1
နေ ဗု ခဒ် နေ ဇာ မင်း သည် နန်း စံ ဒု တိ ယ နှစ် တွင် အိပ် မက် ကို မြင် ရာ စိတ် ပူ ပန် သ ဖြင့် စက်၍ မ ပျော် သည် နှင့် အိပ် မက် တော် ကို ဖော် ပြ စေ ခြင်း ငှာ၊
2
ဗေ ဒင် ဆ ရာ၊ မှော် ဆ ရာ၊ ပ ယော ဂ ဆ ရာ၊ ခါ လ ဒဲ ဆ ရာ တို့ ကို အ မိန့် တော် နှင့် ခေါ် စေ သည့် အ တိုင်း ရှေ့ တော် သို့ ဝင် ရောက် ခ စား မိ ကြ သော်၊
3
ဘု ရင် မင်း က၊ ငါ အိပ် မက် မြင် ရ ပြီ။ ထို အိပ် မက် ကို သိ မှတ် လို သည့် အ တွက် စိတ် ပူ ပန် သည် ဟု မိန့် ဆို ရာ၊
4
ခါ လ ဒဲ ဆ ရာ တို့ က ဘု ရင် မင်း မြတ် ကာ လ အ စဉ် သက် တော် ရှည် ပါ စေ။ အိပ် မက် တော် ကို ကျွန် တော် မျိုး တို့ အား ပြန် ကြား တော် မူ လျှင် အ နက် ဖတ် ကြ ပါ မည် ဟု အာ ရံ ဘာ သာ စ ကား ဖြင့် တင် လျှောက် ကြ ၏။
5
ဘု ရင် မင်း က လည်း ငါ အ မိန့် ထုတ် ထား သည် မှာ ထို အိပ် မက် ကို အ နက် ပါ မ ဖော် မ ပြ လျှင် သင် တို့ ကို အ ပိုင်း ပိုင်း ဖြတ်၍ နေ အိမ် များ ကို လည်း ပြာ ပုံ ဖြစ် စေ မည်။
6
အိပ် မက် ကို အ နက် ပါ ဖော် ပြ လျှင် မူ ကား ဆု လပ် နှင့် ဂုဏ် ထူး ကို ငါ ပေး မည်။ သို့ ဖြစ်၍ အိပ် မက် ကို အ နက် ပါ ဖော် ပြ ကြ လော့ ဟု ခါ လ ဒဲ ဆ ရာ တို့ အား မိန့် ဆို လေ ၏။
7
ထို သူ တို့ က ဘု ရင် မင်း မြတ်၊ ကျွန် တော် မျိုး တို့ အား အိပ် မက် တော် ကို ပြန် ကြား ပါ လျှင် အ နက် ဖတ် ပါ မည် ဟု တစ် ဖန် တင် လျှောက် ကြ ပြန် သော်၊
8
ဘု ရင် မင်း က ငါ အ မိန့် ထုတ် ပြီး သည် ကို သင် တို့ သိ လျက် နှင့် အ ချိန် ကြာ လင့် စေ လို ကြောင်း ငါ မု ချ သိ၏။
9
အိပ် မက် ကို မ ဖော် မ ပြ လျှင် မူ ကား ကာ လ အ ချိန် ကို ရွှေ့ ဆိုင်း လို သော သ ဘော နှင့် ရှေ့ တော် တွင် ကောက် ကျစ် စဉ်း လဲ စွာ တင် လျှောက် ရန် ကြံ ဖန် ကြ ပြီ ဖြစ် သော ကြောင့် သင် တို့ အ ဖို့ အ ပြစ် ဒဏ် တစ် မျိုး တည်း ရှိ လိမ့် မည်။ ထို့ ကြောင့် အိပ် မက် ကို ဖော် ပြ ကြ လော့။ ပြ လျှင် အ နက် ဖတ် နိုင် ကြောင်း ကို ငါ သိ မည် ဟု မိန့် ဆို လေ ၏။
