ဗျာ​ဒိတ်-3

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 သာ ဒိ မြို့ ရှိ အ သင်း တော့် ဆိုင် ရာ စေ တ မန် တော့် ထံ ရေး လိုက် ရ မည် မှာ၊ ဘု ရား သ ခင်၏ ဝိ ညာဉ် ခု နစ် ပါး နှင့် ကြယ် ခု နစ် လုံး ရှိ သော အ ရှင် က၊ သင့် အ ကျင့် အ ကြံ များ ကို လည်း ကောင်း၊ အ သက် ရှင် သည် ဟု ကျော် စော သော် လည်း အ သေ ဖြစ် ကြောင်း ကို လည်း ကောင်း ငါ သိ ၏။
  • 2 နိုး ကြား လျက် သေ အံ့ ဆဲ ကျန် သေး သော ပါ ရ မီ များ ကို ခိုင် ခံ့ စေ လော့။ ငါ့ ဘု ရား သ ခင် ရှေ့ စုံ လင် သော အ ကျင့် အ ကြံ မည် သည် ကို မျှ သင်၌ ငါ မ တွေ့ သည် ဖြစ်၍၊
  • 3 မည် သို့ ခံ ယူ ကြား နာ ခဲ့ ရ ကြောင်း သ တိ ရ ပြီး လျှင် စောင့် ရှောက် လျက် နောင် တ ရ လော့။ မ နိုး ကြား လျှင် ငါ သည် ခိုး သူ ကဲ့ သို့ လာ သ ဖြင့် သင့် ထံ မည် သည့် အ ချိန် ရောက် မည် ကို သင် သိ ရ မည် မ ဟုတ်။
  • 4 သို့ ရာ တွင် သင် ရှိ ရာ သာ ဒိ အ သင်း တော် တွင် ကိုယ် ဝတ် လုံ ကို မ ညစ် ညူး စေ သူ အ နည်း ငယ် ရှိ၏။ ထို သူ တို့ သည် ထိုက် တန် သော ကြောင့် ဝတ် လုံ ဖြူ ဆင် လျက် ငါ နှင့် အ တူ သွား လာ ခွင့် ရ ကြ လိမ့် မည်။
  • 5 အောင် မြင် သူ သည် ထို သို့ ဝတ် လုံ ဖြူ ဆင် ရ လိမ့် မည်။ သူ့ အ မည် ကို လည်း အ သက် စာ ရင်း မှ ငါ ချေ ဖျက် မည် မ ဟုတ် ဘဲ ငါ့ ခ မည်း တော် နှင့် စေ တ မန် တော် တို့ ရှေ့ ဝန် ခံ မည်။
  • 6 အ သင်း တော် တို့ အား ဝိ ညာဉ် တော် ဆင့် ဆို ရာ ကို နား ရှိ သူ ကြား နာ စေ ဟု မိန့် တော် မူ ကြောင်း တည်း။
  • 7 ဖိ လ ဒေ လ ဖိ မြို့ ရှိ အ သင်း တော့် ဆိုင် ရာ စေ တ မန် တော့် ထံ ရေး လိုက် ရ မည် မှာ၊ သန့် ရှင်း၍ ဟုတ် မှန် တော် မူ သော အ ရှင်၊ ဒါ ဝိဒ် မင်း သော့ ကို ပိုင် လျက်၊ မည် သူ မျှ မ ပိတ် နိုင် အောင် ဖွင့် ထား ခွင့်၊ မ ဖွင့် နိုင် အောင် ပိတ် ထား ခွင့် ရ တော် မူ သော အ ရှင် က၊
  • 8 မည် သူ မျှ မ ပိတ် နိုင် သော တံ ခါး ကို သင့် ရှေ့ မှာ ငါ ဖွင့် ထား ပြီ။ သင့် အ ကျင့် အ ကြံ များ ကို လည်း ကောင်း၊ အ စွမ်း သ တ္တိ အ နည်း ငယ် ရှိ လျက် ပင် ငါ့ နာ မ ကို မ ငြင်း ဆို ဘဲ ငါ့ တ ရား ကို စောင့် ရှောက် ခဲ့ ကြောင်း ကို လည်း ကောင်း ငါ သိ ၏။
  • 9 ယု ဒ လူ မျိုး မ ဟုတ် ဘဲ ဟုတ် သည် ဟု မု သာ သုံး၍ ကိုယ် ကို ခေါ် ကြ သော စာ တန်၏ အ သင်း သား အ ချို့ တို့ ကို ငါ အပ် နှင်း သ ဖြင့် သူ တို့ သည် သင့် ခြေ ရင်း သို့ ချဉ်း ကပ် ရှိ ခိုး လျက် သင့် ကို ငါ ချစ် ကြောင်း သိ ရ ကြ လိမ့် မည်။
  • 10 သင် သည် ငါ၏ တည် ကြည် ခြင်း သ တင်း အ တိုင်း စောင့် ရှောက် ခဲ့ သော ကြောင့် ငါ လည်း မြေ ကြီး ပေါ် တွင် နေ ထိုင် သူ တို့ ကို စုံ စမ်း ရန် တစ် လော က လုံး နှံ့ သင့် လ တ္တံ့ သော စုံ စမ်း ချိန်၌ သင့် ကို စောင့် ထိန်း မည်။
