1
ထို သို့ ဘေး လွတ် ပြီး မှ ထို ကျွန်း ကို မော် လ တ ခေါ် ကြောင်း သိ ကြ၏။
2
ကျွန်း သား တို့ သည် ငါ တို့ ကို ကျေး ဇူး အ ထူး ပြု လျက် မိုဃ်း ရွာ၍ ချမ်း ဧ သော ကြောင့် မီး ဖို ပြီး လျှင် ရှိ သ မျှ ကို ဧည့် ခံ ကြ၏။
3
ထို အ ခါ ပေါ လု သည် ထင်း တ ပွေ့ ခွေ၍ မီး ပုံ ပေါ် သို့ ထည့် လိုက် သော်၊ မြွေ ဆိုး တစ် ကောင် သည် မီး ပူ၍ ထွက် လာ ပြီး လျှင် သူ့ လက် ကို ခဲ၏။
4
ပေါ လု လက် မှ ထို အ ကောင် တွဲ လွဲ နေ သည် ကို ကျွန်း သား တို့ မြင် ကြ သော် စင် စစ်၍ သူ သည် လူ သတ် ဖြစ် သည် ပင် လယ် ဘေး မှ လွတ် သော် လည်း အ သက် ချမ်း သာ ရ စေ ရန် သ မာ နတ် ခွင့် မ ပြု ဟု အ ချင်း ချင်း ပြော ဆို ကြ၏။
5
သို့ ရာ တွင် ဘေး မ ဖြစ် ဘဲ ထို အ ကောင် ကို မီး ထဲ သို့ ပေါ လု ခါ ချ လိုက် သော်၊
6
ယောင် ယမ်း မည် ဟူ၍၎င်း၊ ရုတ် ခြင်း လဲ သေ မည် ဟူ၍၎င်း၊ အောက် မေ့ လျက် နေ သော ထို သူ တို့ သည် ကြာ မြင့် စွာ ကြည့် နေ ပြီး နောက်၊ မည့် သည့် အ န္တ ရာယ် မျှ မ ဖြစ် ကြောင်း သိ မြင် ရာ စိတ် ပြောင်း၍ ဘု ရား ပါ တ ကား ဟု ဆို ကြ၏။
7
ထို အ ရပ် အ နီး လယ် ယာ ပိုင် သော ပု ဗ လိ ဆို သူ ကျွန်း စား သည် ငါ တို့ ကို လက် ခံ ပြီး လျှင်၊ သုံး ရက် ဧည့် ဝတ် ပြု၏။
8
ထို အ ခါ ပု ဗ လိ အ ဘ သည် ဖျား နာ၊ ဝမ်း ကိုက် နာ များ ကြောင့် ပက် လက် နေ ရာ၊ ပေါ လု ဝင်၍ ပ ဌ နာ ပြု ပြီး လျှင် လက် တင် သ ဖြင့် ကျန်း မာ စေ သည့် နောက်၊
9
ထို ကျွန်း တွင် သူ နာ ရှိ သ မျှ လည်း လာ ရောက်၍ ကျန်း မာ ခွင့် ရ ကြ သည် နှင့် အ ညီ။
10
ငါ တို့ ကို ရို သေ စွာ ကန် တော့ သည့် ပြင် ငါ တို့ လွှင့် သွား ကြ ပြန် သော် လို အပ် သ မျှ ကို တင် လိုက် ကြ၏။
11
သုံး လ ကြာ သော် ထို ကျွန်း တွင် ဆောင်း ခို သော နတ် ညီ နောင် ရုပ် ပါ အာ လေ ဇန် ဒြိ ယ မြို့ သင်္ဘော ကို ငါ တို့ စီး သွား ကြ လျှင်၊
12
သု ရ ကုတ် မြို့ တွင် သုံး ရက် ဆိုက် နေ ပြီး မှ လွှင့် ပြန် ရာ၊
13
