1
အ ချင်း လူ့ သား၊ ဣ သ ရေ လ တောင် များ အား ဟော ပြော လျက်၊ အို ဣ သ ရေ လ တောင် တို့၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကို နာ ခံ ကြ ဟု ဆင့် ဆို လော့။
2
ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ရန် သူ တို့ က၊ မြင့် ရာ ဌာ န အ ဟောင်း များ သည် ငါ တို့ ပိုင် ဖြစ် သည် ဟု ကဲ့ ရဲ့ ဝင့် ဝါ ကြ သော ကြောင့်၊
3
သင် ဟော ပြော ဆင့် ဆို ရ မည့်၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ချက် ကား၊ အို ဣ သ ရေ လ တောင် တို့၊ သင် တို့ သည် လူ မျိုး ခြား အ ကြွင်း အ ကျန် တို့ ပိုင် ရာ ရောက် စေ ခြင်း ငှာ၊ အ ဘက် ဘက် က ထို သူ တို့ ဖိ နင်း လျက် ဖုန်း ဆိုး ကုန်း ထား သည့် အ လျောက် နှုတ် ဖြင့် ကဲ့ ရဲ့ ချက်၊ လူ တို့ ဆဲ ရေး ချက် များ ကို ခံ ရ ကြ သော ကြောင့်၊ အ ရှင် ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကို နာ ခံ ကြ လော့။ ပတ် လည် ရှိ လူ မျိုး ခြား အ ကြွင်း အ ကျန် တို့ လု ယူ ရာ၊ ပြက် ရယ် ပြု ရာ အ ကြောင်း ဖြစ် သော တောင်၊ ကုန်း၊ ချောင်း၊ ချိုင့် များ မှ စ၍၊ ဆိတ် ညံ ရာ ဖုန်း ဆိုး ကုန်း နှင့်၊ လူ စွန့် ရာ မြို့ ပျက် များ အား၊
4
5
ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို ချက် အ ရ၊ ငါ သည်၊ ရွှင် လန်း သော သ ဘော၊ မုန်း ထား သော စိတ် နှင့်၊ ပြည် တော် ကို လု ယူ ရာ အ ဖြစ် စွန့် ပစ် လျက်၊ ကိုယ် ပိုင် အ ဖြစ် ထား သော ဧ ဒုံ တစ် မျိုး လုံး နှင့် တ ကွ၊ လူ မျိုး ခြား အ ကြွင်း အ ကျန် တို့ ကို ရည် လျက်၊ ရှု စိတ် တော် မ မူ ခြင်း မီး ဖြင့်၊ ဗျာ ဒိတ် ပေး တော် မူ ခဲ့ ပြီ ဟု အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ ဆင့် ဆို လော့။
6
သို့ နှင့် အ ညီ၊ ဣ သ ရေ လ ပြည် ကို ရည် ၍ ဟော ပြော လျက်၊ တောင်၊ ကုန်း များ အား လည်း ကောင်း၊ ချောင်း၊ ချိုင့် များ အား လည်း ကောင်း၊ ဆင့် ဆို ပြန် ရ မည် မှာ၊ သင် တို့ သည် လူ မျိုး ခြား တို့ အ ရှက် ခွဲ ခြင်း ကို ခံ ရ ကြ သည့် အ တွက်၊ ရှု စိတ် တော် မ မူ ခြင်း၊ အ မျက် တော် ထား ခြင်း များ ကြောင့်၊ ငါ ဆုံး မ မည် ဟူ သော အ ရှင် ထာ ဝ ဘု ရား မိန့် တော် မူ ချက် အ ရ၊
7
ပတ် လည် ရှိ လူ မျိုး ခြား တို့ လည်း၊ ကိုယ့် အ ရှက် ဝန် ကို ထမ်း ရ ကြ မည် ဟု၊ လက် ရုံး မြှောက် လျက်၊ ငါ သ စ္စာ ဆို ခဲ့ ပြီ။
