တမန်တော်ဝတ္ထု-15

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထို အ ခါ အ ချို့ သော သူ တို့ သည် ယု ဒ ပြည် မှ ရောက် လာ၍ ညီ အစ် ကို တို့ အား သင် တို့ သည် မော ရှေ၏ ထုံး နည်း အ တိုင်း လှီး ဖြတ် ခြင်း မင်္ဂ လာ မ ခံ လျှင် ကယ် တင် တော် မူ ရာ သို့ မ ရောက် နိုင် ဟု သွန် သင် ကြ ရာ၊
  • 2 ပေါ လု နှင့် ဗာ န ဗ တို့ တစ် ဘက် ဆို ခဲ့ သူ တို့ တစ် ဘက် များ စွာ ဆွေး နွေး ငြင်း ခုန် ခြင်း ဖြစ် ပေါ် သ ဖြင့် ညီ အစ် ကို တို့ သည် ပေါ လု နှင့် ဗာ န ဗ ကို သူ တို့ အ နက် အ ချို့ ပါ ယေ ရု ရှ လင် မြို့ ရှိ တ မန် တော် များ ဥ က္က ဋ္ဌများ ထံ သွား ကြ စေ ရန် စီ မံ ကြ၏။
  • 3 သို့ ဖြစ်၍ အ သင်း တော် ပို့ လိုက် သော ထို သူ တို့ သည် ဖိ နိတ် နယ်၊ ရှ မာ ရိ နယ် များ ကို ဖြတ် လျက် လူ မျိုး ခြား တို့ ပြောင်း လဲ ခြင်း အ ကြောင်း ကြား ပြော ကြ သ ဖြင့် ညီ အစ် ကို ရှိ သ မျှ တို့ အား ရ ဝမ်း မြောက် ကြ၏။
  • 4 ယေ ရု ရှ လင် မြို့ သို့ ရောက် ကြ ပြီး နောက် အ သင်း တော် မှ စ၍ တ မန် တော် နှင့် ဥ က္က ဋ္ဌ တို့ လက် ခံ ကြ သည့် ကာ လ သူ တို့ အား ဖြင့် ဘု ရား သ ခင် ပြု တော် မူ သ မျှ ကို ပြန် ကြား ကြ ရာ၊
  • 5 ဖာ ရိ ရှဲ ဂိုဏ်း သား အ နက် ယုံ ကြည် သူ အ ချို့ သည် ထ၍ ထို သူ တို့ အား လှီး ဖြတ် ခြင်း မင်္ဂ လာ ပေး ရ မည့် ပြင် မော ရှေ၏ ပ ညတ် တ ရား ကို စောင့် ရှောက် ရန် မှာ ထား ရ မည် ဟု ဆို ကြ၏။
  • 6 ထို အ ကြောင်း ကို စဉ်း စား ရန် တ မန် တော် တို့ နှင့် ဥ က္က ဋ္ဌ တို့ စည်း ဝေး လျက် ရှိ ကြ သည့် ကာ လ၊
  • 7 များ စွာ ဆွေး နွေး ကြ ပြီး နောက် ပေ တ ရု ထ၍ ပြော ဆို သည် မှာ ညီ အစ် ကို တို့၊ သ တင်း တော် မြတ် ဆိုင် ရာ တ ရား တော် ကို ငါ့ နှုတ် ဖြင့် လူ မျိုး ခြား တို့ ကြား နာ၍ ယုံ ကြည် ကြ စေ ရန် ဘု ရား သ ခင် သည် သင် တို့ အ နက် ငါ့ ကို အ ထက် ကာ လ ရွေး ကောက် တော် မူ ကြောင်း သင် တို့ သိ ကြ၏။
