ယေ​ရ​မိ-22

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထာ ဝ ရ ဘု ရား က လည်း၊ ယု ဒ ဘု ရင် ၏ နန်း သို့ ဆင်း သွား လျက်၊ ဤ တံ ခါး များ ဖြင့် ဝင် ထွက် သူ၊ ဒါ ဝိဒ် မင်း နန်း ဆက် သော အို ယု ဒ ဘု ရင်၊ ကျေး ကျွန် သင်း ပင်း နှင့် ပြည် သူ ပြည် သား တို့ ပါ၊ ထာ ဝ ရ ဘု ရား ၏ အ မိန့် တော် ကို နာ ခံ ပါ ဟု ကြော် ငြာ လျက်၊ ဤ ဗျာ ဒိတ် တော် ချက် ကို ဆင့် ဆို လော့။
  • 2
  • 3 ဝင် နေ သူ၊ ဖ သက် ဆိုး၊ မု ဆိုး မ တို့ အား နှိပ် စက် ကြမ်း ကြုတ် ခြင်း၊ ဤ အ ရပ် ဒေ သ ၌ အ ပြစ် ကင်း သူ တို့ ၏ အသွေး သွန်း ခြင်း များ ကို မ ပြု ဘဲ၊ ညှဉ်း ပန်း သူ ၏ လက် တွင်း မှ အ လု အ ယက် ခံ ရ သူ့ ကို ကယ် လွှတ် လျက်၊ တ ရား သ ဖြင့် စီ ရင် ဆုံး ဖြတ် ကြ လော့။
  • 4 ထို အ တိုင်း ပြု ကြ သည် မှန် လျှင်၊ ဒါ ဝိဒ် မင်း ၏ နန်း ဆက် ဘု ရင် တို့ သည်၊ ကျေး ကျွန် သင်း ပင်း နှင့် ပြည် သူ ပြည် သား တို့ ပါ၊ ရ ထား စီး လျက်၊ မြင်း စီး လျက်၊ ဤ နန်း မြို့ ရိုး တံ ခါး များ ဖြင့် ဝင် ထွက် ခွင့် ရ ကြ လိမ့် မည်။
  • 5 နား မ ထောင် ကြ လျှင် မူ ကား၊ ဤ နန်း သည် ဖုန်း ဆိုး ကုန်း ဖြစ် လိမ့် မည် ဟု၊ ကိုယ် တိုင် တော် ကို တိုင် တည်၍၊ ငါ ထာ ဝ ရ ဘု ရား သစ္စာ မူ ကြောင်း၊ ဆင့် ဆို လော့ ဟု မိန့် တော် မူ ၏။
  • 6 ယု ဒ မင်း ဆွေ၊ မင်း မျိုး တို့ ကို ရည် လျက်၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ ဂိ လဒ် နယ်၊ လေ ဗ နုန် တောင် ထိပ် သ ဖွယ်၊ ငါ မှတ် ယူ သော သင့် ကို၊ နေ သူ မဲ့ မြို့ ပျက်၊ တော ကဲ့ သို့ ဖြစ် စေ မည်။
  • 7 ကိုယ် စီ ကိုယ် ငှ လက် နက် ကိ ရိ ယာ ပါ မည့် ဖျက် ဆီး သူ တို့ ကို၊ ငါ စီ မံ သည့် အ လျောက်၊ ပြည် နယ် ရှိ အ မြတ် ဆုံး သစ် က တိုး ပင် များ ကို ခုတ် လှဲ၍၊ မီး ထဲ သို့ ပစ် ချ ကြ လိမ့် မည်။
  • 8 ဤ မြို့ ကို သီ သွား သူ လူ မျိုး ခြား တို့ က၊ မြို့ တော် ကြီး၌ ထို အ တိုင်း ထာ ဝ ရ ဘု ရား စီ ရင် တော် မူ ခြင်း ကား၊ အ သို့ နည်း ဟု အ ချင်း ချင်း မေး မြန်း ကြ လျှင်၊
  • 9 ထို လူ မျိုး သည်၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် ကို စွန့် ပယ် လျက်၊ အ ခြား ဘု ရား များ အား ရှိ ခိုး ဝတ် ပြု ကြ သော ကြောင့် တည်း ဟု တုံ့ ပြန် ကြ လိမ့် မည် ဟူ ၍ တည်း။