8
အို ဣ သ ရေ လ တောင် များ၊ သင် တို့ မှာ မူ၊ အ တက် ပေါက် ခွင့် ရ လျက်၊ ဝင် ရောက် ဆဲ ဖြစ် သော၊ ဣ သ ရေ လ လူ မျိုး တော် အ ဖို့ အ သီး သီး လိမ့် မည်။
9
သင့် ဘက်၌ နေ သော ငါ သည် လှည့် ဝင်၍၊ လယ် လုပ် ခြင်း၊ မျိုး ကြဲ ခြင်း ခံ ရ မည့် သင့် အ ပေါ် တွင်၊
10
ဣ သ ရေ လ လူ တို့ တစ် မျိုး လုံး ပင် တိုး ပွား စေ မည့် အ လျောက်၊ မြို့ ရွာ များ စည် ကား လျက်၊ ဖုန်း ဆိုး ကုန်း များ ပြု ပြင် လျက် ရှိ လိမ့် မည်။
11
လူ သူ တိ ရ စ္ဆာန် တို့ ကို များ ပြား စွာ ပေါက် ပွား အောင်၊ ငါ တိုး ပွား စေ မည့် အ လျောက်၊ ယ မန် အ ဖြစ် စည် ကား ခြင်း၊ တည် ထောင် စ ကာ လ ထက် ပြု စု ခြင်း များ ကို ခံ ရ သော သင် တို့ သည်၊ ထာ ဝ ရ ဘု ရား ငါ ဖြစ် သည် ကို သိ ရ ကြ လ တ္တံ့။
12
သင် တို့ အ ပေါ် တွင် သွား လာ ခွင့် ရ လျက်၊ ပိုင် ရ မည့် ဣ သ ရေ လ လူ မျိုး တော့် ဘိုး ဘ ပိုင် ဖြစ် မည့် အ လျောက်၊ သား ဆုံး ပါး စေ တော့ မည် မ ဟုတ် ဟု မိန့် တော် မူ ကြောင်း၊
13
သင် သည် လူ တို့ ကို မျို စား သော ပြည်၊ သား တို့ ကို ဆုံး ပါး စေ သော ပြည် ဖြစ် သည် တ ကား ဟု ဆို ရိုး ရှိ သည် မှာ၊
14
ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ သင် သည် လူ တို့ ကို မျို စား ခြင်း၊ နေ သော လူ မျိုး ၌ သား ဆုံး ပါး စေ ခြင်း၊ ခ လုတ် တိုက် စေ ခြင်း များ ကို မ ပြု ရ ဘဲ၊ လူ မျိုး ခြား တို့ အ ရှက် ကွဲ ရာ သ တင်း ကင်း နေ သော အ ခွင့် ကို၊ ငါ ပေး သည့် အ တိုင်း၊ လူ အ မျိုး မျိုး တို့ ကဲ့ ရဲ့ ခံ ရ တော့ မည် မ ဟုတ် ဟု မိန့် တော် မူ ကြောင်း များ ကို ဆင့် ဆို လော့ ဟူ ၍ တည်း။
15
16
တစ် ဖန်၊ ငါ သို့ ရောက် လာ သော၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊
17
အ ချင်း လူ့ သား၊ နေ ရင်း ပြည် ၌ နေ ထိုင် ခဲ့ သော ဣ သ ရေ လ အ မျိုး သား တို့ သည်၊ အ လေ့ အ လာ အ ပြု အ ကျင့် များ ဖြင့်၊ ထို ပြည် ကို မ သန့် ရာ ရောက် စေ လျက်၊ ရာ သီ ရောက်၍ မ သန့် သော မိန်း မ နှင့် အ လား တူ၊ ငါ့ ရှေ့ တွင် အ လေ့ အ လာ ရှိ ၏။
18
သို့ ဖြစ်၍၊ နေ ပြည် ပေါ် တွင် အ သွေး ကို သွန်း လျက်၊ ရုပ် ပွား များ ဖြင့် မ သန့် ရာ ရောက် စေ ကြ သော ကြောင့်၊ ငါ သည် ဒေါ သ ကို သွန်း လောင်း လျက်၊
19
