1
ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ စား ကျက် တော် ရှိ သိုး အုပ် ကို ဖျက် ဆီး ခွဲ လွှင့် သော အ ထိန်း အ ကျောင်း တို့ သည်၊ အ မင်္ဂ လာ ရှိ ကြ ၏။
2
ထို့ ကြောင့် လူ မျိုး တော် ကို ထိန်း ကျောင်း သူ တို့ နှင့် စပ် လျဉ်း၍၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင်၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည် မှာ၊ သိုး အုပ် တော် ကို အ ကြည့် အ ရှု မ လာ ဘဲ၊ မောင်း နှင် ခွဲ လွှင့် ကြ သည့် အ လျောက်၊ သင် တို့ ဆိုး သွမ်း သော အ ပြု အ ကျင့် များ အ တွက်၊ ငါ အ စီ အ ရင် လာ မည့် ပြင်၊
3
နှင် ထုတ် ခဲ့ ရာ အ ပြည် ပြည်၌ ကြွင်း ကျန် သ မျှ သော သိုး တို့ ကို စု သိမ်း ၍၊ ခြံ ရင်း များ သို့ ပြန် သွင်း မည့် ဖြစ် သော ကြောင့်၊ များ ပြား စွာ ပေါက် ပွား ကြ လိမ့် မည်။
4
ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ထို သူ တို့ အ ပေါ် တွင် ထိန်း ကျောင်း မည့် သူ တို့ ကို ငါ ခန့် ထား သ ဖြင့်၊ နောင် ကြောက် ရွံ့ ခြင်း၊ စိတ် ပျက် ခြင်း၊ ယုတ် လျော့ ခြင်း ကင်း ရ ကြ လ တ္တံ့။
5
ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ဘု ရင် မင်း အ ဖြစ်၊ ကြံ တိုင်း ထ မြောက် အုပ် စိုး လျက်၊ ပြည် တော် တွင် တ ရား သ ဖြင့် စီ ရင် ဆုံး ဖြတ် မည့် ဖြောင့် မတ် သော အ ညှောက် ကို၊ ဒါ ဝိဒ် မင်း အ ဆက် ၌ ငါ ပေါ် ထွန်း စေ သော နေ့ ရက် ကာ လ ရောက် တော့ မည်။
6
ထို မင်း လက် ထက်၊ ယု ဒ အ မျိုး သည် ဘေး လွတ် လျက်၊ ဣ သ ရေ လ အ မျိုး လည်း လုံ ခြုံ လျက် နေ ရ ကြ လိမ့် မည်။ ဘွဲ့ တော် ကို ကား၊ ငါ တို့ ဖြောင့် မတ် ရာ ဖြောင့် မတ် ကြောင်း၊ ထာ ဝ ရ ဘု ရား တည်း ဟု သ မုတ် ကြ လ တ္တံ့။
7
သို့ ဖြစ် ၍၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ဤ လူ မျိုး သည် ပြည် ရင်း တွင် နေ ထိုင် ဦး မည် ဖြစ် သော ကြောင့်၊ အိ ဂျစ် ပြည် မှ ဣ သ ရေ လ အ မျိုး သား တို့ ကို၊ ဆောင် ခဲ့ သော ထာ ဝ ရ ဘု ရား အ သက် တော် ဟူ ၍ ဆက် လက် ဆို လေ့ မ ရှိ ဘဲ၊ နှင် ထုတ် တော် မူ ခဲ့ ရာ မြောက် ပိုင်း ပြည် နှင့် ပြည် တ ကာ မှ၊ ဣ သ ရေ လ အ မျိုး သား အ ဆက် အ နွယ် တို့ ကို၊ လမ်း ပြ၍ ဆောင် ခဲ့ သော ထာ ဝ ရ ဘု ရား အသက် တော် ဟူ၍ ဆို ရ လ တ္တံ့ သော နေ့ ရက် ကာ လ ရောက် တော့ မည်။
8
9
ပ ရော ဖက် တို့ နှင့် စပ် လျဉ်း၍ ဆို ဦး အံ့။ ထာ ဝ ရ ဘု ရား ကြောင့်လည်း ကောင်း၊ သန့် ရှင်း သော ဗျာ ဒိတ် တော် ချက် ကြောင့် လည်း ကောင်း၊ အ တွင်း စိတ် နှ လုံး ကြေ ကွဲ လျက်၊ အ ရိုး ရှိ သ မျှ ဆွေး မြေ့ လျက်၊ စ ပျစ် ရည် သောက် ကြူး ၍ ယစ် မူး သူ ကဲ့ သို့ ငါ ဖြစ် ၏။
