1
ရှ မွေ လ ကွယ် လွန် သော အ ခါ ဣ သ ရေ လ တစ် မျိုး လုံး စု ရုံး၍ ငို ကြွေး မြည် တမ်း မှု ကို ပြု ပြီး လျှင် ရာ မ မြို့၊ သူ့ ကျောင်း တွင်း ၌ ပင် သင်္ဂြိုဟ် ကြ ကုန်၏။ ဒါ ဝိဒ် လည်း ပါ ရန် တော သို့ ဆင်း သွား လေ၏။
2
ထို အ ခါ သိုး သုံး ထောင်၊ ဆိတ် တစ် ထောင် ရ ဟတ် သော မော န အ ရပ် သား တစ် ဦး သည် က ရ မေ လ အ ရပ် တွင် အ လုပ် တာ ဝန် ရှိ သည့် အ တိုင်း သိုး များ ကို အ မွေး ညှပ် လျက် နေ၏။
3
သူ့ အ မည် ကား နာ ဗ လ မ ယား ကား၊ အ ဘိ ဂဲ လ တည်း။ ထို မိန်း မ သည် ရှု ချင် ဖွယ် အ ဆင်း နှင့် ဉာဏ် ကောင်း၏။ ကာ လက် အ မျိုး သား ဖြစ် သော ထို ယောက်ျား မူ ကား၊ ရက် စက် ကြမ်း ကြုတ် သော အ ကျင့် သ ဘော ရှိ၏။
4
တော တွင် ခို နေ သော ဒါ ဝိဒ် သည် နာ ဗ လ သိုး မွေး ညှပ် လျက် ရှိ ကြောင်း ကို ကြား လျှင်
5
ငယ် သား တစ် ကျိပ် တို့ အား နာ ဗ လ ရှိ ရာ က ရ မေ လ အ ရပ် သို့ သွား ကြ လော့။ ထို သူ့ ကို ငါ့ ကိုယ် စား နှုတ် ဆက်၍ ပြော ဆို ရ မည် မှာ
6
သင် မှ စ၍ ဆွေ မျိုး သား ချင်း နှင့် တ ကွ ပိုင် ရှိ သ မျှ ပါ အ န္တ ရာယ် ကင်း ကြ ပါ စေ သော။
7
သင့် သိုး အုပ် ကို ထိန်း ကျောင်း သူ တို့ သည် က ရ မေ လ အ ရပ် တွင် ကျွန် တော် တို့ နှင့် အ တူ ရှိ နေ သ မျှ ကာ လ ပတ် လုံး၊ အ ရှက် မ ကွဲ ရ၊ တစ် ကောင် မျှ မ ပျောက် ရ ပါ။ သင့် သား ငယ် တို့ ကို မေး မူ မှန် ကြောင်း ဝန် ခံ ကြ ပါ လိမ့် မည်။ ယ ခု မှာ သင့် လူ တို့ အ မွေး ညှပ် လျက် ရှိ ကြောင်း ကျွန် တော် ကြား သည့် အ တိုင်း မင်္ဂ လာ နေ့ တွင် ကျွန် တော့် ငယ် သား တို့ ရောက် ရှိ သည် နှင့် အ ညီ မျက် နှာ သာ ပေး လျက် လက် ဝယ် ရှိ သော မည် သည့် အ ရာ မ ဆို၊ သင့် ကျွန် ဖြစ် သော သူ တို့ အား လည်း ကောင်း၊ သား ဖြစ် သော ဒါ ဝိဒ် အား လည်း ကောင်း၊ ပေး သ နား ပါ ဟူ၍ မှာ ထား စေ လွှတ် သည့် အ တိုင်း
8
9
ငယ် သား တို့ ရောက် လာ၍ ဒါ ဝိဒ် ကိုယ် စား ထို သို့ သော စ ကား များ ကို နာ ဗ လ အား ပြန် ကြား ပြီး လျှင် တိတ် ဆိတ် စွာ နေ ကြ လေ၏။
10
နာ ဗ လ က လည်း၊ ဒါ ဝိဒ် ဆို သူ ကား မည် သူ နည်း၊ ယေ ရှဲ သား ဆို သူ ကား မည် သူ နည်း။ ယ ခု သ မ ယ တွင် အ ရှင့် ထံ မှ ထွက် ပြေး သော ကျွန် များ စွာ ရှိ ပါ တ ကား။
11
ကိုယ် စား ဖွယ် သောက် ရာ နှင့် အ မွေး ညှပ် သူ တို့ အ ဖို့ စီ ရင် ခဲ့ သော အ မဲ ဟင်း လျာ များ ကို ငါ နုတ်၍ မ သိ သော အ လေ အ လွင့် တို့ အား ပေး ရ မည် လော ဟု ဆို လိုက် သော်
12