အ လေ့ အ လာ အ ပြု အ မူ များ အ လျောက် တ ရား စီ ရင်၍၊ လူ အ မျိုး မျိုး အ ပြည် ပြည် တွင် အ နှံ့ အ ပြား ကွဲ လွင့် စေ ခဲ့ လေ ပြီ။
20
ထို သူ တို့ သည်၊ ပြည် တော် မှ ထွက် လာ ခဲ့ သော ထာ ဝ ရ ဘု ရား ၏ လူ မျိုး ဖြစ် ကြ သည် တ ကား ဟု ဆိုး ရိုး ရှိ သည့် အ တိုင်း၊ သွား ရောက် ရာ လူ မျိုး ခြား တို့ ထံ ဝင် နေ လျက် ပင်၊ သန့် ရှင်း သော ငါ့ နာ မ တော် ကို ရှုတ် ချ ရာ ရောက် ကြ လေ ပြီ။
21
သို့ ရာ တွင်၊ ဣ သ ရေ လ လူ မျိုး တို့ သွား ရောက် ရာ လူ မျိုး ခြား တို့ ရှေ့၊ ရှုတ် ချ ပြီး သန့် ရှင်း သော နာ မ တော် ကို ငါ ငဲ့ ညှာ သည့် အ တွက်၊
22
ဣ သ ရေ လ အ မျိုး သား တို့ အား သင် ဆင့် ဆို ရ မည် မှာ၊ အ ရှင် ထာ ဝ ရ ဘု ရား က၊ အို ဣ သ ရေ လ အ မျိုး သား တို့၊ သင် တို့ ကို မ ထောက် ထား ဘဲ၊ သွား ရောက် ရာ လူ မျိုး ခြား တို့ ရှေ့ သင် တို့ ရှုတ် ချ ပြီး၊ သန့် ရှင်း သော နာ မ တော် ကို သာ ထောက် ထား လျက် ငါ စီ ရင် မည့် နည်း ဟူ မူ ကား၊
23
လူ မျိုး ခြား တို့ ဘောင် တွင် သင် တို့ ရှုတ် ချ ခဲ့ သည့် အ တိုင်း၊ ၎င်း တို့ ရှေ့၊ ရှုတ် ချ ရာ ရောက် သော မ ဟာ နာ မ တော် မြတ် ကို ငါ သီး သန့် ထား သ ဖြင့်၊ သင် တို့ အ တွက် ငါ သီး သန့် ရာ ရောက် ကြောင်း ကို၊ ဒိ ဋ္ဌ မြင် သော လူ မျိုး ခြား တို့ သည်၊ ထာ ဝ ရ ဘု ရား ငါ ဖြစ် သည် ကို သိ ရ ကြ စေ ခြင်း ငှာ၊
24
ငါ သည် လူ အ မျိုး မျိုး၊ အ ပြည် ပြည် မှ သင် တို့ ကို စု သိမ်း ထုတ် ဆောင် လျက်၊ နေ ရင်း ပြည် သို့ ပို့ သွင်း ပြီး လျှင်၊
25
သင် တို့ စင် ကြယ် ရာ ရောက် အောင်၊ စင် ကြယ် သော ရေ ဖြင့် ဖျန်း ၍၊ ရုပ် ပွား ဆင်း တု အ မျိုး မျိုး၊ အ ညစ် အ ကြေး အ မျိုး မျိုး နှင့် စင် ကြယ် စေ မည့် ပြင်၊
26
သ ဘော အ သစ် ကို ပေး လျက်၊ ဝိ ညာဉ် အ သစ် ကို သွင်း လျက်၊ ကျောက် ခဲ နှ လုံး ကို နုတ် ယူ၍ အ သား နှ လုံး ကို ပေး သ နား ရာ၊
27
ငါ့ ဝိ ညာဉ် တော် ကို သွင်း ၍၊ ထုံး ဖွဲ့ တော် မူ ချက် များ အ တိုင်း လိုက် လျှောက် စေ သ ဖြင့်၊ ဆုံး ဖြတ် တော် မူ ချက် များ ကို လည်း၊ သင် တို့ စောင့် ထိန်း လိုက် နာ ကြ လ တ္တံ့။
28
ဘိုး ဘေး တို့ အား ငါ ပေး ခဲ့ သော ပြည် တွင် နေ ခွင့် ရ သော သင် တို့ သည် ငါ့ လူ မျိုး၊ ငါ လည်း သင် တို့ ဘု ရား သခင် ဖြစ် လိမ့် မည်။
29
