အာ​မုတ်-9

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထို နောက်၊ ငါ ဖူး မြင် ရ သည့် အ တိုင်း၊ ပူ ဇော် ရာ ပ လ္လင့် အ နီး၊ ရပ် နေ တော် မူ သော အ ရှင် ဘု ရား မိန့် တော် မူ သည် မှာ၊ ပ ရိ သတ် တို့ ဦး ခေါင်း ပေါ် သို့ ပြုတ် ကျ၍၊ ဗိ မာန် တော် တံ ခါး ခုံ တုန် လှုပ် သည့် တိုင် အောင်၊ တိုင် ထိပ် များ ကို နှက် လော့။ ငါ လည်း၊ တစ် ဦး တစ် ယောက် မျှ မ ပြေး ရ၊ ဘေး မ လွှတ် ရ သည့် တိုင် အောင်၊ အ ကြွင်း အ ကျန် တို့ ကို ဓား ဖြင့် လုပ် ကြံ မည်။
  • 2 မ ရ ဏာ့ နိုင် ငံ ရောက် တူး လျှိုး ကြ သော် လည်း၊ ငါ သည် လက် တော် ဖြင့် ဆွဲ နုတ် ခြင်း၊ အာ ကာ သ ကောင်း ကင် ရောက် တက် သွား ကြ သော် လည်း၊ ပစ် ချ ခြင်း၊
  • 3 က ရေ မေ လ တောင် ထိပ်၌ ပုန်း အောင်း ကြ သော် လည်း၊ ရှာ ဖွေ နုတ် ယူ ခြင်း၊ သ မု ဒ္ဒ ရာ အောက် စ က္ခု တော် ကွယ် ရာ၌ တိမ်း ရှောင် ကြ သော် လည်း၊ မျို စား ရန် န ဂါး ကြီး အား အ မိန့် ရှိ ခြင်း၊
  • 4 ရန် သူ တို့ ရှေ့ သုံ့ ဘမ်း သိမ်း သွား ခံ ကြ သော် လည်း၊ လုပ် ကြံ ရန် ဓား အား မိန့် မှာ ခြင်း များ ကို စီ ရင် လျက်၊ အ ကောင်း ကို မ ဟုတ်၊ အ ဆိုး ကို ပြု ရန် သာ၊ မျက် နှာ တော် ထား လိမ့် မည်။
  • 5 ပြည် တော် ကို ထိ ရုံ မျှ ဖြင့်၊ အိ ဂျစ် မြစ် ကဲ့ သို့ အ ရည် ပျော် လျက်၊ တက် ခြင်း၊ ဆုတ် ခြင်း ကိုလည်း ကောင်း၊ နေ ထိုင် သူ အ ပေါင်း တို့ ၌ မြည် တမ်း ခြင်း ကိုလည်း ကောင်း၊ ဖြစ် စေ ထ သော၊ အာ ကာ သ ကောင်း ကင်၌ စံ ရာ ဘုံ ကို စိုက်၍၊ မြေ ပ ထ ဝီ၌ မိုး ပိ တာန် ကို တည် ထ သော၊ သ မု ဒ္ဒ ရာ ရေ ကို မိန့် ခေါ်၍၊ မြေ မျက် နှာ ပြင် တွင် သွန်း သော ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား၏ နာ မ တော် ကား၊ ယေ ဟော ဝါ ပေ တည်း။
  • 6
  • 7 အို ဣ သ ရေ လ အ မျိုး သား တို့၊ သင် တို့ ကို ကု ရှ အ မျိုး သား တို့ ကဲ့ သို့၊ ငါ မှတ် ယူ သည် မ ဟုတ် လော။ ငါ သည် ဣ သ ရေ လ လူ မျိုး ကို အိ ဂျစ် ပြည် မှလည်း ကောင်း၊ ဖိ လ တ္တိ လူ မျိုး ကို က ရေ တေ ကျွန်း မှလည်း ကောင်း၊ ရှု ရိ လူ မျိုး ကို ကိ ရ ပြည် မှလည်း ကောင်း၊ ထုတ် ဆောင် ခဲ့ သည် မ ဟုတ် လော ဟု၊ ငါ ထာ ဝ ရ ဘု ရား မေး၏။
