1
ဧ ဖက် မြို့ ရှိ အ သင်း တော့် ဆိုင် ရာ စေ တ မန် တော့် ထံ ရေး လိုက် ရ မည် မှာ၊ ညာ လက် တွင် ကြယ် ခု နစ် လုံး ကို ကိုင် လျက် ရွှေ မီး ခုံ ခု နစ် ခုံ အ လယ် တွင် သွား လာ သော အ ရှင် က၊
2
သင့် အ ကျင့် အ ကြံ များ ကိုလည်း ကောင်း၊ ကြိုး စား ခြင်း နှင့် တည် ကြည် ခြင်း ကိုလည်း ကောင်း၊ လူ ဆိုး တို့ ကို သည်း မ ခံ နိုင် သည့် အ ပြင်၊ တ မန် တော် မ ဟုတ် ဘဲ တ မန် တော် ဟု ကိုယ် ကို ခေါ် သော သူ တို့ အား စစ် ဆေး၍ မ မှန် ကြောင်း တွေ့ မြင် သည် ကို လည်း ကောင်း၊
3
တည် ကြည် ခြင်း ရှိ၍ ငါ့ နာ မ အ တွက် မ ငြီး ငွေ့ ဘဲ သည်း ခံ သည် ကို လည်း ကောင်း ငါ သိ၏။
4
သို့ ရာ တွင် ဦး စွာ ပြ သော ချစ် ခြင်း မေ တ္တာ ကို စွန့် ခွာ သည့် အ တွက် သင့် အား ငါ အ ပြစ် တင် ရန် အ ကြောင်း ရှိ သည့် အ လျောက်၊
5
မည် သို့ လျော့ ခဲ့ ကြောင်း ကို သ တိ ရ ပြီး လျှင် နောင် တ ရ လျက် အ ကျင့် အ ကြံ ရင်း အ တိုင်း ပြု ဦး လော့။ အ ကယ်၍ နောင် တ မ ရ လျှင် ငါ လာ လျက် သင့် မီး ခုံ ကို နေ ရာ မှ ရွှေ့ လိုက် မည်။
6
ချီး မွမ်း ဖွယ် ရာ ကား ငါ ရွံ ရှာ သော နိ ကော လ ဂိုဏ်း သား တို့ အ ကျင့် အ ကြံ များ ကို သင် ရွံ ရှာ ခြင်း တည်း။
7
အ သင်း တော် တို့ အား ဝိ ညာ ဥ် တော် ဆင့် ဆို ရာ ကို နား ရှိ သူ ကြား နာ စေ။ အောင် မြင် သူ့ အား ဘု ရား သ ခင်၏ ဥ ယျာဉ် တော် ရှိ အ သက် ပင်၏ အ သီး စား ခွင့် ကို ငါ သ နား မည် ဟု မိန့် တော် မူ ကြောင်း တည်း။
8
စ မု ရ န မြို့ ရှိ အ သင်း တော့် ဆိုင် ရာ စေ တ မန် တော့် ထံ ရေး လိုက် ရ မည် မှာ အာ ဒိ က နှင့် အ န္တိ မ ဖြစ် လျက် အ သေ ခံ ခဲ့ သော် လည်း ရှင် နေ သော အ ရှင် က၊
9
စိတ် ချမ်း သာ လျက် ပင် သင် ခံ ရ သော ဆင်း ရဲ ဒု က္ခ ကို လည်း ကောင်း၊ ယု ဒ လူ မျိုး မ ဟုတ် ဘဲ ဟုတ် သည် ဟု ကိုယ် ကို ခေါ် ကြ သော စာ တန်၏ အ သင်း သား တို့ ကဲ့ ရဲ့ ပြစ် တင် ခြင်း ကို လည်း ကောင်း ငါ သိ ၏။
10
