1
ငါ တို့ ကို ဣ တ လိ ပြည် သို့ သင်္ဘော နှင့် ပို့ မည် ပြ ဌာန်း ပြီး ဖြစ် သည့် အ တိုင်း ပေါ လု နှင့် အ ခြား အ ကျဉ်း သား အ ချို့ ကို ဧ က ရာဇ် မင်း တပ် တော် ခေါ် ထောင် တပ် တွင် ရာ တပ် မှူး ယု လိ သို့ အပ် လိုက် ရာ၊
2
အာ ရှိ ပြည် ဆိပ် ကမ်း များ သို့ တိုက် သွား မည့် အာ ဒြ မု တ္တိ မြို့ သင်္ဘော ထက် တက် စေ ပြီး လျှင် မာ ကေ ဒေါ နိ ပြည်၊ သက် သာ လော နိတ် မြို့ သား အာ ရိ တ္တာ ခု ပါ ငါ တို့ ထွက် သွား ရ သော်၊
3
နောက် နေ့၌ ဇိ ဒုန် မြို့ တွင် ဆိုက် ကြ သ ဖြင့် ယု လိ သည် အ ဆွေ ခင် ပွန်း တို့ ထံ သွား၍ အ လုပ် အ ကျွေး ခံ ခွင့် ကို ပေါ လု အား ကျေး ဇူး ပြု လေ၏။
4
ထို မှ ထွက် ပြန် သည့် ကာ လ လေ မ သင့် သော ကြောင့် ကု ပ ရု ကျွန်း တစ် လျှောက် လေ ခို၍ တိုက် သွား ရာ၊
5
ကိ လိ ကိ ပြည်၊ ပံ ဖု လိ ပြည်၊ ပင် လယ် ကို ဖြတ် ကူး မိ သော် လု ကိ ပြည် မု ရ မြို့ သို့ ဆိုက် ကြ၏။
6
ထို မြို့ တွင် ဣ တ လိ ပြည် သွား အာ လေ ဇ န္ဒြိ ယ မြို့ သင်္ဘော တစ် စင်း ကို တပ် မှူး တွေ့၍ တက် စီး စေ ပြီး လျှင်၊
7
ရက် ပေါင်း များ စွာ တ ဖြည်း ဖြည်း တိုက် သွား လျက် က နိဒ် မြို့ ရင် ဆိုင် သို့ ခက် ခဲ စွာ ရောက် သော် လေ ပြင်း တိုက်၍ ရှေ့ ရှု မ သွား နိုင် သော ကြောင့် သာ လ မုန် အ ငူ ရင် ဆိုင် က၊ က ရေ တေ ကျွန်း တစ် လျှောက် လေ ခို လျက်၊
8
ခက် ခဲ စွာ တိုက် သွား ရာ လာ သဲ မြို့ အ နီး ဆိပ် သာ ခေါ် အ ရပ် သို့ ရောက် ကြ၏။
9
ကာ လ ရှည် ကြာ၍ အ စာ ရှောင် ခြင်း ပွဲ ချိန် လွန် ပြီး ဖြစ် သ ဖြင့် ပင် လယ် ခ ရီး ဘေး မ လွတ် သော ကြောင့်၊
10
ပေါ လု က အ ချင်း တို့၊ ယ ခု သွား လျှင် သင်္ဘော နှင့် ကုန် များ ပါ ပျက် စီး မည် သာ မ ဟုတ်၊ ငါ တို့ အ သက် လည်း ဆုံး ပါး လိမ့် မည် ငါ မျှော် မြင် သည် ဟု သ တိ ပေး သော် လည်း၊
11
တပ် မှူး သည် ပေါ လု စ ကား ထက် မာ လိန် နှင့် သင်္ဘော သူ ကြီး တို့ စ ကား ကို သ ဘော ကျ သည့် ပြင်၊
12
အ များ က လည်း ဆောင်း ခို ရန် ထို ဆိပ် ကမ်း မ သာ သော ကြောင့် အ နောက် မြောက် နှင့် အ နောက် တောင် သို့ မျက် နှာ မူ သော က ရေ တေ ကျွန်း ရှိ ဖိ နိတ် မြို့ ဆိပ် ကမ်း သို့ ရောက် နိုင် လျှင် လွှင့် ပြန်၍ ဆောင်း ခို ရန် အ ကြံ ပေး ကြ သည့် အ လျောက်၊
13
တောင် လေ ဖြည်း ညှဉ်း စွာ တိုက် သည့် ကာ လ အ ကြံ မြောက် ပြီ ဟု ထင် မှတ် သ ဖြင့် ကျောက် ဆူး နုတ် ပြီး လျှင် က ရေ တေ ကျွန်း နား တစ် လျှောက် တိုက် သွား ကြ၏။