  • 10 ကွယ် လွန် သော မင်း အ တွက်၊ စာ နာ ငို ကြွေး ခြင်း ကို မ ပြု ကြ နှင့်။ ပြည် ရင်း ကို ပြန် လာ ရှု မြင် ခွင့် မ ရ ဘဲ၊ စွန့် ခွာ ရ သော မင်း အ တွက်၊ ငို ကြွေး မြည် တမ်း ကြ လော့။
  • 11 အ သို့ ကြောင့် ဆို သော်၊ ခ မည်း တော် ယော ရှိ မင်း အ ရိုက် အ ရာ၌ နန်း စံ သော၊ ဤ အ ရပ် ဒေ သ မှ စွန့် ခွာ ရ သူ ယု ဒ ဘု ရင် ရှ လ္လုံ မင်း နှင့် စပ် လျဉ်း ၍၊ ထာ ဝ ရ ဘု ရား က၊ ထို မင်း သည် ပြန် လာ တော့ မည် မ ဟုတ်။
  • 12 ဤ ပြည် ကို၊ နောင် ရှု မြင် ခွင့် မ ရ ဘဲ၊ သိမ်း သွား ရာ အ ရပ် ဒေ သ ၌ ပင်၊ ကွယ် လွန် ရ လ တ္တံ့ ဟု မိန့် တော် မူ ၏။
  • 13 ကြီး မြင့် သော နန်း တော် ကို၊ ကျယ် ဝန်း သော အ ထက် ခန်း များ ပါ၊ တည် ဆောက် မည် ဟု အောက် မေ့ သည့် အ တိုင်း၊ လေ သာ ပြူ တင်း ဖောက် ခြင်း၊ သစ် က တိုး ပျဉ် နှင့် မိုး ကာ ခြင်း၊ ဆေး နီ သုတ် ခြင်း များ ဖြင့်၊ ပြည် သား တို့ ကို အ ခ မဲ့ အ ချည်း နှီး စေ ခိုင်း ၍၊ အ ဓ မ္မ ပြု ခြင်း၊ မ ဖြောင့် မတ် ခြင်း ဖြင့်၊ နန်း တော် ကို၊ အ ခန်း များ ပါ၊ တည် ဆောက် သော မင်း သည်၊ အ မင်္ဂ လာ ရှိ ၏။
  • 14
  • 15 သစ် က တိုး ကို သာ လုံ့ လ ထုတ်၍ မင်း ပြု အပ် သ လော။ ခ မည်း တော် သည် ပွဲ တော် တည် လျက် ပင်၊ တ ရား သ ဖြင့် စီ ရင် ဆုံး ဖြတ် သော ကြောင့်၊ စည်း စိမ် ချမ်း သာ ရှိ သည် မ ဟုတ် လော။
  • 16 ဆင်း ရဲ နွမ်း ပါး သူ တို့ အ မှု ကို စီ ရင် သည် နှင့် စည်း စိမ် ချမ်း သာ ရှိ၏။ ထို သို့ ပြု ခြင်း ကား၊ ငါ့ ကို ကျွမ်း ဝင် ရာ ရောက် သည် မ ဟုတ် လော ဟု၊ ထာ ဝ ရ ဘု ရား မေး တော် မူ ၏။
  • 17 ဘု ရင် မင်း မှာ မူ၊ လော ဘ မှု၊ အ ပြစ် ကင်း သူ တို့၏ အ သွေး သွန်း မှု၊ ညှဉ်း ပန်း နှိပ် စက် မှု များ ကို သာ မျက် နှာ သာ ပေး လျက်၊ စိတ် တိုင်း ကျ သည် တ ကား။
  • 18 သို့ ဖြစ်၍၊ ယော ရှိ မင်း သား တော်၊ ယု ဒ ဘု ရင် ယော ယ ကိမ် မင်း ကို ရည် လျက်၊ ထာ ဝ ရ ဘု ရား က၊ ထို မင်း သည်၊ အို နောင် တော်၊ အို အစ် မ တော်၊ အို ဘုန်း ကြီး သော အ ရှင် ဘု ရား ဟု၊ မြည် တမ်း ခြင်း မ ခံ ရ ဘဲ၊
  • 19 ယေ ရု ရှ လင် မြို့ တံ ခါး ပြင် သို့ ဆွဲ ငင် ထုတ် ပစ် ခြင်း၊ မြည်း သေ ကောင် သ ဖွယ် သင်္ဂြိုလ် ခြင်း ကို ခံ ရ လ တ္တံ့ ဟု မိန့် တော် မူ ၏။
  • 20 ချစ် ကျွမ်း ဝင် သူ အ ပေါင်း တို့ သည် ပျက် စီး ရာ ရောက် ကြ ပြီ ဖြစ် သော ကြောင့်၊ လေ ဗ နုန် တောင်၌ အော် ဟစ် ခြင်း၊ ဗာ ရှန် ပြည်၌ အ သံ လွှင့် ခြင်း၊ အာ ဗာ ရိမ် အ ရပ်၌ ဟစ် ခေါ် ခြင်း ကို ပြု ရန် တက် သွား လော့။