10
ခါ လ ဒဲ ဆ ရာ တို့ က လည်း ဘု ရင် မင်း မြတ်၏ အ မှု ကို ဖော် ပြ နိုင် မည့် သူ မြေ ပေါ် တွင် တစ် ယောက် မျှ မ ရှိ ပါ။ မည် သည့် ဘု ရင် မ ဆို ဘုန်း တန်ခိုး ကြီး သော် လည်း ဗေ ဒင် ဆ ရာ၊ မှော် ဆ ရာ၊ ခါ လ ဒဲ ဆ ရာ တို့ ကို ဤ သို့ မေး တော် မူ လေ့ မ ရှိ ပါ။
11
ဘု ရင် မင်း မြတ် မေး တော် မူ သော အ ရာ ခဲ ယဉ်း သည် ဖြစ် ပါ ၍ လူ့ ဘုံ တွင် မ တည် မ နေ သော နတ် ဘု ရား တို့ မှ တစ် ပါး၊ ရှေ့ တော်၌ ဖော် ပြ နိုင် သူ တစ် ယောက် မျှ မ ရှိ ပါ ဟု ဘု ရင် မင်း အား တစ် ဖန် တင် လျှောက် ကြ သည် နှင့်၊
12
ဘု ရင် မင်း သည် ဒေါ သ အ မျက် ပြင်း စွာ ထွက်၍ ဗာ ဗု လုန် ပ ညာ ရှိ အ ပေါင်း တို့ ကို ကွပ် မျက် စေ ဟု အ မိန့် ရှိ၏။
13
အ မိန့် ထုတ် သည် အ တိုင်း ပ ညာ ရှိ တို့ သည် ကွပ် မျက် ခံ ရ မည် ဖြစ်၍ ဒံ ယေ လ နှင့် အ ပေါင်း အ ဖော် တို့ ကို လည်း ကွပ် မျက် ရန် ရှာ ကြံ ကြ စဥ်၊
14
ဗာ ဗု လုန် ပ ညာ ရှိ တို့ ကို ကွပ် မျက် ရန် ထုတ် သွား သော ကိုယ် ရံ တော် မှူး အာ ရုတ် ကို ဒံ ယေ လ က၊ သ တိ ပ ညာ အ ကြံ နှင့် လျှောက် ၍၊
15
ဘု ရင် မင်း မြတ် အ မိန့် တော် အ ဘယ် ကြောင့် ဤ မျှ ပြင်း ထန် ရ သ နည်း ဟု ၎င်း ဗိုလ် မှူး အာ ရုတ် အား မေး ရာ အာ ရုတ် က ဒံ ယေ လ အား ထို အ ကြောင်း ကို ကြား ပြော လျှင်၊
16
ဒံ ယေ လ သည် ဘု ရင် မင်း ထံ တိုး ဝင်၍ အိပ် မက် တော် ဖော် ပြ ရန် အ ချိန် ရွှေ့ ဆိုင်း ပါ မည့် အ ကြောင်း အ သ နား တော် ခံ လေ ၏။
17
ထို နောက် ဒံ ယေ လ သည် အိမ် သို့ ပြန် သွား ပြီး လျှင် ကိုယ် တိုင် မှ စ၍ အ ပေါင်း အ ဖော် တို့ နှင့် ဗာ ဗု လုန် အ ခြား ပ ညာ ရှိ တို့ ပါ မ ပျက် စီး ကြ ရ မည့် အ ကြောင်း ထို ကွယ် ဝှက် ရာ နှင့် စပ် လျဉ်း၍ ကောင်း ကင် ဘုံ ရှင် ဘု ရား သ ခင့် ထံ က ရု ဏာ တော် ကို တောင်း လျှောက် ကြ ရန် အ ပေါင်း အ ဖော် ဖြစ် သူ ဟာ န နိ၊ မိ ရှေ လ၊ အာ ဇ ရိ တို့ အား ထို အ မှု အ ရေး ကို ပြန် ကြား လေ၏။
18
19