  • 8 ငါ အ ရှင် ထာ ဝ ရ ဘု ရား သည်၊ ပြစ် မှား လေ့ ရှိ သော နိုင် ငံ ကို မျက် မှောက် ပြု၍၊ မြေ ပြင် မှ ပယ် ရှား မည်။ သို့ ရာ တွင် ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ယာ ကုပ် အ မျိုး သား တို့ ကို လုံး လုံး ပယ် ရှား မည် မ ဟုတ်။
  • 9 အ မိန့် ထုတ် လျက်၊ စ ပါး ကို ဆန် ကော ဖြင့် ဝိုင်း သ ကဲ့ သို့၊ ဣ သ ရေ လ အ မျိုး သား တို့ ကို၊ လူ မျိုး ခြား တို့ တွင် တစ် စေ့ မျှ မ ကျ စေ ဘဲ ဝိုင်း လိမ့် မည်။
  • 10 ဘေး ဆိုး သည်၊ ငါ တို့ ကို ကြို တင် ခြင်း၊ လိုက် မှီ ခြင်း မ ပြု နိုင် ဟု၊ လူ မျိုး တော် အ နက် ဝါ ကြွား သော အ ပြစ် သား အ ပေါင်း တို့ ကား၊ ဓား ဖြင့် သေ ဒဏ် ခံ ရ ကြ လ တ္တံ့။
  • 11 ထို ကာ လ၊ ဧ ဒုံ လူ မျိုး အ ကြွင်း အ ကျန် တို့ မှ စ၍၊ နာ မ တော် ဖြင့် သ မုတ် ခံ သော ပြည် တောင် များ ကို အ ပိုင် ပေး အံ့ သော ငှာ၊ ငါ သည် ဒါ ဝိဒ် မင်း၏ ပြို လဲ ခဲ့ သော တဲ ကို ထူ စိုက် လျက်၊ ရှေး ကာ လ ကဲ့ သို့၊ မြို့ ပျက် ကို ပြု စု ပြင် ဆင်၍၊ အ ပေါက် အ ကွဲ များ ကို ထေး ဖာ မည် ဟု၊ ထို သို့ စီ ရင် သော ငါ ထာ ဝ ရ ဘု ရား မိန့် ဆို၏။
  • 12
  • 13 ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ထယ် ထိုး သူ နှင့် ရိတ် သိမ်း သူ သည် လည်း ကောင်း၊ စ ပျစ် သီး ဖိ နင်း သူ နှင့် မျိုး ကြဲ သူ သည် လည်း ကောင်း၊ ကြား လပ် မ ရှိ သည့် အ လျောက်၊ တောင် ကုန်း ရှိ သ မျှ ပင်၊ အ ရည် ပျော် သ ကဲ့ သို့ စ ပျစ် ရည် ထွက် စီး မည့် နေ့ ရက် ကာ လ ရောက် တော့ မည်။
  • 14 ငါ သည်၊ သုံ့ ဘမ်း ခံ ရ သော ဣ သ ရေ လ လူ မျိုး တော် ကို ပြန် လာ စေ ပြီး လျှင်၊ ငါ ပေး ခဲ့ သော နေ ရင်း ပြည် မှ နောင် ဆွဲ နုတ် ခြင်း ကို မ ခံ ရ စေ ဘဲ၊ စိုက် ပျိုး မည့် အ လျောက်၊ ထို သူ တို့ သည်၊ မြို့ ဆိုး ကုန်း များ ကို ပြု ပြင် လျက် နေ ထိုင် ခွင့်၊ စ ပျစ် ခြံ များ ကို စိုက် ပျိုး လျက် သုံး သောက် ခွင့်၊ ဟင်း ရွက် ဟင်း သီး ခင်း များ ကို လုပ် လျက် သုံး ဆောင် ခွင့် ရ ကြ လ တ္တံ့ ဟု၊ သင်၏ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည် ဟူ၍ တည်း။
  • 15
回到本卷目录 回到本版本目录 回到首页