1
တစ် ရံ ရော အ ခါ ဧ လိ ရှဲ သည် အ သက် ရှင် ပြန် စေ ဘူး သော သူ ငယ်၏ မိ ခင် အား အိမ် သူ အိမ် သား ပါ ထ သွား၍ ခို ဝင် ခွင့် ရ သော ဒေ သ၌ နေ ထိုင် လော့။ ဒု ဗ္ဘိ က္ခ န္တ ရ ကပ် ကို ထာ ဝ ရ ဘု ရား စီ ရင် တော် မူ၍ တစ် ပြည် လုံး၌ ခု နစ် နှစ် တိုင် တိုင် သင့် ရောက် လ တ္တံ့ ဟု သ တိ ပေး သော်၊
2
ထို မိန်း မ သည် ဘု ရား သ ခင့် လူ ယုံ တော်၏ စ ကား ကို နာ ယူ လျက် အိမ် သူ အိမ် သား ပါ ဖိ လိ တ္တိ ပြည် သို့ ထ သွား၍၊ ခု နစ် နှစ် ပတ် လုံး နေ ထိုင် လေ ၏။
3
ခု နစ် နှစ် စေ့ သ ဖြင့် ဖိ လိ တ္တိ ပြည် မှ ပြန် လာ သော အ ခါ ကိုယ့် အိမ် မြေ ကို ရ အံ့ သော ငှါ ဘု ရင် မင်း ထံ အ သ နား ခံ ဝင် ရောက် စဉ်
4
ဘု ရင် မင်း သည် ဘု ရား သ ခင့် လူ ယုံ တော်၏ တ ပည့် ဂေ ဟာ ဇိ နှင့် ဆွေး နွေး ဆဲ ဖြစ်၏။ ဧ လိ ရှဲ ပြု သော အ ကြီး အ ကျယ် ရှိ သ မျှ ကို ပြန် ကြား လော့ ဟု မိန့် ဆို လျှင်
5
သေ သူ့ ကို ရှင် ပြန် စေ ကြောင်း ပြန် ကြား ခိုက် ရှင် ပြန် စေ ဘူး သော သူ ငယ့် မိ ခင် သည် ကိုယ့် အိမ် မြေ ကို ရ လို ကြောင်း နှင့် ဘု ရင် မင်း ထံ အ သ နား ခံ ရာ ဂေ ဟာ ဇိ က၊ အို အ ရှင် မင်း မြတ်၊ ဧ လိ ရှဲ ရှင် ပြန် စေ သော သူ ငယ် နှင့် မိ ခင် ကား ထို သူ တို့ ပင် တည်း ဟု တင် လျှောက် သော်၊
6
မိန်း မ အား ဘု ရင် မင်း မေး သည် အ လျောက် ပြန် ကြား လေ ၏။ ထို ကြောင့် ဘု ရင် မင်း က၊ သူ ပိုင် ဆိုင် သ မျှ နှင့် ပြည် တော် က ထွက် သော နေ့ မှ စ၍ ယ နေ့ တိုင် အောင်၊ မြေ စု ဆ များ ကို ပေး စေ ဟု မိန့် ဆို လျက် အ မတ် တစ် ယောက် အား စီ မံ စေ ၏။
7
တစ် နေ့ သ၌ ဧ လိ ရှဲ သည် ဒ မာ သက် မြို့ သို့ သွား ရောက် ရာ မ ကျန်း ခန့် သော ရှု ရိ ဘု ရင် ဗ ဟာ ဒဒ် မင်း ထံ ဤ မြို့ သို့ ဘု ရား သ ခင့် လူ ယုံ တော် ရောက် လာ ကြောင်း တင် လျှောက် လျှင်
8
ဘု ရင် မင်း က၊ ဘု ရား သ ခင့် လူ ယုံ တော် ကို တွေ့ ဆုံ ရန် လက် ဆောင် နှင့် တ ကွ သွား လျက် ဤ ဝေ ဒ နာ နှင့် ငါ ထ မြောက် ဦး မည် လော ဟူ၍ သူ့ ဖြင့် ဘု ရား သ ခင့် ထံ မေး လျှောက် လော့ ဟု ဟာ ဇေ လ အား မိန့် ဆို သည့် အ တိုင်း၊
9
ဟာ ဇေ လ သည် ကု လား အုပ် လေး ဆယ် ပေါ် တွင် ဒ မာ သက် မြို့ ထွက် အ ထူး အ မြတ် ကို တင် ဆောင် လျက်၊ သွား ရောက် တွေ့ ဆုံ သည် နှင့် ရှေ့ မှောက် တွင် ရပ် ပြီး လျှင် ကိုယ် တော်၏ သား ရှု ရိ ဘု ရင် ဗ ဟာ ဒဒ် မင်း က ဤ ဝေ ဒ နာ မှ အ ကျွန်ုပ် ထ မြောက် ဦး မည် လော ဟူ၍ မေး လျှောက် ရန် ကိုယ် တော့် ထံ စေ လွှတ် ပါ သည် ဟု လျှောက် သော်၊
