1
ယေ ခေါ နိ မင်း နှင့် မယ် တော် မှ စ၍၊ မိန်း မ စိုး များ၊ ယု ဒ ပြည် ယေ ရု ရှ လင် မြို့ မှူး မတ် များ တို့ သည် ပန်း တည်း၊ ပန်း ပု စ သည် တို့ ပါ၊ ယေ ရု ရှ လင် မြို့ မှ ထွက် ရ ပြီး နောက်၊ ဗာ ဗု လုန် မြို့ သို့ နေ ဗု ခဒ် နေ ဇာ မင်း သုံ့ ပန်း သိမ်း သွား ရာ ပါ လူ ကြီး အ ကြွင်း အ ကျန် တို့ မှ စ၍၊ ပ ရော ဟိတ်၊ ပ ရော ဖက် များ နှင့် လူ ငယ် တို့ အား၊ ဗာ ဗု လုန် ဘုရင် နေ ဗု ခဒ် နေ ဇာ မင်း စံ ရာ မြို့ တော် သို့၊ ယု ဒ ဘု ရင် ဇေ ဒ ကိ မင်း လွှတ် လိုက် သော၊ ရှာ ဖန့် သား ဧ လာ သာ နှင့် ဟိ လ ခိ သား ဂေ မ ရိ တို့ လက် ဖြင့်၊ ယေ ရု ရှ လင် မြို့ ရှိ ပ ရော ဖက် ယေ ရ မိ ပါး လိုက် သော စာ ချက် ဟူ မူ ကား၊
2
3
4
ယေ ရု ရှ လင် မြို့ မှ ဗာ ဗု လုန် မြို့ သို့ သုံ့ ပန်း သိမ်း သွား စေ တော် မူ ခဲ့ သ မျှ သော သူ တို့ အား၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် က၊
5
အိမ် ဆောက်၍ နေ ထိုင် ခြင်း၊ ခြံ လုပ်၍ အ သီး စား ခြင်း၊ အိမ် ထောင် ပြု၍ သား သ မီး များ ကို ရ ခြင်း၊
6
မြေး များ ရ စေ ရန် ကိုယ့် သား သ မီး တို့ ကို ပေး စား ထိမ်း မြား ခြင်း ပြု လျက်၊ ထို မြို့၌ ပင် မ တိမ် ကော ဘဲ တိုး ပွား ကြ လော့။
7
ငါ သုံ့ ပန်း သိမ်း သွား စေ ရာ မြို့ ၏ စည်း စိမ် ချမ်း သာ၌ သာ သင် တို့ ခံ စား ကြ ရ မည် ဖြစ်၍၊ ထို မြို့၏ စည်း စိမ် ချမ်း သာ ကို ရှာ ကြံ လျက်၊ ငါ ထာ ဝ ရ ဘု ရား ထံ မေ တ္တာ ခံ ကြ လော့ ဟု မိန့် တော် မူ ကြောင်း၊
8
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် က လည်း သင် တို့ ဘောင် ရှိ ပ ရော ဖက် နှင့် ဟူး ရား ဆ ရာ တို့ လှည့် ဖြား ခြင်း ကို မ ခံ ကြ လင့်။ မြင် သော ကိုယ့် အိပ် မက် များ ကို လည်း မ ယုံ ကြ လင့်။
9
ထို သူ တို့ သည် ငါ စေ လွှတ် ခြင်း ကင်း လျက်၊ နာ မ တော် နှင့် ပ ရိ ယာယ် ပြု၍ ဟော ပြော လေ့ ရှိ သည် ဟု မိန့် တော် မူ ကြောင်း၊
10
ထာ ဝ ရ ဘု ရား က လည်း၊ ဒု က္ခ နှင့် မ ဟုတ်။ သု ခ နှင့် ဆိုင် ရာ ကိုယ့် အ ကြံ အ စည်၊ သင် တို့ အား စောင့် မြော် ရာ နောင် အ ကျိုး ပေး ရန် အ ကြံ အ စည် ကို ငါ မှတ် သည့် အ လျောက်၊ ဗာ ဗု လုန် မြို့ ခေတ် နှစ် ပေါင်း ခု နစ် ဆယ် စေ့ သည့် ကာ လ၊ ငါ သည် သင် တို့ ကို အ ကြည့် အ ရှု လာ လျက်၊ ဤ အ ရပ် ဒေ သ သို့ ပြန် ပို့၍ က တိ တော် မြတ် ကို အ တည် ပြု မည်။
11
12
သင် တို့ သည် ငါ့ ထံ ချဉ်း ကပ် ဟစ် ခေါ် တောင်း လျှောက် ကြ သော အ ခါ၊ ငါ နား ညောင်း သည် နှင့် အ ညီ၊
13