ညဉ့် အ ခါ ဒံ ယေ လ သည် ထို ကွယ် ဝှက် ရာ ကို အာ ရုံ ဖြင့် ထင် မြင်၍ ကောင်း ကင် ဘုံ ရှင် ဘု ရား သ ခင် ကို ဩ ဘာ ပြု လျက်၊
20
ဘု ရား သ ခင်၏ နာ မ တော် ကို အ န န္တ ကာ လ ပတ် လုံး ဩ ဘာ ပြု ကြ ပါ စေ သော။ ကိုယ် တော် သည် ဉာဏ် ပညာ နှင့် လည်း ကောင်း၊ တန် ခိုး နှင့် လည်း ကောင်း ပြည့် စုံ တော် မူ ၏။
21
အ ချိန် ကာ လ များ ကို ပြောင်း လွှဲ ၍ ဘု ရင် မင်း တို့ အား လည်း နန်း ချ၊ နန်း တင် တော် မူ၏၊။ ပ ညာ ရှိ တို့ အား ဉာဏ် ပ ညာ ကို လည်း ကောင်း၊ ဉာဏ် ချွန် သူ တို့ အား အ သိ ပ ညာ ကို လည်း ကောင်း သ နား တော် မူ၏။
22
နက် နဲ၍ ကွယ် ဝှက် သော အ ရာ များ ကို ထင် ရှား စေ သည့် ပြင် မှောင် မိုက် တွင် ရှိ လေ သ မျှ ကို လည်း သိ မြင် တော် မူ လျက် အ လင်း သည် ကိုယ် တော် နှင့် အ တူ တည် ရှိ ပါ ၏။
23
အ ကျွန်ုပ် အား ဉာဏ် ပ ညာ နှင့် အ စွမ်း သ တ္တိ ကို ပေး သ နား၍ အ ကျွန်ုပ် တို့ တောင်း လျှောက် သည့် အ လျောက် ဘု ရင် မင်း၏ အ မှု အ ရေး ကို ယ ခု ဖော် ပြ တော် မူ သော ဘိုး ဘေး တို့၏ ဘု ရား သ ခင်၊ ကိုယ် တော်၏ ကျေး ဇူး ကို ချီး မွမ်း ထော မ နာ ပြု ပါ သည် ဟု ဒံ ယေ လ လျှောက် ဆို ပြီး လျှင်၊
24
ဗာ ဗု လုန် ပ ညာ ရှိ တို့ ကို သုတ် သင် ရန် ဘု ရင် မင်း ခန့် အပ် သော အာ ရုတ် ထံ ဝင် ရောက်၍ ဗာ ဗု လုန် ပ ညာ ရှိ တို့ ကို မ သုတ် သင် ဘဲ ကျွန် တော် ကို ရှေ့ တော် သို့ ပို့ သွင်း ပါ။ ဘု ရင် မင်း မြတ် အား အိပ် မက် တော့် အ နက် ကို ဖတ် ပြ ပါ မည် ဟု လျှောက် ဆို ၏။
25
ထို အ ခါ အာ ရုတ် သည် ဒံ ယေ လ ကို ရှေ့ တော် သို့ အ ဆော တ လျှင် ခေါ် သွင်း ပြီး လျှင် ဘု ရင် မင်း မြတ် အား၊ အိပ် မက် တော့် အ နက် ဖတ် ပြ နိုင် သူ တစ် ယောက် ကို သုံ့ ပန်း ဖြစ် သော ယု ဒ အ မျိုး တို့ တွင် တွေ့ ပါ ပြီ ဟု တင် လျှောက် သော်၊
26
ဘု ရင် မင်း က၊ ငါ မြင် မက် သော အိပ် မက် ကို အ နက် ပါ သင် ဖော် ပြ နိုင် သ လော ဟု ဗေ လ တ ရှာ ဇာ ဘွဲ့ ခံ ဒံ ယေ လ ကို မေး လျှင်၊
