ယေ​ဇ​ကျေ​လ-30

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 တစ် ဖန်၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သည်၊ ငါ သို့ ရောက် လာ၍၊
  • 2 အ ချင်း လူ့ သား၊ သင် ဟော ပြော ဆင့် ဆို ရ မည် မှာ၊ အ မင်္ဂ လာ နေ့ ရက် ရောက် လေ စွ ဟု အော် ကြ လော့။
  • 3 မိုး အုံ့ သော နေ့၊ လူ မျိုး ခြား တို့ စီ ရင် ခံ ချိန် နေ့၊ ထာ ဝ ရ ဘု ရား၏ နေ့ ရက် တော် ရောက် လု ပြီ တ ကား၊
  • 4 အိ ဂျစ် ပြည် ပေါ် သို့ ဓား ဘေး သင့်၍ လုပ် ကြံ ခံ ရ သူ တို့ ကျ ဆုံး ကြ သော အ ခါ၊ ကု ရှ ပြည် တုန် လှုပ် လျက်၊ အိ ဂျစ် ပြည် သည်၊ နေ ထိုင် သူ တို့ သိမ်း သွား ခြင်း၊ အ မြစ် အ ခြေ မှောက် လှန် ခြင်း ခံ ရ သည့် ပြင်၊
  • 5 ကု ရှ၊ ဖု တ၊ လု ဒ၊ ခု ဘ လူ မျိုး တို့ မှ စ၍၊ မျိုး ရိုး မ ဟုတ် သူ တို့ လည်း၊ မ ဟာ မိတ် ဖွဲ့ ခဲ့ သော ပြည် သား တို့ ပါ၊ ဓား ဖြင့် ကျ ဆုံး ရ ကြ လ တ္တံ့ ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊
  • 6 ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ အိ ဂျစ် ပြည် ကို ထောက် မ သူ တို့ သည် ကျ ဆုံး လျက်၊ မောက် မာ ရာ ခံ မြို့ များ လည်း၊ မိ ဂ ဒေါ လ မြို့ မှ စ၍ သု ဏေ မြို့ တိုင် အောင်၊ ဓား ဖြင့် ပြို လဲ ပျက် စီး၍၊
  • 7 ဆိတ် ညံ ရာ ရောက် သော တိုင်း နိုင် ငံ များ အ လယ် တွင်လည်း ကောင်း၊ ဖုန်း ဆိုး ကုန်း ဖြစ် သော မြို့ များ အ လယ် တွင် လည်း ကောင်း၊ မြို့ ရွာ များ နှင့် တ ကွ ဆိတ် ညံ ရာ ရောက် လိမ့် မည်။
  • 8 အိ ဂျစ် ပြည် တွင် မီး ကို ငါ မွေး ၍၊ စစ် ကူ သူ အ ပေါင်း တို့ ပျက် ပြား ကြ သည့် ကာ လ၊ ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း၊ သူ တို့ သိ ရ ကြ လ တ္တံ့။
  • 9 ရောက် အံ့ သော ထို နေ့ ရက်၌၊ စိတ် ချ လျက် နေ သော ကု ရှ ပြည် သား တို့ ကို ချောက် ချား စေ ခြင်း ငှာ၊ သင်္ဘော စီး သူ တ မန် တို့ သည်၊ ရှေ့ တော် က ထွက် သွား သည့် အ လျောက်၊ အိ ဂျစ် ပြည် ပျက် သော နေ့ ရက် ကဲ့ သို့ တုန် လှုပ် ကြ ရ လ တ္တံ့ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊
  • 10 ငါ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ချက် အ ရ၊ ငါ သည် ဗာ ဗု လုန် ဘု ရင် နေ ဗုခဒ် နေ ဇာ မင်း လက် ဖြင့်၊ အိ ဂျစ် ပြည် သူ ပြည် သား တို့ ကို ပ ပျောက် စေ မည်။
  • 11 ထို မင်း သည် လူ မျိုး ခြား တို့ ထက် ကြမ်း ကြုတ် လှ သော ဗိုလ် ထု တို့ ပါ၊ အိ ဂျစ် ပြည် ကို ဖျက် ဆီး ရန် ချီ ဝင် ခွင့် ရ သည့် အ လျောက်၊ ဓား ချွတ် ၍၊ လုပ် ကြံ ခံ ရ သူ့ အ သေ ကောင် တို့ နှင့် ပြည့် စေ မည်။
  • 12 ငါ လည်း မြစ် လက် ကြား များ ကို ခန်း ခြောက် စေ လျက်၊ လူ ဆိုး တို့ အား မြေ ကို ရောင်း ချ လျက်၊ နေ ပြည် နှင့် ရှိ ရှိ သ မျှ ပါ၊ သူ စိမ်း တို့ လက် ဖြင့် ဆိတ် ညံ ရာ ရောက် စေ မည် ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊
  • 13 ငါ သည် ရုပ် ပွား များ ကို ဖျက် ဆီး၍၊ နော ဖ မြို့ ရှိ ဆင်း တု များ ကို ပ ပျောက် စေ ခြင်း၊ အိ ဂျစ် ပြည် တွင် မင်း မျိုး ပြတ် စေ ခြင်း၊ အိ ဂျစ် ပြည် တွင် ကြောက် ရွံ့ သော သ ဘော ကို သွင်း ခြင်း၊
