1
မြေ တစ် ပြင် လုံး၌ နေ ကြ ကုန် သော ဘာ သာ စ ကား အ မျိုး မျိုး ပြော ဆို သူ၊ လူ မျိုး ဟူ သ မျှ တို့ အား ငါ နေ ဗု ခဒ် နေ ဇာ မင်း အ မိန့် ကြော် ငြာ လိုက် သည် မှာ သင် တို့ ၌ ငြိမ် သက် ခြင်း များ ပြား ပါ စေ သော။
2
မြင့် မြတ် သော ဘု ရား သ ခင် သည် ငါ့ အား ထင် ရှား စေ တော် မူ သော နိ မိတ် လ က္ခ ဏာ အံ့ ဖွယ် ရာ များ ကို ဖော် ပြ သင့် သည် ဟု ငါ ထင် မြင်၏။
3
နိ မိတ် လ က္ခ ဏာ တော် များ သည် ကြီး ကျယ်၍ အံ့ ဖွယ် ရာ များ လည်း ထူး ဆန်း ပါ၏။ နိုင် ငံ တော် သည် ထာ ဝ ရ နိုင် ငံ ဖြစ် လျက် အာ ဏာ စက် တော် လည်း ကာ လ အ စဉ် တည် မြဲ ပါ၏။
4
ငါ နေ ဗု ခဒ် နေ ဇာ သည် နန်း တော် တွင် စိတ် အေး စွာ စည်း စိမ် ခံ လျက် နေ စဉ် အ ခါ၊
5
အိပ် မက် ကို မြင် ရ သ ဖြင့် သာ လွန် ပေါ် တွင် စက် လျက် ဆင် ခြင် စဉ်း စား သော် မ နော ရူ ပါ ရုံ ကြောင့် ကြောက် လန့် ပူ ပန် ပါ၏။
6
ထို ကြောင့် အိပ် မက် အ နက် ကို ဖော် ပြ စေ ခြင်း ငှာ ဗာ ဗု လုန် ပ ညာ ရှိ အ ပေါင်း တို့ ကို ရှေ့ တော် သို့ ခေါ် သွင်း စေ ဟု ငါ အ မိန့် ရှိ သည့် အ တိုင်း၊
7
ဗေ ဒင် ဆ ရာ၊ မှော် ဆ ရာ၊ ခါ လ ဒဲ ဆ ရာ၊ ဟူး ရား ဆ ရာ တို့ ဝင် ရောက် ကြ လျှင် ထို အိပ် မက် ကို ငါ ပြန် ကြား သော် လည်း အ နက် မ ဖော် မ ပြ နိုင် ကြ။
8
၎င်း နောက် ငါ ကိုး ကွယ် သော ဘု ရား၏ နာ မ တော် ကို အ စွဲ ပြု လျက် ဗေ လ တ ရှာ ဇာ ဘွဲ့ ခံ၍ သန့် ရှင်း သော ဘု ရား များ၏ ဝိ ညာဉ် တော် ရှိ သူ ဒံ ယေ လ သည် ငါ့ ထံ ဝင် ရောက် လျှင်၊
9
၎င်း အိပ် မက် ကို ငါ ပြန် ကြား မိန့် ဆို သည် မှာ အ ချင်း ဗေ ဒင် ဆ ရာ ချုပ် ဗေ လ တ ရှာ ဇာ၊ သင်၌ သန့် ရှင်း သော ဘု ရား များ၏ ဝိ ညာဉ် ရှိ သ ဖြင့် မည် သည့် ကွယ် ဝှက် ရာ မ ဆို စိတ် ပင် ပန်း စ ရာ အ ကြောင်း မ ဖြစ် သည် ကို ငါ သိ သည် နှင့် အ ညီ ငါ မြင် သော အိပ် မက် ရူ ပါ ရုံ ကို အ နက် ပါ ဖော် ပြ လော့။
10
သာ လွန် ပေါ် တွင် မြင် မက် သော မ နော ရူ ပါ ရုံ ကား၊ မြေ ဗ ဟို တွင် မြင့် လှ စွာ သော သစ် ပင် ကို ငါ ရှု မြင် ရာ၊
