1
ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း သည်၊ ငါ တို့ အား စစ် တိုက် ရေး နှင့် စပ် လျဉ်း၍၊ ထာ ဝ ရ ဘု ရား ထံ ငါ တို့ အ ဖို့ မေး လျှောက် ပါ။ ထို မင်း ဆုတ် ခွာ စေ အံ့ သော ငှာ၊ အံ့ ဖွယ် ရာ ရာ တော် အ လိုက်၊ ငါ တို့ ဘက်၌ ထာ ဝ ရ ဘု ရား စီ ရင် ကောင်း စီ ရင် တော် မူ လိမ့် မည် ဟု ကြား လျှောက် စေ ရန်၊ မေ လ ခိ သား ပါ ရှု ရ နှင့် ပ ရော ဟိတ် မာ သေ ယ သား ဇေ ဖ နိ တို့ ကို၊ ဇေ ဒ ကိ မင်း စေ လွှတ် သည့် ကာ လ၊ ယေ ရ မိ သို့ ရောက် လာ သော၊ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကို ဆို ဦး အံ့။
2
3
ထို သူ တို့ အား ယေ ရ မိ က၊ ဇေ ဒ ကိ မင်း ထံ ပြန် ကြား ရ မည့်၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင်၊ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကား၊ ဝန်း ဝိုင်း လျက် ရှိ သော၊ ဗာ ဗု လုန် ဘု ရင် နှင့် ခါ လ ဒဲ တပ် သား တို့ တစ် ဘက်၊ မြို့ ရိုး အပြင် တွင်၊ သင် တို့ စွဲ ကိုင် တိုက် ခိုက် သော လက် နက် ဓား သွား ကို၊ ငါ လှည့် ၍ မြို့ တွင်း သို့ ဆုတ် ဝင် စေ မည့် ပြင်၊
4
5
ဒေါ သ အ ရှိန် နှင့် မ ဟာ အ မျက် တော် ထား လျက်၊ အား ကြီး သော လက် ရုံး တော် ကို ဆန့် တန်း ၍၊ ငါ ကိုယ် တိုင် စစ် တိုက် မည့် အ လျောက်၊
6
ဒဏ် ခတ် တော် မူ သော ရော ဂ န္တ ရ ကပ် ကြောင့်၊ ဤ မြို့ နေ လူ သူ တိ ရ စ္ဆာန် တို့ သည် သေ ရ ကြ လ တ္တံ့။
7
ထို့ နောက်၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ရော ဂ န္တ ရ ကပ်၊ သ တ္တ န္တ ရ ကပ်၊ ဒု မ္ဘိ က္ခ န္တ ရ ကပ် များ မှ ကျန် ရစ် သော မြို့ သူ မြို့ သား တို့ နှင့် တ ကွ ယု ဒ ဘု ရင် ဇေ ဒ ကိ မင်း ကို၊ ကျေး ကျွန် သင်း ပင်း တို့ ပါ၊ ဗာ ဗု လုန် ဘုရင် နေ ဗု ခဒ် နေ ဇာ မင်း မှ စ သော၊ အ သက် အန္တ ရာယ် ရှာ ကြံ သူ ရန် ဘက် တို့ လက် တွင်း သို့၊ ငါ အပ် နှင်း သည့် အ လျောက်၊ ထို မင်း သည် စာ နာ ခြင်း၊ ညှာ တာ ခြင်း၊ သ နား ခြင်း ကင်း လျက်၊ ဓား ဖြင့် လုပ် ကြံ လိမ့် မည် ဟူ ၍ တည်း။
8
ဤ လူ မျိုး အား လည်း၊ ပြန် ကြား ရ မည့် ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကား၊ ရှင် ခြင်း လမ်း ကို လည်း ကောင်း၊ သေ ခြင်း လမ်း ကို လည်း ကောင်း၊ သင် တို့ ရှေ့ ငါ ထား သည့် အ လျောက်၊
9
ဤ မြို့ အ တွင်း တွင် နေ သေး သော သူ သည် သ တ္တ န္တ ရ ကပ်၊ ဒု ဗ္ဘိ က္ခ န္တ ရ ကပ်၊ ရော ဂ န္တ ရ ကပ် များ ကြောင့်၊ သေ ရ မည်။ ဝန်း ဝိုင်း သော ခါ လ ဒဲ တပ် သား တို့ ဘက် သို့ ထွက် သွား ကူး ဝင် သူ မှာ မူ၊ အ သက် ဆု ကို ရ ၍ ရှင် လ တ္တံ့။
10
ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ အ ကောင်း ကို မ ဟုတ်၊ အ ဆိုး ကို ပြု ရန် သာ၊ ဤ မြို့ အ ပေါ် တွင် မျက် နှာ တော် ထား သည့် အ လျောက်၊ မီး တိုက် မည့် ဗာ ဗု လုန် ဘု ရင် ၏ လက် တွင်း သို့ အပ် နှင်း မည် ဟူ၍ တည်း။
11
ယု ဒ မင်း ဆွေ၊ မင်း မျိုး အား လည်း ပြန် ကြား ရ မည် မှာ၊ အို ဒါ ဝိဒ် မင်း မျိုး၊ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကို နာ ခံ လော့။ သင် တို့ ဆိုး သွမ်း သော အ ပြု အ ကျင့် များ အ တွက်၊ အ မျက် တော် မ ငြိမ်း နိုင် သည့် တိုင် အောင်၊ မီး သ ဖွယ် ပေါက် ထွက် တောက် လောင် မည် စိုး၍၊ နံ နက် အ ချိန်၌ တ ရား သ ဖြင့် စီ ရင် လျက်၊ ညှဉ်း ပန်း သူ ၏ လက် တွင်း မှ အ လု အ ယက် ခံ ရ သူ့ ကို ကယ် လွှတ် ကြ ရ မည် ဟူ သော၊ ထာ ဝ ရ ဘု ရား ၏ အ မိန့် တော် ကို ပြန် ကြား လော့။
12
13
ငါ တို့ ရှိ ရာ သို့ ဆင်း ချီ၍၊ ခို လှုံ ရာ အ ရပ် များ သို့ ဝင် ဝံ့ သူ ကား၊ မည် သူ နည်း ဟု ဝါ ကြွား သူ၊ ချိုင့် တွင် လည်း ကောင်း၊ ခင် တန်း ရှိ ကျောက် တောင် ပေါ် တွင် လည်း ကောင်း၊ နေ ထိုင် သူ၊
14
ငါ သည် သင့် တစ် ဘက်၌ နေ လျက်၊ အ ပြု အ မူ ၏ အ ကျိုး ဆက် အ လျောက် အ စီ အ ရင် လာ ၍၊ ပတ် လည် ရှိ သမျှ ကျွမ်း လောင် ရန် မီး ကို၊ သစ် တော တွင် မွေး မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ ယေ ရ မိ ပြန် ဆို လေ ၏။