  • 21 ငယ် ရွယ် စဉ် က စ ၍၊ ငါ့ ဗျာ ဒိတ် ကို နာ ခံ လေ့ မ ရှိ သည့် အ လျောက်၊ စည်း စိမ် ချမ်း သာ ရှိ စဉ် ကာ လ တွင် ငါ မိန့် မြွက် သော် လည်း၊ နာ ခံ မည် မ ဟုတ် ဟု သင် ငြင်း ဆို လေ ၏။
  • 22 သင့် အ ထိန်း အ ကျောင်း များ ကို၊ လေ ပြင်း ထိန်း ကျောင်း လိမ့် မည်။ ချစ် ကျွမ်း ဝင် သူ တို့ လည်း၊ သုံ့ ပန်း သိမ်း သွား ခံ ရ ကြ သ ဖြင့်၊ ကိုယ့် ဆိုး သွမ်း မှု ရှိ သ မျှ အ တွက်၊ သင် အ ရှက် ကွဲ၍ အ သ ရေ ပျက် လိမ့် မည်။
  • 23 သစ် က တိုး တော ၌ သိုက် မြုံ ရှိ သော၊ အို လေ ဗ နုန် တောင် ပေါ် တွင် နေ ထိုင် သူ၊ မီး ဖွား သော မိန်း မ ကဲ့ သို့၊ ဝေ ဒ နာ ခံ စား ၍ နာ ကျင် ရ သည့် ကာ လ၊ မည် မျှ ညည်း တွား ရ ရှာ လိမ့် တ ကား။
  • 24 အ သက် တော် ကို တိုင် တည် ၍၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ယော ယ ကိမ့် သား၊ ယု ဒ ဘု ရင် ဖြစ် သော အို ယေ ခေါ နိ မင်း၊ သင် သည် ငါ့ လက်ျာ လက် တော် ၌ တံ ဆိပ် ဖြစ် သော် လည်း၊
  • 25 ငါ ချွတ် ၍၊ သင့် အ သက် အ န္တ ရာယ် ကို ရှာ ကြံ သူ၊ သင် ကြောက် ရွံ့ သော ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း နှင့် ခါ လ ဒဲ တပ် သား တို့ လက် တွင်း သို့ အပ် နှင်း သည့် အ လျောက်၊
  • 26 ဖွား မြင် သော မယ် တော် ပါ၊ ချက် သို ရာ ပြည် မ ဟုတ်၊ အ ခြား ပြည် သို့ ထုတ် ပစ် သ ဖြင့်၊ ပြန် လာ စိတ် စွဲ လမ်း သော ပြည် ကို ပြန် လာ ခွင့် မ ရ ဘဲ၊ ထို အ ရပ် တွင် ပင် သေ ရ ကြ လ တ္တံ့။
  • 27
  • 28 ဤ ယေ ခေါ နိ မင်း သည်၊ မ ထီ လေး စား ဖွယ် ကျိုး ပျက် ပြီး ရွှံ့ ရုပ်၊ မ နှစ် မြို့ ဖွယ် သော မြေ အိုး မျှ သာ ဖြစ် သ လော။ မ ရောက် ဘူး သော ပြည် သို့ အ ဆက် အ နွယ် ပါ၊ ထုတ် ပစ် စွန့် လွှတ် ခံ ရ ကြ သည် မှာ၊ အ သို့ ကြောင့် နည်း။
  • 29 အို ပြည် တော်၊ အို ပြည် တော်၊ အို ပြည် တော်၊ ငါ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကို နာ ခံ လော့။
  • 30 ထို မင်း ၏ အ ဆက် အ နွယ် အ နက်၊ ယု ဒ ပြည် ကို မင်း ပြု လျက်၊ ဒါ ဝိဒ် မင်း ၏ နန်း ကို ဆက် ခံ ထ မြောက် သူ တစ် ဦး တစ် ယောက် မျှ မ ရှိ သည် နှင့် အ ညီ၊ ကိုယ့် အ သက် တာ တွင် အ ထ မ မြောက်၊ မင်း မျိုး ပြတ် သည် ဟူ ၍ ရေး သွင်း လော့ ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ၏။
回到本卷目录 回到本版本目录 回到首页