10
ဧ လိ ရှဲ က၊ ဘု ရင် မင်း သည် ထ မြောက် ဦး မည် ဟူ၍ ပြန် လျှောက် လေ လော့။ သို့ သော် လည်း၊ မု ချ ကွယ် လွန် မည့် အ ကြောင်း ထာ ဝ ရ ဘု ရား ဖော် ပြ တော် မူ ပြီ ဟု ဆို လျက်၊
11
ဟာ ဇေ လ မျက် နှာ ပျက် သည့် တိုင် အောင် စိန်း စိန်း ကြည့်၍ ဘု ရား သ ခင့် လူ ယုံ တော် ငို ကြွေး လေ ၏။
12
ဟာ ဇေ လ က လည်း၊ အ ရှင် ငို ကြွေး ရ ခြင်း ကား အ သို့ ကြောင့် ပါ နည်း ဟု မေး လျှင် သင် သည် ခံ တပ် မြို့ များ ကို မီး တိုက် လျက်၊ လက် ရွေး သူ ရဲ များ ကို ဓား နှင့် ကွပ် လျက် သူ ငယ် များ ကို ဆောင့် သတ် လျက် ကိုယ် ဝန် ဆောင် မိန်း မ များ ကို ခွဲ ဖောက် လျက် ဣ သ ရေ လ အ မျိုး သား တို့၌ ပြု လ တ္တံ့ သော အ န္တ ရာယ် ကို ငါ သိ မြင်၍ ငို ကြွေး သည် ဟု ပြန် ဆို သော်၊
13
ဟာ ဇေ လ က၊ ခွေး မျှ သာ ဖြစ် သော ကျွန် တော် မျိုး သည် ဤ ကြီး စွာ သော အ မှု ကို ပြု နိုင် အံ့ လော ဟု ပြန် လျှောက် သော်၊ ဧ လိ ရှဲ က၊ သင် သည် ရှု ရိ ဘု ရင် ဖြစ် လိမ့် မည် ကို ငါ့ အား ထာ ဝ ရ ဘု ရား ဖော် ပြ တော် မူ ပြီ ဟု ဆို လေ ၏။
14
ဟာ ဇေ လ သည် ကိုယ့် သ ခင့် ထံ ပြန် ရောက် သည့် ကာ လ အ ဘယ် သို့ ဧ လိ ရှဲ မိန့် ဆို သ နည်း ဟု မေး လျှင် ထ မြောက် တော် မူ ဦး မည် ဟူ၍ မိန့် ဆို ပါ သည် ဟု တင် လျှောက် ပြီး လျှင်
15
နောက် နေ့၌ အ ထည် ကို ရေ ဆွတ်၍ မျက် နှာ တော် ပေါ် တွင် ဖုံး အုပ် သည့် အ တွက် ဘု ရင် မင်း ကွယ် လွန် ရာ အ ရိုက် အ ရာ၌ ဟာ ဇေ လ နန်း စံ လေ ၏။
16
အာ ဟပ် မင်း သား တော်၊ ဣ သ ရေ လ ဘု ရင် ယော ရံ မင်း နန်း စံ ငါး နှစ် တွင် ယု ဒ ဘု ရင် ယော ရှ ဖတ် မင်း သား တော် ယ ဟော ရံ မင်း သည်
17
အိမ် နိမ့် သုံး ဆယ့် နှစ် နှစ် ရှိ သော်၊ နန်း တက်၍ ယေ ရု ရှ လင် မြို့၌ ရှစ် နှစ် စိုး စံ လေ ၏။
18
အာ ဟပ် မင်း သ မီး တော် နှင့် ထိမ်း မြား သ ဖြင့် ဣ သ ရေ လ ဘု ရင် တို့ နည်း လမ်း ကို အာ ဟပ် မင်း မျိုး ကဲ့ သို့ လိုက် လျက် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် ၏။
19
သို့ ရာ တွင် ထာ ဝ ရ ဘု ရား သည် ကျွန် တော် ရင်း ဒါ ဝိဒ် ကို ထောက် ထား ၍ သား စဉ် မြေး ဆက် အ လင်း မ ကွယ် ရ ဟူ သော ဂ တိ တော် အ တိုင်း၊ ယု ဒ အ မျိုး ကို ဖျက် ဆီး ရန် အ လို တော် မ ရှိ ချေ။
