1
တစ် ဖန် ဘု ရား သ ခင် နှင့် သိုး ငယ် တော်၏ ရာ ဇ ပ လ္လင် မှ ထွက်၍ လမ်း မ တော့် အ လယ် တစ် လျှောက် စီး လျက် ကျောက် သ လင်း နှင့် အ မျှ ကြည် လင် သော အ သက် ရေ မြစ် ကို လည်း ကောင်း၊ အ သီး ဆယ့် နှစ် ရာ သီ သီး လျက် လူ မျိုး ခြား တို့ အ နာ ပျောက် စေ ရန် အ ရွက် ထွက် လျက် ကမ်း နှစ် ဖက်၌ ပေါက် သော အ သက် ပင် ကိုလည်း ကောင်း ငါ့ အား ပြ ၏။
2
3
မြို့ တော်၌ အ ကျိန် ခံ ထိုက် သည့် အ ရာ မ ရှိ။ ဘု ရား သ ခင် နှင့် သိုး ငယ် တော် ၏ ရာ ဇ ပ လ္လင် တည် သည် နှင့် ကျွန် တော် ရင်း တို့ လည်း န ဖူး တွင် နာ မ တော် ဆောင် လျက် မျက် နှာ တော် ကို ဖူး မြင်၍ ဝတ် ပြု ရ ကြ လ တ္တံ့။
4
5
ညဉ့် ကျ တော့ မည် မ ဟုတ်။ မီး အ လင်း၊ နေ အ လင်း မ လို။ ထာ ဝ ရ ဘု ရား သ ခင် သည် ထွန်း လင်း တော် မူ လိမ့် မည်။ သူ တို့ ကား ကမ္ဘာ အ ဆက် ဆက် စိုး စံ ခွင့် ရ ကြ လိမ့် သ တည်း။
6
ထို အ ခါ ဤ အ ချက် များ ကား သ စ္စာ ရှိ၍ ဟုတ် မှန် သည်။ ပ ရော ဖက် တို့ ဉာဏ့် ရှင် ထာ ဝ ရ ဘု ရား သ ခင် သည် မ ကြာ မီ ဖြစ် ပျက် ရ မည့် အ ခြင်း အ ရာ များ ကို ကျွန် တော် ရင်း တို့ အား ထင် ရှား စေ ရန် ကိုယ် တော်၏ စေ တ မန် တော် ကို လွှတ် တော် မူ လိုက်၏။
7
ငါ အ မြန် လာ မည်။ ဤ ကျမ်း ပါ ပ ရော ဖက် ဆင့် ချက် များ ကို စောင့် ရှောက် သူ၌ မင်္ဂ လာ ရှိ သည် ဟု ငါ ကြား ရ၏။
8
ထို အ ကြောင်း အ ရာ များ ကို ကြား နာ မျှော် မြင် သူ မှာ ငါ ယော ဟန် တည်း။ ကြား မြင် ပြီး ကာ လ ပြ သ သော စေ တ မန် တော့် ခြေ ရင်း၌ ပျပ် ဝပ် လျက် ရှိ ခိုး မည် ပြု သော်၊
9
ရှိ မ ခိုး လင့်။ ငါ သည် သင် မှ စ၍ ညီ အစ် ကို ပ ရော ဖက် တို့ နှင့် လည်း ကောင်း၊ ဤ ကျမ်း ချက် များ ကို စောင့် ရှောက် သူ တို့ နှင့် လည်း ကောင်း၊ ကျွန် ချင်း ဖြစ် သည်။ ဘု ရား သ ခင် ကို ရှိ ခိုး လော့ ဟု ငါ့ အား ပြော ဆို၏။
10
တစ် ဖန် တုံ အ ချိန် တိုင် ရောက် လု ပြီ ဖြစ် သော ကြောင့် ဤ ကျမ်း ပါ ပ ရော ဖက် ဆင့် ဆို ချက် များ ကို တံ ဆိပ် ခပ်၍ မ ပိတ် နှင့်။
11