ဒါ ဝိဒ်၏ ငယ် သား တို့ သည် ကျော ခိုင်း လျက် ပြန် သွား ပြီး မှ ထို သို့ သော စ ကား ကို ဒါ ဝိဒ် အား ပြန် ကြား လေ ၏။
13
ထို အ ခါ အ ပေါင်း ပါ တို့ အား ဒါ ဝိဒ် က၊ ကိုယ် စီ ကိုယ် ငှ ဓား ကို ပတ် စည်း ကြ လော့ ဟု ဆင့် ဆို သည့် အ တိုင်း ဒါ ဝိဒ် မှ စ၍ အ သီး အ သီး တို့ သည် ဓား ကို ပတ် စည်း ကြ ပြီး လျှင် လူ နှစ် ရာ ကို စ ခန်း စောင့် စေ၍ ဒါ ဝိဒ် နှင့် အ တူ လေး ရာ ခန့် လိုက် ပါ ကြ လေ၏။
14
နာ ဗ လ မ ယား အ ဘိ ဂဲ လ အား ငယ် သား တစ် ယောက် ပြော ကြား သည် မှာ ကျွန် တော် တို့ သ ခင့် ထံ နှုတ် ဆက် ရန် တော မှ တ မန် တို့ ကို ဒါ ဝိဒ် စေ လွှတ် ရာ၊
15
သ ခင် ငေါက် ငမ်း လိုက် ပါ၏။ ကျွန် တော် တို့ သည် ထို သ တိ နှင့် ရော နှော သွား လာ သော အ ခါ အ လွန် ကျေး ဇူး ပြု ကြ သ ဖြင့် အ ရှက် မ ကွဲ ရ၊ တစ် ကောင် မျှ မ ပျောက် ရ ပါ။
16
စား ကျက် တွင် ထိန်း ကျောင်း စဉ် အ ခါ လည်း သူ တို့ သည် နေ့ ညဉ့် မ ဟူ ခြံ စည်း သ ဖွယ် ဖြစ် ကြ ပါ ၏။
17
ယ ခု မှာ ကျွန် တော့် သ ခင် မှ စ သော ဆွေ မျိုး သား ချင်း အ ပေါင်း တို့၌ ဘေး အ န္တ ရာယ် ဆုံး ဖြတ် ပြီး ဖြစ်၍ မည် သို့ ပြု အပ် သည် ကို သ ခင် မ ဆင် ခြင် အောက် မေ့ ပါ လော့။ သ ခင့် မူ ကား၊ တ ရား မဲ့ သော ကြောင့် မ လျှောက် ဝံ့ ပါ ဟု ဆို သော်
18
အ ဘိ ဂဲ လ သည် လင် နာ ဗ လ မ သိ စေ ဘဲ မုန့် လုံး နှစ် ရာ၊ စ ပျစ် ရည် နှစ် ပုံး၊ ချက် ပြီး သိုး ငါး ကောင့် အ သား၊ မုန့် ဆန်း တစ် တင်း တစ် စိတ်၊ စ ပျစ် သီး ခြောက် အ ခိုင် တစ် ရာ၊ သ ဖန်း ပြဉ် နှစ် ရာ များ ကို မြည်း ပေါ် သို့ အ မြန် တင် ပြီး လျှင် သွား နှင့် ကြ လော့။ ငါ လိုက် ခဲ့ မည် ဟု ငယ် သား တို့ အား ဆို သည့် အ တိုင်း
19
20
မြည်း စီး လျက် ဆင်း သွား စဉ် တောင် ကွယ် ရာ တွင် ချီ လာ သော ဒါ ဝိဒ် နှင့် အ ပေါင်း ပါ တို့ ကို ရင် ဆိုင် တွေ့ ဆုံ လေ၏။
21
ဒါ ဝိဒ် မူ ကား ထို သူ ပိုင် သိုး တစ် ကောင် မျှ မ ပျောက် စေ ရန် တော တွင် စောင့် ရှောက် သော ကျေး ဇူး သည် မု ချ အ ချည်း နှီး ဖြစ် လေ ပြီ။ အ ကောင်း အ စား အ ဆိုး ကို သူ ဆပ် လေ ပြီ။
22
နံ နက် မိုး လင်း သော်၊ သူ နှင့် တော် စပ် သူ ယောက်ျား ဟူ သ မျှ ကို မ သတ် ခဲ့ လျှင် ဘု ရား သ ခင် သည် ငါ ဒါ ဝိဒ် အ ပေါ် တွင် သာ၍ အ ပြစ် စီ ရင် ပါ စေ သော ဟု ပြ ဌာန်း နှင့် သ တည်း။
23
အ ဘိ ဂဲ လ သည် ဒါ ဝိဒ် ကို မြင် လျှင် မြင် ချင်း မြည်း ပေါ် မှ ဆင်း၍ ရှေ့ တွင် ပျပ် ဝပ် ရှိ ခိုး လေ၏။
24
