1
ပ ညာ ရှိ နှင့် မည် သူ တူ ပါ သ နည်း။ အ နက် ဖော် ပြ နိုင် သူ ကား၊ မည် သူ နည်း။ ဉာဏ် ပ ညာ သည်၊ လူ၏ မျက် နှာ ကို ကြည် လင် စေ သည့် ပြင်၊ ကြမ်း ကြုတ် သော မျက် နှာ ကို ပြောင်း လဲ စေ တတ်၏။
2
ဘု ရား သ ခင် ရှေ့ တော်၌၊ သ စ္စာ ခံ ခဲ့ သည် ကို ထောက်၍၊ ဘု ရင် မင်း၏ အ မိန့် တော် အ တိုင်း စောင့် ရှောက် လော့။
3
ဘု ရင် မင်း၏ အ မိန့် တော် တွင် တန် ခိုး အာ ဏာ ပါ သည် နှင့် အ ညီ၊ မည် သို့ ပြု တော် မူ ပါ သ နည်း ဟု မေး ဝံ့ သူ မ ရှိ ဘဲ၊ အ လို တော် အ တိုင်း ပြု တတ် သည် ဖြစ်၍၊ အ ပါး တော် မှ အ ဆော တ လျင် ဆုတ် ခွာ ခြင်း၊ ဆိုး သွမ်း မှု၌ တည် နေ ခြင်း များ ကို မ ပြု နှင့်။
4
5
မည် သူ မ ဆို၊ အ မိန့် တော် အ တိုင်း စောင့် ရှောက် ခဲ့ မူ၊ မင်း ဘေး နှင့် ကင်း လွတ် လိမ့် မည်။ ပ ညာ ရှိ၏ ဉာဏ် သည်၊ စီ ရင် ဆုံး ဖြတ် ချက် ကို လည်း ကောင်း၊ အ ခါ သ မ ယ ကို လည်း ကောင်း၊ မြော် မြင် တတ် ၏။
6
အ ဘယ့် ကြောင့် ဆို သော် အ ကြံ အ စည် ရှိ သ မျှ ကို စီ ရင် ဆုံး ဖြတ် ရာ အ ခါ သ မ ယ ဖြစ် သော် လည်း၊ ဖြစ် ပျက် အံ့ သည် ကို ဖော် ပြ သူ မ ရှိ သည် နှင့်၊ ထို သို့ အ ဖြစ် အ ပျက် ကို လူ မ သိ သော ကြောင့်၊ ဒု က္ခ ဝန် လေး စွ တ ကား။
7
8
လေ ကို ဆီး တား ပိုင် ခွင့် ကို၊ မည် သူ မျှ မ ရှိ သည့် နည်း တူ၊ သေ မည့် နေ့ ရက် ကို လည်း မ ပိုင် ချေ။ စစ် ဖြစ် ဆဲ၌ ထွက် ခွင့် မ ရ တတ်။ ဒု စ ရိုက် လည်း ဒု စ ရိုက် ရှင် ကို မ ကယ် မ လွှတ် နိုင်။
9
တစ် ယောက် သည် တစ် ယောက် ကို အ ကျိုး ပျက် စေ ရန်၊ စိုး ပိုင် ခွင့် အ ချိန် ကာ လ၌ ပင်၊ နေ အောက် တွင် ပြု လုပ် သ မျှ ကို နှ လုံး သွင်း ၍၊ ဤ အ ခြင်း အ ရာ ခပ် သိမ်း ကို ငါ သိ မြင်၏။
10
၎င်း ပြင်၊ လူ ဆိုး ဖြစ် လျက်၊ ကောင်း စွာ သင်္ဂြိုဟ် ခံ ရ၍၊ သူ တော် ကောင်း ဖြစ် လျက် သန့် ရှင်း ရာ ဌာ န မှ နှင် ထုတ် ခံ ရ သည့် ပြင်၊ ထို မြို့၌ သ တိ မ ရ ကြ သည် ကို ငါ သိ မြင်၏။ ဤ အ ခြင်း အ ရာ လည်း အ န တ္တ ဖြစ် ၏။
