၁ ရာ-24

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ရှော လု မင်း သည် ဖိ လိ တ္တိ တပ် ကို လိုက် လံ ရာ မှ ပြန် လျှင် အ ဂေ ဒိ တော၌ ဒါ ဝိဒ် ခို နေ သော သ တင်း ကြား သော ကြောင့်
  • 2 ဣ သ ရေ လ ရဲ မက် တို့ အ နက် သုံး ထောင် ကို ရွေး ကောက်၍ တောင် ဆိတ် များ နေ ရာ ကျောက် တောင် ပေါ် တွင် ဒါ ဝိဒ် နှင့် အ ပေါင်း ပါ တို့ ကို ချီ ထွက် လိုက် ရှာ လေ၏။
  • 3 လိုက် ရှာ စဉ် သိုး ခြံ များ အ နီး ရှိ ဥမင် ကို တွေ့ သ ဖြင့်၊ ရှော လု မင်း သည် ကိုယ် သုတ် သင် ရန် ဝင် သွား ရာ၊ ဒါ ဝိဒ် နှင့် အ ပေါင်း ပါ တို့ လည်း ဥမင် အ ဆုံး၌ ခို လျက် ရှိ ကြ၏။
  • 4 ထို အ ခါ အ ပေါင်း ပါ တို့ က၊ အ လို အ တိုင်း ပြု ခွင့် ရ စေ ရန် ရန် သူ ကို သင့် လက် တွင်း သို့ အပ် နှင်း မည် ဟူ၍ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး တော် မူ သော နေ့ ရက် သည် ယ ခု တိုင် ရောက် ပြီ ဟု ဆို ကြ သည့် အ တိုင်း ဒါ ဝိဒ် ထ၍ ရှော လု မင်း၏ ဝတ် လဲ တော် အ မြိတ် ကို တိတ် တ ဆိတ် ဖြတ် ယူ လေ၏။
  • 5 ထို နောက် ရှော လု မင်း ဝတ် လဲ တော် မြိတ် ကို ဖြတ် ယူ မိ သည့် အ တွက် နောင် တ ရ သည် နှင့်
  • 6 ဒါ ဝိဒ် က၊ ထာ ဝ ရ ဘု ရား၏ ဘိ သိက် တော် ခံ မင်း ဖြစ် သော ကြောင့် ငါ့ အ ရှင်၊ ထို ဘိ သိက် တော် ခံ မင်း ကို လက် ရောက် မှု အ ပြစ် သည် ငါ နှင့် ကင်း ဝေး ပါ စေ သော ဟု အ ပေါင်း ပါ တို့ အား ဆို လျက်
  • 7 ရှော လု မင်း တစ် ဘက်၌ သောင်း ကျန်း မှု ကို ကန့် ကွက် လေ၏။ ရှော လု မင်း သည် ချီ မြဲ ချီ ရန် ဥမင် မှ ထွက် ပြီး နောက်၊
  • 8 ဒါ ဝိဒ် လည်း ဥမင် မှ ထွက် လာ၍ အို အ ရှင် မင်း မြတ် ဟု နောက် တော် က ဟစ် ခေါ် သ ဖြင့်၊ ရှော လု မင်း လှည့် ကြည့် ရာ ဒါ ဝိဒ် သည် ပျပ် ဝပ် ရှိ ခိုး လျှင်
  • 9 အ ကျိုး တော် ပျက် ရန် ဒါ ဝိဒ် ရှာ ကြံ သည် ဟု မ လို သူ တို့ ကုန်း စ ကား ကို အ ဘယ် ကြောင့် နား ယောင် တော် မူ ပါ သ နည်း။
  • 10 ရှု တော် မူ ပါ။ ယ နေ့ တွင် အ ရှင် သိ တော် မူ သည့် အ တိုင်း ထာ ဝ ရ ဘု ရား သည် ဥမင် အ တွင်း အ ရှင် ကို ကျွန် တော့် လက် သို့ အပ် နှင်း တော် မူ သည် နှင့် လုပ် ကြံ ရန် တိုက် တွန်း ကြ သော် လည်း ထာ ဝ ရ ဘု ရား၏ ဘိ သိက် တော် ခံ မင်း ဖြစ် သော ကျွန် တော့် အ ရှင် ကို လက် ရောက် ကျူး လွန် မည် မ ဟုတ် ဟု ပြ ဌာန်း လျက် အ သက် တော် ကို ချမ်း သာ စေ ပါ၏။
