1
ထို နောက် ပ ရော ဖက် ဂိုဏ်း သား တို့ က ကိုယ် တော့် ရှေ့ တွင် ကျွန် တော် တို့ နေ ရ သော အ ရပ် ကျဉ်း မြောင်း ပါ၏။
2
ယော် ဒန် မြစ် သို့ သွား ပြီး လျှင် နေ ရာ ထိုင် ခင်း တည် ဆောက် ရန် လူ တိုင်း သစ် တစ် လုံး ကျ ခုတ် လုပ် ပါ စေ ဟု ဧ လိ ရှဲ ထံ ခွင့် ပန် ကြ သည့် အ တိုင်း ပေး ရာ
3
ကျွန် တော် မျိုး တို့ နှင့် အ တူ လိုက် ကြွ တော် မူ ပါ ဟု တောင်း ပန် ကြ သည် နှင့် အ ညီ ဝန် ခံ၍ လိုက် သွား လေ ၏။
4
ယော် ဒန် မြစ် သို့ ရောက် ပြီး နောက် သစ် ကို ခုတ် လှဲ လျက် ရွေ ဖျင်း ကြ စဉ်
5
ပု ဆိန် တစ် လက် ကျွတ်၍ မြစ် ထဲ သို့ ကျ သွား သည် နှင့် ကျ သူ က၊ အို အ ရှင် ဘုရား ငှါး ခဲ့ သော ပု ဆိန် ပါ တ ကား ဟု ဟစ် လျှင်၊
6
ဘု ရား သ ခင့် လူ ယုံ တော် က၊ အ ဘယ် မှာ ကျ သ နည်း ဟု မေး၍ ညွှန် ပြ သော နေ ရာ တွင် တုတ် ကို ခုတ် ချ သ ဖြင့် ပု ဆိန် ပေါ လော မျော ရာ
7
ဆယ် ယူ လော့ ဟု အ မိန့် ရှိ သည့် အ လျောက် လက် ဆန့်၍ ဆယ် ယူ လေ၏။
8
ရှု ရိ ဘု ရင် သည် ဣ သ ရေ လ နိုင် ငံ နှင့် စစ် ရေး ဖြစ် ပွား ရာ ကျေး ကျွန် သင်း ပင်း တို့ နှင့် တိုင် ပင်၍ ထို ထို ဤ ဤ အ ရပ် တွင် တပ် စွဲ မည် ဟု ပြ ဌာန်း လျှင်
9
ဘု ရား သ ခင့် လူ ယုံ တော် က၊ ထို ထို ဤ ဤ အ ရပ် တွင် ရှု ရိ တပ် စွဲ ချ မည် ဖြစ်၍ ထို အ ရပ် ကို ကြဉ် ရှောင် လော့ ဟု ဣ သ ရေ လ ဘု ရင့် ထံ သ တင်း ပေး နှင့် သည့် အ တိုင်း
10
ဘု ရင် မင်း သည် ဘု ရား သ ခင်၏ လူ ယုံ တော် သ တိ ပေး ရာ အ ရပ် သို့ သူ လျှို စေ လွှတ် သ ဖြင့်၊ ကြိမ် ဖန် များ စွာ ရှောင် ၍ ဘေး လွတ် လေ ၏။
11
ထို အ ကြောင်း ကြောင့် ရှု ရိ ဘု ရင် စိတ် ပူ ပန် လျက် ကျေး ကျွန် သင်း ပင်း တို့ ကို ခေါ် ပြီး နောက် ငါ တို့ အ နက် ဣ သ ရေ လ ဘု ရင့် ဘက် ပါ သူ့ ကို ငါ့ အား မ ဖော် မ ပြ ဘဲ နေ ကြ မည် လော ဟု ဆို လျှင်
12
ထို သို့ မ ဟုတ် ပါ။ စက် ခန်း ဆောင် တွင် အ ရှင် မင်း မြတ် မိန့် တော် မူ သော စ ကား ကို ပင် ဣ သ ရေ လ ပြည် ရှိ ပ ရော ဖက် ဧ လိ ရှဲ သည် ဣ သ ရေ ဘု ရင် အား ပြန် ကြား လေ့ ရှိ ပါ သည် တ ကား ဟု တင် လျှောက် သော်၊
13
ငါ ဖမ်း ဆီး ရ မိ စေ ရန် ထို သူ့ နေ ရာ အ ရပ် ကို သွား၍ ချောင်း ကြည့် လော့ ဟု မိန့် ဆို ရာ ဒေါ သန် မြို့ တွင် ရှိ ပါ သည် ဟု တင် လျှောက် လေ ၏။
