1
လူ မျိုး တွင် အ ကြီး အ ကဲ ဖြစ် သည့် အ လျောက်၊ ဣ သ ရေ လ အ မျိုး သား တို့ အ တိုး အ ဝင် ခံ ရ၍၊ ဇိ အုန် မြို့၌ ချမ်း သာ စွာ နေ ထိုင် သူ၊ ရှ မာ ရိ တောင် တန်း၌ လျစ် လျူ စွာ နေ ထိုင် သူ တို့ သည်၊ အ မင်္ဂ လာ ရှိ ကြ ၏။
2
ကာ လ နေ မြို့ တော် သို့ သွား၍၊ ဟာ မတ် ရ ဗ္ဗါ မြို့ တော် သို့ ရောက်၍၊ ဖိ လိ တ္တိ ပြည် ဂါ သ မြို့ တော် သို့ ဆင်း ပြီး လျှင်၊ ကိုယ့် နိုင် ငံ များ ထက် လွန် ကဲ သည် ကိုလည်း ကောင်း၊ သင် တို့ ပြည် ထက် ကြီး ကျယ် သည် ကိုလည်း ကောင်း၊ ရှု ကြည့် ကြ လော့။
3
ဒု က္ခ ရောက် သော နေ့ ရက် ကို ပယ် ၍၊ အ ဓ မ္မ ပ လ္လင် ကို ချဉ်း စေ ခြင်း၊
4
ဆင် စွယ် ဖြင့် ပြီး သော သာ လွန် တွင် လျောင်း လျက်၊ ညောင် စောင်း ထက် မှီ ထိုင် လျက်၊ သိုး အုပ် မှ သိုး သား ငယ် များ နှင့်၊ တင်း ကုပ် မှ နွား သား ငယ် များ ကို စား ခြင်း၊
5
စောင်း တီး ၍ တ တွတ် တွတ် သီ ဆို ခြင်း၊ ဒါ ဝိဒ် မင်း အ လိုက် တု ရိ ယာ များ ကို တည် ထောင် ခြင်း၊
6
ယော သပ် အ မျိုး သား တို့ ပျက် ယွင်း နာ ကို မ ကြင် နာ ဘဲ၊ အင် တုံ ဖြင့် စ ပျစ် ရည် သောက်၍၊ ထူး မြတ် သော ဆီ နှင့် လိမ်း ကျံ ခြင်း များ ကို ပြု တတ် သော၊
7
ထို သူ တို့ သည်၊ ဦး စွာ သုံ့ ဘမ်း ခံ ရ သူ တို့ နှင့် အ တူ သိမ်း သွား ခံ ရ မည် ဖြစ်၍၊ မှီ ထိုင် သူ တို့ တွင် ပျော် ပါး သံ ပ ပျောက် ရ လ တ္တံ့။
8
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် က၊ ငါ သည် ယာ ကုပ် အ မျိုး၏ မာ န ကို ရွံ ရှာ လျက်၊ ဘုံ ဗိ မာန် များ ကို မုန်း ထား သည့် အ လျောက်၊ မြို့ တော် နှင့် ရှိ ရှိ သ မျှ ပါ၊ ဘေး သို့ အပ် နှင်း မည် ဟု၊ ကိုယ် တော် တိုင် ကို တိုင် တည် လျက်၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား သ စ္စာ ဆို ခဲ့ ပြီ ဟူ၍ မိန့် တော် မူ ၏။
9
သို့ နှင့် အ ညီ၊ တစ် အိမ် တွင် ကျန် သေး သော လူ တစ် ကျိပ် သေ ကြ ရ သည့် ကာ လ၊
10
မီး သင်္ဂြိုဟ် ပြု ရန် အ လောင်း ကို အိမ် မှ ချီ ထုတ် သော အ ဆွေ အ မျိုး က၊ တစ် စုံ တစ် ယောက် ရှိ သေး သ လော ဟု၊ အိမ် အ တွင်း ကျန် သော သူ့ အား မေး သော်၊ မ ရှိ ဟု ပြန် ဆို လျှင်၊ ဆိတ် ဆိတ် နေ လော့။ ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို မြွက် ဆို ခြင်း မျှ၊ ငါ တို့ မ ပြု ထိုက် ပြီ ဟု ဆို လိမ့် မည်။
11
နာ ခံ ကြ ဦး။ ထာ ဝ ရ ဘု ရား အ မိန့် ရှိ တော် မူ၍ တိုက် ကြီး သည် အက် ကွဲ ဒဏ်၊ အိမ် ငယ် သည် ပြို ပျက် ဒဏ် ခံ ရ လ တ္တံ့။
12
ကိုယ့် စွမ်း ရည် ဖြင့် ဦး ချို ထောင် ကြ သည် ဟု ဝါ ကြွား လျက်၊ အ လ ဟဿ၌ ရွှင် လန်း သော သင် တို့၊ ကျောက် တောင် ပေါ် တွင် မြင်း စိုင်း ခြင်း ကို သော် လည်း ကောင်း၊ နွား နှင့် ထယ် ထိုး ခြင်း ကို သော် လည်း ကောင်း၊ ပြု ထိုက် သည် မှတ် သော ကြောင့်၊ ဆုံး ဖြတ် ခြင်း တ ရား အ မြိုက် ကို အ ခါး ရည်၊ ဖြောင့် မတ် ခြင်း တ ရား အ သီး ကို အ ဆိပ် ဖြစ် စေ ကြ သ လော။
13
14
အို ဣ သ ရေ လ အ မျိုး သား တို့၊ ဟာ မတ် မြို့ လမ်း ဝ မှ အ ရာ ဗာ ချိုင့် ဝင် ချောင်း တိုင် အောင်၊ သင် တို့ အား နှိပ် စက် မည့် လူ တစ် မျိုး ကို ငါ ပေါ် ထွန်း စေ မည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘုရား သ ခင် မိန့် တော် မူ ၏။