လေ ခိုး တိုက် လျက် ရေ ဂျုံ မြို့ သို့ ရောက်၍ နောက် တစ် ရက် တောင် လေ တိုက် သ ဖြင့်၊ ဒု တိ ယ ရက်၌ ပေါ တ ယော လိ မြို့ သို့ ဆိုက် ရောက် ကြ၏။
14
ထို မြို့ တွင် ညီ အစ် ကို များ ကို တွေ့ သော် ခု နစ် ရက် တည်း ခို စေ ရန် ငါ တို့ ကို ပင့် ခေါ် ကြ၏။ ထို သို့ ပင် ငါ တို့ သည် ရော မ မြို့ သို့ ရောက် ကြ သ တည်း။
15
မြို့ တော် နေ ညီ အစ် ကို များ ငါ တို့ လာ ကြောင်း ကြား သိ သည့် ကာ လ၊ အ ပ္ပိ ဖော ရုံ မြို့ နှင့် တြိ တ ပယ် ရ နေ မြို့ ရောက် ခ ရီး ဦး ကြို လာ ကြ သည့် အ တိုင်း ပေါ လု တွေ့ သော် ဘု ရား သ ခင့် ကျေး ဇူး တော် ကို ချီး မွမ်း၍ စိတ် အေး လေ၏။
16
ရော မ မြို့ သို့ ဝင် ရောက် ကြ သည့် ကာ လ ပေါ လု သည် အ စောင့် အ ကြပ် စစ် သည် နှင့် သီး ခြား နေ ထိုင် ခွင့် ရ၏။
17
ထို နောက် သုံး ရက် ကြာ သော် ယု ဒ လူ မျိုး တို့ အ နက် အ ကြီး အ ကဲ တို့ ကို ပေါ လု ခေါ် ဘိတ်၍ ရောက် လာ ကြ သည့် အ တိုင်း ပြော ဆို သည် မှာ အ ချင်း ညီ အစ် ကို တို့ ငါ သည် လူ မျိုး တော် နှင့်၎င်း၊ မိ ရိုး ဘ လာ ထုံး စံ များ နှင့်၎င်း၊ ဆန့် ကျင် မှု မ ပြု ဘဲ လျက် ယေ ရု ရှ လင် မြို့ မှ ရော မ လူ မျိုး တို့ လက် သို့ အ ကျဉ်း အပ် လိုက် ကြ ရာ၊
18
စစ် မေး ပြီး နောက် သေ ပြစ် မ တွေ့ သ ဖြင့်၊ ငါ့ ကို လွှတ် လို ကြ ရာ တွင်
19
ယု ဒ လူ မျိုး တို့ ငြင်း ဆို ကြ သည် နှင့် လူ မျိုး သား ချင်း တို့ အ ပေါ် တွင် တုံ့ ပြန် စွဲ ဆို ခြင်း ကို ငါ မ ပြု လို သော် လည်း၊ ကဲ သာ မင်း ထံ အ ယူ တော် ခံ ရ၏။
20
သို့ ဖြစ်၍ ဣ သ ရေ လ လူ မျိုး တို့ မြော် လင့် ခြင်း အ ကြောင်း ကြောင့်၊ ဤ သံ ကြိုး နှင့် ချည် နှောင် ခံ ရ သ ဖြင့်၊ ငါ ထံ လာ ရောက် ဆွေး နွေး ကြ ရန် သင် တို့ ကို ဘိတ် ကြား လို ပါ သည် ဟု ဆို ရာ၊
21
ထို သူ တို့ က သင် နှင့် စပ်၍ ယု ဒ ပြည် မှ စာ များ မ ရ မ ကောင်း ပြော ဆို ပြန် ကြား သူ ဆွေ မျိုး သား ချင်း လည်း မ ရောက်၊
22