14
သို့ ဖြစ်၍ မြင်း တပ်၊ ရ ထား တပ် နှင့် တ ကွ၊ သူ ရဲ အ မြောက် အ မြား ကို စေ လွှတ် သည့် အ တိုင်း၊ ညဉ့် ချင်း ချီ သွား လျက် မြို့ ကို ဝိုင်း ထား ရာ
15
ဘု ရား သ ခင့် လူ ယုံ တော်၏ တ ပည့် သည် နံ နက် အ ချိန် နိုး ထ ထွက် သွား သော အ ခါ မြင်း တပ်၊ ရ ထား တပ် နှင့် တ ကွ၊ ဗိုလ် ထု ဝိုင်း ထား သည် ကို မြင် ရ၍ အို အ ရှင် ဘု ရား၊ မည် သို့ ပြု ပါ မည် နည်း ဟု လျှောက် လျှင်
16
ဧ လိ ရှဲ က၊ မ ကြောက် လင့်။ ငါ တို့ ဘက်၌ ရှိ သူ တို့ သည် ရန် သူ့ ဘက်၌ ရှိ သူ တို့ ထက် များ လှ ပါ သည် ဟု ဆို ပြီး မှ
17
အို ထာ ဝ ရ ဘု ရား၊ ထို သူ မြင် စေ ရန် စ က္ခု ကို ဖွင့် တော် မူ ပါ ဟု တောင်း လျှောက် သည့် အ တိုင်း ထာ ဝ ရ ဘု ရား သည် ထို လု လင်၏ စ က္ခု ကို ဖွင့် တော် မူ သ ဖြင့် ဧ လိ ရှဲ ပတ် ဝန်း ကျင် တစ် တောင် လုံး တွင် မီး လျှံ ဖြင့် ပြီး သော မြင်း နှင့် ယဉ် များ ပြည့် လျက် ရှိ သည် ကို မြင် ရ ၏။
18
ရှု ရိ တပ် ချဉ်း ဝင် သော အ ခါ ဧ လိ ရှဲ က၊ အို ထာ ဝ ရ ဘု ရား ဤ သူ တို့ စက္ခု အ လင်း ကွယ် စေ ရန် ဒဏ် ခတ် တော် မူ ပါ ဟု တောင်း လျှောက် သည့် အ တိုင်း ဒဏ် ခတ် တော် မူ ရာ
19
ဧ လိ ရှဲ က၊ ဤ လမ်း၊ ဤ မြို့ မ ဟုတ်။ သင် တို့ ရှာ သော သူ ရှိ ရာ ငါ ပို့ မည်။ လိုက် ကြ လော့ ဟု ဆို လျက် ရှ မာ ရိ မြို့ သို့ ပို့ လေ ၏။
20
မြို့ တွင်း သို့ ရောက် ကြ သော် အို ထာ ဝ ရ ဘု ရား၊ ထို သူ တို့ မြင် ရ စေ ရန် စ က္ခု ကို ဖွင့် တော် မူ ပါ ဟု ဧ လိ ရှဲ တောင်း လျှောက် သည် နှင့် အ ညီ ထို သူ တို့ စ က္ခု ကို ဖွင့် တော် မူ သ ဖြင့်၊ ရှ မာ ရိ မြို့ တွင်း မှန်း ကို သိ မြင် ကြ ကုန် ၏။
21
ဣ သ ရေ လ ဘု ရင် သိ မြင် သော်၊ အို အ ဘ၊ ကွပ် ရ မည် လော ဟု ဧ လိ ရှဲ အား မေး လျှင် မ ကွပ် နှင့်။
22
ဓား၊ လေး၊ လက် နက် တော် ဖြင့် ဖမ်း မိ သူ တို့ ကို ကွပ် အပ် ပါ သ လော။ သူ တို့ ရှေ့ တွင် စား ဖွယ် သောက် ဖွယ် တည် ကျွေး၍ စား သောက် စေ ပြီး မှ ချင်း တို့ သ ခင် ထံ ပြန် ပါ စေ ဟု ဆို သော်၊
23
ကြီး စွာ သော စား သောက် ပွဲ ကို ခင်း ကျင်း လျက် စား သောက် စေ ပြီး မှ ချင်း တို့ သ ခင့် ထံ လွှတ် လိုက်၍ ပြန် သွား ကြ ပြီး လျှင် ရှု ရိ တပ် သား တို့ သည် ဣ သ ရေ လ ပြည် သို့ အ နု ကြမ်း စီး မ လာ ဝံ့ ချေ။
