1
ယေ ရိ ခေါ မြို့ တစ် ဘက်၊ ယော် ဒန် မြစ် အ နီး၊ မော ဘ လွင် ပြင်၌ မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊
2
ဣ သ ရေ လ အ မျိုး သား တို့ သည် ကိုယ့် ပိုင် စု အ နက် နေ ထိုင် ရန် မြို့ များ နှင့် တ ကွ ပတ် ဝန်း ကျင် ရှိ စား ကျက် များ ကို လေ ဝိ ဂိုဏ်း သား တို့ ဝ တ္ထု ကံ အ ဖြစ် လွှဲ အပ် ကြ စေ ဟု ဆင့် ဆို လော့။
3
ထို မြို့ များ သည် သူ တို့ နေ ထိုင် ရာ ဖြစ် လျက် ပတ် ဝန်း ကျင် လည်း နွား၊ သိုး၊ ဆိတ်၊ အ စ ရှိ သော တိ ရ စ္ဆာန် များ စား ကျက် ဖြစ် ရ မည်။
4
လေ ဝိ ဂိုဏ်း သား တို့ အား လွှဲ အပ် ရ သော မြို့ ပိုင် စား ကျက် အ ကျယ် အ ဝန်း ကား မြို့ ရိုး အ ပြင် ပတ် လည်၌ တောင် ရေ တစ် ထောင် ရှိ စေ။
5
အ လယ် ဗ ဟို ရှိ မြို့ ပြင်၊ အ ရှေ့ အ နောက်၊ တောင် မြောက်၊ လေး မျက် နာ၌ တိုင်း တာ ရ သော တောင် ရေ နှစ် ထောင် ကား မြို့ ပိုင် စား ကျက် ဖြစ် ရ မည်။
6
လူ သတ် တို့ ပြေး သွား ခို ဝင် ရာ မြို့ ခြောက် မြို့ ပြင် လေး ဆယ့် နှစ် မြို့၊ ပေါင်း လေး ဆယ့် ရှစ် မြို့ ကို စား ကျက် များ နှင့် တ ကွ လေ ဝိ ဂိုဏ်း သား တို့ အား ဝ တ္ထု ကံ မြို့ အ ဖြစ် လွှဲ အပ် ကြ ရ မည်။
7
8
ဣ သ ရေ လ အ နွယ် တို့ ပိုင် စု အ နက် မြို့ များ ကို လွှဲ အပ် ရာ တွင် ဦး ရေ များ လျှင် မြို့ အ များ ကို လည်း ကောင်း၊ ဦး ရေ နည်း လျှင် မြို့ အ နည်း ကို လည်း ကောင်း နုတ် လျက် အ နွယ် အ သီး အ သီး တို့ သည် ပိုင် စု အ လျောက် မြို့ များ ကို လေ ဝိ ဂိုဏ်း သား တို့ အား လွှဲ အပ် ကြ ရ မည် ဟု မိန့် တော် မူ ၏။
9
တစ် ဖန် မော ရှေ အား ထာ ဝ ရ ဘု ရား က၊ ဣ သ ရေ လ အ မျိုး သား တို့ အား ဆင့် ဆို ရ မည် မှာ ယော် ဒန် မြစ် ကို ကူး ချီ၍ ခါ နာန် ပြည် သို့ ရောက် ကြ သည့် ကာ လ၊
10
11
သူ့ အ သက် ကို မ တော် တ ဆ သတ် မိ သော လူ သတ် တို့ ပြေး သွား ခို ဝင် ရာ မြို့ များ ကို ရွေး ချယ် ကြ လော့။
12
ထို မြို့ များ သည် လူ ပ ရိ သတ် ရှေ့ တ ရား စီ ရင် ခံ ရန် လူ သတ် တို့ ရပ် ခွင့် မ ရ မ ချင်း၊ သေ စား သေ စေ သူ့ လက် မှ ခို ဝင် ရာ မြို့ များ ဖြစ် ရ လိမ့် မည်။
13
ခို ဝင် ရာ မြို့ အ ဖြစ် ယော် ဒန် မြစ် တစ် ဘက် သုံး မြို့၊ ခါ နာန် ပြည် အ တွင်း သုံး မြို့ ပေါင်း ခြောက် မြို့ ကို လွှဲ အပ် ကြ လော့။
14
15
ထို ခြောက် မြို့ ကား ဣ သ ရေ လ အ မျိုး သား ဖြစ် စေ၊ ဝင် နေ သူ ဖြစ် စေ၊ အာ ဂ န္တု ဖြစ် စေ၊ သူ့ အ သက် ကို မ တော် တ ဆ သတ် မိ သော လူ တိုင်း ပြေး သွား ခို ဝင် ရာ ဖြစ် သ တည်း။
16
သို့ သော် လည်း သံ လက် နက် ဖြင့် အ သေ သတ် လျှင် လည်း ကောင်း၊ သေ လောက် သော ကျောက် ခဲ ကို ကိုင်၍ အ သေ သတ် လျှင် လည်း ကောင်း၊ သေ လောက် သော တုတ် လက် နက် ကို ကိုင်၍ အ သေ သတ် လျှင် လည်း ကောင်း လူ သတ် မှု မြောက်၍ မု ချ သေ ဒဏ် ခံ စေ။
17
18
19
