1
ထို နောက် ဖိ လိ တ္တိ တပ် သည် ကိ လ မြို့ ကို တိုက် ခိုက်၍ စ ပါး ကျီ များ ပါ သိမ်း ယူ သော သ တင်း ဒါ ဝိဒ် ကြား လျှင်
2
ထို ဖိ လိ တ္တိ တပ် ကို လုပ် ကြံ ရန် အ ကျွန်ုပ် ချီ သွား ရ ပါ မည် လော ဟု ထာ ဝ ရ ဘု ရား ထံ မေး လျှောက် ရာ၊ ထာ ဝ ရ ဘု ရား က ချီ လော့။ ဖိ လိ တ္တိ တပ် ကို လုပ် ကြံ၍ ကိ လ မြို့ ကို ကယ် ဆယ် လော့ ဟု ဒါ ဝိဒ် အား ဗျာ ဒိတ် ပေး တော် မူ ၏။
3
အ ပေါင်း ပါ တို့ က၊ ကျွန် တော် တို့ သည် ယု ဒ နယ် တွင် ကြောက် ရွံ့ စွာ အောင်း နေ ရ ပါ လျက် ဖိ လိ တ္တိ ဗိုလ် ထု နှင့် စစ် တိုက် ရန် ကိ လ မြို့ သို့ ချီ ထွက် ရ မည့် ဆို လျှင် သာ၍ ကြောက် ရွံ့ ဖွယ် ကောင်း လေ စွ ဟု ဆို ကြ သော်၊
4
ထာ ဝ ရ ဘု ရား ထံ ဒါ ဝိဒ် ထပ် မံ မေး လျှောက် ရာ ထာ ဝ ရ ဘု ရား က ထ၍ ကိ လ မြို့ သို့ ဆင်း ချီ လော့။ ဖိ လိ တ္တိ တပ် ကို သင့် လက် တွင်း သို့ ငါ အပ် နှင်း မည် ဟု မိန့် တော်မူ သည့် အ တိုင်း
5
အ ပေါင်း ပါ တို့ နှင့် တ ကွ ကိ လ မြို့ သို့ ဒါ ဝိဒ် ချီ သွား၍၊ ဖိ လိ တ္တိ တပ် ကို တိုက် ခိုက် ရာ အ ပြင်း အ ထန် လုပ် ကြံ လျက် တိ ရ စ္စာန် ရှိ သ မျှ ကို လက် ရ သိမ်း ယူ လေ၏။ ကိ လ မြို့ သူ မြို့ သား တို့ ကို ဒါ ဝိဒ် ထို သို့ ကယ် ဆယ် သ တည်း။
6
အ ဟိ မ လက် သား အ ဗျာ သာ သည် ကိ လ မြို့ တိုင် အောင် ဒါ ဝိဒ် ထံ၊ ဧ ဖုဒ် ရ တ နာ ကိုင် ဆောင် လျက် လိုက် ပြေး လေ၏။
7
ကိ လ မြို့ သို့ ဒါ ဝိဒ် ရောက် လာ သ တင်း ကြား သော်၊ ရှော လု မင်း က၊ ဒါ ဝိဒ် သည် မြို့ တွင်း သို့ ဝင် ရောက်၍ တံ ခါး ကန့် လန့် ကျင် များ ဖြင့် ချည် နှောင် ပြီး ဖြစ် သည် နှင့် အ ညီ ငါ့ လက် တွင်း သို့ ဘု ရား သ ခင် လွှဲ အပ် တော် မူ ပြီ ဟု အောက် မေ့ လျက်
8
ကိ လ မြို့ သို့ ဆင်း ချီ၍ ဒါ ဝိဒ် နှင့် အ ပေါင်း ပါ တို့ ကို ဝန်း ဝိုင်း တိုက် ခိုက် ရန် ဗိုလ် ထု အ ပေါင်း တို့ ကို စု ရုံး လေ ၏။
9
ဒါ ဝိဒ် လည်း၊ ရှော လု မင်း မ ကောင်း ကြံ သည် ကို သိ လျှင် ပ ရော ဟိတ် အ ဗျာ သာ အား ဧ ဖုဒ် ရ တ နာ ကို ပေး ပါ လော့ ဟု တောင်း ဆို ပြီး နောက်
10
အို ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် အ တွက် ကိ လ မြို့ သို့ ချီ လာ၍ ဖျက် သိမ်း ရန် ရှော လု မင်း ကြံ စည် ကြောင်း ကိုယ် တော် ကျွန် ကြား ရ ပါ ပြီ။
11