11
ထို သစ် ပင် သည် ကြီး ပွား ခိုင် မာ သ ဖြင့် မိုး ကောင်း ကင် တိုင် အောင် မြင့် လျက် မျက် မြင် လည်း မြေ ကြီး စွန်း မှ ထင် ရှား၏။
12
အ ရွက် လည်း လှ ပ စည် ပင် လျက် အ သီး လည်း ပေါ များ သ ဖြင့် သ တ္တ ဝါ အ ပေါင်း တို့ စား သုံး ရန် ဖြစ်၏။ မြေ သ တ္တ ဝါ သည် အ ရိပ်၌ လည်း ကောင်း၊ လေ သ တ္တ ဝါ သည် အ ကိုင်း အ ခက်၌ လည်း ကောင်း မှီ ခို ရ သည့် ပြင် ရှိ သ မျှ တို့ သည် စား သောက် ရ ကြ၏။
13
သာ လွန် ပေါ် တွင် မြင် မက် သော မ နော ရူ ပါ ရုံ ကို ဆို ဦး အံ့။ သန့် ရှင်း သော စောင့် ကြည့် တတ် သူ တစ် ပါး သည် ကောင်း ကင် မှ သက် ဆင်း ပြီး လျှင်၊
14
သစ် ပင် ကို လှဲ၍ အ ခက် များ ကို ခုတ် ဖြတ် လော့။ အ ရွက် များ ကို ချွေ လျက် အ သီး များ ကို လည်း လွှင့် ပစ် လော့။ သား ယဉ် သား ရဲ များ သည် အ ရိပ် မှ လည်း ကောင်း၊ ကြက် ငှက် များ လည်း အ ကိုင်း အ ခက် မှ လည်း ကောင်း ထွက် သွား ကြ စေ။
15
သို့ ရာ တွင် အ မြစ် အ ငုတ် ကို သံ ကြေး ကြိုး ဖြင့် ချည် လျက် နု သော မြက် ခင်း တွင် မြေ၌ ခြွင်း ထား စေ။ မိုး နှင်း စို စွတ် ခြင်း ကို ခံ၍ သား ယဉ် သား ရဲ တို့ နှင့် အ တူ မြက် ဝေ ပုံ ကို စား စေ။
16
လူ့ စိတ် ကွယ် ပျောက်၍ တိ ရ စ္ဆာန် စိတ် ဝင် ရောက် လျက် ကာ လ ခု နစ် ခု မြောက် ခံ စေ။
17
မြင့် မြတ် သော ဘု ရား သည် လူ့ ဘုံ ကို အုပ် စိုး၍ အ လို တော် အ လျောက် အာ ဏာ စက် အပ် ပေး လျက် ယုတ် ညံ့ သော သူ့ ကို ပင် ချီး မြှင့် ခန့် ထား တော် မူ ကြောင်း ကို သက် ရှိ သ တ္တ ဝါ တို့ သိ မှတ် ကြ စေ ခြင်း ငှာ ထို အ မိန့် သည် စောင့် ကြည့် သူ တို့၏ ပြ ဋ္ဌာန်း ချက်၊ အ မှု လည်း သန့် ရှင်း သူ တို့၏ စီ ရင် ချက် ကြောင့် ဖြစ် သ တည်း ဟု ဟစ် ကြော် လေ၏။
18
ထို သို့ သော အိပ် မက် ကို ငါ နေ ဗု ခဒ် နေ ဇာ မင်း မြင် ရ ပြီ။ ငါ့ နိုင် ငံ တွင် ပ ညာ ရှိ အ ပေါင်း တို့ သည် အ နက် ကို ဖတ် ပြ ရန် မ တတ် စွမ်း နိုင် ကြ သော် လည်း ဆ ရာ၌ သန့် ရှင်း သော ဘု ရား များ၏ ဝိ ညာဉ် တော် ရှိ သော ကြောင့် တတ် စွမ်း နိုင် သည့် အ တိုင်း ဖတ် ပြ လော့၊ အ ချင်း ဗေ လ တ ရှာ ဇာ ဟု ဒံ ယေ လ အား မိန့် ဆို လေ၏။
