ယေ​ဇ​ကျေ​လ-33

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 တစ် ဖန်၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သည်၊ ငါ သို့ ရောက် လာ ၍၊
  • 2 အ ချင်း လူ့ သား၊ အ မျိုး သား ချင်း တို့ အား ဟော ပြော ဆင့် ဆို ရ မည် မှာ၊ တစ် တိုင်း တစ် ပြည် ပေါ် သို့ ဓား ဘေး ကို ငါ သင့် စေ သော်၊ ကင်း စောင့် အ ဖြစ်၊ ပြည် သူ ပြည် သား တို့ ရွေး ကောက် ခန့် ထား မည့် သူ သည်၊
  • 3 ဓား ဘေး သင့် ကြောင်း သိ မြင် လျက်၊ သ တိ ပေး ရန် တံ ပိုး မှုတ် လျှင်၊
  • 4 တံ ပိုး မှုတ် သံ ကို ကြား သော် လည်း၊ သ တိ မ မူ သည့် အ လျောက်၊ သင့် သော ဓား ဘေး ကြောင့် ရုပ် သိမ်း ခံ ရ သူ၏ အ သွေး သည်၊ ချင်း ဦး ခေါင်း ပေါ်၌ တည် စေ။
  • 5 ထို သူ သည်၊ တံ ပိုး မှုတ် သံ ကို ကြား လျက် သ တိ မ မူ သော ကြောင့်၊ ချင်း အ သွေး သည်၊ ချင်း အ ပေါ်၌ တည် ရ လ တ္တံ့။ သ တိ မူ ခဲ့ သော် ကား၊ အ သက် ကယ် ရာ ရောက် လေ ပြီ။
  • 6 ဓား ဘေး သင့် ကြောင်း သိ မြင် လျက်၊ သ တိ ပေး ရန် တံ ပိုး ကို ကင်း စောင့် မ မှုတ် သည် နှင့်၊ ဓား ဘေး သင့်၍ လူ တစ် ဦး ကို ရုပ် သိမ်း လျှင်၊ ကိုယ့် ဒု စ ရိုက် ကြောင့် ထို လူ သေ ဒဏ် ခံ ရ လျက် ပင်၊ အ သွေး ကို ကား၊ ကင်း စောင့် ထံ ငါ တောင်း ဆို မည်။
  • 7 အ ချင်း လူ့ သား၊ ဣ သ ရေ လ အ မျိုး သား တို့ အ ဖို့၊ သင့် ကို ကင်း စောင့် သ ဖွယ် ငါ ထား ပြီး ဖြစ်၍၊ နှုတ် မြွက် သော ဗျာ ဒိတ် တော် ကို နာ ခံ လျက်၊ ထို သူ တို့ အား သ တိ ပေး လော့။
  • 8 အ ချင်း လူ ဆိုး၊ သင် မု ချ သေ ဒဏ် ခံ ရ မည် ဟု လူ ဆိုး အား ငါ မိန့် ဆို ရာ၌၊ ထို လူ ဆိုး ကို အ လေ့ အ လာ မှ ကြဉ် ရှောင် ရန် နှိုး ဆော်၍ သ တိ မ ပေး လျှင်၊ ကိုယ့် ဒု စ ရိုက် ကြောင့် ထို လူ ဆိုး သေ ဒဏ် ခံ ရ လျက် ပင်၊ အ သွေး ကို ကား၊ သင့် ထံ ငါ တောင်း ဆို မည်။
  • 9 ကြဉ် ရှောင် ရန် သင် သ တိ ပေး သော လူ ဆိုး သည်၊ အ လေ့ အ လာ မှ မ ကြဉ် ရှောင် လျှင်၊ ကိုယ့် ဒု စ ရိုက် ကြောင့် သေ ဒဏ် ခံ ရ လျက် ပင်၊ သင် မူ ကား၊ ကိုယ့် အ သက် ကို ကယ် လေ ပြီ ဟူ၍ တည်း။
