1
၎င်း ပြင် ငါ က၊ ရွှင် လန်း ခြင်း အား ဖြင့် ကိုယ် ကို စမ်း သပ်၍၊ အ ကောင်း စား ရ မည် ဟု အောက် မေ့ ရာ တွင်၊ ထို အ ရာ လည်း၊ အ န တ္တ ဖြစ် လေ စွ။
2
ရယ် မော ခြင်း အား၊ ရူး သွပ် သည် ဟူ၍ လည်း ကောင်း၊ ရွှင် လန်း ခြင်း အား လည်း မည် သည့် အ ကျိုး ကို ဖြစ် စေ သ နည်း ဟူ လည်း ကောင်း၊ ငါ ဆို ရ၏။
3
လူ့ သား တို့ သည် အ သက် တာ နေ့ ရက် ပိုင်း၌၊ မိုး ကောင်း ကင့် အောက် တွင် ပြု သင့် ရာ ကို မ သိ မ ချင်း၊ ဉာဏ် က လိ မ္မာ စွာ ပြု ပြင် လျက်၊ ကိုယ် ခ န္ဓာ ကို စ ပျစ် ရည် ဖြင့် အား ရှိ စေ ရန် လည်း ကောင်း၊ မိုက် မဲ ခြင်း ကို လည်း စွဲ ကိုင် စေ ရန် လည်း ကောင်း၊ စိတ် နှ လုံး၌ ငါ ကြံ စည်၏။
4
ကြီး ကျယ် စွာ ငါ စီ မံ သည် မှာ၊ တိုက် အိမ် များ ကို တည် ဆောက် ခြင်း၊ စ ပျစ် ဥ ယျာဉ် များ ကို စိုက် ပျိုး ခြင်း။
5
ဥ ယျာဉ်၊ ခြံ များ ကို ပြု ပြင်၍၊ အ သီး အ ပင် အ မျိုး မျိုး ကို စိုက် ပျိုး ခြင်း။
6
မျိုး ပင် များ ကို ပြု စု ရာ၊ ပျိုး ခင်း၌ ရေ သွင်း ရန် ကန် တူး ဖော် ခြင်း များ ကို စီ မံ ၏။
7
ယောက်ျား မိန်း မ ကျွန် ပိုင် များ ရှိ၍၊ အိမ် ပေါက် သား တို့ ကို ရ သည့် ပြင်၊ ငါ့ အ ရင်၊ ယေ ရု ရှ လင် မြို့၌ ရှိ နှင့် သူ အ ပေါင်း တို့ ထက်၊ သိုး၊ ဆိတ်၊ နွား များ ပြည့် စုံ ကြွယ် ဝ လျက်၊
8
ရွှေ ငွေ မှ စ သော၊ မင်း မြောက် တန် ဆာ နှင့် ပြည် နိုင် ငံ အ ခွန် အ တုတ် အ များ ကို စု သိမ်း၍၊ အ ငြိမ့် တော် ယောက်ျား မိန်း မ တို့ ကို လည်း ကောင်း၊ လူ့ သား တို့ ပျော် မွေ့ ရာ အ သိမ်း အ ပြောင် တို့ ကို လည်း ကောင်း၊ ငါ ပိုင် ဖြစ် သ ဖြင့်၊
9
ငါ့ အ ရင်၊ ယေ ရု ရှ လင် မြို့ တွင် ရှိ နှင့် သူ အ ပေါင်း တို့ ထက်၊ ကြီး မြင့် တိုး ပွား ၍၊ ဉာဏ် ပ ညာ လည်း ငါ၌ တည် သေး၏။
10
စ က္ခု အာ ရုံ တစ် စုံ တစ် ခု ကို မျှ ငါ မ ငြင်း၊ အ လုပ် အ ကိုင် သည် ကိုယ် ကျိုး ဖြစ် သည် နှင့်၊ လုပ် ကိုင် သ မျှ အ တွက် ငါ ရွှင် လန်း ၍၊ စိတ် ရွှင် လန်း ရာ အ ကြောင်း တစ် စုံ တစ် ခု ကို မျှ ငါ မ ပယ်။
11
ထို့ နောက်၊ ငါ့ လက် မှု ရှိ သ မျှ နှင့် ကြိုး ပန်း စွာ လုပ် ကိုင် မှု ကို စဉ်း စား ရာ၊ အ လုံး စုံ ပင် အ န တ္တ အ မှု၊ လေ ကို ကျက် စား သော အ မှု ဖြစ်၍၊ နေ အောက် တွင် ကောင်း ကျိုး မ ရှိ ဟု သိ မြင် ရ ၏။
12
တစ် ဖန် တုံ၊ ဘု ရင် မင်း ထက်၊ နောက် ထပ် လာ သူ သည် မည် သို့ ပြု နိုင် သ နည်း။ ပြု ရင်း တိုင်း သာ ပြု နိုင် သည် ကို ထောက် ၍၊ ငါ သည် ဉာဏ် ပ ညာ ကို လည်း ကောင်း၊ ရူး သွပ် ခြင်း နှင့် မိုက် မဲ ခြင်း ကို လည်း ကောင်း၊ ဆင် ခြင် ရာ၊
13
မှောင် မိုက် ထက် အ လင်း မြတ် သည့် နည်း တူ၊ မိုက် မဲ ခြင်း ထက် ပ ညာ မြတ် ကြောင်း ကို ငါ သိ မြင်၏။
14
ပ ညာ ရှိ၏ မျက် စိ သည်၊ ဦး ခေါင်း ၌ တည် ၍၊ လူ မိုက် ကား၊ မှောင် တွင် သာ ကျင် လည် တတ် သော် လည်း၊ နှစ် ဦး လုံး၌ တစ် မျိုး တည်း ဖြစ် ပျက် ကြောင်း ကို သိ မြင် ၍၊