27
ဒံ ယေ လ က၊ ဘု ရင် မင်း မြတ် သိ လို တော် မူ သော ကွယ် ဝှက် ရာ ကို ပ ညာ ရှိ၊ မှော် ဆ ရာ၊ ဗေ ဒင် ဆ ရာ၊ ဟူး ရား ဆ ရာ တို့ မ ဖော် မ ပြ နိုင် ကြ သော် လည်း၊
28
ကွယ် ဝှက် ရာ များ ကို ထင် ရှား စေ တော် မူ သော ဘု ရား သ ခင် သည် ကောင်း ကင် ဘုံ၌ စံ နေ လျက် နောင် ဖြစ် လ တ္တံ့ သော အ ကြောင်း အ ရာ များ ကို ဘု ရင် မင်း မြတ် အား ဖော် ပြ တော် မူ လေ ပြီ။ သာ လွန် တော် ပေါ် တွင် မြင် သော မ နော ရူ ပါ ရုံ နှင့် စပ် လျဉ်း ရာ မှာ၊
29
နောင် ဖြစ် လ တ္တံ့ သော အ ကြောင်း အ ရာ များ ကို ထို သာ လွန် ၌ ပင် ဘု ရင် မင်း မြတ် ဆင် ခြင် စဉ်း စား ဆဲ တွင် ကွယ် ဝှက် သော အ ရာ ကို ပင် ထင် ရှား စေ တော် မူ သော အ ရှင် သည် ဖြစ် ပျက် လ တ္တံ့ သာ အ ရာ များ ကို ကိုယ် တော် အား ဖော် ပြ တော် မူ ၏။
30
အ သက် ရှင် သူ တ ကာ တို့ ထက် ကျွန် တော် မျိုး သည် ပ ညာ ရှိ သော ကြောင့် မ ဟုတ် ပါ။ အိပ် မက် တော့် အ နက် ကို လည်း ကောင်း၊ နှလုံး တော် ဆင် ခြင် ချက် ကို လည်း ကောင်း ဘု ရင် မင်း မြတ် သိ စေ ခြင်း ငှာ သာ ထို ကွယ် ဝှက် ရာ သည် ကျွန် တော် မျိုး၌ ထင် ရှား လျက် ရှိ ပါ၏။
31
ဘု ရင် မင်း မြတ် မြင် မက် ရာ တွင် အ ရုပ် ကြီး ကို မြင် တော် မူ သည် မှာ အ ရောင် ဆန်း ကြယ် လျက် ကြောက် မက် ဖွယ် အ ဆင်း ရှိ သော ထို အ ရုပ် ကြီး သည် ရှေ့ တော် တွင် တည် ရှိ၏။
32
ထို အ ရုပ် သည် ဦး ခေါင်း ကား ရွှေ စင်၊ ရင် နှင့် လက် ကား ငွေ၊ ဝမ်း နှင့် ပေါင် ကား ကြေး၊
33
သ လုံး ကား သံ၊ ခြေ ကား သံ တစ် ပိုင်း မြေ တစ် ပိုင်း ဖြစ်၏။
34
ဘု ရင် မင်း မြတ် ရှု စား တော် မူ ခိုက် လူ့ လက် ဖြင့် မ ဟုတ် ဘဲ၊ ထွင်း ထုတ် လိုက် သော ကျောက် တစ် လုံး သည် သံ နှင့် မြေ ဖြစ် သော အ ရုပ်၏ ခြေ ကို ထိ မှန် ချိုး ဖဲ့ သည် ရှိ သော်၊
35