  • 8 စိတ် နှ လုံး ကို သိ မြင် တော် မူ သော ဘု ရား သ ခင် သည် ငါ တို့ နည်း တူ သူ တို့ အား လည်း သန့် ရှင်း သော ဝိ ညာဉ် တော် ကို ပေး သ နား တော် မူ လျက် သူ တို့ ဘက်၌ သက် သေ ခံ တော် မူ သည့် ပြင်၊
  • 9 ယုံ ကြည် ခြင်း အား ဖြင့် သူ တို့ စိတ် နှ လုံး ကို စင် ကြယ် စေ သည့် အ တိုင်း ငါ တို့ နှင့် သူ တို့ ကို ခြား နား စေ တော် မ မူ။
  • 10 ထို့ ကြောင့် ဘိုး ဘေး များ မှ စ၍ ငါ တို့ လည်း မ ထမ်း နိုင် သော ထမ်း ပိုး ကို ထို တ ပည့် တော် တို့ လည် ပေါ် တွင် တင် လျက် အ ဘယ့် ကြောင့် ဘု ရား သ ခင် ကို ယ ခု စုံ စမ်း ကြ သ နည်း။
  • 11 ထို သူ တို့ နည်း တူ ပင် ငါ တို့ သည် အ ရှင် ယေ ရှု၏ ကျေး ဇူး တော် ကြောင့် သာ ကယ် တင် တော် မူ ခြင်း သို့ ရောက် ရ မည့် အ ကြောင်း ယုံ ကြည် ကြ သည် ဟု ပြော ဆို၏။
  • 12 ပ ရိ သတ် လုံး ဆိတ် ဆိတ် နေ ကြ ရာ ဗာ န ဗ နှင့် ပေါ လု တို့ လည်း သူ တို့ အား ဖြင့် လူ မျိုး ခြား တို့ ဘောင် တွင် ဘု ရား သ ခင် ပြု တော် မူ သ မျှ နိ မိတ် လ က္ခ ဏာ များ အံ့ ဖွယ် ရာ များ အ ကြောင်း ပြန် ကြား သည် ကို နား ထောင် ကြ ပြီး လျှင်၊
  • 13 အ ဆုံး ၌ ယာ ကုပ် က ညီ အစ် ကို တို့၊ ငါ့ စ ကား ကို ကြား နာ ကြ ကုန်၊
  • 14 ဘု ရား သ ခင် သည် နာ မ တော် ဖြင့် သ မုတ် ခံ ရ မည့် လူ စု ကို လူ မျိုး ခြား တို့ အ နက် ရွေး ကောက် ရန် အ ထက် ကြည့် ရှု တော် မူ ကြောင်း ရှိ မုန် ပြန် ကြား လေ ပြီ။
  • 15 ထို အ ကြောင်း နှင့် ညီ ညွတ် သော ပ ရော ဖက် တို့ ကျမ်း ချက် မှာ၊
  • 16 ထို နောက် ငါ ထာ ဝ ရ ဘု ရား ကို လူ အ ကြွင်း အ ကျန် ဖြစ် သူ နာ မ တော် ဖြင့် သ မုတ် ခံ သ မျှ သော လူ မျိုး ခြား တို့ ရှာ၍ တွေ့ အံ့ သော ငှါ ငါ သည် ဒါ ဝိဒ်၏ ပြို လဲ ခဲ့ သော တဲ ကို ပြု ပြင် လျက် ပြို ပျက် ရာ ကို လည်း ပြု ပြင် ထူ စိုက် ရန် ပြန် လာ မည့် အ ကြောင်း၊
  • 17
  • 18 ဖြစ် ပျက် သ မျှ ကို ကာ လ အ တန် ဖော် ပြ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ဟူ၍ တည်း။
  • 19 ထို့ ကြောင့် ငါ့ စီ ရင် ချက် မှာ လူ မျိုး ခြား တို့ အ နက် ဘု ရား သ ခင့် ထံ လှည့် ဝင် သူ တို့ ကို ဒု က္ခ မ ရှာ ဘဲ၊
