၁ ရာ-27

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထို နောက် ဒါ ဝိဒ် က၊ ငါ သည် ရှော လု မင်း လက် ဖြင့် တစ် နေ့ နေ့ ပျက် စီး ရ လိမ့် မည်။ ဖိ လိ တ္တိ ပြည် သို့ ပြေး ခို ရ သည့် ထက် ကောင်း သော အ ရာ မ ရှိ တော့ ပြီ။ ရှော လု မင်း လည်း ဣ သ ရေ လ နိုင် ငံ လုံး တွင် ဆက် လက် လိုက် ရှာ ရန် စိတ် လျော့ မည် ဖြစ်၍ သူ့ လက် တွင်း မှ ငါ လွတ် ကင်း လိမ့် မည် ဟု ကြံ စည် သည့် အ တိုင်း
  • 2 ဒါ ဝိဒ် သည် အ ပေါင်း ပါ လူ ခြောက် ရာ တို့ နှင့် တ ကွ ဂါ သ ဘု ရင်၊ မော ခ သား အာ ခိတ် မင်း ထံ ကူး ဝင် ကြ ပြီး လျှင်၊ မ ယား နှစ် ယောက် ဖြစ် သော
  • 3 ယေ ဇ ရေ လ မြို့ သူ အ ဟိ နောင်၊ နာ ဗ လ ခင် ပွန်း ဟောင်း က ရ မေ လ အ ရပ် သူ အ ဘိ ဂဲ လ တို့ ပြင်၊ နောက် ပါ သူ မှ စ၍ အ သီး အ သီး တို့ သား မ ယား များ ပါ အာ ခိတ် မင်း စံ နေ ရာ ဂါ သ မြို့ တွင် နေ ထိုင် ကြ လေ၏။
  • 4 ရှော လု မင်း သည် ဂါ သ မြို့ သို့ ဒါ ဝိဒ် ထွက် ပြေး သော သ တင်း ကို ကြား လျှင်၊ နောက် တစ် ဖန် မ လိုက် မ ရှာ ဘဲ နေ လေ၏။
  • 5 ထို နောက် အာ ခိတ် မင်း အား ဒါ ဝိဒ် က၊ ကျွန် တော် သည် ရှေ့ တော် တွင် မျက် နှာ သာ ရ ပါ မူ၊ ကျေး လက် မြို့ တစ် မြို့၌ နေ ထိုင် ခွင့် ပြု တော် မူ ပါ။ ကိုယ် တော် နှင့် အ တူ မြို့ တော် အ တွင်း ကျွန် တော် မျိုး မ နေ ထိုက် ပါ ဟု တင် လျှောက် သည့် အ တိုင်း
  • 6 ထို နေ့ တွင် ပင် ဇိ က လတ် မြို့ ကို အာ ခိတ် မင်း ပေး အပ် သ ဖြင့်၊ ထို မြို့ သည် ယ ခု တိုင် ယု ဒ ဘု ရင် တို့ ပိုင် ဖြစ် သ တည်း။
  • 7 ဒါ ဝိဒ် သည် ဖိ လိ တ္တိ ပြည်၌ နေ ထိုင် သော ပ ရိ စ္ဆေ ဒ၊ တစ် နှစ် နှင့် လေး လ အ တွင်း
  • 8 အ ပေါင်း ပါ တို့ နှင့် တ ကွ ချီ သွား၍ အိ ဂျစ် ပြည် အ နီး၊ ရှု ရ မြို့ နှင့် တေ လံ မြို့ ကြား အ ရပ် ရပ် တွင် နေ ထိုင် ကြ သူ ဂေ ရှု ရ၊ ဂေ ဇာ၊ အာ မ လက် အ မျိုး သား တို့ ကို တိုက် ခိုက် လျက်
  • 9 ထို နယ် တွင် ယောက်ျား မိန်း မ တို့ ကို အ ရှင် မ ထား ဘဲ လုပ် ကြံ၍ သိုး၊ နွား၊ မြည်း၊ ကု လား အုပ် များ နှင့် အ ဝတ် တန် ဆာ များ ကို သိမ်း ယူ ပြီး လျှင် အာ ခိတ် မင်း ထံ ပြန် ရောက် လေ ၏။
  • 10 အာ ခိတ် မင်း က၊ သင် တို့ သည် ယ နေ့ အ ဘယ် အ ရပ် မှ တိုက် ခိုက် ပြန် လာ ကြ သ နည်း ဟု မေး သော်၊ ဒါ ဝိဒ် က၊ နေ ဂပ် ခ ရိုင် အ တွင်း ယု ဒ၊ ယေ ရ မေ လ၊ ကေ နိ အ မျိုး သား တို့ ပိုင် ရာ များ ကို တိုက် ခိုက် ကြ ပါ သည် ဟု တင် လျှောက် ၏။
  • 11 ထို သို့ ဒါ ဝိဒ် ပြု ကြောင်း နှင့် ဖိ လိ တ္တိ ပြည် တွင် နေ ထိုင် သ မျှ ကာ လ ပတ် လုံး ထို သို့ ပင် ပြု လေ့ ရှိ ကြောင်း ကို သ တင်း ပေး မည့် စိုး ရိမ် သည့် အ တွက် ဒါ ဝိဒ် သည် ဂါ သ မြို့ သို့ အ သုံ့ အ ဘမ်း အ ဖြစ် ယောက်ျား မိန်း မ တစ် ဦး တစ် ယောက် မျှ အ ရှင် မ ထား သည် နှင့် အ ညီ
  • 12 အာ ခိတ် မင်း က၊ ဒါ ဝိဒ် သည် ကိုယ့် အ မျိုး သား ဖြစ် သော ဣ သ ရေ လူ မျိုး တို့ စက် ဆုပ် ရွံ ရှာ ဖွယ် ပြု လေ ပြီ။ ထို ကြောင့် ငါ့ ထံ အ စဉ် ကျွန် ခံ လိမ့် မည် ဟု အောက် မေ့ လျက်၊ ဒါ ဝိဒ် ကို ယုံ ကြည် လေ၏။
回到本卷目录 回到本版本目录 回到首页