သံ၊ မြေ၊ ကြေး၊ ငွေ၊ ရွှေ များ လည်း တစ် ပြိုင် နက် ကျိုး ပဲ့ လျက် နွေ ကာ လ တွင် ကောက် နယ် တ လင်း၌ အ ဖျင်း မှုန် ကာ ကဲ့ သို့ ဖြစ်၍ လေ တိုက် သ ဖြင့် လွင့် သွား ကွယ် ပျောက် လေ ပြီ။ အ ရုပ် ကို ထိ မှန် သော ကျောက် ကား ကြီး မား သော ကျောက် တောင် ဖြစ် ပွား လျက် မြေ တစ် ပြင် လုံး ပြည့် လွှမ်း သည် ကို မြင် မက် တော် မူ၏။
36
အိပ် မက် တော် အ နက် ကို ရှေ့ တော် တွင် ဖတ်၍ တင် လျှောက် ဦး အံ့။
37
ဘု ရင် မင်း မြတ် သည် ဘု ရင် ထက် ဘု ရင် ဖြစ် တော် မူ၏။ ကောင်း ကင် ဘုံ ရှင် ဘု ရား သ ခင် သည် နိုင် ငံ၊ ဘုန်း တန် ခိုး၊ အာ နု ဘော် များ ကို ကိုယ် တော် အား အပ် ပေး တော် မူ သည့် ပြင်၊
38
လူ နေ ရာ ရှိ သ မျှ တွင် မြေ သ တ္တ ဝါ၊ လေ သ တ္တ ဝါ တို့ ကို လည်း လက် တော် သို့ အပ် ပေး၍ ခပ် သိမ်း တို့ အ ပေါ် တွင် အုပ် စိုး ခွင့် ပြု တော် မူ ပြီ။ ရွှေ ဖြစ် သော ထို ဦး ခေါင်း ကား ဘု ရင် မင်း မြတ် ပေ တည်း။
39
ဘု ရင် မင်း မြတ်၏ နောင်၌ ဤ နိုင် ငံ မျှ လောက် မ မြတ် သော တစ် နိုင် ငံ တည် ထောင် လိမ့် မည်။ ပြီး မှ မြေ တစ် ပြင် လုံး ကို အုပ် စိုး သော ကြေး သ ဏ္ဌာန် တ တိ ယ နိုင် ငံ လည်း တည် ထောင် လိမ့် မည်။
40
သံ သည် အ ရာ ခပ် သိမ်း ကို ချိုး ဖဲ့ ခွဲ စိတ် နိုင် သည် ဖြစ်၍ စ တု တ္ထ နိုင် ငံ သည် သံ ကဲ့ သို့ ခိုင် မာ လိမ့် မည်။ အ ရာ ခပ် သိမ်း ကို ချေ မွ သော သံ ကဲ့ သို့ ထို နိုင် ငံ က လည်း ချိုး ဖဲ့ ချေ မွ လိမ့် မည်။
41
ခြေ နှင့် ခြေ ချောင်း များ လည်း အိုး မြေ တစ် ပိုင်း သံ တစ် ပိုင်း ရှိ သည် ကို ဘု ရင် မင်း မြတ် မြင် တော် မူ သည် နှင့် အ ညီ ကွဲ ပြား သော နိုင် ငံ ဖြစ် မည့် မှန် သော် လည်း မြေ နှင့် တ ကွ သံ ပါ သည် ကို မြင် တော် မူ သည် ဖြစ်၍ သံ ၏ ခိုင် မာ ခြင်း နှင့် ဆက် ဆံ လိမ့် မည်။
42
ခြေ ချောင်း များ သည် သံ တစ် ပိုင်း မြေ တစ် ပိုင်း ဖြစ် သည် နှင့် အ ညီ ထို နိုင် ငံ သည် တစ် ပိုင်း ခိုင် မာ လျက် တစ် ပိုင်း ပျက် လွယ် လျက် ရှိ လိမ့် မည်။
43
မြေ နှင့် တ ကွ သံ ပါ သည် ကို မြင် တော် မူ သည့် အ တိုင်း နိုင် ငံ သား ချင်း တို့ သည် ဆက် ဆံ ကြ သော် လည်း သံ နှင့် မြေ မ ကပ် သည့် နည်း တူ အ ချင်း ချင်း မ စည်း မ ကပ် ရာ၊
