1
မိုး ကောင်း ကင် အောက် တွင် ခပ် သိမ်း သော အ ခြင်း အ ရာ အ မှု အ ရေး အ ဖို့၊ ရွယ် ထား သော အ ချိန် ရှိ ၏။
2
ဖွား မြင် ရန် အ ချိန် နှင့် သေ လွန် ရန် အ ချိန်၊ စိုက် ပျိုး ရန် အ ချိန် နှင့် စိုက် ပျိုး ရာ ကို နုတ် ပစ် ရာ အ ချိန်၊ ကွပ် မျက် ရန် အ ချိန် နှင့် ကု သ ရန် အ ချိန်။
3
ဖြို ဖျက် ရန် အ ချိန် နှင့် တည် ဆောက် ရန် အ ချိန်။
4
ငို ကြွေး ရန် အ ချိန် နှင့် ရယ် မော ရန် အ ချိန်၊ ညည်း တွား ရန် အ ချိန် နှင့် က ခုန် ရန် အ ချိန်။
5
ကျောက် များ ကို ပစ် ကြဲ ရန် အ ချိန် နှင့် ကောက် သိမ်း ရန် အ ချိန်၊ တွဲ ဘက် ရန် အ ချိန် နှင့် ခွဲ ခွာ ရန် ချိန်။
6
ရှာ ဖွေ ရန် အ ချိန် နှင့် ဖျောက် ဖျက် ရန် အ ချိန်၊ စောင့် ထိန်း ရန် အ ချိန် နှင့် စွန့် ပစ် ရန် အ ချိန်။
7
ဆုတ် ဖဲ့ ရန် အ ချိန် နှင့် ချုပ် စပ် ရန် အ ချိန်၊ တိတ် ဆိတ် ရန် အ ချိန် နှင့် ပြော ဆို ရန် အ ချိန်။
8
ချစ် ခင် ရန် အ ချိန် နှင့် မုန်း ထား ရန် အ ချိန်၊ စစ် တိုက် ရန် အ ချိန် နှင့် ငြိမ်း ဧ ရန် အ ချိန် များ ရှိ၏။
9
လုပ် ဆောင် ရ သူ သည်၊ ကိုယ့် လုပ် ကိုင် မှု ဖြင့်၊ မည် သည့် အ ကျိုး ရှိ သ နည်း။
10
လူ့ သား တို့ ပြု ကျင့် ရန်၊ ဘု ရား သ ခင် ထား တော် မူ သော တာ ဝန် ကို ငါ သိ မြင် သည် မှာ၊
11
အ မှု အ ရာ ခပ် သိမ်း ကို အ ခါ သ မ ယ အ လိုက်၊ တင့် တယ် စွာ ဖန် ဆင်း တော် မူ သည့် ပြင်၊ လူ တို့ သည် ဘု ရား သ ခင် ပြု ပြင် တော် မူ ရာ ကို၊ အ စ က အ ဆုံး တိုင် အောင် ရှာ၍ မ တွေ့ လျက် ပင်၊ နိ စ္စ အ ရာ ကို စိတ်၌ စွဲ လမ်း စေ တော် မူ ၏။
12
အ သက် ရှင် စဉ် တွင်၊ ကောင်း စား ခြင်း နှင့် ရွှင် လန်း ခြင်း ထက်၊ လူ တို့၌ ကောင်း သော အ ရာ မ ရှိ ကြောင်း ကို လည်း ကောင်း၊
13
လူ တိုင်း စား သောက် ခြင်း၊ လုပ် ကိုင် သ မျှ၌ စိတ် ရွှင် လန်း ခြင်း များ သည်၊ ဘု ရား သ ခင့် ဆု ကျေး ဇူး ဖြစ် ကြောင်း ကိုလည်း ကောင်း၊ ငါ သိ ၏။
14
