1
ထို နောက် ယော သပ် သား တို့၏ အ ဆက် အ နွယ် များ အ နက် မ နာ ရှေ့ မြေး၊ မာ ခိ ရ သား၊ ဓိ လဒ် အ ဆက် အ နွယ် တွင် အိမ် ထောင် များ အ အုပ် အ ချုပ် တို့ သည် မော ရှေ မှ စ၍ ဣ သ ရေ လ အိမ် ထောင် များ အ အုပ် အ ချုပ် ဖြစ် သူ အ ကြီး အ ကဲ တို့ ထံ ချဉ်း ကပ် လျက်၊
2
ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ အ မျိုး သား တို့ အား ပြည် နယ် ကို အ ပိုင် အ ဖြစ် မဲ ချ ၍ ပေး ဝေ စေ ခြင်း ငှါ အ ရှင် ဘု ရား အား မိန့် မှာ တော် မူ ခဲ့ ပါ ပြီ။ အ ရှင် ဘု ရား လည်း ကျွန် တော် တို့၏ ဆွေ မျိုး သား ချင်း ဖြစ် သူ ဇ လော ဖဒ်၏ ပိုင် စု ကို သူ့ သ မီး တို့ အား ပေး ရန် အ မိန့် တော် ကို ခံ ပါ ပြီ။
3
ထို သ မီး တို့ သည် ဣ သ ရေ လ အ မျိုး သား တို့ အ နက် အ ခြား အ နွယ် သား တို့ နှင့် အိမ် ထောင် ဘက် ပြု လျှင်၊ ၎င်း တို့ အ မွေ စု ကို ကျွန် တော် တို့ ဘိုး ဘေး များ ပိုင် စု မှ နုတ် ယူ လျက် ဝင် သွား မည့် အ နွယ်၏ ပိုင် စု တွင် ထပ် ဆင့် စေ သ ဖြင့်၊
4
ကျွန် တော် တို့ ပိုင် ရာ ဝေ စု လျော့ ပါ လိမ့် မည်။ ဣ သ ရေ လ အ မျိုး သား တို့ မင်္ဂ လာ နှစ် တိုင် သော်၊ ၎င်း တို့ အ မွေ စု ကို ဝင် သွား မည့် အ နွယ် ပိုင် စု တွင် ထပ် ဆင့် စေ သည့် အ တိုင်း ကျွန် တော် တို့ ဘိုး ဘေး များ အ နွယ်၏ ပိုင် စု လျော့ မြဲ လျော့ လိမ့် မည် ဟု တောင်း လျှောက် ကြ ရာ၊
5
ထာ ဝ ရ ဘု ရား အ မိန့် တော် အ တိုင်း ဣ သ ရေ လ အ မျိုး သား တို့ အား မော ရှေ က၊ ယော သပ် အ နွယ် သား တို့ တောင်း လျှောက် သည် မှာ သင့် လျော် ၏။
6
ဇ လော ဖဒ်၏ သ မီး တို့ ကို ရည် လျက် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ ချက် ကား သူ တို့ အ ဘ၏ အ နွယ် ချင်း သား၊ နှစ် သက် သူ နှင့် အိမ် ထောင် ဘက် ပြု စေ။
7
သို့ နှင့် အ ညီ တစ် နွယ် မှ တစ် နွယ် သို့ ဣ သ ရေ လ အ မျိုး သား တို့ ပိုင် စု မ လွှဲ မ ပြောင်း ရ။ အ သီး အ သီး တို့ သည် ဘိုး ဘေး တို့ အ နွယ် ပိုင် စု ကို လက် မ လွှတ် ကြ ရာ၊
8
ဣ သ ရေ လ အ နွယ် တစ် နွယ် နွယ်၌ အ မွေ စု ကို ဆက် ခံ သော သ မီး တိုင်း လည်း ဘိုး ဘေး တို့ ပိုင် စု ကို ဣ သ ရေ လ အ မျိုး သား အ သီး အ သီး တို့ ပိုင် မြဲ ပိုင် စေ ခြင်း ငှါ ကိုယ့် အ နွယ် ချင်း နှင့် သာ အိမ် ထောင် ဘက် ပြု စေ။
9
သို့ နှင့် အ ညီ တစ် နွယ် မှ တစ် နွယ် သို့ ပိုင် စု မ လွှဲ မ ပြောင်း ရ။ ဣ သ ရေ လ အ နွယ် အ သီး အ သီး တို့ သည် ကိုယ့် ပိုင် စု ကို လက် မ လွှတ် ကြ ရ ကြောင်း မိန့် တော် မူ သည် ဟု ဆင့် ဆို လေ ၏။
10
မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း ဇ လော ဖဒ်၏ သ မီး မာ လာ၊ တိ ရ ဇာ၊ ဟော ဂ လာ၊ မိ လ ခါ၊ နော အာ တို့ သည် လိုက် နာ၍ ယော သပ် သား မ နာ ရှေ၏ အ ဆက် အ နွယ် ဖြစ် သူ ဘ ကြီး ဘ ထွေး တို့ သား များ နှင့် အိမ် ထောင် ဘက် ပြု ကြ သည် နှင့် ၎င်း တို့ အ မွေ စု သည် အ ဘ၏ အ ဆက် အ နွယ် တွင် တည် မြဲ တည်၏။
11
12
13
ယေ ရိ ခေါ မြို့ တစ် ဘက်၊ ယော် ဒန် မြစ် အ နီး၊ မော ဘ လွင် ပြင်၌ ဣ သ ရေ လ အ မျိုး သား တို့ အား မော ရှေ ဖြင့် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သော စီ ရင် ဆုံး ဖြတ် ချက် များ ကား ထို သို့ တည်း။