1
မိ ရိ အံ၊ အာ ရုန် တို့ သည် ကု ရှ အ မျိုး မိန်း မ နှင့် အိမ် ထောင် ဘက် ပြု သော မော ရှေ ကို ထို မိန်း မ အ တွက် မ ကောင်း တင်း ပြော ကြ သည် မှာ၊
2
မော ရှေ အား သာ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး တော် မူ သ လော။ ငါ တို့ အား လည်း ပေး တော် မူ သည် မ ဟုတ် လော ဟု ဆို ကြ သည် ကို ထာ ဝ ရ ဘု ရား ကြား လျှင် ကြား ချင်း၊
3
မြေ ကြီး ပေါ် တွင် ရှိ နေ သူ တ ကာ ထက် မော ရှေ သည် စိတ် နှိမ့် ချ သူ ဖြစ် သ ဖြင့်၊
4
ထာ ဝ ရ ဘု ရား က၊ သုံး ဦး လုံး ပင် တွေ့ ဆုံ ရာ တဲ တော် သို့ လာ ကြ လော့ ဟု မော ရှေ၊ အာ ရုန်၊ မိ ရိ အံ တို့ အား မိန့် တော် မူ သည့် အ တိုင်း လာ ရောက် ကြ ရာ၊
5
ထာ ဝ ရ ဘု ရား လည်း တိမ် တိုင် တွင် ဆင်း သက်၍ တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ၌ တည် လျက် အာ ရုန်၊ မိ ရိ အံ တို့ ကို ခေါ် တော် မူ သည် နှင့် နှစ် ဦး လုံး ချဉ်း ကပ် ကြ သော်၊
6
ထာ ဝ ရ ဘု ရား က၊ မိန့် မှာ တော် မူ ချက် ကို နား ထောင် ကြ လော့။ သင် တို့ တွင် ပ ရော ဖက် များ ရှိ ခဲ့ လျှင် ငါ ထာ ဝ ရ ဘု ရား သည် ထို သူ တို့ အား မ နော အာ ရုံ ဖြင့် ငါ့ ကို ကျွမ်း ဝင် စေ ခြင်း၊ အိပ် မက် ဖြင့် ဗျာ ဒိတ် ပေး ခြင်း များ ကို ပြု လေ့ ရှိ၏။
7
ဘုံ ဗိ မာန် တော် လုံး ၌ သ စ္စာ စောင့် သော ငါ့ ကျွန် ရင်း မော ရှေ အား ထို သို့ ပြု လေ့ မ ရှိ။
8
ထို သူ၌ မူ ကား စ ကား ဝှက် များ ကို မ သုံး ဘဲ နှုတ် ခွန်း ဆိုင် လျက် အ ထင် အ ရှား ဗျာ ဒိတ် ထား သည့် ပြင် ငါ ထာ ဝ ရ ဘု ရား သဏ္ဌာန် ကို လည်း ဖူး မြင် ခွင့် ပေး လေ့ ရှိ၏။ သို့ ဖြစ် လျက် ငါ့ ကျွန် ရင်း မော ရှေ ကို အ ဘယ် ကြောင့် မ ကောင်း တင်း ပြော ဝံ့ ကြ သ နည်း ဟု မိန့် တော် မူ ပြီး နောက်၊
9
အ မျက် ထား၍ ထွက် ကြွ တော် မူ ရာ၊
10
တိမ် တိုက် သည် တဲ တော် အ ထက် မှ တက် ခွာ လျှင် မိ ရိ အံ လည်း မိုး ပွင့် အ ဆင်း ကဲ့ သို့ နူ ရ၏။ အာ ရုန် သည် မိ ရိ အံ နူ သည် ကို ကြည့် မြင် သော်၊
11
အို အ ရှင် ဘု ရား၊ ကျွန် တော် တို့ မိုက် မဲ စွာ ပြစ် မှား မိ သော အ ပြစ် ဝန် ကို တင် တော် မ မူ ပါ နှင့်။
12
အ သား အ ရေ ထက် ဝက် ပျက် ပြီး သော လျှော မွေး ကဲ့ သို့ နေ စေ တော် မ မူ ပါ လင့် ဟု မော ရှေ အား တောင်း ပန် လျှင်၊
13
မော ရှေ သည် ထာ ဝ ရ ဘု ရား အား အို ဘု ရား သ ခင်၊ ကင်း ပျောက် စေ တော် မူ ပါ ဟု တောင်း လျှောက် ၏။
14
ထာ ဝ ရ ဘု ရား က လည်း သူ့ အ ဘ သည် သူ့ မျက် နှာ ကို တံ တွေး ထွေး ရုံ မျှ သာ ပြု လျှင် ခု နစ် ရက် ပတ် လုံး အ ရှက် ကွဲ လျက် နေ ရ မည် မ ဟုတ် လော။ တပ် စ ခန်း ပြင် တွင် ခု နစ် ရက် ပတ် လုံး လှောင် ထား ပြီး မှ ပြန် ဝင် စေ ဟု မိန့် တော် မူ သည့် အ တိုင်း၊
15
မိ ရိ အံ ကို ခု နစ် ရက် တိုင် တိုင် တပ် စ ခန်း အ ပြင် လှောင် ထား၍ ပြန် ဝင် ခွင့် မ ပေး မီ လူ မျိုး တော် တို့ မ ချီ ကြ။
16
ထို နောက် လူ မျိုး တော် တို့ သည် ဟာ ဇ ရုတ် စ ခန်း မှ ချီ သွား၍ ပါ ရန် တော၌ စ ခန်း ချ ကြ ၏။