1
မ နာ ရှေ မင်း သည် အိမ် နိမ့် ဆယ့် နှစ် နှစ် ရှိ သော်၊ နန်း တက်၍ ယေ ရု ရှ လင် မြို့၌ ငါး ဆယ့် ငါး နှစ် စိုး စံ လေ ၏။
2
မယ် တော့် အ မည် ကား ဟ ဇ္ဇိ ဘ တည်း။ ထို မင်း သည် ဣ သ ရေ လ အ မျိုး သား တို့ ရှေ့ ထာ ဝ ရ ဘု ရား နှင် ထုတ် တော် မူ ခဲ့ သော လူ မျိုး ခြား တို့ ရွံ ရှာ ဖွယ် ဓ လေ့ အ လိုက် မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် လျက်
3
ခ မည်း တော် ဟေ ဇ ကိ မင်း ပယ် ဖျက် ခဲ့ သော မြင့် ရာ ဌာ န များ ကို တည် ပြန် ခြင်း၊ ဗာ လ နတ် အ ဖို့ ယဇ် ပ လ္လင် များ ကို တည် လုပ် ခြင်း၊ ဣ သ ရေ လ ဘု ရင် အာ ဟပ် မင်း အ လိုက် တံ ခွန် တိုင် စိုက် ထူ ခြင်း များ ကို ပြု လျက် က မ္ဘာ့ တန် ဆာ ရှိ သ မျှ အား ရှိ ခိုး ဝတ် ပြု လေ၏။
4
ယေ ရု ရှ လင် မြို့၌ ငါ့ နာ မ တည် မည် ဟု ထာ ဝ ရ ဘု ရား မိန့် မြွက် တော် မူ ရာ ဗိ မာန် တော် အ တွင်း ပူ ဇော် ရန် ပ လ္လင် များ ကို တည် လုပ် သည့် ပြင်
5
တံ တိုင်း တော် နှစ် ထပ် တွင် လည်း က မ္ဘာ့ တန် ဆာ ရှိ သ မျှ အား ပူ ဇော် ရန် ပ လ္လင် များ ကို တည် လုပ် လေ ၏။
6
သား တော် ကို မီး ဖြင့် ဆက် ကပ်၍ ဗေ ဒင် အ တတ် နှင့် ဇော် ဂ နီ အ တတ် ကို လေ့ လာ လျက် က ဝေ နှင့် မှော် ဝင် တို့ ကို ချီး မြှင့် လျက် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် အ မျက် တော် တိုက် ဆိုး သွမ်း မှု ကို များ စွာ ပြု လေ၏။
7
ဗိ မာန် တော် တွင် လည်း အ ရှဲ ရာ နတ် ရုပ် ကို ထု လုပ် တင် ထား လေ၏။ ထို ဗိ မာန် ကို ရည်၍ ဒါ ဝိဒ် မင်း နှင့် သား တော် ရှော လ မုန် မင်း တို့ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သည် မှာ ဣ သ ရေ လ အ နွယ် အ ပေါင်း တို့ နေ ရာ မြို့ ရွာ များ အ နက် ငါ ရွေး ချယ် သော ယေ ရု ရှ လင် မြို့ ရှိ ဤ ဗိ မာန် တော်၌ ငါ့ နာ မ အ စဉ် တည်၍
8
ငါ မှာ ထား သည့် အ တိုင်း ကျွန် တော် ရင်း မော ရှေ မိန့် မှာ သော ပ ညတ် တ ရား အ ရ ဣ သ ရေ လ လူ မျိုး စောင့် ရှောက် ကျင့် ကြံ လျှင် ဘိုး ဘေး တို့ အား ငါ ပေး ခဲ့ သော ပြည် မှ သူ တို့ ခြေ ကို လေ လွင့် စေ မည် မ ဟုတ် ဟု မိန့် တော် မူ လျက် ပင် မ လိုက် နာ ဘဲ
9
ဣ သ ရေ လ အ မျိုး သား တို့ ရှေ့ ထာ ဝ ရ ဘု ရား ပယ် ရှား တော် မူ ခဲ့ သော လူ မျိုး ခြား တို့ ဆိုး သွမ်း မှု ထက် မ နာ ရှေ သည် သာ၍ လမ်း လွဲ စေ ၏။
10
သို့ ဖြစ်၍ ကျွန် တော် ရင်း ပ ရော ဖက် တို့ အား ဖြင့် ထာ ဝ ရ ဘု ရား က ယု ဒ ဘု ရင် မ နာ ရှေ သည်
11
တိုင်း ရင်း သား အာ မော ရိ လူ မျိုး တို့ ဆိုး သွမ်း မှု ထက် ရွံ ရှာ ဖွယ် ပြု လျက် ကိုယ့် ရုပ် တု များ ဖြင့် ယု ဒ အ မျိုး ကို ပြစ် မှား စေ သော ကြောင့်
12
ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင်၊ ငါ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား ကြား သူ တိုင်း နား နှစ် ဖက် အူ လောက် ဖွယ် ဘေး ကို ယေ ရု ရှ လင် မြို့ နှင့် ယု ဒ တစ် ပြည် လုံး ငါ သင့် စေ၍
13
ရှ မာ ရိ မြို့ ဆိုင် ရာ တာ ကြိုး၊ အာ ဟပ် မင်း မျိုး ဆိုင် ရာ ချိန် သီး ဖြင့် ယေ ရု ရှ လင် မြို့ ကို သတ် မှတ် ပြီး လျှင် ပု ကန် သုတ်၍ မှောက် ထား တတ် သည့် နည်း တူ၊ ယေ ရု ရှ လင် မြို့ ကို ငါ သုတ် သင် မည်။
14
ပိုင် ရာ တော် သည် အိ ဂျစ် ပြည် မှ ဘိုး ဘေး တို့ ထွက် လာ သော နေ့ မှ စ၍ ယ နေ့ တိုင် အောင် မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို အ မျက် တော် တိုက် ပြု လေ့ ရှိ သော ကြောင့် အ ကျန် အ ကြွင်း ကို ပင် စွန့်၍ လု ယက် သုံ့ ဘမ်း အံ့ သော ရန် သူ တို့ လက် တွင်း သို့ အပ် နှင်း လိမ့် မည် ဟု မိန့် တော် မူ ၏။
15
16
မ နာ ရှေ မင်း သည် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့်၍ ယု ဒ အ မျိုး သား ပြစ် မှား စေ သည့် ပြင် အ ပြစ် ကင်း သူ အ မြောက် အ မြား တို့ အ သွေး ကို ယေ ရု ရှ လင် မြို့ အ ပြည် အ လျှံ သွန်း လေ ၏။
17
မ နာ ရှေ မင်း ပြု မူ စီ ရင် သ မျှ အ ကြွင်း အ ကျန် နှင့် ပြစ် မှု များ ပါ ယု ဒ ရာ ဇ ဝင် ၌ ရေး ထား လျက် ရှိ ၏။
18
မ နာ ရှေ မင်း သည် ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက် နန်း တွင်း ရှိ သြ ဇ ခေါ် ဥ ယျာဉ် တော် တွင် စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင် သား တော် အာ မုန် သည် အ ရိုက် အ ရာ၌ နန်း စံ လေ ၏။
19
အာ မုန် မင်း သည် အိမ် နိမ့် နှစ် ဆယ့် နှစ် ရှိ သော်၊ နန်း တက်၍၊ ယေ ရု ရှ လင် မြို့၌ နှစ် နှစ် သာ စိုး စံ ရ ၏။ မယ် တော့် အ မည် ကား ယုမ္ဘာ မြို့ သား ဟာ ရုပ် ၏ သ မီး၊ မေ ရှု လ မက် တည်း။
20
ထို မင်း သည် ခ မည်း တော် မ နာ ရှေ မင်း အ လိုက် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် လျက်
21
ခ မည်း တော် နည်း လမ်း အ တိုင်း လိုက် လျှောက် သ ဖြင့် ဝတ် ပြု ခဲ့ သော ရုပ် တု များ ကို ဝတ် ပြု ရှိ ခိုး လျက်
22
ဘိုး ဘေး တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို စွန့်၍ နည်း လမ်း တော် အ တိုင်း မ လိုက် မ လျှောက် ချေ။
23
ကျေး ကျွန် တို့ သည် အ တွင်း မီး ထ လျက်၊ နန်း တော် တွင် အာ မုန် မင်း ကို လုပ် ကြံ ကြ ရာ
24
ပြည် သူ ပြည် သား တို့ သည် အ တွင်း မီး ထ သူ တို့ ကို ကွပ် မျက် ပြီး လျှင် သား တော် ယော ရှိ ကို အ ရိုက် အ ရာ ၌ မင်း မြှောက် ကြ၏။
25
အာ မုန် မင်း ပြု မူ စီ ရင် သော အ ကြွင်း အ ကျန် သည် ယု ဒ ရာ ဇ ဝင် ၌ ရေး ထား လျက် ရှိ၏။
26
သြ ဇ ခေါ် ဥ ယျာဉ် ရှိ သင်္ချိုင်း တော် တွင် စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင် သား တော် ယော ရှိ သည် အ ရိုက် အ ရာ၌ နန်း စံ လေ ၏။