19
ထို အ ခါ ဗေ လ တ ရှာ ဇာ ဘွဲ့ ခံ ဒံ ယေ လ သည် အ တန် ငယ် မှိုင် တွေ လျက် ဆင် ခြင် ပူ ပန် လေ၏။ ဘု ရင် မင်း က လည်း အ ချင်း ဗေ လ တ ရှာ ဇာ၊ အိပ် မက် နှင့် အ နက် အ တွက် ပူ ပန် သော စိတ် မ ရှိ ပါ နှင့် ဟု မိန့် ဆို သော် ဗေ လ တ ရှာ ဇာ က အ ရှင် မင်း မြတ်၊ အိပ် မက် သည် အ ရှင် ကို မုန်း ထား သူ တို့ အ ပေါ်၌ လည်း ကောင်း၊ အ နက် လည်း ရန် သူ တို့ အ ပေါ်၌ လည်း ကောင်း သင့် ရောက် ပါ စေ သော။
20
ကြီး ပွား ခိုင် မာ သ ဖြင့် မိုး ကောင်း ကင် တိုင် အောင် မြင့် လျက် မျက် မြင် လည်း မြေ ကြီး စွန်း မှ ထင် ရှား ထ သော၊
21
အ ရွက် လည်း လှ ပ စည် ပင် လျက် အ သီး လည်း ပေါ များ သ ဖြင့် သ တ္တ ဝါ အ ပေါင်း တို့ စား သုံး ရန် ဖြစ် ထ သော၊ အ ရိပ်၌ မြေ သ တ္တ ဝါ၊ အ ကိုင်း အ ခက်၌ လေ သ တ္တ ဝါ မှီ ခို ရာ ဖြစ် ထ သော၊ ဤ သို့ မြင် မက် တော် မူ သော သစ် ပင် ကား၊
22
အ ခြား မ ဟုတ်၊ ဘု ရင် မင်း မြတ် ပင် တည်း။ အ ရှင် သည် ကြီး ပွား၍ တန် ခိုး နှင့် ပြည့် စုံ တော် မူ၏။ ဘုန်း တော် ရှိန် သည် တိုး တက် သ ဖြင့် မိုး ကောင်း ကင် တိုင် အောင် လည်း ကောင်း၊ အာ ဏာ စက် တော် လည်း မြေ ကြီး စွန်း တိုင် အောင် လည်း ကောင်း ထင် ရှား တော် မူ လေ ပြီ။
23
သန့် ရှင်း သော စောင့် ကြည့် တတ် သူ တစ် ပါး က၊ သစ် ပင် ကို ခုတ် လှဲ ဖျက် ဆီး လော့။ သို့ ရာ တွင် အ မြစ် အ ငုတ် ကို သံ ကြေး ကြိုး ဖြင့် ချည် လျက် နု သော မြက် ခင်း တွင် မြေ၌ ခြွင်း ထား စေ။ ကာ လ ခု နစ် ခု မြောက် သည့် တိုင် အောင် မိုး နှင်း စို စွတ် ခြင်း ကို ခံ၍ သား ယဉ် သား ရဲ တို့ နှင့် အ တူ မြက် ဝေ ပုံ ကို စား စေ ဟု ကောင်း ကင် မှ ကြွေး ကြော် လျက် သက် ဆင်း သည် ကို မြင် တော် မူ သည် ၏ အ နက် မှာ၊
24