  • 11 ငါ အ မြန် လာ မည်။ သင့် သ ရ ဖူ ကို မည် သူ မျှ မ ယူ စေ ရန် ရ ရှိ သော ပါ ရ မီ ကို စွဲ မြဲ လော့။
  • 12 အောင် မြင် သူ့ ကို နောင် အ ပ သို့ မ ထွက် ရ စေ ရန် ငါ့ ဘု ရား သ ခင့် ဗိ မန် တော့် အ တွင်း ကွန်း တိုင် ဖြစ် စေ မည့် ပြင် ငါ့ ဘု ရား သ ခင့် နာ မ တော် ကိုလည်း ကောင်း၊ ငါ့ ဘု ရား သ ခင် စံ တော် မူ ရာ ကောင်း ကင် ဘုံ မှ ဆင်း သက် သည့် ယေ ရု ရှ လင် မြို့ သစ်၊ ငါ့ ဘု ရား သ ခင့် မြို့ တော့် အ မည် ကိုလည်း ကောင်း၊ ငါ့ အ မည် သစ် ကိုလည်း ကောင်း အ က္ခ တင် မည်။
  • 13 အ သင်း တော် တို့ အား ဝိ ညာဉ် တော် ဆင့် ဆို ရာ ကို နား ရှိ သူ ကြား နာ စေ ဟု မိန့် တော် မူ ကြောင်း တည်း။
  • 14 လော ကိ ဒိ မြို့ ရှိ အ သင်း တော့် ဆိုင် ရာ စေ တ မန် တော့် ထံ ရေး လိုက် ရ မည် မှာ၊ အာ မင် ဖြစ် လျက်၊ ဟုတ် မှန် စွာ သ စ္စာ စောင့် သော သက် သေ တော် ခံ၊ ဘု ရား သ ခင် ဖန် ဆင်း ထား တော် မူ သ မျှ၏ အ ကြောင်း ရင်း ဖြစ် တော် မူ သော အ ရှင် က၊
  • 15 သင့် အ ကျင့် အ ကြံ များ ကိုလည်း ကောင်း၊ သင် သည် အေး လည်း မ အေး၊ ပူ လည်း မ ပူ သည် ကိုလည်း ကောင်း ငါ သိ၏။ အ အေး ဖြစ် စေ၊ အ ပူ ဖြစ် စေ၊ ငါ အ လို ရှိ၏။
  • 16 ထို သို့ မ ပူ မ အေး၊ နွေး ရုံ မျှ ရှိ သော ကြောင့် သင့် ကို ငါ့ ခံ တွင်း မှ ထွေး တော့ မည်။
  • 17 စည်း စိမ် ချမ်း သာ ရ လျက် ကြွယ် ဝ ပြီ၊ လို ဖွယ် မ ရှိ ဟု သင် ဆို ရာ ကိုယ် တိုင် ဒု က္ခ ရောက်၍ သ နား ဖွယ် ကောင်း သော ခြုံ ရာ မဲ့၊ မျက် မ မြင် သူ ဆင်း ရဲ ဖြစ် ကြောင်း မ သိ သော ကြောင့်၊
  • 18 ကြွယ် ဝ ခြင်း ငှါ မီး ဖြင့် ချွတ် ပြီး ရွှေ ကို လည်း ကောင်း၊ ခြုံ ရာ မဲ့၍ ရှက် ဖွယ် ရာ မ ပေါ် စေ ခြင်း ငှာ ဆင် ရန် ဝတ် လုံ ဖြူ ကို လည်း ကောင်း၊ မျက် စိ မြင် ခြင်း ငှါ ခတ် ရန် မျက် စဉ်း ကိုလည်း ကောင်း၊ ငါ့ ထံ မှ ဝယ် ယူ သင့် ကြောင်း အ ကြံ ပေး ၏။
  • 19 ငါ သည် ချစ် သ မျှ သော သူ တို့ ကို ဆုံး မ ပဲ့ ပြင် တတ် သည် ဖြစ်၍ စိတ် ထက် သန် လျက် နောင် တ ရ လော့။
  • 20 ငါ သည် တံ ခါး အ နီး ရပ်၍ ခေါက် လျက် နေ၏။ မည် သူ မ ဆို ငါ့ အ သံ ကို ကြား၍ ဖွင့် လျှင် ငါ ဝင် လျက် ထို သူ နှင့် အ တူ သုံး ဆောင် မည်။ သူ လည်း ငါ နှင့် သုံး ဆောင် ခွင့် ရ လိမ့် မည်။
  • 21 ငါ သည် အောင် မြင် ခဲ့၍ ခ မည်း တော် နှင့် အ တူ ရာ ဇ ပ လ္လင့် ထက် စံ ရ သ ကဲ့ သို့ အောင် မြင် သူ့ ကို ငါ့ ရာ ဇ ပ လ္လင့် ထက် အ တူ စံ ခွင့် ပြု မည်။
  • 22 အ သင်း တော် တို့ အား ဝိ ညာဉ် တော် ဆင့် ဆို ရာ ကို နား ရှိ သူ ကြား နာ စေ ဟု မိန့် တော် မူ ကြောင်း ရေး လော့ ဟူ၍ တည်း။
回到本卷目录 回到本版本目录 回到首页