10
ဆိုး သွမ်း သော လမ်း တာ၊ မ တည် တံ့ သော အင် အား ရှိ လျက်၊ သူ့ သား အိမ် ရာ ကို ပြစ် မှား သူ တို့ နှင့် ပြည့် သော ပြည် သည်၊ အ မင်္ဂ လာ ကြောင့် မြည် တမ်း သည့် ပြင်၊ တော တောင် စား ကျက် များ လည်း၊ သွေ့ ခြောက် လျက် ရှိ ၏။
11
ထာ ဝ ရ ဘု ရား က၊ ပ ရော ဖက် နှင့် ပ ရော ဟိတ် တို့ သည်၊ လူ့ သ ရော် လူ ပျက် ဖြစ် လျက်၊ ဗိ မာန် တော် တွင် ပင်၊ ထို သူ တို့ ဆိုး သွမ်း မှု ကို ငါ တွေ့ မြင် ပြီ။
12
ထို့ ကြောင့်၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည် နှင့် အ ညီ၊ ဒဏ် စီ ရင် ခြင်း ခံ ရာ နှစ် ကာ လ တည်း ဟူ သော ဘေး ဥပဒ် ကို ငါ သင့် စေ မည့် အ လျောက်၊ ချင်း တို့ လမ်း သည် မှောင် ကျ၍၊ ခြေ ချော် ရာ ဖြစ် လျက်၊ တွန်း ချ ဖြို လှဲ ခံ ရ ကြ လိမ့် မည်။
13
ရှ မာ ရိ မြို့ ရှိ ပ ရော ဖက် များ သည်၊ ဗာ လ နတ် ကို အ မှီ ပြု၍ ဟော ပြော သ ဖြင့်၊ ဣ သ ရေ လ လူ မျိုး တော် ကို လမ်း လွဲ စေ လျက်၊ မ တော် မ လျော် ပြု ကြ သည် ကို ငါ ရှု မြင် ရ သည် မှန် ၏။
14
ယေ ရု ရှ လင် မြို့ ရှိ ပ ရော ဖက် များ မှာ မူ၊ သူ့ သား အိမ် ရာ ပြစ် မှား ခြင်း၊ မု သာ အ လျောက် လိုက် လျှောက် ခြင်း၊ ကိုယ့် ဆိုး သွမ်း မှု မှ အ သီး အသီး မ ပြန် လာ ရ အောင် အ ဆိုး ပြု သူ တို့ ကို အား ပေး ခြင်း များ တည်း ဟူ သော၊ စက် ဆုပ် ဖွယ် ရာ ပြု ကြ ကြောင်း ငါ ရှု မြင် သည် နှင့်၊ ရှိ သ မျှ တို့ သည် သော ဒုံ မြို့ ကဲ့ သို့ လည်း ကောင်း၊ မြို့ သူ မြို့ သား တို့ လည်း ဂေါ မော ရ မြို့ ကဲ့ သို့ လည်း ကောင်း၊ ငါ ရှေ့ ဖြစ် ရ လေ စွ။
15
ထို့ ကြောင့် ပ ရော ဖက် တို့ ကို ရည် လျက်၊ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည် မှာ၊ ယေ ရု ရှ လင် မြို့ ရှိ ပ ရော ဖက် တို့ အ စ ပြု သော၊ လူ သ ရော် လူ ပျက် သ ဘော သည်၊ ပြည် လုံး ကျွတ် အ နှံ့ အ ပြား ရောက် ပြီး ဖြစ်၍၊ ထို ပ ရော ဖက် တို့ အား၊ ခါး သော ခဲ ဖွယ် သောက် ဖွယ် ကို၊ ငါ တိုက် ကျွေး မည် ဟု မိန့် တော် မူ ၏။
16
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ ဟော ပြော လျက် နေ သော ပ ရော ဖက် တို့ စ ကား များ ကို မ နာ ယူ ကြ လင့်။ ထို ပ ရော ဖက် တို့ သည်၊ ငါ ထာ ဝ ရ ဘု ရား အ မိန့် တော် အ တိုင်း မ ဟုတ်။ ကိုယ့် မ နော ရူ ပါ ရုံ အ တိုင်း သာ ဟော ပြော ၍၊ သင် တို့ ကို အ န တ္တ ဖြစ် စေ လျက်၊
17
ငါ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကို မ ထီ လေး စား ပြု သူ တို့ အား၊ ချမ်း သာ ရ ကြ သည် ဟူ ၍ လည်း ကောင်း၊ ခက် မာ သော ကိုယ့် သ ဘော အ လျောက် လိုက် လျှောက် သူ တိုင်း အား၊ ဘေး သင့် မည် မ ဟုတ် ဟူ၍ လည်း ကောင်း၊ ဟော တတ် ကြ ၏။