ကိ လ မြို့ သား တို့ သည် သူ သတ် ကွင်း သို့ အ ကျွန်ုပ် ကို အပ် မည် လော။ ကိုယ် တော့် ကျွန် ကြား ရ သည့် အ တိုင်း၊ ရှော လု မင်း ဆင်း ချီ မည် လော။ အို ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကိုယ် တော့် ကျွန် အား ဗျာ ဒိတ် ပေး သ နား တော် မူ ပါ ဟု တောင်း လျှောက် သော်၊ ဆင်း ချီ လိမ့် မည် ဟု ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး တော် မူ ၏။
12
တစ် ဖန် ဒါ ဝိဒ် က ကိ လ မြို့ သား တို့ သည် အ ကျွန်ုပ် နှင့် အ ပေါင်း ပါ တို့ ကို ရှော လု မင်း လက် တွင်း သို့ အပ် မည် လော ဟု မေး လျှောက် ပြန် သော်၊ အပ် လိမ့် မည် ဟု ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး တော် မူ သည် ဖြစ် ၍၊
13
ဒါ ဝိဒ် သည် ခြောက် ရာ ခန့် ရှိ သော အ ပေါင်း ပါ တို့ နှင့် ကိ လ မြို့ မှ ထွက် ချီ ပြီး လျှင် သင့် ရာ အ ရပ် သို့ ထွက် သွား ကြ၏။ ရှော လု မင်း လည်း ကိ လ မြို့ မှ ဒါ ဝိဒ် ထွက် ပြေး သော သ တင်း ကို ကြား သိ လျှင် မ ချီ မ ထွက် ဘဲ နေ လေ ၏။
14
ဒါ ဝိဒ် သည် ဇိ ဖ တော ရှိ၊ ခင် တန်း ပေါ် တွင် လုံ ခြုံ သော အ ရပ် များ၌ ခို နေ ရာ၊ နေ့ ရှိ သ မျှ ရှော လု မင်း ရှာ သော် လည်း သူ့ လက် တွင်း သို့ ဘု ရား သ ခင် အပ် နှင်း တော် မ မူ။
15
အ သက် အ န္တ ရာယ် ရှာ ကြံ ရန် ရှော လု မင်း ချီ လာ ကြောင်း ဒါ ဝိဒ် သိ နှင့် သည့် အ တိုင်း ဇိ ဖ တော ရှိ ပိတ် ပေါင်း တွင် ခို နေ စဉ်
16
ရှော လု မင်း သား တော် ယော န သန် သည် ဒါ ဝိဒ် ရှိ ရာ သို့ သွား ရောက် လျက် မ ကြောက် ပါ လင့်။ သင့် အ ပေါ် သို့ ခ မည်း တော် ရှော လု မင်း လက် တော် ရောက် မည် မ ဟုတ်။ သင် သည် ဣ သ ရေ လ လူ မျိုး၏ ဘု ရင် ဖြစ် မည်။ ငါ လည်း သင့် လက် အောက် နန်း ရံ ဖြစ် မည် ကို ခ မည်း တော် ရှော လု မင်း ရိပ် မိ တော် မူ သည် ဟု ဆို လျက်၊ ဘု ရား သ ခင် ကို အ မှီ ပြု စေ၍ အား ပေး ပြီး လျှင်
17
18
ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် နှစ် ဦး လုံး သ စ္စာ မိတ် ထပ် ဖွဲ့ ပြီး နောက်၊ ပိတ် ပေါင်း တွင် ဒါ ဝိဒ် ခို မြဲ ခို နေ ရာ ယော န သန် မူ ကား၊ အိမ် တော် သို့ ပြန် သွား လေ၏။
19
ထို အ ခါ ဇိ ဖ တော သား တို့ သည် ဂိ ဗာ မြို့၊ ရှော လု မင်း ထံ တက် လာ ပြီး လျှင် ကျွန် တော် တို့ နေ ရာ ယေ ရှိ မုန် တော တောင် မျက် နှာ၊ ဟ ခိ လ ခင် တန်း ပေါ် တွင် လုံ ခြုံ သော ပိတ် ပေါင်း များ၌ ဒါ ဝိဒ် ပုန်း အောင်း သည် မ ဟုတ် ပါ လော။