သေ စား သေ စေ သူ သည် လူ သတ် ကို တွေ့ ရာ တွင် ကိုယ် တိုင် သတ် စေ။
20
မုန်း ထား လျက် တွန်း ထိုး ၍ သော် လည်း ကောင်း၊ ချောင်း မြောင်း လျက် ပစ် ခတ်၍ သော် လည်း ကောင်း၊ ရန် မူ လျက် လက် သီး နှင့် ထိုး ၍ သော် လည်း ကောင်း အ သေ သတ် လျှင် လူ သတ် မှု မြောက် သည့် အ တိုင်း မု ချ သေ ဒဏ် ခံ စေ။ သေ စား သေ စေ သူ သည် လူ သတ် ကို တွေ့ ရာ တွင် သတ် စေ။
21
22
ရန် ကင်း လျက် ရှောင် တ ခင် တွန်း ထိုး မိ၍ သော် လည်း ကောင်း၊ အ သက် အ န္တ ရာယ် မ ရှာ၊ မ ချောင်း မြောင်း ဘဲ မျက် ကွယ် လျက် ရန် ဘက် မ ဟုတ် သူ့ အ ပေါ် တွင် သေ လောက် သည့် ကျောက် ခဲ မှ စ သော တစ် စုံ တစ် ခု ဖြင့် ပစ် ခတ် မိ၍ သော် လည်း ကောင်း သေ စေ လျှင် မူ ကား၊
23
24
လူ ပ ရိ သတ် သည် သတ် မိ သူ နှင့် သေ စား သေ စေ သူ တို့ ကြား တွင် ဤ ဆုံး ဖြတ် ချက် များ နှင့် အ ညီ စီ ရင်၍၊
25
သေ စား သေ စေ သူ့ လက် မှ ထို လူ သတ် ကို ကယ် လွှတ် လျက် ပြေး ရောက် ပြီး ခို ဝင် ရာ မြို့ သို့ ပြန် ပို့ စေ။ သန့် ရှင်း သော ဆီ ဖြင့် ဘိသိက် ခံ ပ ရော ဟိတ် မင်း မ လွန် မ ချင်း ၎င်း မြို့ တွင် ထို သူ နေ ထိုင် ရ မည်။
26
သို့ ရာ တွင် လူ သတ် သည် မည် သည့် အ ခါ မ ဆို ပြေး ရောက် ပြီး ခို ဝင် ရာ မြို့ နယ် မှ ထွက် သည် နှင့်၊
27
ခို ဝင် ရာ မြို့ နယ် အ ပြင် သေ စား သေ စေ သူ တွေ့၍ သတ် လျှင် ပ ရော ဟိတ် မင်း မ လွန် မ ချင်း ခို ဝင် ရာ မြို့ တွင် တည် နေ ထိုက် သော ကြောင့် သွေး သွန်း ပြစ် ကင်း စေ။ ပ ရော ဟိတ် မင်း ကွယ် လွန် ပြီး မှ သာ ပိုင် ရာ မြေ သို့ လူ သတ် ပြန် ခွင့် ရ လိမ့် မည်။
28
29
ထို အ ချက် များ သည် သင် တို့ အ မျိုး အ စဉ် အ ဆက် နေ ရာ အ ရပ် ရပ်၌ ထုံး ဖွဲ့ ဆုံး ဖြတ် ချက် ဖြစ် လိမ့် သ တည်း။
30
အ ကြင် သူ သည် သူ့ အ သက် ကို သတ် အံ့။ ထို လူ သတ် သည် သက် သေ ခံ အ များ ထွက် ဆို သည့် အ တိုင်း သေ ဒဏ် ခံ စေ။ သက် သေ ခံ တစ် ဦး တည်း ထွက် ဆို လျှင် သေ ဒဏ် လွတ် စေ။
31
၎င်း ပြင် သေ ဒဏ် ခံ ထိုက် သော လူ သတ်၏ အ သက် အ စား အ ဖိုး မ ယူ ရ။ မု ချ သေ ဒဏ် ခံ စေ။
32
ခို ဝင် ရာ မြို့ သို့ ပြေး ရောက် ပြီး သူ လည်း ပ ရော ဟိတ် မင်း မ လွန် မီ ပြင် ပ တွင် ပြန် နေ ခွင့် ရ စေ ခြင်း ငှါ အ သက် ဖိုး မ ယူ ရ။
33
အ သို့ ဆို သော် အ သွေး သည် နေ ပြည် ကို ညစ် ညူး စေ သည် နှင့် အ ညီ၊ သင် တို့ နေ ရာ ပြည် ကို ညစ် ညူး အောင် မ ပြု ရ။ အ သွေး သွန်း သူ၏ အ သွေး မှ တစ် ပါး၊ နေ ပြည် အ တွင်း သွန်း ပြီး အ သွေး အ စား နေ ပြည် အ တွက် မည် သည့် နည်း မျှ ဖြေ ခြင်း ကို မ ပြု နိုင်။
34
ငါ ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ အ မျိုး သား တို့ ဘောင် တွင် ကိန်း ဝပ် သည့် အ လျောက် ငါ စံ နေ သော သင် တို့ နေ ပြည် ကို မ သန့် အောင် မ ပြု ကြ ရ မည့် အ ကြောင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ ၏။