ယေ​ဇ​ကျေ​လ-7

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ငါ သို့ ရောက် ပြန် သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊
  • 2 အ ချင်း လူ့ သား ဣ သ ရေ လ ပြည် အား၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား က၊ အ ဆုံး တိုင် ပြီ။ ပြည် တော် လေး စွန်း အ ထိ အ ဆုံး ရောက် ပြီ။
  • 3 သင့် အ ပေါ် သို့ အ ဆုံး ရောက် ဆဲ ဖြစ် သည် နှင့် အ ညီ၊ အ လေ့ အ လာ များ အ လိုက် အ မျက် တော် ထား၍ ငါ တ ရား စီ ရင် လျက်၊ ရွံ့ ရှာ ဖွယ် အ ပြစ် ဟူ သ မျှ ကို ဆပ် ပေး မည်။
  • 4 သ နား ကင်း လျက် မျက် စောင်း နှင့် မ ညှာ တာ ဘဲ၊ ရွံ ရှာ ဖွယ် အ ပြစ် များ ထက် ကြပ် ပါ လျက်၊ လေ့ လာ တိုင်း ဆပ် ပေး သ ဖြင့်၊ ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း သင် တို့ သိ ရ ကြ လ တ္တံ့ ဟု မိန့် ဆို၏။
  • 5 ငါ အ ရှင် ထာ ဝ ရ ဘု ရား က လည်း ဘေး သင့် ပြီ။ အ ဆုံး သတ် ဘေး ရောက် ပြီ တ ကား။
  • 6 အ ဆုံး ရောက် ပြီ။ အ ဆုံး ရောက် ပြီ။ နိုး ထ လျက် ရောက် လေ ပြီ တ ကား။
  • 7 အို ပြည် သား ဝိ ပါက် ကို သင် ခံ ရ ပြီ။ အ ချိန် စေ့ ပြီ။ နေ့ ရက် နီး ပြီ။ တောင် များ ပေါ် တွင် ပျော် ရွှင် သံ မ ဟုတ်၊ အုတ် အုတ် သဲ သဲ သံ ဖြစ် လေ စွ တ ကား။
  • 8 မ ကြာ မ မြင့် မီ ငါ သည် သင့် အ ပေါ် သို့ အ မျက် ဒေါ သ ကုန် သွန်း လောင်း၍၊ အ လေ့ အ လာ များ အ လိုက် တ ရား စီ ရင် လျက်၊ ရွံ ရှာ ဖွယ် အ ပြစ် ဟူ သ မျှ ကို ဆပ် ပေး မည်။
  • 9 သ နား ကင်း လျက်၊ မျက် စောင်း နှင့် မ ညှာ တာ ဘဲ၊ ရွံ ရှာ ဖွယ် အ ပြစ် များ ထက် ကြပ် ပါ လျက်၊ အ လေ့ အ လာ များ အ လိုက် ဆပ် ပေး သ ဖြင့်၊ ငါ ထာ ဝ ရ ဘု ရား ကွပ် မျက် တော် မူ သည် ကို သင် တို့ သိ ရ ကြ လ တ္တံ့။
  • 10 ထို နေ့ ရက် သင့် ရောက် ပြီ တ ကား၊ သင် ဝိ ပါက် ပေါ် ထွက် ပြီ။ လှံ တံ အ ပွင့် ပွင့် လျက်၊ မောက် မာ ခြင်း အ ညှောက် ပေါက် ပြီ။
  • 11 ရက် စက် ကြမ်း ကြုတ် ခြင်း တိုး ပွား လျက်၊ ဆိုး သွမ်း ခြင်း လှံ တံ ဖြစ် သ ဖြင့် စည် ကား ခြင်း၊ ပြန့် ပြော ခြင်း၊ ဧ တ ဒဂ် ဖြစ် ခြင်း၊ တစ် ယောက် မ ကျန်၊ ပြတ် စဲ လေ ပြီ။
  • 12 အ ချိန် စေ့ ပြီ။ နေ့ ရက် ရောက် လု ပြီ။ ပြည် သား အ ပေါင်း တို့ အ ပေါ်၌၊ အ မျက် တော် တည် သ ဖြင့်၊ ဝယ် သူ သည် ဝမ်း မြောက် ခြင်း၊ ရောင်း သူ လည်း ဝမ်း နည်း ခြင်း မ ရှိ စေ လင့်။
  • 13 ဗျာ ဒိတ် ရူ ပါ ရုံ တော် သည်၊ ပြည် သား အ ပေါင်း တို့ နှင့် စပ် လျဉ်း သည့် အ လျောက် တစ် ယောက် မျှ ပြန် လာ ခွင့်၊ ဒု စ ရိုက် ပြု ရာ၌ အ သက် တည် ခွင့် မ ရ သည် နှင့် ရောင်း ချ သူ သည် အ သက် ရှင် သ မျှ ကာ လ ပတ် လုံး၊ ရောင်း ပြီး မြေ သို့ ပြန် နေ ခွင့် မ ရ။
  • 14 တံ ပိုး မှုတ် ခြင်း၊ ရှိ သ မျှ ကို ခင်း ကျင်း ခြင်း ပြု သော် လည်း၊ ပြည် သား အ ပေါင်း တို့ အ ပေါ်၌ အ မျက် တော် တည် သ ဖြင့်၊ စစ် တိုက် ဝံ့ သူ မ ရှိ ချေ။
