ဒေသနာကျမ်း။-4

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 တစ် ဖန် တုံ၊ နေ အောက် တွင် ညှဉ်း ပန်း ပြု လုပ် သ မျှ ကို ငါ သိ မြင် ရ သည် မှာ၊ ညှဉ်း ပန်း ခံ ရ သူ တို့ သည် ငို ကြွေး ရ ကြ လျက်၊ နှစ် သိမ့် စေ သူ မ ရှိ။ ညှဉ်း ပန်း သူ တို့ သည် လက် ရုံး ရည် ရှိ လျက် နှင့်၊ နှစ် သိမ့် စေ သူ မ ရှိ ချေ။
  • 2 သို့ ဖြစ်၍၊ စု တေ နှင့် ပြီး သော သူ သေ တို့ သည်၊ အ သက် ရှိ သေး သော သူ ရှင် တို့ ထက်၊ ကောင်း လေ စွ ဟု ငါ ဆို ၏။
  • 3 မု ချ အား ဖြင့် ထို နှစ် ဦး ထက်၊ မ ဖြစ် သေး ၍၊ နေ အောက် တွင် ပြု တတ် သော မ ကောင်း မှု ကို မ တွေ့ ဘူး သူ သည်၊ သာ၍ ကောင်း လေ စွ တ ကား။
  • 4 ထို့ နောက်၊ လိ မ္မာ မှု ရှိ သ မျှ မှ စ၍၊ လုပ် ကိုင် သ မျှ အ မှု များ ကြောင့်၊ လူ အ ချင်း ချင်း ငြူ စူ ဖက် ပြိုင် ခြင်း ဖြစ် လာ သည် ကို ငါ သိ မြင်၏။ ဤ အ ခြင်း အ ရာ လည်း အ န တ္တ အ မှု၊ လေ ကို ကျက် စား သော အ မှု ဖြစ် သ တည်း။
  • 5 လူ မိုက် မူ ကား၊ လက် ပိုက် လျက်၊ ကိုယ့် အ သား ကို စား တတ် ၏။
  • 6 ငြိမ် သက် စွာ ရ သော တစ် လက် ဆွန်း မျှ ဥ စ္စာ သည်၊ လေ ကို ကျက် စား လျက် ရ သော တစ် လက် ခုပ် လုပ် ကိုင် ကျိုး ထက်၊ သာ၍ ကောင်း ၏။
  • 7 တစ် ဖန် တုံ၊ နေ အောက် တွင် အ န တ္တ ကို ငါ မြင် ရ သည် မှာ၊
  • 8 အ ပေါင်း အ ဖော်၊ သား သ မီး၊ ညီ အစ် ကို မဲ့ တစ် ယောက် တည်း ဖြစ် လျက်၊ လုပ် ကိုင် မှု ရှိ သ မျှ၌ မ ရပ် မ နား၊ ကိုယ့် စည်း စိမ် ကို မြင်၍ လည်း တင်း မ တိမ် သ ဖြင့်၊ ချမ်း သာ မ ခံ စား ဘဲ၊ မည် သူ့ အ ဖို့ ငါ လုပ် ကိုင် ရ သ နည်း ဟု၊ အောက် မေ့ သင့် ၏။ ထို အ ခြင်း အ ရာ လည်း အ န တ္တ အ မှု၊ ခဲ ယဉ်း သော တာ ဝန် ဖြစ်၏။
  • 9 နှစ် ယောက် ဖြစ် လျှင်၊ လုပ် ကိုင် မှု၌ ကောင်း ကျိုး ရ သ ဖြင့်၊ တစ် ယောက် တည်း ထက် သာ၍ ကောင်း၏။
  • 10 အ ဘယ့် ကြောင့် ဆို သော်၊ တစ် ယောက် လဲ လျှင် တစ် ယောက် ထူ မ လိမ့် မည်။ ထူ မ သူ ကင်း လျက်၊ တစ် ယောက် တည်း လဲ သူ ကား၊ အ ကျိုး နည်း လေ စွ။
  • 11 နှစ် ယောက် အ တူ အိပ် လျှင်၊ အ ချမ်း လုံ တတ်၏။ တစ် ယောက် တည်း ဖြစ် လျှင်၊ မည် သို့ လုံ နိုင် သ နည်း။
  • 12 တစ် ယောက် တည်း ဖြစ် သူ သည်၊ အ နိုင် ခံ ရ သော် လည်း၊ နှစ် ယောက် ဖြစ် လျှင်၊ ခု ခံ နိုင် သည့် နည်း တူ၊ သုံး လွန်း တင် ကြိုး ကို အ ဆော တ လျင် မ ဖြတ် နိုင်။
  • 13 ပ ညာ ရှိ၍ နွမ်း ပါး သော လု လင် ပျို သည်၊ အို မင်း၍ ဆုံး မ ခြင်း ကင်း သော ဘု ရင် မိုက် ထက်၊ မြတ်၏။
  • 14 ထို သို့ သော သူ သည်၊ ပြည် နိုင် ငံ ၌ ဆင်း ရဲ သား ဖြစ် သော် လည်း၊ နှောင် အိမ် တွင်း မှ လွတ် ထွက်၍ နန်း တက် ရ၏။
  • 15 အ ထက် မင်း အ ရိုက် အ ရာ ကို၊ ဆက် ခံ ရ သော ထို လု လင် ပျို ဘက်၌၊ နေ အောက် တွင် သက် ရှင် သွား လာ သူ အ ပေါင်း တို့ ရှိ ကြောင်း ကို ငါ မြင် ရာ၊
  • 16 ထို မင်း ကို ရှေ့ ဆောင် ပြု လျက်၊ နောက် လိုက် သူ အ ပေါင်း တို့ ကို ရေ တွက်၍ မ ကုန် နိုင် သော် လည်း၊ အ နာ ဂတ်၌ ဖြစ် အံ့ သူ တို့ သည် ကြည် ညို ကြ မည် မ ဟုတ် ချေ။ ထို အ ခြင်း အ ရာ လည်း အ န တ္တ အ မှု၊ လေ ကို ကျက် စား သော အ မှု ဖြစ် သ တည်း။
回到本卷目录 回到本版本目录 回到首页