44
လူ့ လက် ဖြင့် မ ဟုတ် ဘဲ တောင် ပေါ် မှ ထွင်း ထုတ် လိုက် သော ကျောက် တစ် လုံး သည် သံ၊ ကြေး၊ မြေ၊ ငွေ၊ ရွှေ များ ကို ချိုး ဖဲ့ ကြောင်း မြင် တော် မူ သည့် အ တိုင်း ၎င်း နိုင် ငံ ဘု ရင် တို့ လက် ထက် ကောင်း ကင် ဘုံ ရှင် ဘု ရား သ ခင် သည် အ စဉ် တည် မြဲ လျက် မ ပျက် စီး နိုင် သော နိုင် ငံ လူ တစ် မျိုး သို့ အာ ဏာ စက် မ လွှဲ ဘဲ၊ ဆို ခဲ့ သည့် နိုင် ငံ ရှိ သ မျှ ကို ချိုး ဖဲ့ ဖျက် ဆီး မည့် နိုင် ငံ ကို တည် ထောင် စေ တော် မူ လိမ့် မည်။ နောင် ဖြစ် လ တ္တံ့ သော အ ရာ များ ကို မြင့် မြတ် တော် မူ သော ဘု ရား သ ခင် သည် ဘု ရင် မင်း အား ဖော် ပြ တော် မူ လေ ပြီ။ အိပ် မက် တော် နှင့် အ နက် လည်း မှန် ကန် စွာ တည် လိမ့် မည် ဟု ရှေ့ တော် တွင် တင် လျှောက် လေ ၏။
45
46
ထို အ ခါ နေ ဗု ခဒ် နေ ဇာ မင်း သည် ဒံ ယေ လ ရှေ့ ပြပ် ဝပ် ရှိ ခိုး ပြီး လျှင် ပူ ဇော် သ က္ကာ နှင့် နံ့ သာ မျိုး များ ကို ဆက် ကပ် ကြ စေ ရန် မိန့် ဆို လျက်၊
47
ဤ ကွယ် ဝှက် ရာ ကို ဆ ရာ ဖော် ပြ နိုင် သည် ဖြစ် ပါ၍ ဆ ရာ တို့ ကိုး ကွယ် သော ဘု ရား သ ခင် သည် ဘု ရား ထက် ဘု ရား၊ ဘု ရင် ထက် ဘု ရင်၊ ကွယ် ဝှက် ရာ များ ကို ထင် ရှား စေ တော် မူ သော အ ရှင် မု ချ ဖြစ် တော် မူ သည် ဟု ဒံ ယေ လ အား မြွက် ဆို လေ၏။
48
ထို့ နောက် ဘု ရင် မင်း သည် ဒံ ယေ လ ကို ချီး မြှင့်၍ အ ဖိုး တန် ဆု တော် များ စွာ ပေး လျက် ဗာ ဗု လုန် ပြည် နယ် ကို အုပ် ချုပ် ရ သော မင်း ရာ ထူး၌ လည်း ကောင်း ဗာ ဗု လုန် ပ ညာ ရှိ တို့ အ ပေါင်း တွင် သု ခ မိန် ဝန် ရာ ထူး ၌ လည်း ကောင်း ခန့် ထား လေ၏။
49
ရှာ ဒ ရက်၊ မေ ရှက်၊ အ ဗေ ဒ နေ ဂေါ တို့ ကို လည်း ဘု ရင် မင်း မြတ် ထံ ဒံ ယေ လ တင် လျှောက် သည့် အ တိုင်း ဗာ ဗု လုန် ပြည် နယ် တွင် အ ရေး ပိုင် ရာ ထူး၌ ခန့် ထား လေ၏။ ဒံ ယေ လ မူ ကား နန်း တော် ရှေ့ တွင် နေ ရ လေ ၏။