စိတ် ပါ ကိုယ် ရောက် ငါ့ ကို လိုက် စစ် ရှာ ဖွေ သော ကြောင့်၊ တွေ့ ကြ လိမ့် မည်။
14
ငါ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် အ တိုင်း၊ တွေ့ ခွင့် ငါ ပေး သည့် ပြင်၊ နှင် ထုတ် တော် မူ ခဲ့ ရာ အ ပြည် ပြည်၊ လူ အမျိုး မျိုး မှ၊ သုံ့ ပန်း ခံ ရ သော သင် တို့ ကို စု သိမ်း ပြန် ပို့ ၍၊ လွှတ် လိုက် ခဲ့ ရာ ပြည် ရင်း သို့ ပြန် လာ စေ မည် ဟု မိန့် တော် မူ ကြောင်း၊
15
ဗာ ဗု လုန် မြို့ ၌ ပင် ပ ရော ဖက် များ ကို၊ ထာ ဝ ရ ဘု ရား ပေါ် ထွန်း စေ တော် မူ ပြီ ဟု၊ သင် တို့ ဝါ ကြွား ကြ သော် လည်း၊
16
ဒါ ဝိဒ် မင်း နန်း ဆက် ဘု ရင် မှ စ ၍၊ ဤ မြို့ တွင် နေ ထိုင် သေး သူ သိမ်း သွား ရာ မ ပါ သော၊ သင် တို့ ဆွေ မျိုး သား ချင်း တို့ ကို ရည် လျက်၊
17
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား က၊ ငါ သည် သ တ္တ န္တ ရ ကပ်၊ ဒု ဗ္ဘိ က္ခ န္တ ရ ကပ်၊ ရော ဂ န္တ ရ ကပ် များ ကို သင့် စေ ၍၊ မ စား နိုင် အောင် ညံ့ ပေ သော သ ဖန်း သီး သ ဖွယ် ဖြစ် စေ မည့် ပြင်၊
18
ငါ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် အ တိုင်း၊ ဝိ ရိ ယ စိုက် ၍ စေ လွှတ် လိုက် ရာ ကျွန် ရင်း ပ ရော ဖက် တို့ ဆင့် ဆို ချက် များ ကို၊ နာ ခံ နား ထောင် ခြင်း မ ပြု သည့် အ တွက်၊ ငါ နှင် ထုတ် ခဲ့ ရာ မြေ ပေါ် ရှိ တိုင်း နိုင် ငံ၊ လူ အ မျိုး မျိုး တွင်၊ ထိတ် လန့် ရာ၊ ဆဲ ဆို ရာ၊ ပြက် ရယ် ပြု ရာ၊ ကဲ့ ရဲ့ ရာ အံ့ ဖွယ် သ ရဲ ဖြစ် သည့် တိုင် အောင်၊ ထို သ တ္တ န္တ ရ ကပ်၊ ဒု ဗ္ဘိ က္ခ န္တ ရ ကပ်၊ ရော ဂ န္တ ရ ကပ် များ ဖြင့် စီ ရင် ဦး မည်။
19
20
ယေ ရု ရှ လင် မြို့ မှ၊ ဗာ ဗု လုန် မြို့ သို့ ငါ လွှတ် လိုက် သည့် အ တိုင်း၊ သိမ်း သွား ခံ ရ သူ အ ပေါင်း တို့၊ ငါ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကို နာ ခံ ကြ ဦး။
21
ငါ့ နာ မ နှင့် မု သာ ဟော ပြော သော၊ ကော လာ ယ သား အာ ဟပ် နှင့် မာ သေ ယ သား ဇေ ဒ ကိ တို့ ကို ရည် လျက်၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင်၊ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ထို သူ တို့ သည် ဣ သ ရေ လ လူ မျိုး တွင် ယုတ် မာ စွာ ပြု ကျင့် လျက်၊ သူ တစ် ပါး တို့ ၏ မ ယား နှင့် မှား ယွင်း လျက်၊ ငါ မ မိန့် မ မှာ ဘဲ ငါ့ နာ မ နှင့် ပ ရိ ယာယ် ပြု လျက် ဆင့် ဆို ကြ သည် ဟု ငါ ဒိ ဋ္ဌ သက် သေ ဖြစ် သော ကြောင့်၊ ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ့ လက် တွင်း သို့ ငါ အပ် နှင်း သ ဖြင့်၊ ထို မင်း သည် သင် တို့ မျက် မှောက်၌ ပင် ကွပ် မျက် သည် ကို ထောက် ၍၊ ဗာဗု လုန် မြို့ ရှိ သိမ်း သွား ခံ ရ သော ယု ဒ လူ မျိုး အ ပေါင်း တို့ က၊ ဗာ ဗု လုန် ဘု ရင် မီး ကင် သော ဇေ ဒ ကိ နှင့် အာဟပ် တို့ ကဲ့ သို့၊ ထာ ဝ ရ ဘု ရား စီ ရင် တော် မူ ပါ စေ သော ဟူ၍ ကျိန် ဆဲ ခြင်း စ ကား ကို ဆို လေ့ ရှိ ကြ လ တ္တံ့ ဟု မိန့် တော် မူ ကြောင်း များ တည်း။
22
23
24
န ဟေ လံ ရွာ သား ရှေ မာ ယ ရေး လိုက် သော စာ ကို၊ ပ ရော ဖက် ယေ ရ မိ ရှေ့ ပ ရော ဟိတ် ဇေ ဖ နိ ဖတ် သည့် အ တိုင်း၊ ကိုယ် တော် ကို ပ ရော ဟိတ် ယော ယ ဒ အ ရာ၌ ပ ရော ဟိတ် မင်း အ ဖြစ်၊ ဗိ မာန် တော် မှူး များ အ ဖြစ်၊ ထာ ဝ ရ ဘု ရား ခန့် ထား တော် မူ သည့် အ လျောက်၊ ပ ရော ဖက် လုပ်၍ ရူး သွပ် သူ အ ပေါင်း တို့ ကို၊ လည် ထိပ် ခြေ ထိပ် ခတ် ရ သော အ ခွင့် ရှိ လျက်၊ အ ချိန် ကာ လ ကြာ မြင့် သည် ဟူ ၍ လည်း ကောင်း၊ အိမ် ဆောက် ၍ နေ ထိုင် ခြင်း၊ ခြံ လုပ် ၍ အ သီး စား ခြင်း၊ ပြု ကြ လော့ ဟူ ၍ လည်း ကောင်း၊ ဗာ ဗု လုန် မြို့ ရှိ ကျွန် တော် တို့ အား ကြား လိုက် သော၊ ပ ရော ဖက် လုပ် သူ အာ န သုတ် မြို့ သား ယေ ရ မိ ကို၊ အ ဘယ့် ကြောင့် မ ဆုံး မ ပါ သ နည်း ဟု၊ ယေ ရု ရှ လင် မြို့ ရှိ မာ သေ ယ သား ပ ရော ဟိတ် ဇေ ဖ နိ မှ စ ၍၊ ပ ရော ဟိတ် အ ပေါင်း တို့ နှင့် မြို့ သူ မြို့ သား တို့ အား၊ သင် သည်၊ ကိုယ့် အ မည် နှင့် စာ ရေး လိုက် သည့် အ တွက် ကြောင့်၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် မိန့် တော် မူ ကြောင်း၊ ထို ရှေ မာ ယ အား ဆင့် ဆို ရ မည့် ပြင်၊
25
26
27
28
29
30
သိမ်း သွား ခံ ရ သူ တို့ အား လည်း၊ ငါ စေ လွှတ် ခြင်း ကင်း လျက်၊ ရှေ မာ ယ သည် သင် တို့ အား ဟော ပြော ၍၊ မုသာ ၌ စိတ် ချ ရာ ရောက် စေ ပြီး ဖြစ် သည့် အ တွက် ကြောင့်လည်း ကောင်း၊ ငါ ထာ ဝ ရ ဘု ရား နှင့် စပ် လျဉ်း သည့်၊ ဖောက် ပြန် ခြင်း စ ကား ကို ထွက် ဆို ဝံ့ သည့် အ တွက် ကြောင့် လည်း ကောင်း၊ န ဟေ လံ ရွာ သား ရှေ မာ ယ နှင့် အ မျိုး အဆက် တို့ ကို ငါ ဒဏ် ခတ် လျက်၊ လူ မျိုး တော် ၌ ငါ ရောက် စေ မည့် သု ခ ကို၊ ကိုယ် တိုင် မ ခံ စား ရ ဘဲ၊ ဤ လူ မျိုး ဘောင် တွင် နေ ထိုင် သူ တစ် ဦး တစ် ယောက် မျှ မ ရှိ ရ ဟု န ဟေ လံ ရွာ သား ရှေ မာ ယ ကို ရည် လျက်၊ ထာ ဝ ရ ဘုရား မိန့် တော် မူ ကြောင်း၊ ကြား လိုက် လော့ ဟူ သော ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် သည်၊ ယေ ရ မိ သို့ ရောက် လာ သတည်း။
31
32