1
ထို နောက် ဣ သ ရေ လ လူ မျိုး ကို စစ် တိုက် ရန် ဖိ လိ တ္တိ အ လုံး အ ရင်း တို့ စု ရုံး ကြ သည့် ကာ လ အာ ခိတ် မင်း က၊ သင် နှင့် အ ပေါင်း ပါ တို့ လည်း အ လုံး အ ရင်း တွင် ပါ ဝင်၍ ငါ့ နောက် လိုက် ချီ ရ မည် ကို သိ မှတ် လော့ ဟု ဒါ ဝိဒ် အား မိန့် ဆို သော်၊
2
သို့ ဖြစ် လျှင် ကျွန် တော် မျိုး၏ စွမ်း ရည် ကို အ ရှင် သိ ပါ လိမ့် မည် ဟု ဒါ ဝိဒ် ဝန် ခံ ရာ၊ အာ ခိတ် မင်း က၊ သို့ ဖြစ် ခဲ့ မူ၊ သင့် အား သက် တော် စောင့် ရာ ထူး ကို အ မြဲ ခန့် ထား မည် ဟု မိန့် ဆို လေ၏။
3
ရှ မွေ လ ကွယ် လွန် ခဲ့ ရာ ဣ သ ရေ လ တစ် မျိုး လုံး ငို ကြွေး မြည် တမ်း မှု ကို ပြု ပြီး လျှင် ချက် သို ရာ ရာ မ မြို့ တွင် သင်္ဂြိုဟ် ခဲ့ ပြီ။ က ဝေ နှင့် မှော် ဝင် တို့ ကို လည်း ပြည် နယ် အ တွင်း ရှော လု မင်း သုတ် သင် ပြီး ဖြစ် သ တည်း။
4
ဖိ လိ တ္တိ စစ် သည် တို့ စု ရုံး၍၊ ရှု နင် မြို့ တွင် တပ် စွဲ ကြ၏။ ရှော လု မင်း လည်း ဣ သ ရေ လ ရဲ မက် အ ပေါင်း တို့ ကို စု ရုံး ပြီး လျှင်
5
ဂိ လ ဗော တောင်၌ တပ် စွဲ ရာ၊ ဖိ လိ တ္တိ အ လုံး အ ရင်း ကို မြင် လျှင် အ လွန် ထိတ် လန့် ကြောက် ရွံ့ ခြင်း ဖြစ် သည် နှင့်
6
ထာ ဝ ရ ဘု ရား ထံ မေး လျှောက် သော် လည်း အိပ် မက် အား ဖြင့် လည်း ကောင်း၊ ဥရိမ် အား ဖြင့် လည်း ကောင်း၊ ပ ရော ဖက် အား ဖြင့် လည်း ကောင်း၊ ထာ ဝ ရ ဘု ရား ထူး တော် မ မူ။
7
သို့ ဖြစ်၍ ရှော လု မင်း က၊ ငါ သွား ရောက် မေး မြန်း နိုင် သော က ဝေ မ တစ် ယောက် ကို ရှာ ကြ လော့ ဟု ကျွန် ရင်း တို့ အား မိန့် ဆို သော အ ခါ အ ဒေါ ရ မြို့ တွင် က ဝေ မ တစ် ယောက် ရှိ ပါ သည် ဟု တင် လျှောက် ကြ သည့် အ တိုင်း
8
ရှော လု မင်း သည် ဝတ် လဲ တော် မ ဆင် ဘဲ ဆင်း ရဲ သား ဟန် ဆောင် လျက် နောက် ပါ ငယ် သား နှစ် ယောက် နှင့် ညဉ့် အ ခါ ထို မိန်း မ ထံ သွား ရောက် ပြီး လျှင် သင် အ မှီ ပြု သော ဇော် ဂ နီ တန် ခိုး အား ဖြင့် ကျွန် တော် အ လို ရှိ သူ့ ကို ခေါ် ပေး ပါ ဟု ဆို သော်
9
က ဝေ မ က က ဝေ နှင့် မှော် ဝင် တို့ ကို ပြည် နယ် အ တွင်း ရှော လု မင်း ပယ် ရှား သော အ မှု ကို သိ လျက် ငါ့ အ သက် သေ စေ ခြင်း ငှါ အ ဘယ် ကြောင့် ကွင်း ထောင် သ နည်း ဟု ပြန် ဆို ရာ
10
ထာ ဝ ရ ဘု ရား အ သက် ရှင် တော် မူ သည့် အ တိုင်း ဤ အ မှု ကြောင့် အ ပြစ် ဒဏ် ခံ ရ မည် မ ဟုတ် ဟု ထာ ဝ ရ ဘု ရား ကို တိုင် တည်၍ ရှော လု မင်း သ စ္စာ ဆို လေ ၏။
11
ထို အ ခါ က ဝေ မ က၊ မည် သူ့ ကို ခေါ် ပေး ရ မည် နည်း ဟု မေး ရာ ရှ မွေ လ ဟု ဆို ပြီး နောက် ရှော လု ကို
12
က ဝေ မ ကြည့် မြင် သော် အ ဘယ် ကြောင့် ကျွန် မ ကို လှည့် စား ဘိ သ နည်း။ အ ရှင် သည် ရှော လု မင်း ပါ တ ကား ဟု ဟစ် အော် တင် လျှောက် လေ၏။
13
ရှော လု မင်း က လည်း၊ မ ကြောင့် လင့်။ ဘာ ကို မြင် ရ သ နည်း ဟု မေး သော် က ဝေ မ က၊ မြေ ထဲ က ဘု ရား တက် လာ သည် ကို မြင် ပါ သည် ဟု လျှောက် လျှင်၊
14