မြင့် မြတ် သော ဘု ရား သည် လူ့ ဘုံ ကို အုပ် စိုး ၍ အ လို တော် အ လျောက် အာ ဏာ စက် အပ် ပေး တော် မူ ကြောင်း ကို သိ မှတ် ရ သည့် တိုင် အောင် ဘု ရင် မင်း မြတ် သည် လူ့ ဘောင် မှ နှင် ထုတ် ခံ ရ ခြင်း၊ မြေ တိ ရ စ္ဆာန့် ဘောင် တွင် နေ ရ သည့် ပြင် နွား ကဲ့ သို့ မြက် ကို စား ရ ခြင်း၊ မိုး နှင်း စို စွတ် ခြင်း များ ကို ကာ လ ခု နစ် ခု မြောက် ခံ ရ လိမ့် မည်။ ၎င်း ပြင် အ မြစ် အ ငုတ် ကို ခြွင်း ထား စေ ဟူ သော အ မိန့် နှင့် အ ညီ ကောင်း ကင် ဘုံ ရှင် အုပ် စိုး တော် မူ ကြောင်း ကို ဘု ရင် မင်း မြတ် သိ မှတ် ပြီး နောက် နိုင် ငံ တော် ကို တည် မြဲ တည် ပြန် ရ လိမ့် မည် ဟူ၍ မြင့် မြတ် သော ဘု ရား ပြ ဋ္ဌာန်း တော် မူ ချက် သည် အ ရှင် ဘု ရင် မင်း မြတ်၌ ရောက် လိမ့် သ တည်း။
25
26
27
သို့ ဖြစ်၍ ဘု ရင် မင်း မြတ်၊ ကျွန် တော် မျိုး တင် ချက် ကို နာ ယူ လျက် စည်း စိမ် ချမ်း သာ တာ ရှည် စေ ခြင်း ငှာ ဖြောင့် မတ် ခြင်း အား ဖြင့် အ ပြစ် ဒု စ ရိုက် များ ကို လည်း ကောင်း၊ သူ ဆင်း ရဲ တို့ ကို သ နား ညှာ တာ ခြင်း အား ဖြင့် လွန် ကျူး မှု များ ကို လည်း ကောင်း ပြတ် စဲ စေ လော့ ဟု တင် လျှောက် ၏။
28
ထို ဗျာ ဒိတ် တော် အ တိုင်း နေ ဗု ခဒ် နေ ဇာ မင်း၌ အ ကုန် အ စင် ဖြစ် ပျက် ခြင်း အ ကြောင်း ကား၊
29
တစ် ဆယ့် နှစ် လ လွန် သော် ဗာ ဗု လုန် နန်း ပေါ် တွင် စင်္ကြံ ကြွ ရာ ဤ မြို့ ကား၊
30
ငါ၏ ဘုန်း ကြက် သ ရေ ကို ထင် ရှား စေ ခြင်း ငှာ အ စွမ်း တန် ခိုး နှင့် ငါ စံ နေ ရာ နန်း တော် အ ဖြစ် ဖြင့် တည် ဆောက် သော ဗာ ဗု လုန် မြို့ ကြီး မ ဟုတ် တုံ လော ဟူ သော စ ကား ကို၊
31
ဘု ရင် မင်း မြွက် ဆို စဉ် တွင် ပင် အို နေ ဗု ခဒ် နေ ဇာ မင်း၊ သင့် ထံ ကြား သိ စေ သည် မှာ နိုင် ငံ ရိုက် ရာ သည် သင့် လက် မှ လွတ် သွား လေ ပြီ။ မြင့် မြတ် သော ဘု ရား သည် လူ့ ဘုံ ကို အုပ် စိုး၍ အ လို တော် အ လျောက် အာ ဏာ စက် အပ် ပေး တော် မူ ကြောင်း ကို သိ မှတ် သည့် တိုင် အောင် သင် သည် လူ့ ဘောင် မှ နှင် ထုတ် ခြင်း၊ မြေ တိ ရ စ္ဆာန့် ဘောင် တွင် နေ ရ သည့် ပြင် နွား ကဲ့ သို့ မြက် ကို စား ရ ခြင်း များ ကို ကာ လ ခု နစ် ခု မြောက် ခံ ရ လိမ့် မည် ဟူ သော ဗျာ ဒိတ် တော် သံ သည် ကောင်း ကင် မှ ကျူး ရင့် လိုက် ၏။