ခြေ ရင်း တွင် ထို သို့ ပျပ် ဝပ် လျက် အို အ ရှင် ဘု ရား၊ ကျွန် မ အ ပေါ် တွင် သာ အ ပြစ် ဝန် တင် တော် မူ ပါ။ ကျွန် မ အား အ ရှင့် ထံ အ သ နား ခံ ခွင့် ပေး၍ ကျွန် မ၏ လျှောက် ချက် ကို နား စိုက် တော် မူ ပါ။
25
နာ ဗ လ ခေါ် ထို တ ရား မဲ့ သူ့ ကို အ ရှင် အ ရေး ယူ တော် မ မူ ပါ လင့်။ အ မည် အ လိုက် သ ဘော ရှိ ပါ၏။ နာ ဗ လ ဟူ သည် နှင့် အ ညီ ဗာ လ ဖြစ် ပါ၏။ ကျွန် တော် မျိုး မ လည်း၊ အ ရှင် စေ လွှတ် သော ငယ် သား တို့ ကို မ တွေ့ လိုက် ရ ပါ။
26
ယ ခု၊ ထာ ဝ ရ ဘု ရား၏ အ သက် တော် နှင့် ကိုယ် တော့် အ သက် ရှင် သည့် အ တိုင်း ကာ ယ ကံ မြောက်၊ အ သွေး သွန်း၍ အောင် မြင် ပြစ် ကို ထာ ဝ ရ ဘု ရား ကန့် ကွက် တော် မူ ပြီ ဖြစ် သော ကြောင့် အ ရှင့် အ သက် အ န္တ ရာယ် ကို ရှာ ကြံ သော ရန် သူ တို့ သည် နာ ဗ လ ကဲ့ သို့ ဖြစ် ကြ ပါ စေ သော။
27
အ ရှင့် အ ဖို့ ယ ခု ပါ လာ သော လက် ဆောင် ကို နောက် ပါ ငယ် သား တို့ အား သိမ်း ခွင့် ပြု တော် မူ ပါ။
28
ကျွန် တော် မ လွန် ကျူး မိ သော ပြစ် မှု ကို ကန် တော့ တောင်း ပန် ပါ၏။ ထာ ဝ ရ ဘု ရား၏ စစ် မှု ကို အ ရှင် ထမ်း ဆောင် သည် နှင့် အ ညီ အ ရှင့် အ မျိုး အ နွယ် ကို ထာ ဝ ရ ဘု ရား တည် မြဲ စေ တော် မူ ပါ လိမ့် မည်။ အ ရှင်၌ လည်း အ သက် ထက် ဆုံး ဘေးရောက် မည် မ ဟုတ် ပါ။
29
အ ရှင့် အ သက် အ န္တ ရာယ် ကို လိုက် ရှာ သူ တို့ ထ ကြွ သော် လည်း အ ရှင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ အ သက် ရ တ နာ ကြုတ် တွင် အ ရှင့် အ သက် ကို ထည့် ပိတ်၍ ထား ပါ စေ သော။ ရန် သူ တို့ အ သက် ကို ကား လွှဲ ပစ် သော လောက် စာ ကဲ့ သို့ ပစ် တော် မူ ပါ စေ သော။
30
ထာ ဝ ရ ဘု ရား သည် မင်္ဂ လာ က တိ ထား တော် မူ သည့် အ တိုင်း အ ရှင်၌ ပြည့် စုံ၍ ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် မင်း ဖြစ် စေ တော် မူ သော အ ခါ
31
အ ကြောင်း မဲ့ အ သွေး သွန်း၍ အောင် မြင် ရ သော အ မှု သည် အ ရှင်၌ နောင် တ သံ ဝေ ဂ ရ ရန် အ ကြောင်း ရှိ တော့ မည် မ ဟုတ် ပါ။ ထာ ဝ ရ ဘု ရား သည် အ ရှင် အား ထို သို့ သော မင်္ဂ လာ ပြု တော် မူ သည့် ကာ လ၊ ကျွန် မ ကို သ တိ ရ တော် မူ ပါ ဟု လျှောက် လေ၏။
32
ဒါ ဝိဒ် က လည်း၊ ယ နေ့ ငါ နှင့် တွေ့ ဆုံ ရန် သင့် ကို စေ လွှတ် တော် မူ သော ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။
33
သင့် ကောင်း သော ဉာဏ် လည်း မင်္ဂ လာ ရှိ ပါ၏။ ယ နေ့ ကာ ယ ကံ မြောက် အ သွေး သွန်း၍ အောင် မြင် ပြစ် ကို တား မြစ် သူ သင် ၌ မင်္ဂ လာ ရှိ၏။