  • 10 အ ချင်း လူ့ သား၊ ဣ သ ရေ လ အ မျိုး သား တို့ အား ဆင့် ဆို ရ ဦး မည် မှာ၊ ပြစ် မှား မှု၊ လွန် ကျူး မှု များ ကို ထမ်း ဆောင်၍၊ ပိန် ခြောက် သော အ ကျွန်ုပ် တို့ သည်၊ မည် သို့ အ သက် ချမ်း သာ ရ ကြ အံ့ နည်း ဟု၊ ဝန် ခံ သော သင် တို့ နှင့် စပ် လျဉ်း ၍၊
  • 11 အ ရှင် ထာ ဝ ရ ဘု ရား က၊ လူ ဆိုး သေ ဒဏ် ခံ ရ သည် ကို ငါ မ နှစ် သက်၊ ကိုယ့် အ လေ့ အ လာ မှ လူ ဆိုး ကြဉ် ရှောင်၍၊ အ သက် ချမ်း သာ ရ သည် ကို ငါ နှစ် သက်၏။ အို ဣ သ ရေ လ အ မျိုး သား တို့၊ သေ ဒဏ် ကို အ ဘယ့် ကြောင့် ခံ ကြ မည် နည်း။ ဆိုး သွမ်း သော အ လေ့ အ လာ မှ ကြဉ် ရှောင် လျက်၊ ပြန် လာ ကြ လော့ ဟု၊ အ သက် တော် ကို တိုင် တည်၍ မိန့် တော် မူ ကြောင်း ဆင့် ဆို ရ မည်။
  • 12 အ ချင်း လူ့ သား၊ အ မျိုး သား ချင်း တို့ အား ဆင့် ဆို ရ မည် မှာ၊ ဖြောင့် မတ် သူ သည်၊ လွန် ကျူး မိ သော ကာ လ၌၊ ယ ခင် ဖြောင့် မတ် ခြင်း ကြောင့် ဘေး လွတ် ခွင့်၊ ပြစ် မှား မိ သော ကာ လ၌ အ သက် ရှင် ခွင့် ရ တော့ မည် မ ဟုတ်။ လူ ဆိုး လည်း၊ ဆိုး သွမ်း ခြင်း မှ ကြဉ် ရှောင် သော ကာ လ၌၊ ယ ခင် ဆိုး သွမ်း ခြင်း ကြောင့် ပြို လဲ မည် မ ဟုတ်။
  • 13 မု ချ အ သက် ချမ်း သာ ရ မည် ဟု ငါ ဆို ရာ၌၊ ဖြောင့် မတ် သူ သည်၊ ကိုယ် ဖြောင့် မတ် ခြင်း ကို စိတ် ချ လျက်၊ မ တ ရား ပြု လျှင်၊ ဖြောင့် မတ် မှု များ ကို အ လျှင်း အ ရေး ယူ တော် မ မူ ဘဲ၊ ပြု ကျင့် သော မ တ ရား မှု ကြောင့် သေ ဒဏ် ခံ ရ လ တ္တံ့။
  • 14 တစ် နည်း၊ လူ ဆိုး အား၊ မု ချ သေ ဒဏ် ခံ ရ မည် ဟု ငါ ဆို ရာ၌၊ ပြစ် မှု မှ ကြဉ် ရှောင်၍ တ ရား သ ဖြင့် ဖြောင့် မတ် စွာ ဆောင် ရွက် လျက်၊
  • 15 အ ပေါင် ခံ ပ စ္စည်း ကို ပြန် ပေး ခြင်း၊ လု ယက် ဥ စ္စာ ကို ဆပ် ခြင်း၊ မ တ ရား မှု ကို ဆက် လက် မ ပြု ဘဲ၊ အ သက် တည် ရာ တည် ကြောင်း ဖြစ် သော ထုံး ဖွဲ့ ချက် အ တိုင်း လိုက် လျှောက် ခြင်း များ ကို ပြု သော် ထို လူ ဆိုး သည်၊ သေ ဒဏ် မ ခံ ရ၊ မု ချ အ သက် ချမ်း သာ ရ လ တ္တံ့။
  • 16 ပြစ် မှား ဖူး သော ပြစ် မှု များ ကို အ လျှင်း အ ရေး ယူ တော် မ မူ ဘဲ၊ တ ရား သ ဖြင့် ဖြောင့် မတ် စွာ ဆောင် ရွက် သည့် အ တိုင်း၊ မု ချ အ သက် ချမ်း သာ ရ လ တ္တံ့။