20
ထို ယ ဟော ရံ မင်း လက် ထက် တွင် လက် အောက် ခံ ဖြစ် သော ဧ ဒုံ ပြည် ပုန် ကန် လျက် မင်း သစ် တင် မြှောက် ကြ သည် ဖြစ် ၍
21
ရ ထာ တပ် အပေါင်း တို့ နှင့် တ ကွ ဇာ ဣ ရ မြို့ သို့ ဘု ရင် မင်း ချီ ရပ် ရာ ကိုယ် တိုင် နှင့် ရ ထား တပ် ဗိုလ် များ ကို ဝိုင်း လာ သော ဧ ဒုံ သူ ရဲ တို့ အား ညဉ့် အ ချိန် ထ၍ တိုက် ခိုက် လျှင် ကိုယ့် စစ် သား တို့ အိမ် ရောက် ဆုတ် ပြေး ကြ သည့် အ တွက်
22
ယု ဒ ဘု ရင့် လက် အောက် ခံ ဖြစ် သော ဧ ဒုံ လူ မျိုး သည် ယ နေ့ တိုင် အောင် ခြား နား လေ ၏။ လိ ဗ န မြို့ လည်း ထို ကာ လ ပုန် ကန် လေ ၏။
23
ယ ဟော ရံ မင်း ပြု မူ စီ ရင် သ မျှ အ ကြွင်း အ ကျန် သည် ယု ဒ ရာ ဇ ဝင် ၌ ရေး ထား လျက် ရှိ ၏။
24
ယ ဟော ရံ မင်း သည် ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက် ဒါ ဝိဒ် မြို့ တော် ရှိ သင်္ချိုင်း တော် တွင် စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင် သား တော် အာ ခ ဇိ သည် အ ရိုက် အ ရာ၌ နန်း စံ လေ ၏။
25
အာ ဟပ် မင်း သား တော် ဣ သ ရေ လ ဘု ရင် ယော ရံ မင်း နန်း စံ ဆယ့် နှစ် နှစ် တွင် ယု ဒ ဘု ရင် ယ ဟော ရံ မင်း သား တော် အာ ခ ဇိ မင်း သည်
26
အိမ် နိမ့် နှစ် ဆယ့် နှစ် နှစ် ရှိ သော် နန်း တက်၍ ယေ ရု ရှ လင် မြို့၌ တစ် နှစ် သာ စိုး စံ ရ၏။ မယ် တော့် အ မည် ကား ဣ သ ရေ လ ဘုရင် သြ မ ရိ မင်း မြေး တော် အာ သ လိ တည်း။
27
အာ ခ ဇိ မင်း သည် အာ ဟပ် မင်း သ မက် တော် ဖြစ်၍ အာ ဟပ် မင်း မျိုး နည်း လမ်း ကို လိုက် လျက် ထို အ မျိုး ကဲ့ သို့ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် ၏။
28
အာ ဟပ် မင်း သား တော် ယော ရံ မင်း နှင့် အ တူ ဂိ လဒ် နယ်၊ ရာ မုတ် မြို့ သို့ ချီ ၍ ရှု ရိ ဘု ရင် ဟာ ဇေ လ မင်း ကို စစ် တိုက် ကြ ရာ၊ ရှု ရိ သူ ရဲ တို့ က၊ ယော ရံ မင်း ကို ထိ မှန် အောင် ပစ် ခတ် ကြ ၏။
29
ထို မြို့၌ ရှု ရိ ဘု ရင် ဟာ ဇေ လ မင်း နှင့် စစ် တိုက် ၍ ပစ် ခတ် ခံ ရ သော အ နာ ကို ကု သ ရန် ယေ ဇ ရေ လ မြို့ သို့ ယော ရံ မင်း ဆုတ် ပြန် ခဲ့ ရာ ယ ဟော ရံ မင်း သား တော် ယု ဒ ဘု ရင် အာ ခ ဇိ မင်း လည်း ယေ ဇ ရေ လ မြို့၌ မ ကျန်း ခန့် သော ထို မင်း ကို သွား ရောက် ကြည့် ရှု လေ ၏။