1
မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ ပြန် သည် ကား၊
2
ဣ သ ရေ လ အ မျိုး သား တို့ အား ငါ ပေး သ နား သော ခါ နာန် ပြည် ကို စူး စမ်း စေ ခြင်း ငှါ တစ် နွယ် လျှင် တစ် ယောက် ကျ ကိုယ့် အ နွယ် ပေါ် တွင် အ ကြီး အ ကဲ ဖြစ် သူ တို့ ကို စေ လွှတ် လော့ ဟူ ၍၊
3
ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း မော ရှေ သည်၊ ဣ သ ရေ လ အ မျိုး သား တို့ တွင် အ အုပ် အ ချုပ် ဖြစ် သူ တို့ ကို ပါ ရန် တော မှ စေ လွှတ် လိုက် ၏။
4
ထို ပြည် ကို စူး စမ်း ရန် မော ရှေ စေ လွှတ် သူ တို့ အ မည် များ ကား ရု ဗင့် အ နွယ်၊ ဇ က္ကု ရ သား ရှ မွာ၊ ရှိ မောင့် အ နွယ်၊ ဟော ရိ သား ရှာ ဖတ်၊ ယု ဒ အ နွယ်၊ ယေ ဖု န္နာ့ သား ကာ လက်၊ ဣ သ ခါ့ အ နွယ်၊ ယော သပ် သား ဣ ဂါ လ၊ ဧ ဖ ရိမ့် အ နွယ်၊ နုန့် သား ဟော ရှေ၊ ဗင်္ယာ မိန့် အ နွယ်၊ ရာ ဖု သား ပါ လ တိ၊ ဇာ ဗု လုန့် အ နွယ်၊ သော ဒိ သား ဂါ ဒျေ လ၊ ယော သပ် သား တို့ တွင် မ နာ ရှေ့ အ နွယ်၊ သု သိ သား ဂ ဒ္ဒိ။ ဒန့် အ နွယ်၊ ဂေ မ လ္လိ သား အ မျေ လ။ အာ ရှာ့ အ နွယ်၊ မိ က္ခေ လ သား သေ သု ရ။ နဿ လိ အ နွယ်၊ ဝါ ဖ သိ သား နာ ဘိ။ ဂဒ် အ နွယ်၊ မာ ခိ သား ဂွေ လ တို့ တည်း။ နုန့် သား ဟော ရှေ ကို ယော ရှု ဟူ သော အ မည် ဖြင့် မော ရှေ မှည့် လေ ၏။
5
6
7
8
9
10
11
12
13
14
15
16
17
ခါ နာန် ပြည် ကို စူး စမ်း ရန် မော ရှေ စေ လွှတ် အ မိန့် ရှိ သည် မှာ နေ ဂပ် ခေါ် တောင် တန်း သို့ တက် သွား ပြီး လျှင် တိုင်း ပြည် အ ခြင်း အ ရာ မှ စ ၍၊
18
ပြည် သူ ပြည် သား တို့ အား ကြီး သည် အား နည်း သည် ကို လည်း ကောင်း၊ နည်း သည် များ သည် ကို လည်း ကောင်း၊
19
နေ ပြည် ကောင်း သည် ဆိုး သည် ကို လည်း ကောင်း၊ တပ် များ တွင် ဖြစ် စေ၊ ခံ မြို့ များ တွင် ဖြစ် စေ၊ အ ခြေ အ နေ ကို လည်း ကောင်း၊
20
မြေ သြ ဇာ ရှိ သည် မ ရှိ သည် ကို လည်း ကောင်း၊ သစ် ပင် ပေါ သည်၊ မ ပေါ သည် ကို လည်း ကောင်း ကြည့် ရှု၍ ထို ပြည် ထွက် အ သီး ကို ဆောင် ခဲ့ ရန် လုံ့ လ ထုတ် ကြ လော့ ဟု မှာ လိုက် လေ၏။ ထို ကာ လ သည် စ ပျစ် သီး မှည့် စ ရာ သီ ဖြစ် သ တည်း။
21
ထို သူ တို့ သည် တက် သွား ပြီး လျင် ဇိ န တော မှ စ၍ ဟာ မတ် မြို့ လမ်း ဝ၊ ရ ဟော ဘ မြို့ တိုင် အောင် ပြည် နယ် တစ် လျှောက် စူး စမ်း ကြ ၏။
22
နေ ဂပ် ခ ရိုင် သို့ တက် သွား၍ အာ န က အ မျိုး သား အ ဟိ မန်၊ ရှေ ရဲ၊ တာ လ မဲ တို့ နေ သော ဟေ ဗြုန် မြို့ သို့ ရောက် ကြ ၏။ ဟေ ဗြုန် မြို့ ကား အိ ဂျစ် ပြည် တွင် ဇော န မြို့ မ တည် ထောင် မီ ခု နစ် နှစ် က တည် သော မြို့ ဖြစ် သ တည်း။
