1
ဧ လိ ရှဲ က၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကို နာ ခံ ကြ လော့။ နက် ဖြန် ယ ခု အ ချိန်၊ ဂျုံ မုန့် ညက် တစ် စိတ် ကို ငွေ တစ် ကျပ်၊ မု ယော ဆန် တစ် ခြွ ကို ငွေ တစ် ကျပ် နှင့် ရှ မာ ရိ မြို့ တံ ခါး ဝ တွင် ဝယ် ရ လိမ့် မည် ဟူ၍ ထာ ဝ ရ ဘုရား မိန့် တော် မူ ကြောင်း ဆင့် ဆို လေ၏။
2
လက် ကို ဘု ရင် မင်း တံ ကဲ ပြု လေ့ ရှိ သော စစ် ကဲ က၊ ထာ ဝ ရ ဘု ရား သည် မိုး ကောင်း ကင် ပြွန် ဝ ကို ဖွင့် တော် မူ မှ သာ ဤ အ မှု ဖြစ် လိမ့် တ ကား ဟု ဘု ရား သ ခင့် လူ ယုံ တော် အား ပြက် ရယ် ဆို သော် သင် သည် မျက် စိ နှင့် မြင် ရ သော် လည်း စား ရ မည် မ ဟုတ် ဟု ပြန် ဆို၏။
3
ထို ကာ လ၊ မြို့ တံ ခါး ဝ တွင် ထိုင် နေ သော လူ နူ လေး ယောက် တို့ က ငါ တို့ သည် ဤ အ ရပ်၌ မ သေ မ ချင်း၊ အ ဘယ် ကြောင့် ထိုင် နေ ရ မည် နည်း။
4
ဤ အ ရပ်၌ ထိုင် နေ လျှင် သေ တော့ မည်။ မြို့ တွင်း ဝန် ပြန် က မွတ် သိပ် သည့် အ တွက် သေ ရ မည်။ ထို ကြောင့် ရှု ရိ တပ် တွင်း သို့ ဝင် ကြ ကုန် အံ့။ ထား လျှင် ရှင် ရ မည်။ သတ် လျှင် သေ ရ မည် ဟု အ ချင်း ချင်း တိုင် ပင် ပြီး လျှင်
5
ဆည်း ဆာ အ ချိန် တွင် ထ သွား၍ ရှု ရိ တပ် ဦး သို့ ရောက် သော် အ ခါ တစ် စုံ တစ် ယောက် ကို မျှ မ တွေ့ ချေ။
6
အ ကြောင်း ကား၊ ရ ထား တပ်၊ မြင်း တပ်၊ ကြီး စွာ သော အ လုံး အ ရင်း၏ တ ခဲ နက် သံ ကို ထာ ဝ ရ ဘု ရား ကြား စေ တော် မူ၍ ရှု ရိ တပ် သား တို့ က၊ ဣ သ ရေ လ ဘု ရင် သည် ငါ တို့ ကို တိုက် စေ ရန် ဟိ တ္တိ ဘု ရင်၊ အိ ဂျစ် ဘု ရင် များ ထံ စစ် ကူ တောင်း လေ ပြီ ဟု အ ချင်း ချင်း ပြော ဆို လျက်
7
ဆည်း ဆာ အ ချိန် တွင် ပင် ထ၍ တဲ ရှင်၊ မြင်း၊ မြည်း များ ကို မ သိမ်း မ ယူ နိုင် ဘဲ၊ တစ် တပ် လုံး လက် လွတ် ထွက် ပြေး နှင့် ကြ သ တည်း။
8
လူ နူ တို့ သည် တပ် ဦး သို့ ရောက် သော အ ခါ တဲ တစ် ဆောင် သို့ ဝင် ရောက် စား သောက်၍ ရွှေ၊ ငွေ၊ အ ထည် အ လိပ် များ ကို သယ် ယူ ဝှက် ထား ပြီး မှ တစ် ဆောင် သို့ ကူး ဝင် လျက် သယ် ယူ ဝှက် ထား ကြ ပြီး သော်၊
9
ငါ တို့ ပြု သော အ မှု ကား၊ မ ကောင်း လေ စွ။ ယ နေ့ သည် မင်္ဂ လာ နေ့ ဖြစ် လျက်၊ ဆိတ် ဆိတ် နေ ကြ ပြီ တ ကား။ မိုး သောက် တိုင် အောင် ဖင့် နွှဲ လျှင် ငါ တို့ အ ပေါ်၌ ပြစ် ဒဏ် သင့် မည်။ နန်း တော် သား တို့ အား ကြား ပြော ရန် အ သော့ သွား ကြ ကုန် အံ့ ဟု အ ချင်း ချင်း တိုင် ပင် လျက်
10
ရှု ရိပ် တပ် သို့ ကျွန် တော် တို့ သွား ရောက် ရာ ချည် လျက်၊ စိုက် လျက် ရှိ သော မြင်း၊ မြည်း၊ တဲ ရှင် များ မှ တစ် ပါး၊ လူ တစ် စုံ တစ် ယောက် ကို မျှ မ တွေ့။ အ သံ ကို လည်း မ ကြား ပါ ဟု မြို့ တံ ခါး စောင့် တို့ ထံ သွား ရောက် ဟစ် ဆို ဖော် ပြ သော်၊
