ဗျာ​ဒိတ်-1

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 မ ကြာ မီ ဖြစ် ပျက် ရ မည့် အ ခြင်း အ ရာ များ ကို ကျွန် တော် ရင်း တို့ အား ထင် ရှား စေ ရန် ဘု ရား သ ခင် သ နား တော် မူ၍ ကိုယ် တော်၏ ကျွန် ယော ဟန့် ထံ စေ တ မန် တော် အား ဖြင့်၊ ယေ ရှု ခ ရစ် ဆင့် ဆို ဖော် ပြ တော် မူ သော ဗျာ ဒိတ် တော် အ တိုင်း၊
  • 2 ယော ဟန် သည် ယေ ရှု ခ ရစ် သက် သေ ခံ တော် မူ သော ဘု ရား သ ခင့် နှုတ် က ပတ် တော် အ ကြောင်း မျှော် မြင် သ မျှ နှင့် အ ညီ သက် သေ ခံ ၏။
  • 3 အ ချိန် တိုင် လု ပြီ ဖြစ် သည့် အ လျောက် ဤ ပ ရော ဖက် ကျမ်း ချက် များ ကို ဖတ် ရွတ် သူ၌ လည်း ကောင်း၊ ကြား နာ၍ ပါ ရှိ သည့် အ တိုင်း စောင့် ရှောက် သူ တို့၌ လည်း ကောင်း မင်္ဂ လာ ရှိ၏။
  • 4 အာ ရှိ ပြည် ရှိ အ သင်း တော် ခု နစ် ပါး ထံ ယော ဟန် ရေး လိုက် သည် မှာ ပ စ္စု ပ္ပန်၊ အ တိတ်၊ အ နာ ဂတ် တည် တော် မူ သော အ ရှင့် ထံ မှ လည်း ကောင်း၊ ပ လ္လင် တော် ရှေ့ တည် ရှိ သော ဝိ ညာဉ် ခု နစ် ပါး ထံ မှလည်း ကောင်း၊
  • 5 သ စ္စာ စောင့် သော သက် သေ တော် ခံ၊ သူ သေ တို့ အ ထဲ မှ ဩ ရ သ၊ မြေ ကြီး ဘု ရင် တို့ ကို အုပ် စိုး တော် မူ သော အ ရှင် ယေ ရှု ခရစ်၏ အ ထံ တော် မှ လည်း ကောင်း၊ ကျေး ဇူး တော် နှင့် ငြိမ် သက် ခြင်း သည် သင် တို့၌ တည် ရှိ ပါ စေ သော။ ငါ တို့ ကို ချစ်၍ အ သွေး တော် ဖြင့် အ ပြစ် များ မှ ဖြေ လွှတ် ပြီး လျှင်၊
  • 6 ခ မည်း တော် ဘု ရား သ ခင့် ရှေ့၊ ပ ရော ဟိတ် နိုင် ငံ တော့် အ ဖြစ် ခန့် ထား တော် မူ သော အ ရှင် သည် က မ္ဘာ အ ဆက် ဆက် ဘုန်း တော်၊ တန် ခိုး တော် ကြီး ပါ စေ သ တည်း။ အာ မင်။
  • 7 ကိုယ် တော် သည် မိုး တိမ် နှင့် တ ကွ ကြွ လာ တော် မူ ရာ ထိုး ဖောက် ခဲ့ သူ တို့ မှ စ၍ လူ ဟူ သ မျှ ရှု မြင် ရ သည့် အ လျောက် ကိုယ် တော် ကြောင့် မြေ ပေါ် ရှိ လူ အ မျိုး မျိုး တို့ မြည် တမ်း ကြ လိမ့် မည်။ ဟုတ် မှန် ပေ၏။ အာ မင်။
  • 8 ငါ ကား အာ လ ဖ နှင့် ဩ မေ ဃ တည်း ဟု ပ စ္စု ပ္ပန်၊ အ တိတ်၊ အ နာ ဂတ် တည် တော် မူ သော အ န န္တ တန် ခိုး ရှင် ထာ ဝ ရ ဘု ရား သ ခင် မိန့် တော် မူ၏။
  • 9 ယေ ရှု၌ ဆင်း ရဲ ခြင်း၊ စိုး စံ ခြင်း၊ တည် ကြည် ခြင်း များ ကို သင် တို့ နှင့် အ တူ ဆက် ဆံ သော ညီ အစ် ကို ဖြစ် သူ ငါ ယော ဟန် သည် ဘုရား သ ခင့် တ ရား တော် နှင့် ယေ ရှု အ ကြောင်း သက် သေ ခံ သ ဖြင့်၊ ပတ် မု ခေါ် ကျွန်း မှာ ရောက် နေ ရ သော်၊
