1
ထို နောက် ပေါ လု သည် အာ သင် မြို့ မှ ထွက် သွား ၍၊
2
ကော ရိ န္သု မြို့ သို့ ရောက် ရာ ရော မ မြို့ မှ ယု ဒ လူ မျိုး အ ပေါင်း တို့ ထွက် သွား ကြ စေ ဟု က လော ဒိ မင်း အ မိန့် တော် အ ရ ဣ တ လိ ပြည် မှ မ ကြာ မီ မ ယား ပြစ် ကိ လ နှင့် ရောက် လာ သော ပု န္တု ပြည် သား ယု ဒ လူ မျိုး အာ ကု လ ဆို သူ ကို တွေ့ ၍၊
3
သူ တို့ ထံ ဝင် ပြီး လျှင် တဲ ရှင် ချုပ် သူ များ ဖြစ် လျက် လက် မှု ခြင်း တူ သော ကြောင့် တည်း ခို လုပ် ကိုင် နေ ၏။
4
ဥ ပုသ် နေ့ တိုင်း လည်း ယု ဒ လူ မျိုး၊ ဂ ရိတ် လူ မျိုး တို့ သ ဘော ကျ စေ ရန် ဓ မ္မာ ရုံ တွင် ဆွေး နွေး ဟော ပြော လေ ၏။
5
မာ ကေ ဒေါ နိ ပြည် မှ သိ လ နှင့် တိ မော သေ တို့ ရောက် လာ ကြ သည့် ကာ လ ပေါ လု သည် ဟော ပြော မှု ကို ဝိ ရိ ယ စိုက်၍ ယေ ရှု ပင် ခ ရစ် တော် မှန် ကြောင်း ယု ဒ လူ မျိုး တို့ အား သက် သေ ခံ လျက် နေ ရာ၊
6
ခု ခံ ပုတ် ခတ် ကြ သ ဖြင့် ဝတ် လုံ ကို ခါ၍ ချင်း တို့ အ သွေး သည် ချင်း တို့ ခေါင်း ပေါ်၌ တည် စေ။ ငါ နှင့် ကား ကင်း ရှင်း၏။ ယ ခု က စ၍ လူ မျိုး ခြား တို့ ထံ ငါ သွား တော့ မည် ဟု ဆို လျက်၊
7
ဓ မ္မာ ရုံ မှ ဆင်း ပြီး လျှင် အ နီး ရှိ ဘု ရား သ ခင် ကို ကြည် ညို သူ တိ တု ယု တ္တု ဆို သူ့ အိမ် သို့ ရွှေ့ လေ ၏။
8
ဓ မ္မာ ရုံ အုပ် က ရိ ပ္ပု မူ ကား အိမ် သူ အိမ် သား ရှိ သ မျှ ပါ အ ရှင် ဘု ရား ကို ယုံ ကြည် ကြ၏။ ကော ရိ န္သု မြို့ သူ မြို့ သား အ များ လည်း နာ ခံ ယုံ ကြည် လျက် ဗ တ္တိ ဇံ မင်္ဂ လာ ခံ ကြ၏။
9
ထို ကာ လ ညဉ့် အ ခါ ရူ ပါ ရုံ တွင် ပေါ လု အား အ ရှင် ဘု ရား က မ ကြောက် လင့်၊ နှုတ် မ ဆိတ် ဘဲ ဟော လော့။
10
ငါ သည် သင် နှင့် အ တူ ရှိ သ ဖြင့် သင့် ကို မည် သူ မျှ အ န္တ ရာယ် ရှာ၍ လက် ရောက် မ ပြု ရ၊ ဤ မြို့ တွင် ငါ ပိုင် အ မြောက် အ မြား ရှိ သည် ဟု ဗျာ ဒိတ် ပေး တော် မူ သည့် အ လျောက်၊
11
ပေါ လု သည် ထို သူ တို့ အား ဘု ရား သ ခင့် တ ရား တော် ကို သင် ကြား လျက် တစ် နှစ် နှင့် ခြောက် လ နေ ထိုင် ၏။
12
သို့ သော် လည်း အ ခါ ယ ပြည် ဝန် ကြီး ဂါ လျုန့် လက် ထက် ယု ဒ လူ မျိုး တို့ သည် ပေါ လု ကို တစ် ပြိုင် နက် ရန် မူ လျက် တ ရား ခွင် ရှေ့ ခေါ် သွား ပြီး လျှင်၊
13
ဤ သူ သည် လူ တို့ ကို ပ ညတ် တ ရား တော် နှင့် ဆန့် ကျင်၍ ဘု ရား ကိုး ကွယ် စေ ရန် သွေး ဆောင် ပါ သည် ဟု စွဲ ဆို ကြ သ ဖြင့်၊
14
ပေါ လု ထု ချေ မည် ပြု စဉ် ယု ဒ လူ မျိုး တို့ အား ဂါ လျုန် က အို ယု ဒ လူ မျိုး တို့၊ ဤ အ မှု သည် အ ဓ မ္မ မှု၊ ဆိုး ယုတ် သော လိမ် လည် မှု ဖြစ် ခဲ့ လျှင် အ ရေး ယူ ရန် သင့် လျော် ၏။
15
