1
ပ လ္လင် တော့် ထံ စံ တော် မူ သော အ ရှင်၏ ညာ လက် တော်၌ တံ ဆိပ် ခု နစ် ချက် ခပ် နှိပ် လျက် အ တွင်း အ ပြင် ရေး သား ပြီး စာ တစ် လိပ် ကို ငါ မြင် ရ သည့် ပြင်၊
2
ထို တံ ဆိပ် ကို ဖျက်၍ စာ လိပ် ကို ဖြန့် ခြင်း ငှါ မည် သူ ထိုက် တန် သ နည်း ဟု၊ ကျယ် သော အ သံ နှင့် ခွန် အား ကြီး သော စေ တ မန် တော် တစ် ပါး ကြွေး ကြော် ရာ၊
3
မိုး မြေ နှင့် မြေ အောက် တွင် ထို စာ လိပ် ကို ဖြန့် ကြည့် နိုင် သူ မ ရှိ သည် ကို ငါ မြင် ရ၏။
4
ထို စာ လိပ် ကို ဖြန့် ကြည့် ရန် ထိုက် တန် သူ တစ် ဦး မျှ မ ရှိ သော ကြောင့်၊
5
ငါ ပြင်း စွာ ငို ကြွေး သော် ဆို ခဲ့ သော အ ကြီး အ ကဲ တစ် ပါး က၊ မ ငို ကြွေး နှင့်။ ဒါ ဝိဒ် မင်း၏ အ မြစ် အ ညွန့်၊ ယု ဒ၏ အ နွယ် ဖြစ် သော ကေ သ ရာ ဇာ သည် ထို စာ လိပ် နှင့် တံ ဆိပ် ခု နစ် ချက် ကို ဖွင့် နိုင် ရန် အောင် မြင် ပြီ တ ကား ဟု မြွက် ဆို ပြီး နောက်၊
6
မြေ တစ် ပြင် လုံး သို့ စေ လွှတ် သည့် ဘု ရား သ ခင့် ဝိ ညာဉ် ခု နစ် ပါး တည်း ဟူ သော မျက် စိ ခု နစ် လုံး၊ ဦး ချို ခု နစ် ချောင်း နှင့် စုံ လင် လျက် ကွပ် မျက် ခံ ခဲ့ ဟန် ရှိ သော သိုး ငယ် တော် သည် ပ လ္လင် တော် ဗ ဟို၊ သ တ္တ ဝါ လေး ပါး နှင့် အ ကြီး အ ကဲ တို့ ဗ ဟို တွင် ရပ် နေ၍၊
7
ချဉ်း လာ ပြီး လျှင် ပ လ္လင် တော့် ထက် စံ တော် မူ သော အ ရှင်၏ ညာ လက် တော် မှ စာ လိပ် ခံ ယူ သည် ကို ငါ မြင် ရ၏။
8
ခံ ယူ သည့် ကာ လ သ တ္တ ဝါ လေး ပါး မှ စ၍ သီး သန့် ထား တော် မူ သူ တို့ ပ ဌ နာ များ ဖြစ် သော နံ့ သာ ပြည့် သည့် ရွှေ ဖ လား များ နှင့် စောင်း များ ကို ကိုယ် စီ ကိုင် သူ အ ကြီး အ ကဲ နှစ် ဆယ့် လေး ပါး တို့ သည် သိုး ငယ် တော် ရှေ့ ပျပ် ဝပ် လျက် ကိုယ် တော် သည် ကွပ် မျက် ခံ တော် မူ သ ဖြင့် ဘာ သာ စ ကား အ ပုံ ပုံ ပြော ဆို သော လူ အ မျိုး မျိုး အ နွယ် နွယ် တို့ အ နက်၊ ဘု ရား သ ခင့် အ ဖို့ အ သွေး တော် နှင့် ဝယ် ယူ၍ ပ ရော ဟိတ် နိုင် ငံ တော် အ ဖြစ် မြေ ကြီး ပေါ် တွင် စိုး စံ ရန် ခန့် ထား တော် မူ ပြီး ဖြစ် သော ကြောင့် စာ လိပ် ကို ခံ ယူ၍ တံ ဆိပ် များ ကို ဖွင့် ထိုက် တော် မူ ပါ သည် ဟု ဧ ချင်း သစ် ဖွဲ့ ဆို ကြ ၏။
9
10
11
တစ် ဖန် ငါ မျှော် ကြည့် ရာ ပ လ္လင် တော်၊ သ တ္တ ဝါ များ နှင့် အ ကြီး အ ကဲ တို့ ပတ် လည် ရှိ ကု ဋေ အ သင်္ချေ မ က သော စေ တ မန် တော် တို့ က၊
12
ကွပ် မျက် ခံ ပြီး သော သိုး ငယ် တော် သည် တန် ခိုး တော်၊ စည်း စိမ် တော်၊ ပ ညာ တော်၊ အ စွမ်း တော်၊ ဂုဏ် တော်၊ ဘုန်း တော်၊ မင်္ဂ လာ တော် များ ကို ပိုင် ထိုက် တော် မူ ပါ သည် ဟု ကျယ် သော အ သံ နှင့် မြွက် ဆို ကြ သည် ကို ငါ ကြား ရ သည့် ပြင်။
13
မိုး၊ မြေ၊ ရေ နှင့် မြေ အောက် တွင် တည် ရှိ သ မျှ သော သ တ္တ ဝါ တိုင်း က ပ လ္လင် တော့် ထက် စံ တော် မူ သော အ ရှင် နှင့် သိုး ငယ် တော် သည် က မ္ဘာ အ ဆက် ဆက် မင်္ဂ လာ တော်၊ ဂုဏ် တော်၊ ဘုန်း တော်၊ တန် ခိုး တော် ကြီး ပါ စေ သ တည်း ဟု ဩ ဘာ ဆက် ကြ ရာ၊
14
အာ မင် ဟု သ တ္တ ဝါ လေး ပါး လိုက် ဆို ကြ သည် ကို ငါ ကြား ရ၏။ အ ကြီး အ ကဲ တို့ လည်း ပျပ် ဝပ် ရှိ ခိုး ကြ ကုန်၏။