သင် ခံ ရ မည့် ဒု က္ခ ကို မ ကြောက် နှင့်။ သင် တို့ သည် စုံ စမ်း ခံ ရ စေ ခြင်း ငှါ အ ချို့ ကို မာရ် နတ် ထောင် ချ သ ဖြင့် ဆယ် ရက် မျှ ဒုက္ခ ရောက် ကြ လိမ့် တ ကား။ အ သေ ခံ ရ သည့် တိုင် အောင် သ စ္စာ စောင့် လော့။ သို့ ပြု လျင် အ သက် သ ရ ဖူ ကို ငါ သ နား မည်။
11
အ သင်း တော် တို့ အား ဝိ ညာဉ် တော် ဆင့် ဆို ရာ ကို နား ရှိ သူ ကြား နာ စေ။ အောင် မြင် သူ သည် ဒု တိ ယ သေ ခြင်း ဒဏ် ကို ခံ ရ မည် မ ဟုတ် ဟု မိန့် တော် မူ ကြောင်း တည်း။
12
ပေ ရ ဂံ မြို့ ရှိ အ သင်း တော့် ဆိုင် ရာ စေ တ မန် တော့် ထံ ရေး လိုက် ရ မည် မှာ ထက် သော သံ လျက် ရှိ သူ အ ရှင် က၊
13
သင် သည် စာ တန်၏ ပ လ္လင် စိုက် ရာ တွင် နေ ထိုင် ရ သည် ကို လည်း ကောင်း၊ စာ တန် နေ ထိုင် ရာ သင် တို့ မြို့ တွင် သေ ဒဏ် ခံ ရ သော၊ သ စ္စာ စောင့်၍ ငါ့ သက် သေ ခံ အ န္တိ ပ၏ လက် ထက်၌ ပင် ငါ့ အား ယုံ ကြည် ခြင်း ကို မ ငြင်း ဆို ဘဲ ငါ့ နာ မ စွဲ မြဲ သည် ကို လည်း ကောင်း ငါ သိ ၏။
14
သို့ ရာ တွင် ရုပ် ပွား အား ပူ ဇော် ပြီး အ သား ကို စား၍ မ တ ရား သော မေ ထုန် ပြု ခြင်း ခ လုတ် ကို၊ ဣ သ ရေ လ အ မျိုး သား တို့ ရှေ့ ချ ထား ရန် ဗာ လက် မင်း အား သွန် သင် သော ဗာ လမ်၏ ဩ ဝါ ဒ ကို စွဲ ကိုင် သူ၊ နိ ကော လ ဂိုဏ်း သား တို့ ဩ ဝါ ဒ ကို စွဲ ကိုင် သူ အ ချို့ သည် သင်၌ လည်း ထို နည်း တူ ရှိ ကြ သည့် အ တွက် သင့် အား အ နည်း ငယ် ငါ အ ပြစ် တင် ရန် အ ကြောင်း ရှိ သည့် အ လျောက်၊
15
16
နောင် တ ရ လော့။ သို့ မ ဟုတ် သင့် ထံ ငါ အ မြန် လာ ပြီး လျင် ထို သူ တို့ ကို ငါ့ နှုတ် ထွက် သံ လျက် နှင့် တိုက် လှန် မည်။
17
အ သင်း တော် တို့ အား ဝိ ညာဉ် တော် ဆင့် ဆို ရာ ကို နား ရှိ သူ ကြား နာ စေ။ အောင် မြင် သူ့ အား ဝှက် ထား သော မ န္န မုန့် ကို လည်း ကောင်း၊ ရ ရှိ သူ မှ တစ် ပါး မည် သူ မျှ မ သိ နိုင် သော အ မည် သစ် နှင့် အ က္ခ ရာ တင် ပြီး ကျောက် ဖြူ ကို လည်း ကောင်း ငါ သ နား မည် ဟု မိန့် တော် မူ ကြောင်း တည်း။
18
သွာ တိ ရ မြို့ ရှိ အ သင်း တော့် ဆိုင် ရာ စေ တ မန် တော့် ထံ ရေး လိုက် ရ မည် မှာ မီး လျှံ အ ဆင်း စ က္ခု တော်၊ တိုက် ပြီး ကြေး အ ဆင်း ခြေ တော် ရှိ သော ဘု ရား သ ခင့် သား တော် က၊
19