  • 20 ရုပ် ပွား များ ကြောင့် မ သန့် ရာ ရောက် ခြင်း၊ မ တ ရား သော မေ ထုန် ပြု ခြင်း၊ ညှစ်၍ သေ သော အ သား၊ အ သွေး ပါ သော အ သား သုံး ဆောင် ခြင်း များ ကို ကြဥ် ရှောင် ကြ စေ ရန် ပ ညတ် သင့်၏။
  • 21 အ သို့ ဆို သော် ရှေး ကာ လ က စ၍ မြို့ ရွာ ခပ် သိမ်း ရှိ ဓ မ္မာ ရုံ များ တွင် မော ရှေ၏ ပ ည တ္တိ ကျမ်း ကို ဥ ပုသ် နေ့ တိုင်း ဖတ် ရွတ် ဟော ပြော သူ များ ရှိ သည် ဟု ပြော ဆို၏။
  • 22 ထို အ ခါ တ မန် တော် များ၊ ဥ က္က ဋ္ဌ များ မှ စ၍ တစ် သင်း လုံး သည် ပေါ လု နှင့် ဗာ န ဗ တို့ ပြင် ညီ အစ် ကို တို့ တွင် အ ကြီး အ မှူး ဖြစ် သူ ဗာ ရှ ဗ္ဗ ခေါ် ယု ဒ နှင့် သိ လ တို့ ကို အ သင်း တော် မှ ရွေး ကောက်၍ အ န္တိ အုတ် မြို့ သို့ စေ လွှတ် သင့် ကြောင်း သ ဘော တူ ကြ သည့် အ တိုင်း သူ တို့ လက် ဖြင့် ပေး လိုက် သော စာ မှာ၊
  • 23 တ မန် တော် နှင့် ဥ က္က ဋ္ဌ ဖြစ် သူ ညီ အစ် ကို တို့ က အ န္တိ အုတ် မြို့ မှ စ၍ ရှု ရိ နှင့် ကိ လိ ကိ ပြည် ရှိ လူ မျိုး ခြား တို့ အ နက် ညီ အစ် ကို ဖြစ် သူ တို့ ထံ မေ တ္တာ ပို့၍ ကြား လိုက် သည်။
  • 24 ငါ တို့ ဘောင် မှ လူ အ ချို့ သည် အ ခွင့် မ ရ ဘဲ သူ တို့ သွန် သင် ခြင်း အား ဖြင့် သင် တို့ စိတ် ပျက် အောင် ဒု က္ခ ရှာ ကြောင်း၊
  • 25 ငါ တို့ ကြား သိ ရ သ ဖြင့် ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ နာ မ တော် အ တွက် အ သက် စွန့် စား သူ ငါ တို့ ချစ် လှ သော ဗာ န ဗ နှင့် ပေါ လု တို့ ကို ရွေး ကောက် သူ တို့ ပါ သင် တို့ ထံ စေ လွှတ် သင့် ကြောင်း တ ညီ တ ညွတ် တည်း သ ဘော တူ ကြ သည့် အ လျောက်၊
  • 26
  • 27 ယု ဒ နှင့် သိ လ ကို စေ လွှတ် လိုက် ကြ သည်။ စာ ပါ အ ကြောင်း အ ရာ များ ကို နှုတ် ဖြင့် ထို သူ တို့ ထပ် ပြော ကြ ဦး မည်။