11
တံ ခါး တော် စောင့် တို့ ကြွေး ကြော်၍ အ တွင်း တော် ရောက် လျှောက် ကြား စေ၏။
12
ဘု ရင် မင်း လည်း ညဉ့် အ တွင်း တွင် ထ ပြီး လျှင်၊ ရှု ရိ လူ မျိုး တို့၏ ပ ရိ ယာယ် ကို ဖော် ပြ မည်။ ငါ တို့ မွတ် သိပ် မှန်း ကို သိ သ ဖြင့်၊ မြို့ တွင်း မှ ထွက် လျှင် လက် ရ ဖမ်း၍ မြို့ ကို ဝင် စီး ရန် အ ကြံ နှင့် ဆုတ် ခွာ လျက် တပ် ပုန်း ချ လေ ပြီ ဟု ကျေး ကျွန် သင်း ပင်း တို့ အား မိန့် ဆို သည့် ကာ လ၊
13
ကျွန် တစ် ယောက် က၊ မြို့ တော် တွင် ကျန် သူ ဣ သ ရေ လ အ လုံး အ ရင်း နှင့် ထပ် တူ၊ ပိန် ကြုံ၍ ကြွင်း သေး သော မြင်း ငါး စီး နှင့် သွား ရောက် ရှု ကြည့် ခွင့် ပေး တော် မူ ပါ ဟု တင် လျှောက် လျှင်
14
သွား ရောက် ရှု ကြည့် လော့ ဟု ဘု ရင် မင်း ခွင့် ပြု သည့် အ တိုင်း မြင်း က ပြီး၊ ရ ထား နှစ် စီး ဖြင့် မောင်း နှင် လေ ၏။
15
ယော် ဒန် မြစ် တိုင် အောင် လိုက် လံ ရာ အ လန့် တ ကြား ပြေး သော ရှု ရိ တပ် သား တို့ ပစ် ချ သော အ ထည် အ လိပ် နှင့် လက် နက် များ ကို လမ်း တစ် လျှောက် လုံး တွေ့ ရ ကြောင်း၊ စေ သူ တို့ ပြန် လည် တင် လျှောက် ကြ လျှင်
16
မြို့ သူ မြို့ သား တို့ ထွက် ခွင့် ရ၍ ရှု ရိ တပ် စား ခန်း၌ ရှိ သ မျှ ကို သယ် ယူ ကြ သ ဖြင့် ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် အ ရ ဂျုံ မုန့် ညက် တစ် စိတ် ကို ငွေ တစ် ကျပ်၊ မု ယော ဆန် တစ် ခြွ ကို ငွေ တစ် ကျပ် နှင့် ဝယ် ရ ကြ ကုန် ၏။
17
လက် ကို ဘု ရင် မင်း ထံ ကဲ ပြု လေ့ ရှိ သော စစ် ကဲ လည်း တံ ခါး ဗိုလ် ရာ ထူး နှင့် စောင့် ရ သည် ဖြစ်၍ ဘု ရင် မင်း လာ ရောက် စဉ် ဘု ရား သ ခင့် လူ ယုံ တော် ဆင့် ဆို ခဲ့ သည့် အ တိုင်း မြို့ သူ မြို့ သား တို့ နင်း မိ ကြ သ ဖြင့် သေ ရ လေ ၏။
18
ထို သို့ နက် ဖြန် ယ ခု အ ချိန်၊ ဂျုံ မုန့် ညက် တစ် စိတ် ကို ငွေ တစ် ကျပ်၊ မု ယော ဆန် တစ် ခွဲ ကို ငွေ တစ် ကျပ် နှင့် ရှမာ ရိ မြို့ တံ ခါး ဝ တွင် ဝယ် ရ လိမ့် မည် ဟု ဘု ရင် မင်း အား ဘု ရား သ ခင့် လူ ယုံ တော် ဆင့် ဆို သည့် ကာ လ၊
19
ထာ ဝ ရ ဘု ရား သည် မိုး ကောင်း ကင် ပြွန် ဝ ကို ဖွင့် တော် မူ မှ သာ ဤ သို့ ဖြစ် လိမ့် တ ကား ဟု ဘု ရား သ ခင့် လူ ယုံ တော် အား ပြက် ရယ် သည့် အ တွက် သင် သည် မျက် စိ နှင့် မြင် ရ သော် လည်း စား ရ မည် မ ဟုတ် ဟု ပြန် ဆို သည့် အ လျောက်
20
တံ ခါး စောင့် လျက် နေ သော ထို စစ် ကဲ သည် မြို့ သူ မြို့ သား တို့ နင်း မိ ကြ သ ဖြင့် သေ ရ သ တည်း။