1
ဘု ရား သ ခင်၏ ဗိ မာန် တော် သို့ ဝင် သော အ ခါ၊ သင့် ခြေ ကို စောင့် စည်း လော့။ ချဉ်း ကပ် နာ ယူ သော အ မှု သည်၊ လူ မိုက် တို့ ဆက် ကပ် ပူ ဇော် သ က္ကာ ထက် သာ၍ မြတ်၏။ ထို လူ မိုက် တို့ သည် အ မှတ် မဲ့ အ ဆိုး ကို ပြု တတ် ကြ၏။
2
ဘု ရား သ ခင် ရှေ့ တော် တွင်၊ မြန် သော နှုတ် ဖြင့် ဆို ခြင်း၊ လျင် သော စိတ်၌ မြွက် ခြင်း များ ကို မ ပြု နှင့်။ ဘု ရား သ ခင် ကား၊ ကောင်း ကင် ဘုံ၌ ရှိ တော် မူ သည်။ သင် ကား၊ မြေ ပေါ် တွင် ရှိ သည် ကို ထောက်၍ စ ကား မ များ ရာ။
3
ဝေ ယျာ ဝ စ္စ များ သော ကြောင့်၊ အိပ် မက် တတ် သည့် နည်း တူ၊ စ ကား ပေါ များ သော ကြောင့်၊ လူ မိုက် ဇာ တိ ပေါ် တတ်၏။
4
ဘု ရား သ ခင့် ရှေ့ တော် တွင် သ စ္စာ ဆို ခဲ့ လျှင်၊ ဖြေ ရန် မ နှောင့် နှေး နှင့်။ လူ မိုက် တို့ အား နှစ် သက် တော် မ မူ သော ကြောင့်၊ သင် ထား သော သ စ္စာ ဝတ် ကို ဖြေ လော့။
5
ဆို၍ မ ဖြေ ခြင်း ထက်၊ မ ဆို ခြင်း သည် သာ ၍ ကောင်း ၏။
6
ကိုယ် သည် နှုတ် ကြောင့် ပြစ် မှား ရာ မ ရောက် စေ နှင့်။ ထို အ မှု ကို မှောက် မှား မိ သည် ဟု၊ စေ တ မန် တော့် ရှေ့ ဖြောင့် ဆို ရာ မ ရောက် စေ နှင့်။ ဘု ရား သ ခင် သည်၊ သင့် စ ကား ကြောင့် အ မျက် တော် ထား လျက်၊ သင်၏ လက် မှု ကို မည် သည့် အ ကြောင်း ကြောင့် ပယ် ဖျက် တော် မူ ရ အံ့ နည်း။
7
အိပ် မက် ခြင်း၊ စ ကား ပြော ခြင်း အ မြောက် အ မြား ကြောင့်၊ အ န တ္တ အ မှု ဖြစ် ပွား တတ်၏။ သင် မူ ကား၊ ဘု ရား သ ခင် ကို ခန့် ညား လော့။
8
ပြည် နိုင် ငံ တွင် ဆင်း ရဲ သား တို့ ကို ညှဉ်း ပန်း ခြင်း၊ မ တ ရား သ ဖြင့် စီ ရင် ခြင်း၊ တ ရား လွှဲ ဖယ် ခြင်း များ ကို မြင် လျှင်၊ အံ့ အား မ သင့် နှင့်။ အ ကြီး အ ကဲ တို့ အ ပေါ် တွင် မင်း များ ရှိ ကြ သည့် ပြင်၊ ကြည့် ရှု သော အ ရှင် တစ် ပါး ရှိ သေး၏။
9
လယ် မြေ ကို ပြု စု သော ဘု ရင် မင်း သည်၊ တိုင်း ကျိုး ပြည် ကျိုး ကို အ ရာ ရာ၌ ဖြစ် ထွန်း စေ တတ် ၏။
10