အ ဆင်း သ ဏ္ဌာန် မည် သို့ နည်း ဟု မေး ပြန် ရာ ဝတ် လုံ ဆင် လျက် လူ အို တက် လာ သည် ဟု ပြန် လျှောက် သော် ရှ မွေ လ ဖြစ် ကြောင်း ရှော လု မင်း ရိပ် မိ သ ဖြင့် ပျပ် ဝပ် ရှိ ခိုး လေ ၏။
15
မည် သည့် အ တွက် ငါ့ ကို ခေါ်၍ နှောင့် ရှက် သ နည်း ဟု ရှ မွေ လ မေး သော်၊ ရှော လု မင်း က၊ အ လွန် ကျဉ်း မြောင်း ခြင်း သို့ အ ကျွန်ုပ် ရောက် ပါ ပြီ။ ဖိ လိ တ္တိ လူ မျိုး တို့ စစ် တိုက် မည့် ရှိ ရာ ဘု ရား သ ခင် သည် အ ကျွန်ုပ် မှ ခွါ ပြီး ဖြစ်၍ ပ ရော ဖက် အား ဖြင့်လည်း ကောင်း၊ အိပ် မက် အား ဖြင့်လည်း ကောင်း၊ ထူး တော် မ မူ သော ကြောင့် မည် သို့ ပြု အပ် သည် ကို ဖော် ပြ စေ ခြင်း ငှါ
16
ကိုယ် တော် ကို ပင့် ရ ပါ သည် ဟု လျှောက် လျှင် ရှ မွေ လ က ထာ ဝ ရ ဘု ရား သည် သင် မှ ခွါ၍ တစ် ဘက်၌ ရှိ သည် မှန် မူ အ ဘယ် ကြောင့် ငါ့ ကို မေး တော့ သ နည်း။
17
ငါ့ အား ဖြင့် ဗျာ ဒိတ် ပေး တော် မူ ခဲ့ သည့် အ တိုင်း ထာ ဝ ရ ဘု ရား စီ ရင် လျက် တိုင်း နိုင် ငံ ကို သင့် လက် မှ ဆုတ် ဖြတ်၍ တစ် ပါး သူ ဒါ ဝိဒ် အား လွှဲ အပ် တော် မူ လေ ပြီ။
18
ထာ ဝ ရ ဘု ရား၏ အ မိန့် တော် ကို ဖီ ဆန် လျက်၊ အ မျက် တော် အ ရှိန် အ တိုင်း အာ မ လက် လူ မျိုး အား သင် မ ပြု သော ကြောင့်၊ ထာ ဝ ရ ဘု ရား သည် ဤ အ မှု ကို သင်၌ ယ နေ့ စီ ရင် တော် မူ ပြီ။
19
သင် မှ စ၍ ဣ သ ရေ လ လူ မျိုး နှင့် အ လုံး အ ရင်း တို့ ကို ဖိ လိ တ္တိ လူ မျိုး လက် တွင်း သို့ ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ သော ကြောင့် သင် နှင့် သင့် သား တို့ ပါ နက် ဖြန် ငါ ရှိ ရာ သို့ ရောက် ရ ကြ လ တ္တံ့ ဟု ဆို သော်
20
ရှော လု မင်း သည် လွန် ခဲ့ သော တစ် နေ့ နှင့် တစ် ညဉ့် ပတ် လုံး ပွဲ တော် စာ မ သုံး သည့် အ တွက် အား နည်း သော ကြောင့်လည်း ကောင်း၊ ရှ မွေ လ စ ကား ကို ကြား ရ သည် နှင့် အ လွန် ကြောက် ရွံ့ သော ကြောင့် လည်း ကောင်း၊ ရုတ် ခြင်း မှောက် လဲ၍ စင်း စင်း နေ လေ၏။
21
ထို အ ခါ က ဝေ မ ချဉ်း လာ၍ ရှော လု မင်း အ လွန် ကြောက် လန့် သည် ကို သိ မြင် လျှင် ကျွန် တော် မျိုး မ သည် အ ရှင့် စ ကား ကို လိုက် နာ ပါ ပြီ။ အ သက် ကို ဆောင် ကိုင် လျက် ပင် မိန့် တော် မူ ရာ ကျွန် မ လိုက် နာ သည့် အ တိုင်း
22
အ ရှင် လည်း ကျွန် တော် မျိုး မ တင် စ ကား ကို နား တော် စိုက် လျက် အ ပြန် ခ ရီး၌ အား ပြည့် စေ ရန် ရှေ့ တော် တွင် ကျွန် မ ဆက် သော ပွဲ တော် စာ အ နည်း ငယ် ကို သုံး ဆောင် တော် မူ ပါ ဟု တင် လျှောက် သော် လည်း
23
မ စား လို ဟု ငြင်း ပယ် လေ၏။ နောက် ပါ ကျွန် ရင်း နှင့် က ဝေ မ ပါ တိုက် တွန်း တောင် ပန် သ ဖြင့် ၎င်း တို့ တိုက် တွန်း ချက် ကို ရှော လု မင်း နာ ယူ၍ လဲ ရာ မှ ရပ် ပြီး လျှင် ခု တင် ပေါ် တွင် ထိုင် လေ၏။
24
က ဝေ မ လည်း တင်း ကုပ် တွင် ကျွေး ထား သော နွား ငယ် တစ် ကောင် ကို အ မြန် စီ ရင်၍ မုန့် ညက် ကို လည်း တ ဆေး မ ခတ် ဘဲ ယူ နယ် ပေါင်း လုပ် ပြီး မှ
25
ရှော လု မင်း နှင့် ကျွန် ရင်း တို့ ရှေ့ တည် ဆက် သည့် အ လျောက် သူ တို့ သုံး ဆောင်၍ ထို ညဉ့် ချင်း တွင် ထွက် သွား ကြ ၏။