မ တ ရား သူ သည် မ တ ရား လျက် နေ စေ ဦး။ ညစ် ပေ သူ သည် ညစ် ပေ စေ ဦး။ တ ရား သူ သည် တ ရား သ ဖြင့် ကျင့် စေ ဦး။ သန့် ရှင်း သူ သည် သန့် ရှင်း စေ ဦး။
12
လူ အ သီး အ သီး တို့ အား အ ကျင့် အ ကြံ အ လျောက် ဆပ် ပေး ရန် အ ကျိုး ဆက် ထက် ကြပ် ပါ ငါ အ မြန် လာ မည်။
13
ငါ သည် အာ လ ဖ နှင့် သြ မေ ဃ၊ အာ ဒိ က နှင့် အ န္တိ မ၊ အ စ နှင့် အ ဆုံး ဖြစ်၏။ ဝတ် လုံ များ ကို ဆေး လျှော် သ ဖြင့်၊
14
အ သက် ပင် မှ စား ခွင့်၊ မြို့ တံ ခါး တော် ဝင် ခွင့် ရ သူ တို့ သည် မင်္ဂ လာ ရှိ ၏။
15
ပြင် ပ၌ ကား ခွေး ဖြစ် သူ၊ နတ် ဟော သူ၊ မ တ ရား မေ ထုန် ပြု သူ၊ လူ သတ် ဖြစ် သူ၊ ရုပ် ပွား ကိုး ကွယ် သူ များ နှင့် မု သား ကို နှစ် သက်၍ ကျင့် ကြံ သူ ဟူ သ မျှ ရှိ ကြ သ တည်း။
16
ဤ အ ကြောင်း အ ရာ များ ကို အ သင်း တော် တို့ အ ဖို့ သက် သေ ခံ စေ ရန် ငါ့ စေ တ မန် ကို သင် တို့ ထံ ငါ ယေ ရှု လွှတ် လိုက်၏။ ငါ သည် ဒါ ဝိဒ် မင်း အ မြစ် အ ညွန့်၊ အ ဆက် အ နွယ်၊ ထွန်း တေက် သော မိုး သောက် ကြယ် ဖြစ် သည် ဟု ငါ့ အား မိန့် တော် မူ၏။
17
ဝိ ညာဉ် တော် နှင့် မင်္ဂ လာ ဆောင် သ တို့ သ မီး က ကြွ လာ တော် မူ ပါ ဟု လျှောက် ဆို ကြ၏။ ကြား နာ သူ က လည်း ကြွ လာ တော် မူ ပါ ဟု လျှောက် စေ၊ ရေ ငတ် သူ ကား လာ စေ၊ သောက် လို သူ ကား အ သက် ရေ ကို အ ဖိုး မဲ့ သောက် စေ။
18
ဤ ကျမ်း ပါ ပ ရော ဖက် ဆင့် ချက် များ ကို ကြား နာ သူ တိုင်း အား ငါ သက် သေ ခံ သည် ကား၊ မည် သူ မ ဆို ထပ် ဆင့် ထည့် သွင်း လျှင် ဤ ကျမ်း ပါ ဘေး များ ကို ထို သူ့ အ ပေါ် တွင် ဘု ရား သ ခင် ထပ် ဆင့် တော် မူ လိမ့် မည်။
19
ဤ ပ ရော ဖက် ကျမ်း ချက် များ မှ မည် သူ မ ဆို နုတ် ပယ် လျှင် ဤ ကျမ်း ပါ အ သက် ပင် နှင့် သန့် ရှင်း သော မြို့ တော် တွင် ထို သူ့ ဝေ ပုံ ကို ဘု ရား သ ခင် နုတ် ပယ် တော် မူ လိမ့် မည်။
20
ဤ အ ကြောင်း အ ရာ များ ကို သက် သေ ခံ တော် မူ သော အ ရှင် က မု ချ ငါ အ မြန် လာ မည် ဟု မိန့် တော် မူ၏။ အာ မင်။ အ ရှင် ယေရှု၊ ကြွ လာ တော် မူ ပါ။
21
အ ရှင် ယေ ရှု၏ ကျေး ဇူး တော် သည် သီး သန့် ထား တော် မူ သူ တို့ နှင့် အ တူ တည် ရှိ စေ သ တည်း။