လေ့ အ လာ ရှိ သ မျှ ကို လည်း ပိုင် စိုး တော် မူ သော ဘု ရား သ ခင် ကို ကား မ ချီး မွမ်း ချေ။
24
ထို့ ကြောင့် ဘု ရား သ ခင့် အ ထံ တော် မှ လက် ကို စေ၍ ဤ စာ ကို ရေး သား စေ တော် မူ၏။
25
ရေး သား သော စာ ကား၊ မ နေ မ နေး၊ တ ကေ လ၊ ဉဖ ရစင် တည်း။
26
အ နက် ကား၊ မ နေး၊ ဘု ရား သ ခင် သည် ဘု ရင် မင်း မြတ် နိုင် ငံ ခေတ် ကို ရေ တွက်၍ ကုန် စေ တော် မူ ပြီ။
27
တ ကေ လ၊ ဘု ရင် မင်း မြတ် ကို ချိန် စက်၍ လျော့ ကြောင်း ကို တွေ့ မြင် တော် မူ ပြီ။
28
ဉဖ ရစင်၊ နိုင် ငံ ကို ခွဲ ဝေ၍ မေ ဒိ လူ မျိုး၊ ပေ ရ သိ လူ မျိုး တို့ အား အပ် ပေး တော် မူ ပြီ ဟူ၍ ရှေ့ တော် တွင် တင် လျှောက် လေ၏။
29
ထို အ ခါ ဗေ လ ရှာ ဇာ မင်း အ မိန့် ရှိ ရင်း အ တိုင်း ဒံ ယေ လ အား နီ မောင်း သော ဝတ် လုံ ကို ဆင် ယင် လျက် လည်၌ ရွှေ စ လွယ် တင် ပြီး လျှင် အ မြတ် ဆုံး သော မင်း သုံး ပါး တို့ ရာ ထူး တွင် ခန့် ထား ကြောင်း ကြော် ငြာ စေ၏။
30
ထို ညဉ့် တွင် ပင် ခါ လ ဒဲ လူ မျိုး ဘု ရင် ဗေ လ ရှာ ဇာ မင်း သည် လုပ် ကြံ သတ် ဖြတ် ခံ ရ၍၊
31
အ သက် ခြောက် ဆယ့် နှစ် နှစ် ရွယ် ရှိ သော မေ ဒိ လူ မျိုး ဘု ရင် ဒါ ရိ မင်း သည် နိုင် ငံ ကို သိမ်း မြန်း ဆက် ခံ လေ ၏။