18
ထို သူ တို့ အ နက်၊ ဗျာ ဒိတ် တော် ကို နား စိုက်၍ ကြား သိ ရ သူ၊ ငါ ထာ ဝ ရ ဘု ရား၏ သု ဓ မ္မာ သ ဘင် ၌ ပါ ဝင်၍ ဒိဋ္ဌ ကြား နာ ရ သူ ကား မည် သူ နည်း။
19
မိုး သက် မုန် တိုင်း တည်း ဟူ သော၊ ငါ ထာ ဝ ရ ဘု ရား၏ ဒေါ သ သည်၊ ထွက် သွား လှည့် ဝှေ့ သည့် အ လျောက်၊ လူ ဆိုး တို့ ဦး ခေါင်း ကို တိုက် ခတ် လိမ့် တ ကား။
20
ငါ ထာ ဝ ရ ဘု ရား သည်၊ စိတ် တော် ပြ ဋ္ဌာန်း ချက် များ အ တိုင်း၊ မ စီ ရင်၊ အ တည် မ ပြု မ ချင်း၊ အ မျက် တော် ကို ရုပ် သိမ်း မည် မ ဟုတ် ကြောင်း၊ နောင် ကာ လ သင် တို့ သိ မြင် နား လည် ရ ကြ လ တ္တံ့။
21
ထို ပ ရော ဖက် တို့ သည် ငါ စေ လွှတ် ခြင်း ကင်း လျက်၊ အ သော့ သွား ၍၊ ဗျာ ဒိတ် တော် ခံ ခြင်း ကင်း လျက်၊ ဟော ပြော ကြ သည် တ ကား။
22
ငါ့ သု ဓ မ္မာ သ ဘင် ၌ ပါ ဝင် ခဲ့ လျှင်၊ လူ မျိုး တော် အား ငါ့ ဗျာ ဒိတ် ကို ဆင့် ဆို လျက်၊ ဆိုး သွမ်း သော အ လေ့ အ လာ၊ ဆိုး သွမ်း သော အ ပြု အ ကျင့် များ မှ ပြောင်း လဲ စေ ကြ ခဲ့ လေ ပြီ။
23
ငါ သည် အ နီး အ ပါး ၌ သာ ဘု ရား လော။ ဝေး ကွာ ရာ ၌ လည်း ဘု ရား မ ဟုတ် တုံ လော ဟူ ၍ လည်း ကောင်း၊
24
ငါ မ မြင် အောင် ကွယ် ဝှက် ရာ၌ ပုန်း ရှောင် နိုင် သူ ရှိ သ လော ဟူ ၍ လည်း ကောင်း၊ မိုး မြေ ကို နှံ့ ပြား သည် မ ဟုတ် လော ဟူ၍ လည်း ကောင်း၊ ငါ ထာ ဝ ရ ဘု ရား မေး လေ ၏။
25
အိမ် မက် မြင် ပြီ၊ မြင် ပြီ ဟု ဆို လျက်၊ ငါ့ နာ မ နှင့် မု သာ ဟော ပြော သော ပ ရော ဖက် တို့ စ ကား ကို ငါ ကြား ရ ပြီ။
26
မု သာ ဟော ပြော သော ပ ရော ဖက်၊ ကိုယ့် သ ဘော အ တိုင်း လှည့် စား သော ပ ရော ဖက်၊ ငါ့ နာ မ ကို မေ့ လျော့ ၍ ဗာ လ နတ် ကို သ တိ မူ သော ဘိုး ဘေး တို့ နည်း တူ၊ အ ချင်း ချင်း ပြန် ကြား သော အိပ် မက် များ ဖြင့်၊ ငါ့ နာ မ ကို လူ မျိုး တော် မေ့ လျော့ စေ ရန် ကြံ စည် သော ပ ရော ဖက် များ ၌၊ ထို သို့ စိတ် သ ဘော ရှိ သည် မှာ၊ မည် မျှ ကြာ အံ့ နည်း။
27
28
မြင် မက် သော ပ ရော ဖက် သည်၊ အိပ် မက် ကို ဘာ သာ ပြန် ကြား စေ။ ငါ့ ဗျာ ဒိတ် ကို ခံ ရ သော ပ ရော ဖက် လည်း၊ ဗျာ ဒိတ် တော် ကို မှန် ကန် စွာ ဆင့် ဆို စေ။ စ ပါး နှင့် ယှဉ် လျှင်၊ ကောက် ရိုး မည် သို့ နည်း ဟူ၍ လည်း ကောင်း၊
29
ငါ့ ဗျာ ဒိတ် တော် သည်၊ မီး သ ဖွယ်၊ ကျောက် ကို ထု ချေ သော တူ ကြီး သ ဖွယ် ဖြစ် သည် မ ဟုတ် လော ဟူ၍ လည်း ကောင်း၊ ငါ ထာ ဝ ရ ဘု ရား မေး သည် ဟု မိန့် တော် မူ ၏။
30
သို့ ဖြစ်၍၊ ငါ့ ဗျာ ဒိတ် တော် ကို အ ဆင့် ဆင့် ခိုး ယူ သော၊ ထို ပ ရော ဖက် တို့ တစ် ဘက်၌ ငါ နေ သည် ဟူ၍ လည်း ကောင်း၊