23
ဧ ရှ ကော လ ချိုင့် သို့ ရောက် လျှင် လူ နှစ် ယောက် ဦး ပဲ့ ထမ်း ရ သော အ သီး တစ် ပြွတ် တည်း နှင့် ပြည့် စုံ သည့် စ ပျစ် ခိုင် ကို ဖြတ်၍ သ လဲ သီး၊ သ ဖန်း သီး များ နှင့် တ ကွ ဆောင် ခဲ့ ကြ၏။
24
ထို အ ရပ်၌ ဣ သ ရေ လ အ မျိုး သား တို့ ဖြတ် ယူ သော အ သီး ပြွတ် ကို အ စွဲ ပြု၍ ဧ ရှ ကော လ ချိုင့် ဟု သ မုတ် ကြ သ တည်း။
25
ထို ပြည် ကို အ ရက် လေး ဆယ် အ တွင်း စူး စမ်း ပြီး မှ ပြန် လာ၍ ပါ ရန် တော၊ ကာ ဒေ ရှ မြို့၊
26
မော ရှေ နှင့် အာ ရုန် မှ စ သော ဣ သ ရေ လ အ မျိုး သား အ ပေါင်း ပ ရိ သတ် ရှိ ရာ သို့ ရောက် သော အ ခါ ထို ပြည် ထွက် အ သီး ကို ပြ လျက် သ တင်း ပြန် ကြား ကြ သည် မှာ၊
27
ကျွန် တော် တို့ သည် ကိုယ် တော် စေ လွှတ် လိုက် သော ပြည် သို့ ရောက်၍ နို့ ရည် ပျား ရည် လွှမ်း စီး သည် မှန် ပါ၏။ ထို ပြည် ထွက် အ သီး ကား ဤ အ သီး ပင် တည်း။
28
သို့ ရာ တွင် ပြည် သူ ပြည် သား တို့ သည် အား ကြီး ကြ ပါ၏။ မြို့ များ လည်း ကြီး ကျယ် သော ခံ မြို့ များ ဖြစ် ပါ၏။ ထို အ ရပ်၌ အာ န က အ မျိုး သား တို့ ကို တွေ့ ခဲ့ ရ ကြ ပါ ပြီ။
29
နေ ဂပ် ခ ရိုင် တွင် အာ မ လက် လူ မျိုး၊ တောင် တန်း၌ ဟိ တ္တိ၊ ယေ ဗု သိ၊ အာ မော ရိ လူ မျိုး၊ သ မု ဒ္ဒ ရာ နှင့် ယော် ဒန် မြစ် ကမ်း တစ် လျှောက် ခါ န နိ လူ မျိုး တို့ နေ ကြ ပါ သည် ဟု မော ရှေ အား လျှောက် ထား ကြ ပြီး လျှင်၊
30
မော ရှေ ရှေ့ လူ ပ ရိ သတ် ငြိမ် ဝပ် စေ ခြင်း ငှါ ကာ လက် က၊ ငါ တို့ အောင် နိုင် ကြ မည်။ ရုတ် ချင်း ချီ တက် သိမ်း ယူ ကြ ကုန် အံ့ ဟု ဆို သော် လည်း၊
31
အ တူ တက် သွား ခဲ့ သူ တို့ က၊ ထို ပြည် သား တို့ သည် ငါ တို့ ထက် အား ကြီး ကြ သော ကြောင့် ငါ တို့ မ ချီ မ တက် ဝံ့ ချေ ဟူ ၍ လည်း ကောင်း၊
32
ငါ တို့ လျှောက် သွား ၍ စူး စမ်း သော ပြည် သည် နေ ထိုင် သူ တို့ ကို မျို စား လေ့ ရှိ သည် တ ကား။ ငါ တို့ မြင် ခဲ့ သ မျှ သော သူ တို့ သည် အ ရပ် အ မောင်း ကြီး လှ လေ စွ။
33
အာ န က အ မျိုး သား တို့ မှ စ သော ကိုယ် ကြီး မြင့် သူ တို့ ကို တွေ့ မြင် ကြ သည့် အ ခါ ငါ တို့ နှင့် သူ တို့ အ ထင် အ တိုင်း ငါ တို့ သည် နှံ ကောင် မျှ သာ ဖြစ် ကြ သည် ဟူ ၍ လည်း ကောင်း၊ စူး စမ်း ခဲ့ သော ပြည် နှင့် စပ် လျဉ်း သည့် သတင်း ဆိုး ကို ဣ သ ရေ လ အ မျိုး သား တို့ အား ကြား ပြော ကြ လေ ၏။