24
ထို အ ခြင်း အ ရာ နောက် ရှု ရိ ဘု ရင် ဗ ဟာ ဒဒ် မင်း သည် အ လုံး အ ရင်း တို့ ကို စု ရုံး စေ၍ ရှ မာ ရိ မြို့ သို့ ချီ တက် ဝိုင်း ထား သ ဖြင့်၊
25
မြည်း ခေါင်း တစ် လုံး ကို ငွေ ရှစ် ဆယ် နှင့် လည်း ကောင်း၊ ချိုး ငှက် ချေး တစ် စ လယ် ကို ငွေ ငါး ကျပ် နှင့် လည်း ကောင်း၊ ဝယ် ရ မန်း တိုင် အောင် ထို မြို့ တွင် ကြီး စွာ သော မွတ် သိပ် ခြင်း ဖြစ် ၏။
26
ဣ သ ရေ လ ဘု ရင် သည် မြို့ ရိုး တစ် လျှောက် မြန်း ကြွ စဉ်၊ မိန်း မ တစ် ယောက် က၊ အို အ ရှင် မင်း မြတ်၊ ကယ် တော် မူ ပါ ဟု ဟစ် လျှင်
27
ဘု ရင် မင်း က၊ ထာ ဝ ရ ဘု ရား ကယ် တော် မူ ပါ စေ သော။ ငါ မှာ မူ ကောက် နယ် တ လင်း မှ သော် လည်း ကောင်း၊ ဖိ နင်း ရာ စ ပျစ် ကျင်း မှ သော် လည်း ကောင်း၊ မည် သို့ ကယ် နိုင် အံ့ နည်း။
28
အ ကြောင်း ကား အ ဘယ် သို့ နည်း ဟု မေး ရာ သင့် သား ကို ငါ တို့ စား ရန် ယ နေ့ အပ် လော့။ နက် ဖြန် ငါ့ သား ကို စား ကြ မည် ဟု မိန်း မ တစ် ယောက် ဆို သည့် အ တိုင်း
29
ကျွန် မ သား ကို ချက် ပြုတ်၍ စား ကြ ပါ ပြီ။ နောက် နေ့ စား ရန် သင့် သား ကို အပ် လော့ ဟု ကျွန် မ တောင်း ရာ မ အပ် ဘဲ ဝှက် ထား ပါ သည် ဟု တင် လျှောက် လေ၏။
30
မြို့ ရိုး တစ် လျှောက် မြန်း ကြွ သော ဘု ရင် မင်း သည် ထို မိန်း မ စ ကား ကို ကြား လျှင် ဝတ် လဲ တော် ကို ဆုတ် သ ဖြင့် အ တွင်း၌ လျှော် တေ ဝတ် ဆင် ကြောင်း မြို့ သူ မြို့ သား တို့ သိ မြင် ရ ကြ၏။
31
ဘု ရင် မင်း က လည်း ရှာ ဖတ် သား ဧ လိ ရှဲ၏ ခေါင်း နှင့် ကိုယ် ယ နေ့ မ ကွဲ လျှင် ထာ ဝ ရ ဘု ရား သည် ငါ့ အ ပေါ် တွင် သာ၍ အ ပြစ် စီ ရင် ပါ စေ သော ဟု ကျိန် ဆို ပြီး မှ
32
လွှတ် လိုက် သော ရှေ့ တော် ပြေး မ ရောက် မီ၊ ကိုယ့် အိမ် တွင် လူ ကြီး တို့ နှင့် အ တူ ထိုင် နေ သော ဧ လိ ရှဲ က၊ ထို လူ သတ် သည် ငါ့ ခေါင်း ကို ဖြတ် စေ ရန် လွှတ် လိုက် ကြောင်း သိ မြင် ကြ၏ လော။ ရှေ့ တော် ပြေး ရောက် သော အ ခါ တံ ခါး ပိတ်၍ ဆီး တား ကြ လော့။ ရှေ့ တော် ပြေး နောက် သူ့ သ ခင့် ခြေ သံ ကို မ ကြား ရ သ လော ဟူ၍ ပြော စဉ် တွင် ပင်
33
ရှေ့ တော် ပြေး ရောက် လာ၍ ထာ ဝ ရ ဘု ရား ကို ငါ စောင့် မြင် လျှင် မူ ကား အ ဘယ် အ ကျိုး နည်း ဟူ၍ အ မိန့် တော် ပြန် သော်၊