  • 15 မြို့ ပြင် တွင် သ တ္တ န္တ ရ ကပ်၊ အ တွင်း တွင် ရော ဂ န္တ ရ ကပ် နှင့် ဒု ဗ္ဘိ က္ခ န္တ ရ ကပ် ရှိ သည့် အ လျောက်၊ လွင် ပြင်၌ ရှိ သူ သည်၊ သ တ္တ န္တ ရ ကပ် ကြောင့် သေ ဆုံး ခြင်း၊ မြို့၌ ရှိ သူ လည်း ဒု ဗ္ဘိ က္ခ န္တ ရ ကပ် နှင့် ရော ဂ န္တ ရ ကပ် မျို စား ခြင်း ခံ ရ လ တ္တံ့။
  • 16 ဘေး လွတ် သ မျှ သော သူ တို့ သည် ထွက် မြောက် ပြီး လျှင်၊ ချောင်၌ ကူ နေ သော ချိုး များ ကဲ့ သို့ အ သီး သီး ကိုယ့် ဒု စ ရိုက် ကြောင့် ညည်း တွား လျက်၊ တောင် ပေါ် တွင် နေ ထိုင် ရာ၊
  • 17 လက် လျော့ ခြင်း၊ ဒူး ဆစ် အ ရည် ပျော် ခြင်း ရှိ လျက်၊
  • 18 တစ် ကိုယ် လုံး တုန် လှုပ် လျက်၊ မျက် နှာ ရှက် လျက်၊ လျှော် တေ ဝတ်၍၊ ဦး ဆံ ပယ် ကြ လိမ့် မည်။
  • 19 ဒု စ ရိုက် ဆိုင် ရာ ခ လုတ် ဖြစ် သော ရွှေ ငွေ သည်၊ ထာ ဝ ရ ဘု ရား အ မျက် တော် နေ့ ရက် ၌ ကယ် လွှတ် ခြင်း၊ အာ ရုံ ဖြေ ခြင်း၊ ဝမ်း ဖြည့် ခြင်း များ ကို၊ မ ပြု နိုင် သည့် အ တွက်၊ ငွေ ကို လမ်း ၌ ပစ် ချ လျက်၊ ရွှေ ကို အ ညစ် အ ကြေး ကဲ့ သို့ မှတ် ယူ ကြ လိမ့် မည်။
  • 20 တင့် တယ် သော ထို ရ တ နာ ကို၊ မောက် မာ ရာ မောက် မာ ကြောင်း ဖြစ် စေ လျက်၊ စက် ဆုပ် ရွံ ရှာ ဖွယ် ရုပ် ပွား ဆင်း တု လုပ် ခဲ့ ကြ သော ကြောင့်၊ ငါ သည် အ ညစ် အ ကြေး အ ဖြစ် မှတ် ယူ ကြ စေ သည့် ပြင်၊
  • 21 မြေ ပေါ် ရှိ လူ ဆိုး နှင့် သူ စိမ်း တို့ လက် တွင်း သို့၊ လက် ရ လု ယူ ရာ အ ဖြစ် လွှဲ အပ် မည့် အ လျောက်၊ မ သန့် အောင် သုံး စွဲ ကြ လိမ့် မည်။
  • 22 မျက် နှာ တော် ငါ လွှဲ သ ဖြင့် ဓား ပြ တို့ သည် ငါ့ ရ တ နာ ဌာ န ကို ပင်၊ ဖောက် ထွင်း၍ မ သန့် အောင် ထား ကြ လ တ္တံ့။
  • 23 ပြည် တော် သည် သွေး သွန်း မှု၊ မြို့ တော် လည်း အ ဓ မ္မ မှု နှင့် ပြည့် လျက် ရှိ သော ကြောင့်၊ သံ ကြိုး ကို ပြင် ဆင် လော့။
  • 24 ငါ သည် အ ဆိုး ဆုံး သော လူ မျိုး ခြား တို့ ကို ခေါ် သည့် အ လျောက်၊ တိုက် အိမ် ကို အ ပိုင် ပေး၍၊ တန် ခိုး ကြီး သူ တို့၏ မာန် မာ န ကို ပြတ် စဲ စေ သ ဖြင့်၊ သန့် ရှင်း ရာ ဌာ န များ ပင် မ သန့် ရာ ရောက် လိမ့် မည်။
  • 25 ကြက် သီး မွေး ညင်း ထ ရာ ထ ကြောင်း ရောက်၍၊ ချမ်း သာ ရှာ သော် လည်း မ တွေ့ ကြ။
  • 26 ဘေး အ ထပ် ထပ်၊ သ တင်း ဆိုး အ ထပ် ထပ် ရောက် သော်၊ ပ ရော ဖက် ထံ ဗျာ ဒိတ် ရူ ပါ ရုံ ကို ရှာ၍ မ တွေ့ ကြ သည့် ပြင်၊ ပ ရော ဟိတ်၌ ပ ညတ် တ ရား၊ လူ ကြီး၌ အ ကြံ ပ ညာ ပြတ် စဲ သ ဖြင့်၊
  • 27 ဘု ရင် မင်း သည် မြည် တမ်း လျက်၊ အ ရာ ရှိ သူ သည် အံ့ အား သင့် ခြင်း ကို ခြုံ လျက်၊ ပြည် သူ ပြည် သား တို့ လည်း လက် တုန် လျက်၊ အ လေ့ အ လာ အ ပြု အ မူ အ လိုက်၊ တ ရား စီ ရင် ခံ ရ သည့် အ တွက်၊ ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း သူ တို့ သိ ရ ကြ လ တ္တံ့ ဟူ၍ တည်း။
回到本卷目录 回到本版本目录 回到首页