  • 17 သို့ ရာ တွင်၊ အ လေ့ အ လာ မ ဖြောင့် သော သင့် အ မျိုး သား ချင်း တို့ က၊ အ ရှင် ဘု ရား၏ တ ရား နည်း လမ်း တော် မ ဖြောင့် ဟု၊ ဆို လေ့ ရှိ ကြ သည် တ ကား။
  • 18 ဖြောင့် မတ် သူ သည်၊ ကိုယ့် ဖြောင့် မတ် ခြင်း မှ ဖောက် ပြန် လျက်၊ မ တ ရား မှု ကို ပြု ကျင့် လျှင်၊ ထို အ မှု ကြောင့် သေ ဒဏ် ခံ ရ လ တ္တံ့။
  • 19 တစ် နည်း၊ လူ ဆိုး သည်၊ ကိုယ့် ဆိုး သွမ်း မှု မှ ကြဉ် ရှောင် လျက်၊ တ ရား သ ဖြင့်၊ ဖြောင့် မတ် စွာ ဆောင် ရွက် လျှင်၊ အ သက် ချမ်း သာ ရ လိမ့် မည်။
  • 20 အ ရှင် ဘု ရား၏ တ ရား နည်း လမ်း တော် မ ဖြောင့် ဟု ဆို လေ့ ရှိ သော၊ အို ဣ သ ရေ လ အ မျိုး သား တို့၊ အ သီး အ သီး အ လေ့ အ လာ အ လိုက်၊ သင် တို့ ကို ငါ တ ရား စီ ရင် မည့် အ ကြောင်း၊ ဆင့် ဆို လော့ ဟူ၍ တည်း။
  • 21 တစ် ဖန်၊ ငါ တို့ သိမ်း သွား ခံ ရ သော ဆယ့် နှစ် နှစ်၊ ဒ သ မ လ၊ ငါး ရက် တွင်၊ ယေ ရု ရှ လင် မြို့ မှ ပြေး လွတ် သူ သည်၊ ငါ ထံ ရောက် လာ လျက် မြို့ တော် ပေါက် ပါ ပြီ ဟု ပြန် ကြား လေ၏။ ထို ပြေး လွတ် သူ မ ရောက် မီ၊ ညဉ့် ဦး က စ၍ နောက် နံ နက် ထို သူ မ ရောက် မီ အ တွင်း၊
  • 22 ထာ ဝ ရ ဘု ရား၏ လက် တော် တည် သည့် အ တိုင်း၊ ငါ သည် ဆိတ် ဆိတ် မ နေ ရ ဘဲ၊ နှုတ် မြွက် ခွင့် ရ နှင့် သ တည်း။
  • 23 ထို အ ခါ၊ ငါ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား။
  • 24 အ ချင်း လူ့ သား၊ ဣ သ ရေ လ ပြည် ရှိ မြို့ ပျက် များ၌ နေ ထိုင် သူ တို့ က၊ တစ် ဦး တည်း ဖြစ် သော ကြောင့် အာ ဗြ ဟံ သည်၊ ပြည် တော် ကို အ ပိုင် ရ ခဲ့၏။ အ များ ဖြစ် သော ငါ တို့ လည်း၊ အ ပိုင် ရ အပ် ကြ သည် ဟု ဆို လေ့ ရှိ သော ကြောင့်၊
  • 25 အ သွေး ပါ သော အ စာ ကို စား လျက်၊ ရုပ် ပွား များ ကို ဖူး မြင် လျက်၊ သွေး သွန်း မှု ပြု သော သင် တို့ သည်၊ ပြည် တော် ကို ပိုင် အပ် ကြ သ လော။