20
သို့ ဖြစ်၍ ဘု ရင် မင်း မြတ် ဆင်း ချီ တော် မူ လို က၊ ဆင်း ချီ တော် မူ ပါ။ ကျွန် တော် တို့ သည် ဘု ရင် မင်း မြတ် လက် တော် သို့ ဒါ ဝိဒ် ကို အပ် ပါ မည် ဟု တင် လျှောက် ကြ သော်၊
21
ရှော လု မင်း က၊ သင် တို့ သည် ငါ့ ကို ကြင် နာ သော ကြောင့် ထာ ဝ ရ ဘု ရား အ ထံ တော် မှ မင်္ဂ လာ ခံ ရ ကြ ပါ စေ သော။
22
သို့ ရာ တွင် ငါ ကြား သည့် အ တိုင်း ဒါ ဝိဒ် အ လွန် လိ မ္မာ သူ ဖြစ်၍ ခြေ ချ ရာ အ ရပ် နှင့် မြင် ဘူး သော သူ့ ကို သေ ချာ စွာ မှတ် သား ရန် ပြန် သွား ကြ ပါ လော့။
23
ထို သို့ သူ ပုန်း အောင်း ရာ အ ရပ် များ ကို မှတ် သား ပြီး မှ ငါ့ ထံ သို့ အ မှန် ပြန် လာ လျှင် ငါ လည်း ချီ လိုက်၌ ပြည် နယ် အ တွင်း၌ နေ ခဲ့ မူ ယု ဒ အိမ် ထောင် စေ့ ငါ လိုက် ရှာ မည် ဟု မိန့် ဆို သည့် အ တိုင်း
24
ထို သူ တို့ သည် ဇိ ဖ တော သို့ တင် ရင် ပြန် သွား ကြ လေ၏။ ဒါ ဝိဒ် နှင့် အ ပေါင်း ပါ တို့ ကား၊ ယေ ရှိ မုန် တော တောင် မျက် နှာ၊ အ ရာ ဗာ ချိုင့် ရှိ မော န တော သို့ ရွှေ နှင့် သ တည်း။
25
ရှော လု မင်း နှင့် တပ် တော် သား တို့ ချီ ထွက် လိုက် ရှာ ကြ သော သ တင်း ကို ဒါ ဝိဒ် ကြား သော်၊ မော န တော ရှိ ကျောက် ငူ သို့ ဆင်း ချီ ပုန်း အောင်း၏။ ထို သ တင်း အ ရ မော န တော တစ် လျှောက် ရှော လု မင်း လိုက် လံ ရာ
26
ရှော လု မင်း သည်လည်း ကောင်း၊ ဒါ ဝိဒ် နှင့် အ ပေါင်း ပါ တို့ သည်လည်း ကောင်း ကျောက် တောင် တစ် ဘက် တစ် ချက် လိုက် လျက်၊ ပြေး လျက်၊ နေ ကြ စဉ်၊ ရှော လု မင်း နှင့် တပ် တော် သား တို့ သည် ဒါ ဝိဒ် နှင့် အ ပေါင်း ပါ တို့ ကို ဖမ်း ဆီး ရန် ဝန်း ဝိုင်း ချဉ်း ကပ် လာ သော ကြောင့် အ လန့် တ ကြား ထွက် ပြေး ရန် ဒါ ဝိဒ် အ ကြံ ယူ ဆဲ တွင်
27
ခြေ လျင် တော် ရောက် လာ၍ အ လျင် အ မြန် ပြန် ကြွ တော် မူ ပါ။ ဖိ လိ တ္တိ တပ် သည် ပြည် တော် ကို တိုက် ခိုက် ပါ ပြီ ဟု ရှော လု မင်း အား တင် လျှောက် သော်
28
ရှော လု မင်း သည် ဒါ ဝိဒ် နောက် လိုက် လံ ရာ မှ ပြန် လှည့် လျက် ဖိ လိ တ္တိ တပ် ကို ဆီး ဆို့ ရန် ချီ သွား ကြောင်း အ စွဲ ပြု၍ ထို အ ရပ် ကို သေ လ ဟ မ္မ လေ ကုပ် အ မည် ဖြင့် ခေါ် ဝေါ် ကြ သ တည်း။
29
ထို မှ ဒါ ဝိဒ် ထွက်၍ အ ဂေ ဒိ တော ရှိ လုံ ခြုံ ရာ အ ရပ် များ တွင် ခို နေ လေ၏။