  • 10 အ ရှင် ဘု ရား နေ့ တွင် ဝိ ညာဉ် တော် ဝင် စား စဉ် နောက် က တံ ပိုး မှုတ် သံ သ ဖွယ် ကျယ် စွာ ထွက် သည် ကား။
  • 11 သင် မြင် သ မျှ ကို ကျမ်း ပြု၍ ရေး သား ပြီး လျှင် ဧ ဖက်၊ စ မု ရ န၊ ပေ ရ ဂံ၊ သွာ တိ ရ၊ သာ ဒိ၊ ဖိ လ ဒေ လ ဖိ၊ လော ဒိ ကိ မြို့ များ ရှိ အ သင်း တော် ခု နစ် ပါး ထံ ပို့ လိုက် လော့ ဟု မိန့် တော် မူ သံ ကို ငါ ကြား ရ သ ဖြင့်။
  • 12 မိန့် ဆို သူ့ ကို မြင် ခြင်း ငှါ လှည့် ကြည့် သော် ရွှေ မီး ခုံ ခု နစ် ခုံ ကို လည်း ကောင်း၊
  • 13 ထို အ လယ် တွင် လူ့ သား နှင့် တူ သော ပု ဂ္ဂိုလ် တစ် ပါး ကိုလည်း ကောင်း မြင် ရ၏။ ထို ပု ဂ္ဂိုလ် သည် ဝတ် လုံ ရုံ လျက် ရွှေ ရင် စီး ကို စည်း လျက်၊
  • 14 ဦး ခေါင်း တော် ရှိ ကေ သာ တော် သည် သိုး မွေး၊ မိုး ပွင့် နှင့် အ မျှ ဖြူ ဆွတ် လျက် စ က္ခု တော် သည် မီး လျှံ ကဲ့ သို့ လည်း ကောင်း၊
  • 15 ခြေ တော် သည် မီး ဖြင့် ချွတ် တိုက် ပြီး ကြေး ကဲ့ သို့ လည်း ကောင်း၊ အ သံ တော် သည် သ မု ဒ္ဒ ရာ ဟုန်း သံ ကဲ့ သို့ လည်း ကောင်း၊ ဖြစ် လျက်၊
  • 16 ညာ လက် တော်၌ ကြယ် ခု နစ် လုံး ကို ကိုင် လျက် ခံ တွင်း တော် မှ ထက် သော သန် လျက် ထွက် လျက် မျက် နှာ တော် မှ ပြင်း ထန် သော နေ ရောင် ကဲ့ သို့ ရောင် ခြည် လွှတ် လျက် နေ တော် မူ၏။
  • 17 ထို ပု ဂ္ဂိုလ် ကို မြင် သော် ခြေ ရင်း တော်၌ ပြို လဲ၍ သူ သေ ကဲ့ သို့ ဖြစ် သော ငါ့ အ ပေါ် မှာ ညာ လက် တော် ကို တင် လျက် ကိုယ် တော် က၊ မ ကြောက် လင့်။
  • 18 ငါ သည် အာ ဒိ က နှင့် အ န္တိ မ ဖြစ်၏။ အ သေ ခံ ခဲ့ သော် လည်း ရှင် မြဲ ရှင် လေ ပြီ။ က မ္ဘာ အ ဆက် ဆက် ရှင် နေ သည့် အ လျောက် မ ရ ဏာ့ နှင့် မ ရ ဏာ့ နိုင် ငံ၏ သော့ များ ကို ငါ ပိုင် ၏။
  • 19 မျှော် မြင် သည့် အ တိုင်း ယ ခု ဖြစ် ဆဲ အ ကြောင်း အ ရာ၊ နောက် ဖြစ် လ တ္တံ့ အ ကြောင်း အ ရာ များ ကို ရေး သား လော့။
  • 20 ငါ့ ညာ လက် တွင် သင် မြင် သော ကြယ် ခု နစ် လုံး မှ စ၍ ရွှေ မီး ခုံ ခု နစ် ခုံ၏ အ နက် ကား မီး ခုံ ခု နစ် ခုံ သည် အ သင်း တော် ခု နစ် ပါး၊ ကြယ် ခု နစ် လုံး သည် ထို အ သင်း တော် ခု နစ် ပါး ဆိုင် ရာ စေ တ မန် တော် များ တည်း။
回到本卷目录 回到本版本目录 回到首页