  • 26 ဓား ကို တံ ကဲ ပြု လျက်၊ ရွံ ရှာ ဖွယ် အ မှု ကို ကျင့် လျက်၊ သူ့ မ ယား ကို ရှုတ် ချ သော သင် တို့ သည်၊ ပြည် တော် ကို ပိုင် အပ် ကြ သ လော ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ ဆင့် ဆို လော့။
  • 27 မြို့ ပျက် များ၌ ရှိ နေ သူ တို့ သည်၊ ဓား ဖြင့် ကျ ဆုံး ခြင်း၊ တော၌ ရှိ နေ သူ တို့ သည်၊ သား ရဲ စာ ဖြစ် ထား တော် မူ ခြင်း၊ လုံ ခြုံ ရာ ဥ မင် များ၌ ရှိ နေ သူ တို့ သည်၊ ကပ် ရော ဂါ ဖြင့် သေ လွန် ခြင်း ကို ခံ ရ ကြ မည်။
  • 28 ပြည် တော် ကို ဆိတ် ညံ ရာ ဖုန်း ဆိုး ကုန်း ငါ ဖြစ် စေ မည့် အ လျောက်၊ မောက် မာ ရာ ခံ မြို့ ပ ပျောက် သည့် ပြင်၊ ဣ သ ရေ လ ခင် တန်း လည်း၊ ဖြတ် သန်း သူ ကင်း သော ဆိတ် ညံ ရာ ရောက် မည် ဖြစ်၍၊
  • 29 ပြု ဖူး သော ရွံ ရှာ ဖွယ် မှု များ အ တွက်၊ တစ် ပြည် လုံး ဆိတ် ညံ ရာ ဖုန်း ဆိုး ကုန်း ဖြစ် စေ သော ငါ သည်၊ ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း၊ သူ တို့ သိ ရ ကြ လ တ္တံ့ ဟု၊ အ သက် တော် ကို တိုင် တည်၍၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကို ဆင့် ဆို လော့။
  • 30 အ ချင်း လူ့ သား၊ အိမ် နံ ရံ၊ အိမ် ဝ များ အ နီး၌၊ သင့် ကို ရည် လျက် ပြော တတ် သော သင့် အ မျိုး သား ချင်း တို့ က၊ ထာ ဝ ရ ဘု ရား ထံ မှ ရောက် လာ သော ဗျာ ဒိတ် တော် ကို ကြား နာ ရန် လာ ကြ ကုန် ဟု၊ တစ် ယောက် ကို တစ် ယောက် အ ချင်း ချင်း ခေါ် ဖိတ် ကြ သည့် အ တိုင်း၊
  • 31 လူ မျိုး တော် ပ ရိတ် သတ် အ ဟန်၊ သင့် ထံ လာ ရောက် ထိုင် နေ ကြ စဉ်၊ မေ တ္တာ စ ကား လျှောက် ထား လျက်၊ လော ဘ စိတ် ရှိ သည့် အ လျောက်၊ သင် ဆင့် ဆို ချက် များ ကို ကြား နာ သော် လည်း၊ နား မ ထောင် ကြ ချေ။
  • 32 ထို သို့ ဆင့် ဆို ချက် များ ကို ကြား နာ လျက်၊ နား မ ထောင် ကြ သော သူ တို့ ရှေ့ တွင်၊ သင် သည် မေ တ္တာ သီ ချင်း ကို ချို စွာ ကျူး ဧ လျက်၊ စောင်း ကို သာ ယာ စွာ တီး သော သူ မျှ သာ ဖြစ်၏။
  • 33 သို့ ရာ တွင်၊ အ တည် ဖြစ် မည့် ထို ဗျာ ဒိတ် အ တိုင်း ဖြစ် ပျက် သည့် ကာ လ၊ ချင်း တို့ ဘောင် တွင် ပ ရော ဖက် တစ် ပါး ပေါ် ထွန်း သည် ကို၊ သိ မှတ် ရ ကြ လ တ္တံ့ ဟူ ၍ တည်း။
回到本卷目录 回到本版本目录 回到首页