34
မု ချ ဆို သော် သင် တို့၌ ငါ ပြု အံ့ သော အ န္တ ရာယ် ကို ကန့် ကွက် တော် မူ သော ဣ သ ရေ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ သက် ရှင် တော် မူ သည့် အ တိုင်း သင် သည် အ ဆော တ လျင် လာ ရောက် မ တွေ့ မ ဆုံ လျှင် မိုး မ လင်း မီ နာ ဗ လ နှင့် တော် စပ် သူ ယောက်ျား ဟူ သ မျှ ကို သတ် လေ ပြီ ဟု အ ဘိ ဂဲ လ အား ပြော ဆို လျက်၊
35
သူ၌ ပါ သော လက် ဆောင် ကို ခံ ယူ ပြီး လျှင် သင့် စ ကား ကို ငါ လိုက် နာ၍ မျက် နှာ သာ ပေး ပြီ။ နေ အိမ် သို့ အ ကြည် အ သာ ပြန် သွား လော့ ဟု ဆို လေ ၏။
36
အ ဘိ ဂဲ လ လည်း နာ ဗ လ ထံ ပြန် ရောက်၍ ဘု ရင် တို့ ကျင်း ပ သော ပွဲ ကဲ့ သို့ ပြု လုပ် လျက် မူး ယစ် ရွှင် လန်း စွာ နေ သော နာ ဗ လ ကို တွေ့ ရာ၊ မိုး မ လင်း မီ အ တွင်း မည် သည် ကို မျှ မ ပြော မ ကြား ရ ချေ။
37
မိုး လင်း၍ နာ ဗ လ အ ယစ် ပြေ သော အ ခါ ဆို ခဲ့ သော အ ခြင်း အ ရာ များ ကို မ ယား ပြော လျှင် ပြော ချင်း ကျောက် တိုင် သ ဖွယ် သေ ငယ် ဇော နှင့် မြော နေ ရာ၊
38
ဆယ် ရက် ခန့် ရှိ သော်၊ ထာ ဝ ရ ဘု ရား ဒဏ် ခတ် တော် မူ သ ဖြင့် သေ လေ ၏။
39
နာ ဗ လ သေ ကြောင်း ကြား သော်၊ ဒါ ဝိဒ် က၊ ကိုယ် တော့် ကျွန် လွန် ကျူး အံ့ သော ပြစ် မှု ကို ဖယ် ရှား လျက် နာ ဗ လ ကဲ့ ရဲ့ သော အ မှု ကို ချေ ပ တော် မူ သော ထာ ဝ ရ ဘု ရား သည် မင်္ဂ လာ ရှိ ပါ စေ သော။ ထာ ဝ ရ ဘု ရား သည် နာ ဗ လ၏ ဒု စ ရိုက် ကို ချင့် ဦး ထိပ် ထက် တုံ့ ပြန် တော် မူ ပြီ ဟု ဆို ပြီး မှ အ ဘိ ဂဲ လ ကို ကြင် ဘက် ပြု ရန် အောင် တ မန် များ ကို စေ လွှတ်၍
40
က ရ မေ လ အ ရပ် သို့ အ ဘိ ဂဲ လ ထံ ရောက် ကြ သော အ ခါ ဒါ ဝိဒ် သည် အ ရှင် မ ကို ကြင် ဘက် အ ဖြစ် ခေါ် ဆောင် ရန် ကျွန် တော် တို့ အား စေ ခိုင်း လိုက် ပါ သည် ဟု ပြော ဆို ကြ လျှင်
41
အ ဘိ ဂဲ လ ထ၍ ကျွန် မ သည် အ ရှင့် ကျွန် တို့၏ ခြေ ကို ပင် ဆေး သော ကျွန် မိန်း မ ဖြစ် ပါ သည် ဟု ဝန် ခံ လျက် ပျပ် ဝပ် ပြီး လျှင် အ မြန် ထ သ ဖြင့်
42
နောက် ပါ ကျွန် မိန်း မ ငါး ယောက် နှင့် မြည်း စီး လျက် အောင် တ မန် တို့ နောက် သို့ လိုက်၍ ကြင် ဘက် မျှ လေ၏။
43
ဒါ ဝိဒ် သည် ယေ ဇ ရေ လ မြို့ သူ အ ဟိ နောင် ကို လည်း သိမ်း၍ ထို မိန်း မ နှစ် ယောက် နှင့် ကြင် ဘက် ပြု လေ၏။
44
ဒါ ဝိဒ် ခင် ပွန်း ဖြစ် သော သ မီး တော် မိ ခါ လ ကို ကား ဂ လ္လိမ် မြို့ နေ လဲ ရှ သား ပါ လ တိ နှင့် ရှော လု မင်း ထိမ်း မြား ပြီး ဖြစ် သ တည်း။