1
ထို နောက် စေ တ မန် တော် လေး ပါး သည် မြေ ကြီး လေး စွန်း တွင် ရပ် လျက် မြေ ပေါ် သို့လည်း ကောင်း၊ ရေ ပေါ် သို့လည်း ကောင်း၊ သစ် ပင် တစ် စုံ တစ် ရာ ပေါ် သို့လည်း ကောင်း၊ လေ မ တိုက် စေ ရန် မြေ ကြီး လေး မျက် နှာ လေ ပြင်း များ ကို ကိုင် ထား ကြ ရာ ငါ မြင် ရ သည့် ပြင်၊
2
အ သက် ရှင် တော် မူ သော ဘု ရား သ ခင့် တံ ဆိပ် တော် ကိုင် စေ တ မန် တော် တစ် ပါး သည် နေ ထွက် ရာ အ ရပ် မှ တက် လာ ပြီး လျှင် ရေ မြေ ကို အ န္တ ရာယ် ပြု ခွင့် ရ သော စေ တ မန် တော် လေး ပါး တို့ အား၊
3
ငါ တို့၏ ဘု ရား သ ခင့် ကျွန် များ ကို န ဖူး တွင် တံ ဆိပ် ခတ်၍ မ ပြီး မီ ရေ မြေ သစ် ပင် များ ကို အ န္တ ရာယ် မ ပြု နှင့် ဦး ဟု ကျယ် သော အ သံ နှင့် ဟစ် ကြွေး လျက် နေ သည် ကို ငါ မြင် ရ ၏။
4
ဣ သ ရေ လ အ နွယ် နွယ် တို့ အ နက် တံ ဆိပ် ခတ် ခြင်း ခံ ရ သူ တို့ အ ရေ အ တွက် ကို လည်း ငါ ကြား ရ သည် မှာ၊
5
ယု ဒ အ နွယ် တစ် သောင်း နှစ် ထောင်၊ ရု ဗင့် အ နွယ် တစ် သောင်း နှစ် ထောင်၊ ဂဒ် အ နွယ် တစ် သောင်း နှစ် ထောင်၊
6
အာ ရှာ့ အ နွယ် တစ် သောင်း နှစ် ထောင်၊ နဿ လိ အ နွယ် တစ် သောင်း နှစ် ထောင်၊ မ နာ ရှေ့ အ နွယ် တစ် သောင်း နှစ် ထောင်၊
7
ရှိ မောင့် အ နွယ် တစ် သောင်း နှစ် ထောင်၊ လေ ဝိ အ နွယ် တစ် သောင်း နှစ် ထောင်၊ ဣ သ ခါ့ အ နွယ် တစ် သောင်း နှစ် ထောင်၊
8
ဇာ ဗု လုန့် အ နွယ် တစ် သောင်း နှစ် ထောင်၊ ယော သပ် အ နွယ် တစ် သောင်း နှစ် ထောင်၊ ဗင်္ယာ မိန့် အ နွယ် တစ် သောင်း နှစ် ထောင်၊ ပေါင်း တစ် သိန်း လေး သောင်း လေး ထောင် ခံ ရ ကြ သ တည်း။
9
ထို နောက် ငါ မျှော် ကြည့် သော် ဘာ သာ စ ကား အ ပုံ ပုံ ပြော ဆို သော လူ အ မျိုး မျိုး အ နွယ် နွယ် တို့ အ နက် မည် သူ မျှ မ ရေ မ တွက် နိုင် သော လူ ပ ရိတ် သတ် ကြီး သည် ပ လ္လင် တော် နှင့် သိုး ငယ် တော့် ရှေ့ ဖွဲ့ ဖြူ ဝတ် လုံ ဆင် လျက် စွန် ပ လွံ လက် များ ကိုင် လျက်၊
10
ပ လ္လင် တော့် ထက် စံ တော် မူ သော ငါ တို့ ဘု ရား သ ခင် နှင့် သိုး ငယ် တော် သည် ကယ် တင် ခွင့် ပိုင် တော် မူ သည် ဟု ကျယ် သော အ သံ နှင့် ကြွေး ကြော်၍ ရပ် နေ ကြ သည် ကို မြင် ရ ၏။
11
ထို အ ခါ ပ လ္လင် တော် အ ကြီး အ ကဲ တို့ နှင့် သ တ္တ ဝါ လေး ပါး တို့ ပတ် လည်၌ ရပ် နေ သော စေ တ မန် တော် ခပ် သိမ်း တို့ လည်း ပလ္လင် တော့် ရှေ့ ပျပ် ဝပ် ဦး ညွှတ်၍ ဘု ရား သ ခင် ကို ရှိ ခိုး လျက် အာ မင်၊ ငါ တို့ ဘု ရား သ ခင် သည်၊
12
က မ္ဘာ အ ဆက် ဆက် မင်္ဂ လာ တော်၊ ဘုန်း တော်၊ ပ ညာ တော်၊ ကျေး ဇူး တော်၊ ဂုဏ် တော်၊ တန် ခိုး တော် အ စွမ်း တော် ကြီး ပါ စေ သ တည်း၊ အာ မင်၊ ဟု လိုက် ဆို ကြ၏။
13
အ ကြီး အ ကဲ တစ် ပါး က ဖွဲ့ ဖြူ ဝတ် လုံ ဆင် သော ထို သူ တို့ ကား မည် သူ များ နည်း။ မည် သည့် ဒေ သ က နည်း ဟု မေး ရာ၊
14
အ ရှင် ဘု ရား၊ ကိုယ် တော် သိ ပါ သည် ဟု ငါ ပြန် လျှောက် သော် ထို သူ တို့ သည် ကြီး စွာ သော ဒု က္ခ မှ ထွက် လွတ်၍ ဝတ် လုံ များ ကို သိုး ငယ် တော်၏ အ သွေး နှင့် ဖြူ စင် အောင် ဆေး လျှော် သူ များ တည်း။
15
သို့ ဖြစ်၍ ဘု ရား သ ခင့် ပ လ္လင် တော့် ရှေ့ ခ စား လျက် ဗိ မာန် တော် တွင် နေ့ ညဉ့် မ ပြတ် ဝတ် ပြု ခွင့် ရ ကြ၏။ ပ လ္လင် တော့် ထက် စံ တော် မူ သော အ ရှင် သည် သူ တို့ အ ပေါ် တွင် ဖြန့် မိုး တော် မူ မည့် ပြင်၊
16
ပ လ္လင် တော့် အ လယ် စံ သိုး ငယ် တော် လည်း ထိန်း ကျောင်း လျက် အ သက် စမ်း ရေ များ ရှိ ရာ သို့ လမ်း ပြ တော် မူ လ တ္တံ့ သော ကြောင့် သူ တို့ သည် ရေ ငတ် ခြင်း၊ ဆာ မွတ် ခြင်း ကင်း လျက် နေ ရှိန် လေ ပူ ထိ ရ တော့ မည် မ ဟုတ်။ မျက် ရည် ကျ သ မျှ ကို လည်း ဘု ရား သ ခင် သုတ် တော် မူ လိမ့် မည် ဟု ပြန် ဆို လေ ၏။
17