  • 11 အို ခ မည်း တော် ကျွန် တော် လက် ဝယ် ရှိ သော ဝတ် လဲ တော် မြိတ် ကို ရှု ကြည့် တော် မူ ပါ။ ထို အ မြိတ် သာ ဖြတ် လျက် မ လုပ် ကြံ သည် ကို ထောက်၍ ကျွန် တော်၌ လက် ရောက် မှု၊ လွန် ကျူး မှု မ ရှိ ကြောင်း ကိုလည်း ကောင်း၊ ကျွန် တော့် အ သက် ကျော့ မိ ရန် အ ရှင် မင်း လိုက် ရှာ သော် လည်း၊ ကျွန် တော် ရန် တုံ့ မ မူ ကြောင်း ကိုလည်း ကောင်း၊ သိ မှတ် တော် မူ ပါ။
  • 12 ထာ ဝ ရ ဘု ရား သည် အ ရှင် နှင့် ကျွန် တော့် အ လယ် တွင် စီ ရင်၍ ပြစ် မှား သူ့ အ ပေါ် တွင် ဆပ် ပေး တော် မူ ပါ စေ သော။ ကျွန် တော် မူ ကား၊ လက် ရောက် ကျူး လွန် မည် မ ဟုတ် ပါ။
  • 13 ဆိုး သွမ်း သူ မှ ဆိုး သွမ်း မှု ထွက် တတ် သည် ဟူ သော ရှေး စ ကား ပုံ အ တိုင်း ကျွန် တော် လက် ရောက် ကျူး လွန် မည် မ ဟုတ် ပါ။
  • 14 ဣ သ ရေ လ ဘု ရင် မင်း ဖြစ် သော အ ရှင် သည် မည် သူ့ ကို လိုက် လံ ရန် ထွက် ချီ ခဲ့ ပါ သ နည်း။ ခွေး သေ ကောင်၊ ခွေး လှေး ကောင် မျှ သာ မ ဟုတ် ပါ လော။
  • 15 ထာ ဝ ရ ဘု ရား သည် တ ရား မင်း အ ဖြစ်၊ ကိုယ် တော် နှင့် ကျွန် တော့် အ လယ် တွင် စီ ရင် လျက် ကျွန် တော့် အ မှု ကို ထောက် ရှု ချေ ပ၍ အ ရှင့် လက် တော် မှ လွှတ် တော် မူ ပါ စေ သော ဟု တင် လျှောက် လေ ၏။
  • 16 ထို သို့ သော စ ကား ကို ဒါ ဝိဒ် တင် လျှောက် ပြီး သော်၊ ရှော လု မင်း က၊ အို ငါ့ သား ဒါ ဝိဒ်၊ သင့် စ ကား သံ လော ဟု မေး လျက် အော် ဟစ် ငို ကြွေး လေ၏။
  • 17 တစ် ဖန် ရှော လု မင်း က၊ သင်၌ အ ဆိုး ကို ငါ ပြု သော် လည်း ငါ၌ အ ကောင်း သင် ပြု သည် ကို ထောက်၍ ငါ့ ထက် သင် ဖြောင့် မတ် လေ ပြီ။
  • 18 ငါ့ ကို သင့် လက် တွင်း သို့ ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ သော် လည်း မ လုပ် မ ကြံ မူ၍ ကျေး ဇူး ပြု ကြောင်း ယ ခု သင် ဖော် ပြ လေ ပြီ။
  • 19 လူ တို့ သည် ရန် သူ ကို တွေ့ မိ လျှင် ဘေး မဲ့ လွှတ် လိမ့် မည် လော။ ငါ၌ ယ နေ့ သင် ပြု သော ကျေး ဇူး အ စား၊ ထာ ဝ ရ ဘု ရား ဆပ် ပေး တော် မူ ပါ စေ သော။
  • 20 ယ ခု မှာ သင် သည် ဘု ရင့် အ ဖြစ် သို့ ရောက်၍ ဣ သ ရေ လူ မျိုး အ ပေါ် တွင် အုပ် စိုး ခွင့် တည် မြဲ လိမ့် မည် ဟု ငါ သိ သည့် အ လျောက်
  • 21 ငါ၏ သား စဉ် မြေး ဆက် တို့ ကို မ သုတ် မ သင်၊ ဆွေ မျိုး သား ချင်း တို့ ဘောင် မှ ငါ့ နာ မ ကို မ ဖျက် မ ပယ် မည့် အ ကြောင်း ထာ ဝ ရ ဘု ရား ကို တိုင် တည်၍ သ စ္စာ မူ လော့ ဟု ဆို သည့် အ တိုင်း
  • 22 ဒါ ဝိဒ် သ စ္စာ မူ ပြီး နောက် ရှော လု မင်း သည် နန်း တော် သို့ ပြန် သွား၍ ဒါ ဝိဒ် လည်း အ ပေါင်း ပါ တို့ နှင့် တ ကွ လုံ ခြုံ သော နေ ရာ ရင်း သို့ တက် သွား လေ၏။
回到本卷目录 回到本版本目录 回到首页