  • 14 ပါ သ ရု ပြည် ကို ဆိတ် ညံ ရာ ရောက် စေ ခြင်း၊ ဇော န မြို့၌ မီး မွေး ခြင်း၊ နော မြို့ အား စီ ရင် ဒဏ် ခတ် ခြင်း၊
  • 15 အိ ဂျစ် ပြည် ရှိ၊ သိန် ခေါ် ခံ မြို့ ပေါ် သို့ အ မျက် တော် ကို သွန်း လောင်း ခြင်း၊ နော မြို့ သူ မြို့ သား တို့ ကို ပယ် ရှား ခြင်း၊
  • 16 အိ ဂျစ် ပြည်၌ မီး မွေး ခြင်း များ ကို ပြု မည့် အ လျောက်၊ သိန် မြို့ တုန် လှုပ် နာ ကျင် လျက်၊ နော မြို့ ပေါက် ကွဲ လျက်၊ နော ဖ မြို့ သည် နေ့ အ ချိန်၌ ရန် ခု ခံ ရ လိမ့် မည်။
  • 17 အာ ဝင် မြို့၊ ဖိ ဗေ သက် မြို့ ရှိ လူ ပျို တို့ သည်၊ ဓား ဖြင့် ကျ ဆုံး လျက်၊ မြို့ သူ မြို့ သား တို့ လည်း၊ သုံ့ ပန်း သိမ်း သွား ခံ ရ ကြ လ တ္တံ့။
  • 18 အိ ဂျစ် ထမ်း ပိုး များ ကို ငါ ချိုး ဖြတ် သ ဖြင့်၊ မောက် မာ ရာ ခံ မြို့ ပ ပျောက် သည့် ကာ လ၊ နေ အ လင်း သည်၊ တာ ပ နက် မြို့ မှ ကွယ်၍၊ မိုး သား လည်း အုံ့ လျက်၊ မြို့ သူ တို့ သုံ့ ပန်း သိမ်း သွား ခံ ရ ကြ လိမ့် မည်။
  • 19 အိ ဂျစ် ပြည် ကို ထို သို့ စီ ရင် ဒဏ် ခတ် သော ငါ သည်၊ ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း၊ သူ တို့ သိ ရ ကြ လ တ္တံ့ ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း များ ကို ဆင့် ဆို လော့ ဟူ ၍ တည်း။
  • 20 တစ် ဖန်၊ ဆယ့် တစ် နှစ်၊ ပ ဌ မ လ ခု နစ် ရက် တွင်၊ ငါ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊
  • 21 အ ချင်း လူ့ သား၊ ငါ ချိုး ခဲ့ သော အိ ဂျစ် ဘု ရင် ဖာ ရော မင်း လက် ရုံး သည်၊ ဓား လက် နက် စွဲ ကိုင် နိုင် ရန် သန် မာ စေ ခြင်း ငှာ၊ ဆေး လိမ်း ခြင်း၊ ကျပ် စည်း ခြင်း မ ခံ ရ။
  • 22 သို့ နှင့် အ ညီ၊ ငါ အ ရှင် ထာ ဝ ရ က၊ ငါ သည် အိ ဂျစ် ဘု ရင် ဖာ ရော မင်း တစ် ဘက် နေ၍၊ ချိုး ပြီး လက် ရုံး မှ တစ် ပါး၊ သန် မာ သော လက် ရုံး ကို ချိုး သ ဖြင့်၊
  • 23 ကိုင် စွဲ သော ဓား လက် နက် လွတ် စေ မည့် ပြင်၊ အိ ဂျစ် ပြည် သူ ပြည် သား တို့ ကို၊ လူ အ မျိုး မျိုး အ ပြည် ပြည်၌ အ နှံ့ အ ပြား ကွဲ လွင့် စေ မည်။
  • 24 ငါ သည် ဗာ ဗု လုန် ဘု ရင် လက် ရုံး ကို သန် မာ စေ၍၊ ငါ့ ဓား တော် ကို ကိုင် စွဲ စေ မည်။ ဖာ ရော မင်း၏ လက် ရုံး နှစ် ဖက် ကို ကား ချိုး လျက်၊ လုပ် ကြံ ခံ ရ သူ ညည်း သ ကဲ့ သို့ ဗာ ဗု လုန် ဘု ရင့် ရှေ့၊ ညည်း ရ လိမ့် မည်။
  • 25 ငါ သည် ဗာ ဗု လုန် ဘု ရင်၏ လက် ရုံး ကို သန် မာ စေ လျက်၊ စွဲ ကိုင် စေ မည့် ဓား တော် ကို၊ အိ ဂျစ် ပြည် ပေါ် တွင် ထို ဘု ရင် ဆန့် မိုး သ ဖြင့်၊ ဖာ ရော မင်း လက် ရုံး လျော့ ကျ သည့် ကာ လ၊ ထာ ဝ ရ ဘု ရား ငါ ဖြစ် သည် ကို သိ ရ ကြ လ တ္တံ့။
  • 26 အိ ဂျစ် ပြည် သူ ပြည် သား တို့ ကို လူ အ မျိုး မျို အ ပြည် ပြည် ၌ အ နှံ့ အ ပြား ကွဲ လွင့် စေ သော ငါ သည်၊ ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း သူ တို့ သိ ရ ကြ လ တ္တံ့ ဟု မိန့် ဆို သည် ဟူ ၍ တည်း။
回到本卷目录 回到本版本目录 回到首页