ဘု ရား သ ခင် ပြု တော် မူ သ မျှ သော အ မှု သည် အ စဉ် တည် ၍၊ ထပ် ဆင့် ခြင်း၊ နုတ် ယူ ခြင်း ငှာ မ စွမ်း နိုင် ကြောင်း၊ ရှေ့ တော် တွင် လူ တို့ ခန့် ညား ရ ကြ စေ ရန်၊ ထို သို့ စီ ရင် တော် မူ ကြောင်း များ ကို ငါ သိ ၏။
15
ပ စ္စု ပ္ပန် အ ဖြစ် နှင့် အ နာ ဂတ် အ ဖြစ် များ ရှိ နှင့် ခဲ့ ပြီ။ အ တိတ် အ ရာ ကို လည်း ဘု ရား သ ခင် ရှာ ဖွေ တော် မူ၏။
16
၎င်း ပြင်၊ နေ အောက် တွင် တ ရား ဆုံး ဖြတ် ရာ ဒေ သ နှင့် ဖြောင့် မတ် ရာ ဒေ သ များ၌၊ ဆိုး သွမ်း ခြင်း တည် သည် ကို သိ မြင် ၍၊
17
ငါ က၊ အ ခြင်း အ ရာ အ ပြု အ မူ ရှိ သ မျှ အ ဖို့၊ ရှေ့ တော် တွင် အ ချိန် ရှိ သ ဖြင့်၊ လူ ကောင်း နှင့် လူ ဆိုး တို့ ကို၊ ဘု ရား သ ခင် စီ ရင် ဆုံး ဖြတ် တော် မူ မည် ဟု အောက် မေ့ ၏။
18
လူ သား တို့ နှင့် စပ် လျဉ်း၍ ငါ အောက် မေ့ သည် ကား။ ဘု ရား သ ခင် စံ ချ၍ ပြ တော် မူ သ ဖြင့်။ တိ ရ စ္ဆာန် ဖြစ် သည် ကို၊ ကိုယ် တိုင် သိ ကြ စေ ခြင်း ငှာ တည်း။
19
အ ဘယ့် ကြောင့် ဆို သော်၊ လူ သား တို့ နှင့် တိ ရ စ္ဆာန် တို့ အ ဖြစ် အ ပျက် ချင်း တူ လျက်၊ နှစ် မျိုး လုံး၌ တစ် ရပ် တည်း ဖြစ် ပျက် သည် နှင့် အ ညီ၊ တစ် မျိုး သေ က တစ် မျိုး သေ တတ်၏။ အား လုံး ပင် သက် ဇီ ဝ တစ် မျို တည်း ရှိ ကြ၍၊ လူ သည် တိ ရ စ္ဆာန် ထက် မ မြတ် ချေ။ အ ရာ ခပ် သိမ်း သည် အ န တ္တ ဖြစ်၏။
20
အား လုံး တို့ သည် မြေ မှုန့် ဖြစ်၍၊ မြေ မှုန့် သို့ ပြန် သွား ရ သ ဖြင့်၊ တစ် နေ ရာ တည်း ရောက် ကြ ရ၏။
21
လူ သား တို့ သက် ဇီ ဝ သည်၊ အ ပေါ် သို့ တက် သည် ကို လည်း ကောင်း၊ တိ ရ စ္ဆာန် တို့ သက် ဇီ ဝ လည်း၊ အောက် မြေ သို့ ဆင်း သည် ကို လည်း ကောင်း၊ မည် သူ သိ သ နည်း။
22
လူ သည် အ ပြု အ မူ၌ ရွှင် လန်း ခြင်း ထက်၊ ကောင်း သော အ ရာ မ ရှိ သည် ကို ငါ သိ မြင်၏။ ထို ရွှင် လန်း ခြင်း ကား၊ ကိုယ် ကျိုး ဖြစ် သ တည်း။ အ နာ ဂတ် အ ဖြစ် အ ပျက် ကို သိ စေ ခြင်း ငှာ၊ သူ့ ကို မည် သူ ပြန် ခေါ် နိုင် သ နည်း။