ဒံ​ယေ​လ-1

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ယု ဒ ဘု ရင် ယော ယ ကိမ် မင်း နန်း စံ သုံး နှစ် တွင်၊ ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း သည် ယေ ရု ရှ လင် မြို့ သို့ ချီ တက် ဝန်း ဝိုင်း ထား ရာ၊
  • 2 ထာ ဝ ရ ဘု ရား သည် ယု ဒ ဘု ရင် ယော ယ ကိမ် မင်း နှင့် တ ကွ ဘု ရား သ ခင်၏ ဗိ မာန် တော့် ဆိုင် ရာ အ သုံး အ ဆောင် အ ချို့ အ ဝက် ကို ထို မင်း လက် သို့ အပ် နှင်း တော် မူ သည့် အ တိုင်း ရှိ နာ့ ပြည် ရှိ ကိုယ့် ဘု ရား ဗိ မာန် သို့ ယူ ဆောင် ပြီး လျှင် ၎င်း ဗိ မာန် အ တွင်း ဘဏ္ဍာ တိုက် တွင် ထို အ သုံး အ ဆောင် တော် များ ကို သွင်း ထား လေ ၏။
  • 3 ထို အ ခါ မိန်း မ စိုး အုပ် အာ ရှ ပေ နတ် အား ဘု ရင် မင်း က ဣ သ ရေ လ အ မျိုး သား မင်း မျိုး မင်း နွယ် နှင့် မှုး သား မတ် သား များ တွင် ကြန် အင် မ ယွင်း၊ အ ဆင်း လှ၍၊ သိ ပ္ပံ အ တတ် အ မျိုး မျိုး ကို လေ့ လာ၊ အ သိ ပ ညာ၊ အ တတ် ပ ညာ များ ကို ကျွမ်း ကျင် နား လည် သ ဖြင့် နန်း တော် တွင် ခ စား ရန် တတ် စွမ်း နိုင် သော လူ ပျို တော် တို့ ကို ရွေး ချယ် သွင်း ထား ပြီး လျှင် ခါ လ ဒဲ ဗေ ဒင် အ တတ် နှင့် ဘာ သာ စ ကား ကို သင် ကြား စေ ဟု အ မိန့် ရှိ သည့် ပြင်၊
  • 4
  • 5 သုံး နှစ် လွန် သော အ ခါ အ ပါး တော် တွင် ခ စား ရ ကြ ရန် ပွဲ တော် စာ နှင့် စ ပျစ် ရည် တော် မှ နေ့ စဉ် တိုက် ကျွေး ခြင်း ငှာ စီ မံ လေ ၏။
  • 6 ယု ဒ အ မျိုး သား ဒံ ယေ လ၊ ဟာ န နိ၊ မိ ရှေ လ၊ အာ ဇ ရိ တို့ သည် ထို သူ တို့ အ ပါ အ ဝင် ဖြစ် ကြ၏။
  • 7 မိန်း မ စိုး အုပ် သည် ဒံ ယေ လ အား ဗေ လ တ ရှာ ဇာ ဟူ၍ လည်း ကောင်း၊ ဟာ န နိ အား ရှာ ဒ ရက် ဟူ ၍ လည်း ကောင်း၊ မိ ရှေ လ အား မေ ရှက် ဟူ ၍ လည်း ကောင်း၊ အာ ဇ ရိ အား အ ဗေ ဒ နေ ဂေါ ဟူ၍ လည်း ကောင်း အ သီး အ သီး ဘွဲ့ အ မည် ပေး၏။
  • 8 ဒံ ယေ လ မူ ကား ပွဲ တော် စာ နှင့် စ ပျစ် ရည် တော် ဖြင့် ကိုယ် ကို မ သန့် အောင် မ ပြု ရာ ဟု အ ကြံ ရှိ ၍ မ သန့် အောင် မ ပြု ရ စေ ရန် မိန်း မ စိုး အုပ် ထံ အ ခွင့် ပန် ၏။
  • 9 ဘု ရား သ ခင် သည် ဒံ ယေ လ အား မိန်း မ စိုး အုပ် ရှေ့ တွင် သ နား က ရု ဏာ ခံ ခွင့် ကို ပြု တော် မူ၍၊