11
မ ကောင်း မှု၌ စီ ရင် ဆုံး ဖြတ် ချက် ကို၊ ရုတ် တ ရက် မ ချ တတ် သည့် အ တွက်၊ လူ့ သား တို့ သည် အ ဆိုး ကို ပြု ရန် ရဲ ဝံ့ သော စိတ် ရှိ ကြ ၏။
12
အ ပြစ် သား သည်၊ မ ကောင်း မှု ကို အ ကြိမ် တစ် ရာ တိုင် တိုင် တာ ရှည် စွာ ပြု ကျင့် နိုင် သော် လည်း၊ ဘု ရား သ ခင် ရှေ့ တော် တွင်၊ ခန့် ညား ခြင်း ကင်း သည့် အ တွက်၊ အ ရိပ် မျှ ဖြစ် သော အ သက် တာ ကို မ ရှည် စေ နိုင် သည့် ပြင်၊ ကောင်း စား ခွင့် မ ရ သည် ကို လည်း ကောင်း၊ ဘု ရား သ ခင် ရှေ့ တော် တွင် ကြောက် ရွံ့ ခန့် ညား သူ မူ ကား၊ ကောင်း စား ခွင့် ရ မည် ကိုလည်း ကောင်း၊ ငါ အ မှန် သိ ၏။
13
14
မြေ ပေါ် တွင် ဖြစ် တတ် သော အ န တ္တ အ မှု တစ် မျိုး မှာ၊ လူ ဆိုး တို့ အ ပြု အ မူ အ လိုက် ခံ ရ သော လူ ကောင်း၊ လူ ကောင်း တို့ အ ပြု အ မူ အ လိုက် ခံ ရ သော လူ ဆိုး များ ရှိ လေ စွ တ ကား။ ဤ အ ခြင်း အ ရာ လည်း အ န တ္တ ဖြစ် သည် ဟု ငါ အောက် မေ့ ၏။
15
ထို အ ခါ၊ စား သောက်၍ ရွှင် လန်း သည် ထက်၊ လူ တို့၌ ကောင်း မြတ် သော အ ရာ တစ် စုံ တစ် ခု မျှ နေ အောက် တွင် မ ရှိ သော ကြောင့် လည်း ကောင်း၊ ထို သို့ သော အ ရာ သည်၊ ဘု ရား သ ခင် ပေး တော် မူ သည့် အ တိုင်း၊ နေ အောက် တွင် လုပ် ကိုင် ရန် အ သက် တာ၌ တည် မြဲ မည် ဖြစ် သော ကြောင့် လည်း ကောင်း၊ ရွှင် လန်း ခြင်း ကို ကောင်း လေ စွ ဟု ငါ ဆို ၏။
16
နေ့ ညဉ့် မ ဟူ မျက် စိ မ မှိတ် သော အ ရှင် ရှိ သည် နှင့် အ ညီ၊ ဉာဏ် ပ ညာ ကို သိ ကျွမ်း၍၊ မြေ ပေါ် တွင် ပြု တတ် သော အ မှု အ ရေး ကို သိ မြင် ရန်၊ ငါ နှ လုံး သွင်း ရာ၊ ဘု ရား သ ခင် စီ မံ တော် မူ သည် ကို ငါ ရှု မှတ်၍၊
17
နေ အောက် တွင် ပြု လုပ် သော အ မှု တော် ကို၊ လူ ရှာ၍ မ တွေ့။ လုံ့ လ ထုတ်၍ ရှာ ဖွေ သော် ကား၊ မ တွေ့ သည့် ပြင်၊ ပ ညာ ရှိ ပင် ငါ သိ မည် ဟု အောက် မေ့ သော် လည်း မ တွေ့ နိုင် ရာ၊