သင့် အ ကျင့် အ ကြံ များ ကိုလည်း ကောင်း၊ ချစ် ခြင်း၊ ယုံ ကြည် ခြင်း၊ လုပ် ကျွေး မှု ပြု ခြင်း၊ တည် ကြည် ခြင်း များ ကို လည်း ကောင်း၊ နောက် အ ကျင့် အ ကြံ များ သည် အ ရင် ထက် တိုး တက် သည် ကိုလည်း ကောင်း ငါ သိ ၏။
20
သို့ ရာ တွင် မ တ ရား သော မေ ထုန် ပြု ကျင့်၊ ရုပ် ပွား ရှေ့ ပူ ဇော် ပြီး အ သား ကို စား စေ ရန် ငါ့ ကျွန် တို့ အား လှည့် စား သွန် သင် လျက် ပ ရော ဖက် မ ဟု ကိုယ် ကို ခေါ် သော မိန်း မ ယေ ဇ ဗေ လ ကို ထား သေး သည့် အ တွက် သင့် အား ငါ အ ပြစ် တင် ရန် အ ကြောင်း ရှိ ၏။
21
နောင် တ ရ စေ ရန် အ ချိန် ကို ငါ သ နား ခဲ့ ရာ မ တ ရား သော မေ ထုန် မှု အ တွက် နောင် တ မ ရ လို သော ကြောင့်၊
22
ထို မိန်း မ ကို အိပ် ရာ ပေါ် ၌ လည်း ကောင်း၊ မှား ယွင်း၍ နောင် တ မ ရ သူ တို့ ကို လည်း ကြီး စွာ သော ဒု က္ခ ၌ လည်း ကောင်း၊
23
ငါ ပြစ် ချ သည့် ပြင် သား သ မီး တို့ ကို လည်း သေ ဘေး ဒဏ် ခတ် မည်။ ထို သို့ သော အား ဖြင့် ငါ သည် နှ လုံး ကျောက် ကပ် ကို စီ စစ် သော အ ရှင် ဖြစ် ကြောင်း အ သင်း တော် ရှိ သ မျှ သိ ရ ကြ လ တ္တံ့။ သင် တို့ အ သီး အ သီး အား လည်း အ ကျင့် အ လျောက် ငါ ဆပ် ပေး မည်။
24
သို့ သော် လည်း နက် နဲ ရာ ဟု ချင်း တို့ ခေါ် ဝေါ် သည့် စာ တန်၏ ဩ ဝါ ဒ ကို မ နာ မ ယူ မ သိ မ ကျွမ်း သ မျှ သော သွာ တိ ရ အ သင်း တော် ရှိ ကျန် ကြွင်း သူ တို့ အား ငါ ဆို သည် ကား သင် တို့ အ ပေါ် တွင် အ ခြား ဝန် ကို ငါ မ တင်။
25
ရ ရှိ သော ပါ ရ မီ ကို ငါ လာ သည့် တိုင် အောင် စွဲ မြဲ ကြ လော့။
26
ငါ့ အ ကျင့် အ ကြံ အ လိုက် ဆုံး ခန်း တိုင် လိုက် လျှောက် အောင် မြင် သူ့ အား မြေ အိုး များ အ စိတ် စိတ် ကွဲ ရ သ ကဲ့ သို့ လူ မျိုး ခြား တို့ ကို သံ လှံ တံ နှင့် အုပ် စိုး ရန် ခ မည်း တော့် ထံ မှ ငါ့ ကိုယ် တိုင် ခံ သည့် နည်း တူ အ ခွင့် အာ ဏာ ကို ငါ သ နား မည့် ပြင်၊
27
28
မိုး သောက် ကြယ် ကို လည်း သ နား ဦး မည်။
29
အ သင်း တော် တို့ အား ဝိ ညာဉ် တော် ဆင့် ဆို ရာ ကို နား ရှိ သူ ကြား နာ စေ ဟု မိန့် တော် မူ ကြောင်း တည်း။