1
မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ ပြန် သည် ကား၊
2
ပ ရိ သတ် စည်း ဝေး စေ ခြင်း ငှါ လည်း ကောင်း၊ တပ် များ ချီ စေ ခြင်း ငှါ လည်း ကောင်း ငွေ တံ ပိုး နှစ် လက် ကို ထု လုပ် လော့။
3
နှစ် လက် လုံး မှုတ် ကြ သော် ပ ရိ သတ် ဥဿုံ သည် တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ အ နီး သင့် ထံ စု ရုံး ကြ စေ။
4
တစ် လက် တည်း ကို မှုတ် ကြ သော် ဣ သ ရေ လ အိမ် ထောင် များ အုပ် ချုပ် သူ အ ကြီး အ ကဲ တို့ သာ သင့် ထံ စု ရုံး ကြ စေ။
5
အ ချက် ပေး သံ နှင့် မှုတ် ကြ သော် အ ရှေ့ မျက် နှာ၌ ချ ရပ် သော တပ် များ ချီ ကြ စေ။
6
အ ချက် ပေး သံ နှင့် နှစ် ကြိမ် မြောက် မှုတ် ကြ သော် တောင် မျက် နှာ၌ ချ ရပ် သော တပ် များ ချီ ကြ စေ။ တပ် စဉ် အ လိုက် ချီ စေ ခြင်း ငှါ အ ချက် ပေး သံ နှင့် မှုတ် ကြ ရ မည်။
7
ပ ရိ သတ် ကို စု ရုံး စေ လို သော် ကား အ ချက် သံ မ ပေး ဘဲ မှုတ် ကြ စေ။
8
အာ ရုန့် သား ပ ရော ဟိတ် ဖြစ် သူ တို့ သည် သင် တို့ အ မျိုး အ စဉ် အ ဆက်၊ အ မြဲ အ ထုံး အ ဖွဲ့ ဖြစ် ရ သော ထို တံ ပိုး များ ကို မှုတ် ကြ ရ မည်။
9
နေ ပြည် တွင် ရန် မူ သူ တို့ ကို စစ် တိုက် ရန် သင် တို့ ချီ သော အ ခါ အ ချက် ပေး သံ နှင့် တံ ပိုး မှုတ် ကြ လျှင် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ မှတ် သား တော် မူ ခြင်း ကို ခံ ရ သ ဖြင့် ရန် သူ တို့ လက် မှ လွတ် မြောက် ကြ လိမ့် မည်။
10
ရွှင် လန်း ဖွယ် ရာ နေ့၊ ပြု မြဲ ပွဲ နေ့၊ လ ဆန်း ပွဲ နေ့ များ တွင် မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ များ နှင့် စပ် လျဉ်း၍ တံ ပိုး မှုတ် ကြ လျှင် သင် တို့ ဘု ရား သ ခင့် ရှေ့ မှတ် သား တော် မူ ရာ အ ကြောင်း ဖြစ် လိမ့် မည်။ ငါ သည် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေ တည်း ဟု မိန့် တော် မူ ၏။
11
ဒု တိ ယ နှစ်၊ ဒု တိ ယ လ၊ နှစ် ဆယ် ရက် နေ့ တွင် တိမ် တိုက် သည် သက် သေ တော် ရှိ စံ ရာ တော် အ ထက် မှ တက် သော်၊
12
ဣ သ ရေ လ အ မျိုး သား တို့ သည် သိ နာ တော မှ ခ ရီး ကောက် ချီ၍ ပါ ရန် တော သို့ ရောက် ကြ လျှင် တိမ် တိုက် တန့် ရပ်၏။
13
မော ရှေ ဖြင့် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း ဤ ပ ထ မ အ ကြိမ် ချီ သွား ကြ သည် မှာ၊
14
ယု ဒ အ နွယ် သား တို့ တပ် ပိုင်း သည် တပ် စဉ် အ လိုက် တပ် ဦး ချီ ကြ ရာ၊ ၎င်း တပ် ပေါ် တွင် အ မိ န ဒပ် သား နာ ရှုန်၊
15
ဣ သ ခါ့ အ နွယ် သား တို့ တပ် ပေါ် တွင် ဇု အာ့ သား နာ သ နေ လ၊
16
ဇာ ဗု လုန့် အ နွယ် သား တို့ တပ် ပေါ် တွင် ဟေ လုန့် သား ဧ လျာ ဘ တို့ ဗိုလ် လုပ် ကြ ၏။
17
ဂေ ရ ရှုံ့ သား၊ မေ ရာ ရိ သား တို့ သည် ဖြုတ် ချ ပြီး စံ ရာ တော် ကို ထမ်း ဆောင် ချီ သွား ကြ ပြီး နောက်၊
18
ရု ဗင့် တပ် ပိုင်း သည် တပ် စဉ် အ လိုက် ဆက် ချီ ကြ ရာ ၎င်း တပ် ပေါ် တွင် ရှေ ဒု ရ သား ဧ လိ ဇု ရ၊
19