14
သို့ ရာ တွင် များ မ ကြာ မီ ဥ ရ ကု လုန် ခေါ် မုန် တိုင်း ဘေး သင့်၍၊
15
သင်္ဘော ကို တိုက် ဝှေ့ သော် မ ခံ နိုင် သ ဖြင့် လေ ဆောင် ရာ ပါ သွား ရ ကြ၏။
16
ကော ဒ ခေါ် ကျွန်း ငယ် ကို လေ ခို လျက် သွား စဉ် နောက် တွဲ သ မ္ဗန် ကို ခက် ခဲ စွာ ချည် နှောင် ရ၍ ဆွဲ တင် ရာ၊
17
သင်္ဘော ခိုင် ခံ့ စေ ရန် ကျောက် ကြိုး များ နှင့် ပတ် စည်း ပြီး နောက် သု ရ တိ သောင် ပေါ် တွင် တင် မည် စိုး သော ကြောင့် ရွက် မ ကို ချ လျက် တိုက် သွား ကြ၏။
18
နောက် နေ့၌ လှိုင်း တံ ပိုး ပြင်း ထန် စွာ ခတ် သည် နှင့်၊
19
ကုန် အ ချို့ ကို ပစ် ချ ပြီး နောက် တ တိ ယ နေ့၌ သင်္ဘော က ရိ ယာ များ ကို ပင် ကိုယ့် လက် ဖြင့် ပစ် ချ ကြ၏။
20
နေ့ ရက် များ စွာ နေ နှင့် ကြယ် များ ကို မ မြင် ဘဲ ရှိ နေ လျက် လှိုင်း တံ ပိုး ပြင်း ထန် စွာ ခတ် နေ သေး စဉ် ငါ တို့ ဘေး လွတ် မည် ဟူ၍ အောက် မေ့ ရန် အ လျှင်း မ ရှိ ချေ။
21
မ စား မ သောက် ရ ဘဲ ကာ လ ရှည် စွာ ရှိ နေ ကြ ပြီး မှ ပေါ လု သည် အ လယ် တွင် ထ ရပ် လျက် အ ချင်း တို့၊ သင် တို့ သည် ငါ့ စ ကား ကို နာ ယူ၍ က ရေ တေ ကျွန်း မှ မ လွှင့် ခဲ့ ကြ လျှင် ဤ သို့ ပျက် စီး ဆုံး ပါး ခြင်း မ ရှိ ခဲ့ လေ။
22
ယ ခု မှာ မူ အား ယူ ကြ စေ ရန် ငါ နှိုး ဆော်၏။ သင် တို့ အ သက် ဆုံး ပါး မည် မ ဟုတ်။ သင်္ဘော သာ ဆုံး လိမ့် မည်။
23
လွန် ခဲ့ သော ညဉ့် တွင် ငါ ဝတ် ပြု ရာ ငါ့ အ ရှင် ဖြစ် တော် မူ သော ဘု ရား သ ခင်၏ စေ တ မန် တော် တစ် ပါး သည် ရပ် လာ၍၊
24
အို ပေါ လု၊ မ ကြောက် နှင့်။ သင် သည် ကဲ သာ မင်း ရှေ့ ရပ် တန့် ရ မည့် ပြင် သင်္ဘော စီး ဖော် ရှိ သ မျှ ကို လည်း သင့် အား ဘု ရား သ ခင် သ နား တော် မူ ပြီ ဟု မြွက် ဆို၏။
25
ထို ကြောင့် အ ချင်း တို့၊ အား ယူ ကြ လော့။ မြွက် ဆို ခဲ့ တိုင်း ပင် ဖြစ် လိမ့် မည် ဟူ၍ ဘု ရား သ ခင် ကို ငါ ယုံ ကြည် သည်။
26
သို့ ရာ တွင် ကျွန်း တစ် ကျွန်း ပေါ် မှာ တင် ရ မည် ဟု ဆို လေ၏။
27
ဆယ့် လေး ရက် ညဉ့် ရောက် သော် ငါ တို့ သည် အာ ဒြိ ပင် လယ် တစ် လျှောက် လွင့် လျက် ရှိ နေ စဉ်၊ သန်း ခေါင် အ ချိန် ခန့် ကမ်း တစ် ရပ် ရပ် သို့ ချဉ်း ကပ် လု ပြီ ဟု သင်္ဘော သား တို့ ထင် မှတ် သ ဖြင့်၊
28
ရေ စမ်း ရာ အ လံ နှစ် ဆယ် ရှိ သည် ကို တွေ့ မြင် ကြ၏။ နောက် မ ကြာ စမ်း ပြန် သော်၊
29
ဆယ့် ငါး လံ ရှိ သော ကြောင့် ကျောက် ဆောင် ပေါ် တွင် တင် မည် စိုး၍ ပဲ့ က ကျောက် ဆူး လေး လက် ချ ပြီး လျှင် မိုး အ လင်း ကို တောင့် တ လျက် နေ ကြ စဉ်၊
