ဒေသနာကျမ်း။-11

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ရှည် လျား သော နေ့ ရက် အ တွင်း ပြန် တွေ့ မည် ကို ထောက်၍၊ သင့် အ စာ ကို ရေ မျက် နှာ ပြင်၌ ပစ် ချ လော့။
  • 2 မြေ ပေါ် တွင် မည် သည့် အ မှု ရောက် မည် ကို မ သိ သော ကြောင့်၊ ခု နစ် ပုံ၊ မု ချ ဆို သော်၊ ရှစ် ပုံ ခွဲ၍ ဝေ မျှ လော့။
  • 3 တိမ် တိုက် များ သည် ရေ နှင့် ပြည့် လျှင်၊ မြေ ပေါ် သို့ သွန်း ချ တတ် သည့် နည်း တူ၊ သစ် ပင် လည်း တောင် မျက် နှာ သို့ ဖြစ် စေ၊ မြောက် မျက် နှာ သို့ ဖြစ် စေ၊ လဲ ရာ အ ရပ် တွင် တည် နေ တတ်၏။
  • 4 လေ ကို အ ရေး ပြု တတ် သူ သည် မျိုး ကြဲ ခြင်း၊ မိုး ကို ဂ ရု စိုက် တတ် သူ လည်း ကောက် ရိတ် ခြင်း ကို မ ပြု ရ ချေ။
  • 5 လေ သွား ရာ လမ်း ကိုလည်း ကောင်း၊ သ န္ဓေ တည် သော ဝမ်း တွင်း အ ရိုး ရှိ နည်း ကိုလည်း ကောင်း၊ မ သိ နိုင် ကြ သည့် နည်း တူ၊ အ ရာ ခပ် သိမ်း စီ ရင် တော် မူ သော ဘု ရား သ ခင်၏ အ မှု အ ရေး တော် ကို မ သိ နိုင်။
  • 6 မည် သည့် အ ရာ က အ ကျိုး ရှိ မည် ကိုလည်း ကောင်း၊ နှစ် နည်း လုံး ပင် အညီ အ မျှ အ ကျိုး ရှိ မည် ကို လည်း ကောင်း မ သိ သည် ဖြစ်၍၊ နံ နက် အ ချိန် မျိုး ကြဲ လျက်၊ ညဉ့် ဦး အ ချိန် တိုင် လက် မ ချ နှင့်။
  • 7 အ လင်း သည် မု ချ ကောင်း၏။ နေ ရောင် နှင့် စ က္ခု တွေ့ ထိ ခြင်း လည်း သာ ယာ၏။
  • 8 မု ချ အား ဖြင့် လူ သည်၊ နှစ် ကာ လ ရှည် လျား စွာ အ သက် ရှင် လျှင်၊ တစ် သက် ပတ် လုံး ရွှင် လန်း ပါ လေ စေ။ သို့ ရာ တွင်၊ မှောင် ကျ သော နေ့ ရက် များ ရှိ အံ့ ဖြစ်၍၊ ထို နေ့ ရက် ကို လည်း သ တိ မူ ပါ လေ စေ။ ဖြစ် လ တ္တံ့ သ မျှ သည် အ န တ္တ တည်း။
  • 9 အ ချင်း လု လင်၊ နု ပျို ခြင်း ကြောင့် ဝမ်း မြောက် လျက်၊ ပျို ရွယ် သော ကာ လ၌ စိတ် ရွှင် လန်း၍၊ မျက် စိ မြင် သည့် အ လျောက်၊ စိတ် ရှိ ရာ လမ်း လျှောက် လော့။ သို့ ရာ တွင် ထို အ ရာ ရှိ သ မျှ နှင့် စပ် လျဉ်း၍၊ သင့် ကို ဘု ရား သ ခင် စီ ရင် ဆုံး ဖြတ် တော် မူ မည် ကို သိ မှတ် လော့။
  • 10 ၎င်း ပြင်၊ ပျို ရွယ် ခြင်း နှင့် အင် အား ရှိ ခြင်း များ သည် အ န တ္တ ဖြစ် သော ကြောင့်၊ စိတ် နှ လုံး မှ ပူ ဆွေး ခြင်း၊ ကိုယ် ခ န္ဓာ မှ နာ ကျင် ခြင်း အ ကြောင်း ကို၊ ပယ် ရှား လော့။
回到本卷目录 回到本版本目录 回到首页