ရှိ မောင့် အ နွယ် သား တို့ တပ် ပေါ် တွင် ဇု ရိ ရှဲ ဒ္ဒဲ သား ရှေ လု မျေ လ၊
20
ဂဒ် အ နွယ် သား တို့ တပ် ပေါ် တွင် ဒွေ လ သား ဧ လျာ သပ် တို့ ဗိုလ် လုပ် ကြ ၏။
21
ရှေ့ လွန် စိုက် ထူ အံ့ သော စံ ရာ တော် အ ဖို့ ကော ဟတ် သား တို့ သည် သန့် ရှင်း ရာ များ ကို ထမ်း ဆောင် ချီ သွား ကြ ပြီး နောက်၊
22
ဧ ဖ ရိမ့် အ နွယ် သား တို့ တပ် ပိုင်း သည် တပ် စဉ် အ လိုက် ဆက် ချီ ကြ ရာ၊ ၎င်း တပ် ပေါ် တွင် အ မိ ဟုဒ် သား ဧ လိ ရှာ မာ၊
23
မ နာ ရှေ့ အ နွယ် သား တို့ တပ် ပေါ် တွင် ပေ ဒါ ဇု ရ သား ဂါ မ လျေ လ၊
24
ဗင်္ယာ မိန့် အ နွယ် သား တို့ တပ် ပေါ် တွင် ဂိ ဒေါ နိ သား အ ဘိ ဒန် တို့ ဗိုလ် လုပ် ကြ၏။
25
ဒန့် အ နွယ် သား တို့ တပ် ပိုင်း သည် တပ် စဉ် အ လိုက် နောက် တပ် ချီ ကြ ရာ ၎င်း တပ် ပေါ် တွင် အ မိ ရှ ဒ္ဒဲ သား အ ဟေ ဇာ၊
26
အာ ရှာ့ အ နွယ် သား တို့ တပ် ပေါ် တွင် သြ က ရန့် သား ပါ ဂျေ လ၊
27
နဿ လိ အ နွယ် သား တို့ တပ် ပေါ် တွင် ဧ နန့် သား အ ဟိ ရ တို့ ဗိုလ် လုပ် ကြ ၏။
28
ဣ သ ရေ လ အ မျိုး သား တို့ သည် တပ် စဉ် အ လိုက် ထို သို့ ခ ရီး ကောက် ချီ ကြ သ တည်း။
29
ထို အ ခါ မော ရှေ က ငါ ပေး မည် ဟူ၍ ထာ ဝ ရ ဘု ရား က တိ ထား တော် မူ ခဲ့ သော ပြည် သို့ ကျွန်ုပ် တို့ သွား လျက် ရှိ ကြ ပြီ။ ကျွန်ုပ် တို့ နှင့် အ တူ လိုက် ပါ လျှင် ကျေး ဇူး ပြု ကြ ပါ မည်။ ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ အ မျိုး ကို ရည် သော မင်္ဂ လာ စ ကား မိန့် တော် မူ ခဲ့ ပြီ ဟု မိ ဒျန် အ မျိုး၊ ရွေ လ သား၊ ယော က္ခ မ ဖြစ် သူ ဟော ဗပ် အား ဆို လျှင် ငါ မ လိုက် လို။
30
နေ ရင်း ပြည်၊ ဆွေ မျိုး သား ချင်း ရှိ ရာ သို့ ပြန် တော့ မည် ဟု ဆို သော်၊
31
ကျွန်ုပ် တို့ ကို စွန့်၍ မ ပြန် ပါ လင့်။ သဲ တော တွင် ကျွန်ုပ် တို့ ချ ရပ် ရာ များ ကို အ ဘ သိ သော ကြောင့် ကျွန်ုပ် တို့ မျက် စိ ဖြစ် ပါ၏။
32
အ တူ လိုက် ပါ လျှင် ကျွန်ုပ် တို့၌ ထာ ဝ ရ ဘု ရား ပြု တော် မူ သော ကျေး ဇူး နှင့် အ မျှ၊ အ ဘ အား ပြု ကြ ပါ မည် ဟု ဆို လေ၏။
33
ထာ ဝ ရ ဘု ရား၏ တောင် တော် မှ သူ တို့ သုံး ရက် ခ ရီး ချီ သွား ကြ ရာ၊ ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေ တ္တာ လည်း သုံး ရက် ခ ရီး အ တွင်း ရှေ့ လွန် သွား လျက် ချ ရပ် ရာ ကို ရှာ ဖွေ ၏။
34
နေ့ အ ချိန် ချ ရပ် ရာ မှ ချီ သွား တိုင်း ထာ ဝ ရ ဘု ရား၏ တိမ် တိုက် တော် သည် လွှမ်း မိုး လျက် နေ ၏။
35
သေ တ္တာ တော် ကို ပင့် ဆောင် ကြ သော အ ခါ တိုင်း မော ရှေ က၊ အို ထာ ဝ ရ ဘု ရား၊ ထ တော် မူ၍ ရန် သူ တော် တို့ ကွယ် လွင့် ကြ ပါ စေ သော။ ကိုယ် တော် ကို မုန်း သော သူ တို့ လည်း မျက် မှောက် တော် မှ ပြေး ကြ ပါ စေ သော ဟူ ၍ လည်း ကောင်း၊
36
ချ ရပ် ကြ သော အ ခါ တိုင်း လည်း အို ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး အ ထောင် အ သောင်း ရှိ ရာ သို့ ပြန် ကြွ တော် မူ ပါ ဟူ၍ လည်း ကောင်း လျှောက် တောင်း လေ့ ရှိ၏။