စ ကား များ၊ အ မည် များ မှ စ၍ သင် တို့ တ ရား ဆိုင် ရာ ဆွေး နွေး ချက် ဖြစ် လျှင် မူ ကာ၊ ကိုယ် တိုင် ထောက် ရှု ကြ လော့။ ငါ မ စီ ရင် လို ဟု ဆို လျက်၊
16
တ ရား ခွင် မှ ပယ် လိုက်၏။ ဓ မ္မာ ရုံ အုပ် သော သေ နေ ကို တ ရား ခွင် ရှေ့ ရှိ သ မျှ တို့ ဖမ်း ဆီး ရိုက် နှက် ကြ ရာ၊ ဂ ရု မ စိုက် ဘဲ ဂါ လျုန် နေ လေ၏။
17
18
ထို နောက် ပေါ လု သည် နေ့ ရက် အ တန် ကြာ နေ ထိုင် ပြီး လျှင် ညီ အစ် ကို တို့ ကို နှုတ် ဆက်၍ သ စ္စာ ဝတ် ထား ခဲ့ သည့် အ တိုင်း၊ ကင် ခြေ မြို့ တွင် ဦး ဆံ ပယ် ပြီး မှ ပြစ် ကိ လ၊ အာ ကု လ တို့ နှင့် ရှု ရိ ပြည် သို့ သင်္ဘော စီး လျက် ဧ ဖက် မြို့ သို့ ရောက် သော်၊
19
ထို သူ တို့ ကို ထား ခဲ့ လေ၏။ ပေါ လု မူ ကား ဓ မ္မာ ရုံ သို့ ဝင်၍ ယု ဒ လူ မျိုး တို့ နှင့် ဆွေး နွေး ဟော ပြော ရာ၊
20
ဆက် လက် နေ ထိုင် ပါ မည့် အ ကြောင်း တောင်း ပန် ကြ သည့် အ တိုင်း မ နေ လို ဘဲ၊
21
ဘု ရား သ ခင် အ လို တော် ရှိ လျှင် ပြန် လာ မည် ဟု ဆို လျက် နှုတ် ဆက် ပြီး မှ ဧ ဖက် မြို့ မှ သင်္ဘော စီး သွား၏။
22
ကဲ သ ရိ မြို့ တွင် ဆိုက် သော် မြို့ တော် သို့ တက် သွား၍ အ သင်း တော် ကို နှုတ် ဆက် ပြီး လျှင် အ န္တိ အုတ် မြို့ သို့ ဆင်း သွား၏။
23
ကာ လ အ တန် ကြာ နေ ပြီး နောက် ထွက် သွား လျက် ဂ လာ တိ နှင့် ဖြု ဂိ နယ် တစ် လျှောက်၊ အ စဉ် အ တိုင်း လျှောက် သွား၍ တ ပည့် တော် ရှိ သ မျှ တို့ ကို တည် ကြည် စေ၏။
24
ထို အ ခါ ကျမ်း စာ ကျွမ်း ကျင် လျက် နှုတ် သ တ္တိ ရှိ သော အာ လေ ဇ န္ဒြိ ယ မြို့ သား အာ ပေါ လု ဆို သူ ယု ဒ လူ မျိုး တစ် ယောက် သည် ဧ ဖက် မြို့ သို့ ရောက် လာ၍၊
25
ယော ဟန်၏ ဗ တ္တိ ဇံ မင်္ဂ လာ ကို သာ နား လည် သော် လည်း၊ အ ရှင် ဘု ရား၏ မဂ် လမ်း တော် အ ကြောင်း သွန် သင် ခံ ပြီး သည့် အ လျောက် ယေ ရှု ဆိုင် ရာ အ ကြောင်း များ ကို စိတ် အား ကြီး စွာ အ သေ အ ချာ ဟော ပြော သင် ကြား လေ့ ရှိ၏။
26
ဓ မ္မာ ရုံ တွင် လည်း ရဲ ရင့် စွာ ဟော စ ပြု ရာ ကြား သော ပြစ် ကိ လ နှင့် အာ ကု လ တို့ သည် သူ့ ကို ခေါ် ပြီး လျှင် ဘု ရား သ ခင် မဂ် လမ်း တော် အ ကြောင်း အ စေ့ အ စုံ ဖော် ပြ ကြ၏။
27
အာ ပေါ လု သည် အ ခါ ယ ပြည် သို့ ကူး သွား လို သည့် ကာ လ ညီ အစ် ကို တို့ တိုက် တွန်း၍ သူ့ ကို လက် ခံ ကြ စေ ရန် တ ပည့် တော် တို့ ထံ စာ ရေး လိုက် ကြ၏။ ရောက် ပြီး မှ ယေ ရှု သည် ခ ရစ် တော် မှန် ကြောင်း ကျမ်း ကိုး ၍ လူ ပ ရိ သတ် ရှေ့ ဖော် ပြ လျက် ယု ဒ လူ မျိုး တို့ ကို အား ကြီး စွာ ချေ ပ သည့် အ လျောက် ကျေး ဇူး တော် ကြောင့် ယုံ ကြည် သူ တို့ ကို အ ထူး သ ဖြင့် ထောက် မ လေ၏။
28