ငွေ ကို ခုံ မင် သော သူ သည်၊ ငွေ နှင့် လည်း ကောင်း၊ ကြွယ် ဝ ခြင်း ကို ခုံ မင် သော သူ လည်း၊ စည်း စိမ် ဥ စ္စာ နှင့် လည်း ကောင်း၊ တင်း မ တိမ်၊ ဤ အ ချင်း အ ရာ ကား၊ အ န တ္တ ဖြစ်၏။
11
ဥ စ္စာ ပ စ္စည်း တိုး ပွား သော အ ခါ၊ စား သူ များ ပြား သည် ဖြစ်၍၊ ပ စ္စည်း ရှင်၌ မျက် စိ ကြည့် မြင် ရုံ မှ တစ် ပါး၊ မည် သည့် အ ကျိုး ရှိ သေး သ နည်း။
12
အ လုပ် ကြမ်း လုပ် ကိုင် သူ သည်၊ အ စာ ဝ သည် ဖြစ် စေ၊ မ ဝ သည် ဖြစ် စေ၊ အိပ်၍ ပျော် တတ်၏။ သူ ဌေး မူ ကား၊ ကြွယ် ဝ ခြင်း ကြောင့် အိပ်၍ မ ပျော် နိုင် ချေ။
13
နေ အောက် တွင် ဘေး ဆိုး တစ် မျိုး ကို ငါ မြင် ရ သည် မှာ၊ ဥ စ္စာ ရှင် သည်၊ ကိုယ် ကျိုး ကို ဖျက်၍ ပ စ္စည်း ကို သိမ်း ဆည်း ရာ၌၊
14
မ ကောင်း သော အ မှု အ ရာ ကြောင့် ကုန် ခန်း သ ဖြင့်၊ အ မွေ ခံ သား သည်၊ လက် ချည်း ပင် နေ ရ သ တည်း။
15
မိ ခင့် ဝမ်း မှ လာ ခဲ့ ရ သည့် အ တိုင်း၊ မည် သည့် လုပ် ကိုင် ကျိုး ကို မျှ မ ကိုင် မ ဆွဲ ဘဲ၊ အ ချည်း စည်း ပြန် သွား ရ၏။
16
ထို သူ သည်၊ အ ရာ ရာ တွင် လာ ခဲ့ ရ သည့် နည်း သူ၊ ပြန် သွား ရ သည့် အ ကြောင်း မှာ၊ ဘေး ဆိုး ဖြစ်၏။ လေ ကို ရ ရန် သာ လုပ် ကိုင် ရ သော ထို သူ၌၊ မည် သည့် အ ကျိုး ရှိ သ နည်း။
17
တစ် သက် ပတ် လုံး မှောင် မိုက်၌ စား သောက် လျက်၊ ပူ ဆွေး ခြင်း၊ ရော ဂါ စွဲ ခြင်း၊ အ မျက် ထွက် ခြင်း များ ကို ခံ ရ သ တည်း။
18
သင့် လျော် သော အ ခြင်း အ ရာ ကို ငါ မြင် ရ သည် မှာ၊ ဘု ရား သ ခင် ပေး တော် မူ သော နေ့ ရက် ပိုင်း အ တွင်း၊ ကိုယ် ကျိုး ဖြစ် သည် နှင့် အ ညီ၊ စား သောက် ခြင်း၊ နေ အောက် တွင် ကြိုး ပမ်း စွာ လုပ် ကိုင် သ မျှ၌ ရွှင် လန်း ခြင်း တည်း။
19
မည် သူ ၌ မ ဆို၊ စည်း စိမ် ချမ်း သာ ကို ပေး တော် မူ၍၊ ခံ စား ခွင့်၊ တာ ဝန် အ တိုင်း ဆောင် ရွက် ခွင့်၊ လုပ် ကိုင် မှု၌ ရွှင် လန်း ခွင့် များ ကား၊ ဘု ရား သ ခင်၏ ဆု ကျေး ဇူး တော် တည်း။
20
ဘု ရား သ ခင် သည်၊ ထို သူ၏ စိတ် ရွှင် လန်း ရာ ရွှင် လန်း ကြောင်း ကို၊ သ နား တုံ့ ပြန် တော် မူ သော ကြောင့်၊ အ သက် တာ၌ ကြောင့် ကြ ခြင်း မ ရှိ ချေ။