  • 10 မိန်း မ စိုး အုပ် က လည်း သင် တို့ အ ဖို့ အ စား အ သောက် စီ မံ တော် မူ သော၊ ငါ့ သ ခင် ဘု ရင် မင်း မြတ် ကို ငါ ကြောက် လှ၏။ သင် တို့ သည် သက် တူ ရွယ် မျှ သူ လူ ပျို တော် တို့ ထက် ရှေ့ တော် တွင် အ ဘယ့် ကြောင့် မျက် နှာ ညှိုး ငယ် ရှိ စေ ကြ မည် နည်း။ ငါ၌ ဦး ခေါင်း ဖြတ် ဒဏ် ရာ ဇ ဝတ် သင့် မည် ကို စိုး ရိမ် သည် ဟု ဒံ ယေ လ အား ပြန် ပြော ၏။
  • 11 ထို နောက် ဒံ ယေ လ၊ ဟာ န နိ၊ မိ ရှေ လ၊ အာ ဇ ရိ တို့ အ ပေါ် တွင် မိန်း မ စိုး အုပ် ခန့် ထား သော အ ကြီး အ ကဲ အား ဒံ ယေ လ က၊
  • 12 ကျွန် တော် တို့ အား စား သောက် ရန် အ သီး အ နှံ နှင့် ရေ ကို သာ ဆယ် ရက် ကြာ ပေး၍ စမ်း ပါ။
  • 13 နောင် ကျွန် တော် တို့ မျက် နှာ နှင့် ပွဲ တော် စာ မှ စား ကြ သော လူ ပျို တော် တို့၏ မျက် နှာ ရည် ကို ရှု ကြည့်၍ သ ခင် တွေ့ မြင် သည့် အ တိုင်း စီ ရင် ပါ ဟု လျှောက် ဆို သော်၊
  • 14 အ ကြီး အ ကဲ သည် ဝန် ခံ လျက် ဆယ် ရက် ကြာ ပေး၍ စမ်း လေ ၏။
  • 15 ဆယ် ရက် ကြာ သော် ထို သူ တို့ သည် ပွဲ တော် စာ မှ စား ကြ သော လူ ပျို တော် တို့ ထက် မျက် နှာ ရည် အ ဆင်း လှ၍ ဝ ဖြိုး သည် ကို မြင် ရာ၊
  • 16 အ ကြီး အ ကဲ သည် သူ တို့ သုံး ဆောင် အပ် သော ပွဲ တော် စာ နှင့် စ ပျစ် ရည် ကို ပြန် သိမ်း၍ အ သီး အ နှံ မျှ သာ ကျွေး မွေး လေ ၏။
  • 17 ဘု ရား သ ခင် သည် ထို လူ ပျို တော် လေး ယောက် တို့ အား ဉာဏ် ပ ညာ၊ ဗေ ဒင် အ မျိုး မျိုး ကို လေ့ လာ သိ ကျွမ်း စေ တော် မူ ၍ ဒံ ယေ လ လည်း ဗျာ ဒိတ် ရူ ပါ ရုံ အိပ် မက်အ မျိုး မျိုး ကို နား လည် သော ဉာဏ် နှင့် ပြည့် စုံ၏။
  • 18 ရှေ့ တော် သို့ သွင်း ဆက် ရန် ချိန်း ချက် သော နေ့ တိုင် သော် မိန်း မ စိုး အုပ် သည် လူ ပျို တော် တို့ ကို နေ ဗု ခဒ် နေ ဇာ မင်း ထံ သွင်း ဆက် ရာ၊
  • 19 ဘု ရင် မင်း သည် ထို သူ တို့ နှင့် မိန့် မြွက် ဆွေး နွေး လျှင် ဒံ ယေ လ၊ ဟာ န နိ၊ မိ ရှေ လ၊ အာ ဇ ရိ တို့ နှင့် တူ သော သူ တစ် ယောက် မျှ မ တွေ့ မ ရှိ သော ကြောင့် ထို သူ တို့ သည် အ ပါး တော် တွင် ခ စား ခွင့် ရ ကြ ၏။
  • 20 ဉာဏ် ပ ညာ အ မျိုး မျိုး နှင့် စပ် လျဉ်း ၍ ဘု ရင် မင်း မေး စစ် သော အ ခါ နိုင် ငံ တော် တစ် ဝှမ်း လုံး ၌ ရှိ သ မျှ သော ဗေ ဒင် ဆ ရာ၊ မှော် ဆ ရာ တို့ ထက် ထို သူ တို့ ဆယ် ဆ တိုး ၍ တတ် ကြ သည် ကို တွေ့ သိ ရ လေ၏။
  • 21 ဒံ ယေ လ ကား ကု ရု မင်း နန်း စံ ပ ထ မ နှစ် တိုင် မှီ သ တည်း။
回到本卷目录 回到本版本目录 回到首页