30
သင်္ဘော သား တို့ သည် ထွက် ပြေး မည် ကြံ စည် လျက် ဦး က ကျောက် ဆူး များ ကို ကူ ချ မည့် အ ဟန် နှင့် ပင် လယ် ထဲ သို့ သ မ္ဗန် ကို လျှော ချ ကြ သော်၊
31
တပ် မှူး နှင့် စစ် သည် တို့ အား ပေါ လု က သင်္ဘော တွင် ထို သူ တို့ မ နေ လျှင် သင် တို့ ဘေး လွတ် နိုင် ကြ မည် မ ဟုတ် ဟု ဆို သည့် အ တိုင်း၊
32
စစ် သည် တို့ သည် သ မ္ဗန် ကြိုး များ ကို ဖြတ် ပစ်၍ သ မ္ဗန် ကို ကျ သွား စေ ကြ၏။
33
မိုး မ လင်း မီ စား သောက် ကြ စေ ရန် ရှိ သ မျှ တို့ ကို တိုက် တွန်း လျက် ပေါ လု က သင် တို့ သည် အ စာ မ စား ဘဲ စောင့် ရှောက် ကြ သည် မှာ ယ ခု ဆယ့် လေး ရက် ရှိ ပြီ။
34
ထို့ ကြောင့် အ သက် ချမ်း သာ ရ စေ ရန် စား သောက် မည့် အ ကြောင်း ငါ နှိုး ဆော်၏။ မည် သူ့ ဦး ဆံ တစ် ပင် မျှ ပျက် တော့ မည် မ ဟုတ် ဆို ပြီး လျှင်၊
35
မုန့် ကို ယူ၍ ရှိ သ မျှ တို့ ရှေ့ ဘု ရား သ ခင့် ကျေး ဇူး တော် ကို ချီး မွမ်း လျက် ဖဲ့ စား စဉ်၊
36
လူ အား လုံး အား တက်၍ စား သောက် ကြ ၏။
37
သင်္ဘော တွင် ပါ သူ ဦး ရေ ကား နှစ် ရာ ခု နစ် ဆယ့် ခြောက် ယောက် တည်း။
38
ဝ အောင် စား သောက် ကြ သည့် နောက် စ ပါး ကုန် များ ကို ပင် လယ် ထဲ သို့ ပစ် ချ၍ သင်္ဘော ကို ပေါ့ စေ ပြီး မှ
39
မိုး လင်း သော် မည် သည့် ကုန်း မှန်း မ သိ သော် လည်း သောင် ပေါ် သော ပင် လယ် ကွေ့ ကို မြင်လျက်၊ သင်္ဘော တင် စေ ရန် ကြိုး စား မည် အ ကြံ နှင့်၊
40
ကျောက် ဆူး များ ကို ပင် လယ် ထဲ၌ ဖြုတ် ထား ခဲ့ ပြီး လျှင် တက် မ သေ ကြိုး များ ကို ဖြည်၍ ဦး ဘက် က ရွက် တင် လျက် ထို သောင် သို့ တိုက် သွား ကြ ၏။
41
သို့ ရာ တွင် ဒီ ဆိုင် ရာ ရောက် လတ် သော် စည်း ပေါ် တွင် သင်္ဘော ဦး ဆိုက်၍ တင် သ ဖြင့် မ လှုပ် မ ရှား နေ ရာ ပဲ့ ပိုင်း မူ ကား လှိုင်း ခတ် သော ကြောင့် ကျိုး ပျက် လေ၏။
42
ထို အ ခါ အ ကျဉ်း သား တို့ ကူး ပြေး မည် စိုး ရိမ် သည့် အ တွက် အ သေ သတ် ရန် စစ် သည် တို့ အ ကြံ ပေး ကြ ရာ၊
43
တပ် မှူး သည် ပေါ လု ကို ကယ် လို၍ ထို အ ကြံ ကို တား မြစ် ပြီး လျှင် ရေ ကူး တတ် သူ တို့ သည် ခုန် ဆင်း၍ ကမ်း သို့ ကူး နှင့် စေ ရန် လည်း ကောင်း၊
44
ကြွင်း သော သူ တို့ တွင် အ ချို့ ပျဉ် ပြား၊ အ ချို့ သင်္ဘော စ များ ကို စီး၍ ကူး ကြ စေ ရန် လည်း ကောင်း၊ အ မိန့် အ တိုင်း ရှိ သ မျှ တို့ ဘေး လွတ် လျက် ကမ်း သို့ ရောက် ကြ ကုန်၏။