15
ငါ က၊ လူ မိုက်၌ ဖြစ် ပျက် သ ကဲ့ သို့၊ ငါ၌ လည်း ဖြစ် ပျက် ခဲ့ မူ၊ မည် သည့် အ ကြောင်း ကြောင့် ထူး မြတ် သော ပ ညာ ရှိ သ နည်း ဟူ ၍ လည်း ကောင်း၊ ပ ညာ ရှိ ခြင်း လည်း အ န တ္တ ဖြစ် သည် ဟူ ၍ လည်း ကောင်း၊ အောက် မေ့ လေ ၏။
16
နောင် ကာ လ၌၊ အ လုံး စုံ ကို မေ့ လျော့ နှင့် သည့် အ တိုင်း၊ လူ မိုက် ကဲ့ သို့ ပ ညာ ရှိ ကို လည်း အ စဉ် သ တိ ရ ခြင်း မ ရှိ ချေ။ ပ ညာ ရှိ သည်၊ လူ မိုက် နည်း တူ ပင်၊ သေ ဆုံး ရ လေ စွ တ ကား။
17
သို့ နှင့် အ ညီ၊ နေ အောက် တွင် ပြု လုပ် သ မျှ သော အ မှု အ ရာ သည်၊ ငါ၌ ဆိုး ယုတ် သော ကြောင့်၊ အ သက် ရှင် ခြင်း ကို ငါ စက် ဆုပ်၏။ အ လုံး စုံ သည် အ န တ္တ အ မှု၊ လေ ကို ကျက် စား သော အ မှု ဖြစ် ၏။
18
၎င်း ပြင်၊ နေ အောက် တွင် ကြိုး ပန်း စွာ လုပ် ကိုင် သ မျှ ကို၊ နောက် ဖြစ် လာ သူ့ အ ဖို့ ငါ ထား ခဲ့ ရ မည် ဖြစ် သော ကြောင့်၊ ထို အ မှု အ ရာ ကိုစက် ဆုပ် လေ ၏။
19
ထို သူ သည်၊ လိ မ္မာ မည်၊ မ လိ မ္မာ မည် ကို၊ မည် သူ မျှ မ သိ နိုင် သော် လည်း၊ နေ အောက် တွင် ငါ ပ ညာ ချွန် ၍ ကြိုး ပမ်း စွာ လုပ် ကိုင် သ မျှ ကို၊ ဆက် ခံ စိုး ပိုင် လိမ့် မည်။ ထို အ ခြင်း အ ရာ လည်း အ န တ္တ ဖြစ်၏။
20
ထို ကြောင့်၊ နေ အောက် တွင် ငါ ကြိုး ပမ်း စွာ လုပ် ကိုင် သ မျှ နှင့် စပ် လျဉ်း ၍၊ ပြောင်း လဲ လျက် စိတ် ပျက် ၏။
21
မု ချ ဆို သော်၊ ဉာဏ် ပ ညာ၊ အ သိ ပ ညာ နှင့် လိ မ္မာ စွာ လုပ် ကိုင် သူ ရှိ သော် လည်း၊ မ လုပ် မ ကိုင် သူ တို့ အ မွေ ဆက် ခံ ရန် ထား ခဲ့ ရ မည်။ ဤ အ ခြင်း အ ရာ လည်း အ န တ္တ အ မှု၊ ဆိုး ယုတ် သော အ မှု ဖြစ် ၏။
22
လူ သည် နေ အောက် တွင် ဝိ ရိ ယ စိုက်၍ ကြိုး ပမ်း စွာ လုပ် ကိုင် သ မျှ ကား၊ မည် သည့် အ ကျိုး ရှိ သ နည်း။
23
သူ့ နေ့ ရက် တာ အ တွင်း၊ အ မှု အ ရေး သည် နစ် နာ ခြင်း၊ ပူ ဆွေး ခြင်း နှင့် ပြည့် စုံ သည့် ပြင်၊ ညဉ့် အ ခါ လည်း၊ စိတ် သက် သာ ခွင့် မ ရှိ။ ဤ အ ခြင်း အ ရာ လည်း အ န တ္တ ဖြစ် ၏။
24
ငါ့ ထက်၊ စား သောက်၍ သု ခ ဝေ ဒ နာ ခံ စား သူ မည် သူ မျှ မ ရှိ သည် နှင့် အ ညီ၊ စား သောက် ခြင်း၊ လုပ် ကိုင် မှု ၌ စိတ် ရွှင် လန်း ခြင်း များ ထက်၊ လူ ၌ ကောင်း သော အ ရာ မ ရှိ ချေ။ ထို သို့ သော အ ခွင့် ကို ဘု ရား သ ခင့် လက် တော် မှ ရ သည် ဟု ငါ သိ ၏။
25
26
စိတ် တော် နှင့် တွေ့ သော သူ အား၊ ဉာဏ် ပ ညာ၊ အ သိ ပ ညာ မှ စ၍ ရွှင် လန်း ခွင့် ကို၊ ဘု ရား သ ခင် ပေး သ နား တော် မူ၍၊ မှား ယွင်း တတ် သူ့ အား မူ ကား၊ စိတ် တော် နှင့် တွေ့ သူ ၏ လက် သို့ လွှဲ အပ် စေ ရန် သာ၊ ဆည်း ပူး ခြင်း စု ဆောင်း ခြင်း တာ ဝန် ကို တင် တော် မူ၏။ ထို အ ခြင်း အ ရာ လည်း အ န တ္တ အ မှု၊ လေ ကို ကျက် စား သော အ မှု ဖြစ် သ တည်း။