31
ဗျာ ဒိတ် တော် ရှိ သည် ဟု လျှာ လှည့် သော၊ ထို ပ ရော ဖက် တို့ တစ် ဘက် ၌ ငါ နေ သည် ဟူ၍ လည်း ကောင်း၊
32
ငါ စေ လွှတ် ခြင်း၊ မိန့် မှာ ခြင်း ကင်း လျက်၊ မု သာ အိပ် မက် များ ကို ဟော ပြော ပြန် ကြား ၍၊ မု သာ ဆို ခြင်း၊ ဝါ ကြွား ခြင်း များ ဖြင့်၊ ငါ့ လူ မျိုး တော် ကို အ ကျိုး မ ပေး တတ် သော လမ်း လွှဲ စေ သူ၊ ထို ပ ရော ဖက် တို့ တစ် ဘက် ၌ ငါ နေ သည် ဟူ၍ လည်း ကောင်း၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
33
ပ ရော ဖက် သော် လည်း ကောင်း၊ ပ ရော ဟိတ် သော် လည်း ကောင်း၊ ပြည် သူ ပြည် သား တို့ သော် လည်း ကောင်း၊ ထာ ဝ ရ ဘု ရား ၏ ဝန် တင် ချက် တော် ကား၊ အ သို့ နည်း ဟု မေး မြန်း လျှင်၊ ဝန် ထုပ် ဖြစ် သော သင် တို့ ကို ငါ ပစ် ချ မည့် ပြင်၊ ပ ရော ဖက် ဖြစ် စေ၊ ပ ရော ဟိတ် ဖြစ် စေ၊ ပြည် သူ ပြည် သား ဖြစ် စေ၊ ထာ ဝ ရ ဘု ရား ၏ ဝန် တင် ချက် တော် ဟု ဆို မှ၊ သူ့ ကို လည်း၊ အိမ် သူ အိမ် သား တို့ ပါ၊ ငါ ပြစ် ဒဏ် စီ ရင် မည့် အ ကြောင်း၊ ဆင့် ဆို လော့ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
34
35
လူ တိုင်း၊ ကိုယ့် စ ကား ကို ဝန် တင် ချက် လုပ် တတ် သည့် အ လျောက်၊ အ သက် ရှင် တော် မူ သော ဘု ရား၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ငါ တို့ ၏ ဘု ရား သ ခင် ဗျာ ဒိတ် တော် ချက် များ ကို၊ သင် တို့ မှောက် လှန် ကြ သော ကြောင့်၊ ထာ ဝ ရ ဘု ရား ၏ ဝန် တင် ချက် တော် ဟု နှုတ် မျှ မ သုံး ဘဲ၊ အ ပေါင်း အ ဖော် ချင်း၊ ဆွေ မျိုး သား ချင်း တို့ အား၊ ထာ ဝ ရ ဘု ရား သည် မည် သို့ တုံ့ ပြန် တော် မူ သ နည်း။ မည် သို့ မိန့် မြွက် တော် မူ သ နည်း ဟူ ၍ သာ မေး အပ် ကြ ၏။
36
37
ပ ရော ဖက် အား လည်း၊ ထာ ဝ ရ ဘု ရား သည် မည် သို့ တုံ့ ပြန် တော် မူ သ နည်း။ မည် သို့ မိန့် မြွက် တော် မူ သ နည်း ဟူ ၍ သာ မေး လျှောက် အပ် ၏။
38
ထာ ဝ ရ ဘု ရား ၏ ဝန် တင် ချက် တော် ဟု ဆို သူ တို့ အား၊ ထာ ဝ ရ ဘု ရား ၏ ဝန် တင် ချက် တော် ဟု မ ဆို စေ ရန် ငါ ပ ညတ် သော် လည်း၊ ထာ ဝ ရ ဘု ရား ၏ ဝန် တင် ချက် တော် ဟူ သော စ ကား ကို သုံး လေ့ ရှိ သေး သော ကြောင့်၊ သင် တို့ ကိုလည်း ကောင်း၊
39
ဘိုး ဘေး များ မှ စ၍ သင် တို့ အား၊ ငါ ပေး ခဲ့ သော မြို့ ကိုလည်း ကောင်း၊ ဝန် ထုပ် အ ဖြစ် ချီ မ၍ ရှေ့ တော် မှ ငါ ပစ် ချ မည့် ပြင်၊
40
ကာ လ အ စဉ် မ မေ့ မ လျော့ သော ကဲ့ ရဲ့ ရှုတ် ချ ခြင်း ကို သင် တို့ အ ပေါ် သို့ ငါ တင် မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။