32
33
ထို ဗျာ ဒိတ် တော် နှင့် အ ညီ နေ ဗု ခဒ် နေ ဇာ မင်း၌ ရုတ် တ ရက် သင့် ရောက်၍ လူ့ ဘောင် မှ နှင် ထုတ် ခံ ရ သ ဖြင့် သူ သည် နွား ကဲ့ သို့ မြက် ကို စား ရ ခြင်း၊ ကိုယ်၌ မိုး နှင်း စို စွတ် ခြင်း များ ကို ခံ ရ လျက် အ မွေး လည်း ရွှေ လင်း တ အ မွေး ကဲ့ သို့ လည်း ကောင်း၊ ခြေ သည်း လက် သည်း များ လည်း ငှက် ခြေ သည်း ကဲ့ သို့ လည်း ကောင်း ရှည် ထွက် ၏။
34
ဆို ခဲ့ သည့် ကာ လ စေ့ သော အ ခါ ငါ နေ ဗု ခဒ် နေ ဇာ သည် ကောင်း ကင် သို့ မြော် ကြည့် ရာ လူ့ စိတ် ပြန် ရ သ ဖြင့် မြင့် မြတ် သော ဘုရား ကို ဩ ဘာ ပြု၍ အ န န္တ ကာ လ ပတ် လုံး ရှင် နေ တော် မူ သော ဘု ရား ကို ချီး မွမ်း ထော မ နာ ပြု လေ၏။ အာ ဏာ စက် တော် သည် ထာ ဝ ရ ဖြစ် လျက် နိုင် ငံ တော် လည်း ကာ လ အ စဉ် တည် မြဲ ပါ၏။
35
လော က၌ နေ ထိုင် သူ ရှိ သ မျှ တို့ သည် အ ရေး ယူ တော် မ မူ ဖွယ် ရာ ဖြစ် လျက် ကောင်း ကင် ဗိုလ် ခြေ တို့ တွင် လည်း ကောင်း၊ လော က၌ နေ ထိုင် သူ တို့ တွင် လည်း ကောင်း စီ ရင် ပြု ပြင် တော် မူ၏။ မည် သို့ ပြု သ နည်း ဟု ဆို လျက် လက် ရုံး တော် ကို ဆီး ကာ နိုင် သူ မ ရှိ။
36
ထို အ ခါ၌ ပင် လူ့ စိတ် ပြန် ရ သည့် ပြင် နိုင် ငံ ကြက် သ ရေ ထင် ရှား စေ ခြင်း ငှာ ဘုန်း အာ နု ဘော် တည် ပြန်၍ မင်း တိုင် ပင် မှူး တော် မတ် တော် တို့ သည်၊ ညီ လာ ခံ ဝင် ကြ လျှင် ငါ၏ အာ ဏာ တည် မြဲ တည် လျက် ထူး ခြား သော တန် ခိုး လည်း တိုး တက် ရ ၏။
37
အ မှု တော် ရှိ သ မျှ သည် သ စ္စာ နှင့် လည်း ကောင်း၊ အ လေ့ အ လာ တော် များ လည်း တ ရား သ ဖြင့် စီ ရင် ခြင်း နှင့် လည်း ကောင်း ညီ ညွတ် လျက်၊ မောက် မာ စွာ သွား လာ တတ် သူ တို့ ကို နှိမ့် ချ နိုင် တော် မူ သော ကောင်း ကင် ဘု ရင် အား ငါ နေ ဗု ခဒ် နေ ဇာ သည် ချီး မွမ်း ထော မ နာ ပြု လျက် ဩ ဘာ ဆက် ရ သ တည်း။