ငါ သည် သင် တို့ ကို အ ညစ် အ ကြေး အ မျိုး မျိုး မှ ကယ် တင် ၍၊ လူ မျိုး ခြား တို့ ရှေ့၊ မွတ် သိပ် ခြင်း ကြောင့် ကဲ့ ရဲ့ မ ခံ ရ အံ့ သော ငှာ၊ အ စာ ခေါင်း ပါး ခြင်း ကပ် မ သင့် စေ ဘဲ၊ ဆန် စ ပါး ကို အ မိန့် ပေး လျက် တိုး ပွား စေ မည့် ပြင်၊ သစ် သီး နှင့် မြေ ထွက် များ ကို လည်း၊ တိုး ပွား စေ မည်။
30
31
သင် တို့ သည် ဆိုး သွမ်း သော အ လေ့ အ လာ၊ မ ကောင်း သော အ ပြု အ မူ များ ကို သ တိ ရ လျက်၊ ဒု စ ရိုက် မှု၊ ရွံ ရှာ ဖွယ် မှု များ အ တွက်၊ ကိုယ် ကို စက် ဆုပ် ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ ကြောင်း၊
32
အို ဣ သ ရေ လ အ မျိုး သား တို့၊ သင် တို့ ကို ထောက် ထား၍ ထို သို့ ငါ မ စီ ရင် ကြောင်း၊ သိ မှတ် ကြ လော့။ ကိုယ့် အ လေ့ အ လာ များ အ တွက် ကျိုး ယုတ်၍ ရှက် ကွဲ ကြ လော့ ဟု မိန့် တော် မူ ကြောင်း၊
33
သင် တို့ ကို ဒု စ ရိုက် အ မျိုး မျိုး နှင့် စင် ကြယ် စေ သည့် ကာ လ၊ ငါ သည် မြို့ ရွာ များ ကို စည် ကား အောင်၊ ဖုန်း ဆိုး ကုန်း များ ကို ပြု ပြင် အောင် စီ ရင် လျက်၊
34
သီ သွား သ မျှ သော သူ တို့ ရှေ့၊ ဆိတ် ညံ ရာ ရောက် ဖူး သော ပြည် သည်၊
35
လယ် လုပ် ပြန် ရ သည့် အ တိုင်း၊ ဆိတ် ညံ ရာ ရောက် သော ထို ပြည် သည်၊ ဧ ဒင် ဥ ယျာဉ် ကဲ့ သို့ ဖြစ် လျက်၊ ဆိတ် ညံ ရာ မြို့ ဆိုး ကုန်း၊ မြို့ ပျက် များ လည်း စည် ကား သော ခံ မြို့ ဖြစ် လာ ပြီ တ ကား ဟု ဆို ရိုး ရှိ လိမ့် မည်။
36
မြို့ ပျက် များ ကို ပြု ပြင် သော အ ရှင်၊ ဆိတ် ညံ ရာ ကို စိုက် ပျိုး သော အ ရှင် ကား၊ ငါ ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို လျက် စီ ရင် ကြောင်း များ ကို၊ ပတ် လည်၌ ကျန် ရစ် သော လူ မျိုး ခြား တို့ သိ ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ ကြောင်း၊
37
ဣ သ ရေ လ အ မျိုး သား တို့ တောင်း လျှောက် သည့် အ တိုင်း၊ ငါ စီ ရင် ဦး မည် မှာ၊ လူ များ ကို သိုး စု ကဲ့ သို့ တိုး ပွား စေ မည်။
38
ယေ ရု ရှ လင် မြို့၌ ပြု မြဲ ပွဲ များ ဆိုင် ရာ၊ အ လှူ ဝ တ္ထု ဖြစ် သော သိုး စု နှင့် အ မျှ၊ ဆိတ် ညံ ရာ မြို့ ရွာ များ သည်၊ လူ စု များ နှင့် ပြည့် နှက် သ ဖြင့်၊ ထာ ဝ ရ ဘု ရား ငါ ဖြစ် သည် ကို သိ ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ ကြောင်း များ ကို၊ ဆင့် ဆို လော့ ဟူ ၍ တည်း။