1
တစ် ဖန်၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သည်၊ ငါ သို့ ရောက် လာ၍၊
2
အ ချင်း လူ့ သား၊ စိ ရ တောင် ကို မျက် နှာ မူ လျက် ဟော ပြော ဆင့် ဆို ရ မည် မှာ၊
3
အ ရှင် ထာ ဝ ရ ဘု ရား က၊ အို စိ ရ တောင်၊ သင့် ဆန့် ကျင် ဘက် ဖြစ် သော ငါ သည်၊ ဆန့် တန်း သော လက် ရုံး တော် ဖြင့်၊ ဆိတ် ညံ ရာ ဖုန်း ဆိုး ကုန်း ထား ၍၊
4
မြို့ ရွာ များ ကို လည်း၊ မြို့ ဆိုး ကုန်း ရောက် စေ သော ကြောင့်၊ ဆိတ် ညံ သော သင် သည်၊ ထာ ဝ ရ ဘု ရား ငါ ဖြစ် ကြောင်း သိ ရ လ တ္တံ့။
5
သင် သည် အ စဉ် ရန် ညိုး ဖွဲ့၍၊ အ ပြီး သတ် ပြစ် ဒဏ် ခံ ရာ ဘေး ဥ ပဒ် သင့် သော ကာ လ၌၊ ဣ သ ရေ လ အ မျိုး သား တို့ ကို၊ ဓား ဘေး သို့ အပ် နှင်း ခဲ့ သော ကြောင့်၊
6
ငါ သည် သင့် ကို သွေး အိုင် ဖြစ် စေ မည့် အ လျောက်၊ သွေး သွန်း ဘေး ထက် ကြပ် လိုက် မည်။ သွေး သွန်း မှု ကို နှစ် သက် သော သင့် ကို၊ သွေး သွန်း ဘေး ထပ် ကြပ် လိုက် မည် ဟု၊ အ သက် တော် ကို တိုင် တည်၍၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို ၏။
7
စိ ရ တောင် ကို၊ ဆိတ် ညံ ရာ ဖုန်း ဆိုး ကုန်း ထား သည့် အ တိုင်း၊ ထွက် ဝင် သူ အ ပေါင်း တို့ ကို ပယ် ရှား လျက်၊
8
တောင် များ ကို အ လောင်း နှင့် ဖုံး အုပ် ၍၊ ကုန်း၊ ချိုင့်၊ ချောင်း ရှိ သ မျှ၌၊ ဓား ဖြင့် လုပ် ကြံ ခံ ရ သူ တို့ ကို လှဲ ချ သော်၊
9
ပြည် ကို အ စဉ် ဆိတ် ညံ ရာ၊ မြို့ ရွာ များ ကို နေ သူ မဲ့ ရာ ဖြစ် စေ သော ငါ သည်၊ ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း သင် သိ ရ လ တ္တံ့။
10
ငါ ထာ ဝ ရ ဘု ရား စံ နေ လျက် ပင်၊ သင် က၊ ဤ လူ နှစ် မျိုး၊ ဤ ပြည် နှစ် ပြည် ကို၊ ငါ ပိုင် အ ဖြစ် သိမ်း ယူ မည် ဟု ဝင့် ဝါ သော ကြောင့်၊
11
ငါ လည်း၊ သင် မုန်း ထား ခြင်း၊ ဝန် တို ခြင်း၊ အ မျက် ထွက် ခြင်း နှင့် အ မျှ ဆပ် ပေး လျက် တ ရား စီ ရင် သည့် ကာ လ၊ ထို လူ မျိုး အား ထင် ရှား ရာ ရောက် မည် ဟု၊ အ သက် တော် ကို တိုင် တည်၍၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို ၏။
12
ဤ ခင် တန်း သည် ဆိတ် ညံ ရာ ရောက် လျက်၊ ငါ တို့ မျို စား ခွင့် ရ ကြ ပြီ ဟု ဣ သ ရေ လ ခင် တန်း ကို ရည် လျက်၊ သင် ကြိမ်း ပ ချက် ဟူ သ မျှ ကို၊ ငါ ထာ ဝ ရ ဘု ရား ကြား ခဲ့ ကြောင်း သိ ရ လ တ္တံ့။
13
ငါ့ တစ် ဘက်၌ မြောက် များ သော စ ကား ဖြင့် သင် မောက် ကြွား သည် ကို ငါ ကြား ခဲ့ ပြီ။
14
သို့ ဖြစ်၍၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ သင့် ကို ဆိတ် ညံ ရာ ငါ ဖြစ် စေ သည့် ကာ လ၊ မြေ ပထ ဝီ လုံး ရွှင် လန်း မည်။
15
အို စိ ရ တောင် နှင့် ဧ ဒုံ ပြည် လုံး၊ ဣ သ ရေ လ အ မျိုး သား တို့ ပိုင် ပြည် ဆိတ် ညံ ရာ ရောက် သော ကြောင့်၊ သင် ရွှင် လန်း သည် နှင့် အ မျှ၊ ငါ ဆပ် ပေး သည့် အ တိုင်း၊ တစ် ပြည် လုံး ဆိတ် ညံ ရာ ရောက် သော်၊ ထာ ဝ ရ ဘု ရား ငါ ဖြစ် သည် ကို သိ ရ လ တ္တံ့ ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ ဆင့် ဆို လော့။