  • 28 သင် တို့ သည် ရုပ် ပွား အား ပူ ဇော် ပြီး သော အ သား၊ အ သွေး ပါ သော အ သား၊ ညှစ်၍ သေ သော အ သား သုံး ဆောင် ခြင်း၊ မ တ ရား သော မေ ထုန် ပြု ခြင်း များ ကို ကြဉ် ရှောင် အပ် သည့် တာ ဝန် မှ တစ် ပါး အ ခြား တာ ဝန် ကို သင် တို့ အ ပေါ် တွင် မ တင် သင့် ဟူ၍ သန့် ရှင်း သော ဝိ ညာဉ် တော် သည် ငါ တို့ ပါ သ ဘော တော် ရှိ သည့် အ တိုင်း ထို အ ရာ ကို ကြဉ် ရှောင် လျှင် ချမ်း သာ ရ ကြ လိမ့် မည်။ ကျန်း မာ ကြ ပါ စေ သော ဟူ၍ ပါ ရှိ သ တည်း။
  • 29
  • 30 ထို သို့ လွှတ် လိုက် ကြ သော သူ တို့ သည် အ န္တိ အုတ် မြို့ သို့ ရောက်၍ လူ ပ ရိ သတ် စု ရုံး စေ ပြီး လျှင် ထို စာ ကို ပေး အပ် ကြ သည့် အ တိုင်း၊
  • 31 ဖတ် နာ ရ သော် နှစ် သိမ့် စေ ချက် ကြောင့် ရွှင် လန်း ကြ၏။
  • 32 ပ ရော ဖက် ဖြစ် သော ယု ဒ နှင့် သိ လ တို့ လည်း ညီ အစ် ကို တို့ ကို များ စွာ နှိုး ဆော် လျက်၊ တည် ကြည် စေ လျက်၊
  • 33 ကာ လ အ တန် ကြာ နေ ပြီး မှ လွှတ် လိုက် ရင်း သူ တို့ ထံ စိတ် ဧ စွာ ပြန် ခွင့် ကို ညီ အစ် ကို တို့ ပေး ကြ၏။
  • 34
  • 35 ပေါ လု နှင့် ဗာ န ဗ တို့ မူ ကား အ ခြား သူ များ နှင့် တ ကွ အ န္တိ အုတ် မြို့ တွင် အ ရှင် ဘု ရား၏ တ ရား တော် ကို သွန် သင် ဟော ပြော လျက် နေ ထိုင် ကြ၏။
  • 36 နေ့ ရက် အ တန် ကြာ ပြီး နောက် ဗာ န ဗ အား ပေါ လု က အ ရှင် ဘု ရား၏ တ ရား တော် ကို ငါ တို့ ကြော် ငြာ ခဲ့ သော မြို့ ရွာ တိုင်း ရှိ ညီ အစ် ကို တို့ အ ဖြစ် အ နေ ကို အ ကြည့် အ ရှု ပြန် သွား ကြ ကုန် အံ့ ဟု ဆို သော်၊
  • 37 မာ ကု ခေါ် ယော ဟန် ကို လည်း ခေါ် ရန် ဗာ န ဗ သ ဘော ရှိ သည် နှင့်၊
  • 38 ပံ ဖု လိ ပြည် တွင် ဆုတ် ခွာ၍ အ မှု တော် ဆောင် ရန် မ လိုက် မ ပါ သူ ကို မ ခေါ် သင့် ဟု ပေါ လု မှတ် ယူ ရာ၊
  • 39 အ ချင်း ဖြစ် ပွား၍ တစ် ယောက် နှင့် တစ် ယောက် ခွဲ ခွာ ပြီး လျှင် ဗာ န ဗ သည် မာ ကု ကို ခေါ် လျက် ကု ပ ရု ကျွန်း သို့ သင်္ဘော စီး လေ၏။
  • 40 ပေါ လု မူ ကား သိ လ ကို ရွေး ကောက်၍ အ ရှင် ဘု ရား၏ ကျေး ဇူး တော် သို့ ညီ အစ် ကို တို့ အပ် လိုက် သည့် အ တိုင်း ထွက် သွား ပြီး လျှင်၊
  • 41 ရှု ရိ နှင့် ကိ လိ ကိ ပြည် တစ် လျှောက် လျှောက် လျက်၊ အ သင်း တော် တို့ ကို တည် ကြည် စေ ပြီး နောက်၊
回到本卷目录 回到本版本目录 回到首页