သို့ ရာ တွင် ဤ ဂိုဏ်း နှင့် စပ်၍ အ ရပ် ရပ် တွင် ငြင်း ဆို ကြ ကြောင်း၊ ငါ တို့ သိ ရ သ ဖြင့်၊ သင့် သ ဘော မြတ် ရာ ကို ကြား လို သည် ဟု ပြန် ဆို ကြ၏။
23
သို့ နှင့် အ ညီ၊ နေ့ ချိန်း ချက် ပြီး သော်၊ ပေါ လု တည်း ခို ရာ အိမ် သို့ အ များ တို့ လာ ရောက် ကြ ရာ၊ ပေါ လု သည် နံ နက် အ ချိန် မှ ည နေ အ ချိန် တိုင် မော ရှေ၏ ပ ည တ္တိ ကျမ်း၊ ပ ရော ဖက် ကျမ်း များ ကို ကိုး၍ ဘု ရား သ ခင့် နိုင် ငံ တော့် အ ကြောင်း သက် သေ ခံ လျက်၊ ယေ ရှု အ ကြောင်း သ ဘော ကျ စေ ရန် ဘော် ပြ ရာ၊
24
ဟော ပြော ချက် များ ကို အ ချို့ တို့ သ ဘော ကျ လျက်၊ အ ချို့ တို့ မ ယုံ ကြ ချေ။
25
ထို သို့ အ ချင်း ချင်း သ ဘော မ တူ ကြ သော ကြောင့် ပေါ လု က သင် တို့ ကြား လျက် ပင် နား မ လည် ရ။ ကြည့် လျက် ပင် မ သိ မ မြင် ရ ဟု ထို လူ မျိုး အား သွား ရောက် ဆင့် ဆို လော့။ ထို လူ မျိုး သည် မျက် စိ နှင့် မြင် ခွင့်၊ နား နှင့် ကြား ခွင့်၊ စိတ် နှ လုံး နှင့် နား လည် ခွင့် ရ လျက်၊ ငါ့ ထံ မှ ချမ်း သာ ရ ရန် ပြန် လာ ခွင့် မ ရှိ စေ ခြင်း ငှါ၊ စိတ် နှ လုံး ထိုင်း မှိုင်း စေ၍ နား ကို လေး စေ သည့် ပြင်၊ မျက် စိ ကို လည်း ဖုံး အုပ် ကြ လေ ပြီ ဟု ပ ရော ဖက် ဟေ ရှာ ယ ဖြင့် သင် တို့ ဘိုး ဘေး များ အား သန့် ရှင်း သော ဝိ ညာဉ် တော် ပေး သော ဗျာ ဒိတ် တော် သင့် လျော် စွ တ ကား။ သို့ နှင့် အ ညီ၊ ဘု ရား သ ခင်၏ ကယ် တင် တော် မူ ခြင်း ဤ အ ကြောင်း ကို လူ မျိုး ခြား တို့ ထံ ပို့ တော် မူ လို သ ဖြင့်၊ သူ တို့ နာ ယူ ကြ လိမ့် မည် ကို သိ မှတ် ကြ လော့ ဟူ သော သြ ဝါ ဒ တစ် ချက် ဆို ပြီး မှ ထို သူ တို့ ထွက် သွား ကြ၏။
26
27
28
29
30
ပေါ လု သည် ကိုယ့် အိမ် ငှား တွင် လာ ရောက် သ မျှ သော သူ တို့ ကို လက် ခံ လျက် ဘု ရား သ ခင့် နိုင် ငံ တော့် အ ကြောင်း ကြား ပြော ခြင်း၊ အ ရှင် ယေ ရှု ခ ရစ် ဆိုင် ရာ အ ကြောင်း သင် ကြား ခြင်း များ ကို ကန့် ကွက် သူ မ ရှိ ဘဲ နှစ် နှစ် တိုင် တိုင် ရဲ ရင့် စွာ ဆောင် ရွက် လေ၏။
31